Gemini Chronicles

Gemini Chronicles Life Style & Astrology

09/04/2025

April 17 ရက်နေ့အထိတော့
Mindfulness လေးလုပ်ပြီး နေကြပါ
အဲ့ဒါကျော်ရင်တော့ အကောင်းတွေလာပါပြီ ☺️

07/04/2025

Bye Bye 👋
Mercury Retrograde
Good days are coming 🍀🍀🍀

မင်္ဂလာပါ။ မကြာခင် Pisces တို့ရဲ့ ကာလနဲ့ Pisces တို့အပေါ် လာမဲ့ လပြည့်ကြီး ဘယ်လိုအ​ကြောင်းအရာ တွေက သက်​ရောက်မှုရှိမလဲဆို...
23/02/2025

မင်္ဂလာပါ။ မကြာခင် Pisces တို့ရဲ့ ကာလနဲ့ Pisces တို့အပေါ် လာမဲ့ လပြည့်ကြီး ဘယ်လိုအ​ကြောင်းအရာ တွေက သက်​ရောက်မှုရှိမလဲဆိုတာ ပြောပြ​ပေးသွားပါမယ်။

---
Pisces ၏ သဘောသဘာဝ

- Piscesရဲ့သ​ဘောသဘာဝ အရ ကိုပိစိ၊ မပိစိ​လေးများဟာဆိုရင် အင်မတန်မှ စိတ်ခံစားမှုများပြီး၊ စိတ်ရင်းနှင့် နက်ရှိုင်းသော စိတ်ခံစားမှုများရှိသော ရာသီဖွားများဖြစ်သည်။
လပြည့်ညကြီး တွေကရေတွေကို လှိုင်းတွေဖြစ်စေသလိုပဲ ခုလာမဲ့ လပြည့်ကြီး အချိန်ကာလဟာလည်း Pisces တွေရဲ့
စိတ်ခံစားမှုများကို လွှမ်းမိုးနိုင်ပါတယ်။

---

လပြည့်နေ့၏ စွမ်းအား

- လပြည့်နေ့သည် စိတ်ခံစားမှုများကို အထွပ်ထိပ်သို့ မြင့်တက်စေပြီး၊ ဖုံးကွယ်ထားသောအရာများကို ထုတ်ဖော်ပေးတတ်ပါတယ်။
- Pisces လေး​တွေ အတွက် လပြည့်နေ့သည် သူတို့၏ စိတ်ခံစားမှုများကို ပိုမိုခံစားရစေပြီး၊ အခြားသူများ၏ စိတ်ခံစားမှုများကိုပါ ပိုမိုသိရှိနိုင်စေပါတယ်။

---

လပြည့်နေ့က Pisces ကို ဘယ်လိုသက်ရောက်မှုရှိလဲ

- **စိတ်ခံစားမှုများ မြင့်တက်ခြင်း** : လာမဲ့ မတ်လလပြည့်နေ့တွင် Pisces များသည် စိတ်ခံစားမှုများကို အလွန်အမင်း ခံစားရနိုင်ပါတယ်။ သူတို့၏ စိတ်ရင်းနှင့် နက်ရှိုင်းသော စိတ်ခံစားမှုများကြောင့် စိတ်ပင်ပန်းနိုင်ပါတယ်။

- **ဖန်တီးမှုနှင့် ဉာဏ်အမြော်အမြင်များ** : လပြည့်နေ့သည် Pisces များ၏ ဖန်တီးမှုစွမ်းအားနှင့် ဉာဏ်အမြော်အမြင်များကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအချိန်ဟာ အနုပညာဖန်တီးမှု၊ တရားထိုင်ခြင်းနှင့် ဝိဉာဉ်ရေးရာလုပ်ငန်းများအတွက် ကောင်းမွန်သောအချိန်ဖြစ်ပါတယ်။

- **လွှတ်ချခြင်းနှင့် စွန့်လွှတ်ခြင်း** : လပြည့်နေ့သည် သင့်အတွက် အသုံးမဝင်တော့သောအရာများကို စွန့်လွှတ်ရန် အားပေးပါတယ်။ Pisces အတွက် ဒီအချိန်ဟာ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ၊ အဆိပ်ဖြစ်စေသော ဆက်ဆံရေးများ၊ သို့မဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်းများကို စွန့်လွှတ်ရန် ကောင်းမွန်သောအချိန်ဖြစ်ပါတယ်။

- **အိပ်မက်များနှင့် နက်ရှိုင်းသော စိတ်ပိုင်းဆိုင်ရာ** : လပြည့်နေ့တွင် Pisces တို့သည် ရှင်းလင်းသော အိပ်မက်များနှင့် ဉာဏ်အမြော်အမြင်များကို ပိုမိုခံစားရနိုင်ပါတယ်။ ဒီအရာများကို ဂရုစိုက်ခြင်းဖြင့် လမ်းညွှန်မှုများနှင့် အကြံဉာဏ်များရရှိနိုင်ပါတယ်။ 🪞♓️ 🪞


🔮♊️ 🔮

Valentine is almost here!! The perfect time to manifest your Valentine Dream!! 😊💝🫙Valentine Manifestine Spell Jar လုပ်နည...
13/02/2025

Valentine is almost here!! The perfect time to manifest your Valentine Dream!! 😊
💝🫙Valentine Manifestine Spell Jar လုပ်နည်း 🫙💝

(၁) Love jar လုပ်မဲ့ ဖန်ပုလင်းကို ပထမဆုံး မိမိနှစ်သက်တဲ့ အမွှေးတိုင် (သို့) မွှေးရနံ့နဲ့အရင်သန်စင်ပေးပါ။
(၂) ပင်စိမ်းအရွက်ခြောက် အမှုန့် ထည့်ပါ။
(၃) လာဗင်ဒါပန်း​ခြောက်ထည့်​ပါ။
(၄) Chamomile (ချာမိုမိုင်း)ပန်းခြောက်ထည့်ပါ။
(၅) သစ်ကြံပိုးခေါက်ထည့်ပါ။
(၆)ဖယုံစေ့ထည့်ပါ။
(၇) နှင်းဆီပန်းခြောက်ထည့်ပါ။
(၈) လိမ္မော်သီးအခြောက် အစိတ်လေးတွေထည့်ပါ။
(၉) rose quartz (သူယောင်ကျောက်) အပိုင်းအစလေးတွေထည့်ပါ။
(၁၀) Amethyst (ခရမ်းဆွဲကျောက်)အပိုင်းအစလေးတွေထည့်ပါ။
(၁၁)စာရွက်အသေးလေးမှာ မိမိချစ်သူအပေါ် ဖြစ်စေချင်တာ လေးရေးပြီး ပုလင်းထဲထည့်ပါ။ပြီးရင် ပုလင်းဖုံးကိုပိတ်ပါ။ ဂုန်နီကြိုးလေးတစ်ချောင်းနဲ့ ပုလင်းအဖုံးကနေ အောက်ခြေထိ ပတ်လည် ကြိုးနဲ့ခြည်နှောင်ထားပေး။
(၁၂) ပြီးရင် ပုလင်း အဖုံးအပေါ်ကနေ Wax (ဖယောင်း )ပန်းရောင်လေးလောင်းပြီး ( seal )ချိတ်ပိတ်ပေးပါ။ အဲ့ဒါဆို Valentine Jar လေးလုပ်တာ ပြီးပါပြီ။

ပုလင်း​လေးကို မိမိနဲ့နီးရာမှာထား​ပေးပါ။ 🫙
Couple တွေကလဲ မိမိတို့ ဆန္ဒလေးတွေ ပြည့်လာသလို
Single တွေကျတော့လဲ မိမိနှစ်သက်တဲ့သူ (သို့) မိမိ လိုချင်တဲ့ပုံစံချစ်သူလေးတွေ အနားရောက်လာမှာ အမှန်ပဲပေါ့။
💝🫙💝

Love
♊️🔮♊️

I've just reached 1.5K followers! Thank you for continuing support. I could never have made it without each one of you. ...
12/02/2025

I've just reached 1.5K followers! Thank you for continuing support. I could never have made it without each one of you. 🙏🤗🎉

***ငွေဝင် ငွေမြဲစေသော အ​ဆောင်လုပ်နည်း (Money Magnet 💵🧲)***နာနတ်ပွင့်တပွင့်ကို မိမိရဲ့ ပိုက်ဆံအိတ်တို့ လက်ကိုင်အိတ်တို့ထဲ...
11/02/2025

***ငွေဝင် ငွေမြဲစေသော အ​ဆောင်လုပ်နည်း (Money Magnet 💵🧲)***

နာနတ်ပွင့်တပွင့်ကို မိမိရဲ့ ပိုက်ဆံအိတ်တို့ လက်ကိုင်အိတ်တို့ထဲမှာ ဆောင်ထားရင် ငွေဝင်ငွေမြဲစေပါတယ်။
ဘယ်လိုလုပ်ပြီးဆောင်ရမလဲဆိုတော့
(၁) နာနတ်ပွင့်တပွင့်ကိုယူပါ
(၂) ဘယ်ဖက်လက်နဲ့ နာနတ်ပွင့်ကိုဆုပ်ပြီးနုတ်မှ အောက်ပါအတိုင်းရွတ်ဆိုပါ…
ဒီနာနတ်ပွင့်နှင့်အတူ ငါ့ဆီ ငွေတွေအများကြီးဝင်လာနေပြီ။ကံကောင်းခြင်းတွေ အမြဲရှိနေပြီ။ ငါပြောတဲ့အတိုင်းဖြစ်နေပြီ။
ကျေးဇူးတင်ပါတယ်လို့ (၃)**ကြိမ်သေချာအာရုံပြုပြီးရွတ်ပေးပါ။
(၃) ပြီးရင် အဲ့ဒီနာနတ်ပွင့်​လေးကို ခဲစက္ကူ​လေးနဲ့ပါတ်ပြီး မိမိကိုင်​နေကျ ပိုက်ဆံအိတ်ထဲထည့်ထားပြီး အ​ဆောင်အဖြစ်ထားလို့ရပါပြီ။
အားလုံးပဲ ငွေကို​ရေအလားဝင်ကြပါ​စေ တိုးပွါးကြပါ​စေ။ 💵

#အ​ဆောင်ယတြာအတိုအထွာ
♊️🔮♊️

ငွေမြဲစေတဲ့ အဆောင်လုပ်နည်းလေး တင်ပေးပါဦးမယ်။ ညကျရင်တင်ပါမယ်​နော်။ 😇😇လွယ်လွယ်ကူကူပဲ အိတ်ထဲဆောင်ထားလို့ရတာလေး စိတ်ဝင်စားရင...
11/02/2025

ငွေမြဲစေတဲ့ အဆောင်လုပ်နည်းလေး တင်ပေးပါဦးမယ်။
ညကျရင်တင်ပါမယ်​နော်။ 😇😇
လွယ်လွယ်ကူကူပဲ အိတ်ထဲဆောင်ထားလို့ရတာလေး
စိတ်ဝင်စားရင် Post လေး Like & Share လေးလုပ်ပေးသွားပါဦး သူများတွေလဲသိရအောင်။

🔮
is Caring 😊
♊️🔮♊️

ကိုယ်နေတဲ့အခန်းမှာ အိမ်မှာမကောင်းတဲ့ energy တွေ ခံစားနေရပြီး မမြင်ရတဲ့ spirit တစ်ခုခုရှိနေတယ်လို့ ထင်နေတယ်ဆိုရင်၊ အောက်ပ...
09/02/2025

ကိုယ်နေတဲ့အခန်းမှာ အိမ်မှာမကောင်းတဲ့ energy တွေ ခံစားနေရပြီး မမြင်ရတဲ့ spirit တစ်ခုခုရှိနေတယ်လို့ ထင်နေတယ်ဆိုရင်၊ အောက်ပါနည်းလမ်းတွေကို စမ်းသပ်ကြည့်ဖို့ အကြံပြုပါရစေ။ ပုံလေးတွေကြည့်ပြီးဖတ်ပေးပါ။👇👇

ယခုဖော်ပြပါ နည်းလမ်းတွေက သင့်ကို စိတ်ငြိမ်သက်မှုနဲ့ လုံခြုံမှုကို ခံစားရစေဖို့ ကူညီနိုင်ပါတယ်။ 🌸🌸
အကယ်၍ ပြဿနာက ဆက်ရှိနေသေးရင်၊ ကျွမ်းကျင်တဲ့ဆရာသမားတွေနဲ့ တိုင်ပင်ဖို့ အရေးကြီးပါတယ်။ ☝️☝️

♊️🔮♊️

Gemini တွေဟာ သည်တစ်ပတ်မှာ အတွေးတွေနဲ့ စိတ်ခံစားမှုတွေကို ဟန်ချက်ညီပါစေ။ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်မှာ ဂျမနိုင်းတွေရဲ့ လ...
07/02/2025

Gemini တွေဟာ သည်တစ်ပတ်မှာ အတွေးတွေနဲ့ စိတ်ခံစားမှုတွေကို ဟန်ချက်ညီပါစေ။ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်မှာ
ဂျမနိုင်းတွေရဲ့ လေလိုလျင်မြန်တဲ့တွေးခေါ်နိုင်စွမ်းတွေဟာ ကျဆင်းလာပြီးတော့ မသဲမကွဲဖြစ်နေတဲ့အနေအထား စိတ်အလိုမကျတာမျိုးတွေနဲ့ Mercury ကနေ စိတ်ကူးယဉ်ဆန်တဲ့ Pisces ကာလကိုကူးပြောင်းတော့မှာမို့လို့ဖြစ်ပါတယ်။ 🙂

ဒါကြောင့် သတိပေးချင်တာလေးကတော့ ဘာလေးလုပ်လုပ်
သတိထားပေးပါ - ကိုယ့်ရဲ့မသိစိတ်ထဲကသိနေတဲ့ယုံကြည်နေတဲ့အရာတွေက မှန်နေတတ်ပါတယ်နော်။ 😎

ခုတလော ဂျမနိုင်းတွေ ဘာတွေများ တွေးနေကြလဲနော် ?? 💭 🤔

🧧2025 မြွေနှစ်မှာ ကံမကောင်းမှု(Bad Luck) တွေကို အနိုင်ယူကျော်လွှားနိုင်မည့် နည်းလမ်း (5) ခု 🐍 2025 တရုတ်နှစ်ကူးချိန်မှာ ...
26/01/2025

🧧2025 မြွေနှစ်မှာ ကံမကောင်းမှု(Bad Luck) တွေကို အနိုင်ယူကျော်လွှားနိုင်မည့် နည်းလမ်း (5) ခု 🐍

2025 တရုတ်နှစ်ကူးချိန်မှာ ကံဆိုးမှုတွေကို ကံကောင်းခြင်းတွေ အဖြစ်ပြောင်းလဲပေးနိုင်စေတဲ့ နည်းလမ်းငါးသွယ်ရှိပါတယ်။ အဲ့ဒါတွေကတော့

(၁) ဟန်ချက်ညီဖို့အတွက် သင့်ရဲ့ Feng Shui (ဖုန်းရွှေ) ကိုမြှင့်တင်ပါ
-အိမ်အဝင်ဝတွေမှာ အိမ်အတွင်းမှာ အကာအကွယ်အဖြစ် အနီရောင်တွေ ချိတ်ဆွဲပေးထားပါ ကပ်ထားပေးပါ (ဥပမာ ပီခြူးရုပ်တို့၊ နဂါးရုပ်တို့)
- ကိုယ့်အိမ် အတွင်း အပြင် ဘုရားစင် ဧည့်ခန်း အိပ်ခန်း မီးဖိုဆောင် အိမ်သာ နေရာလပ်မကျန် သန့်ရှင်းရေးလုပ်ပေးပါ။
ကောင်းမွန်တဲ့ စွမ်းအင်တွေကို လက်ခံထားနိုင်ဖို့ သေချာနေပါစေ။
-တရုတ်ရာသီခွင်အရ ကံကောင်းမှုနှင့်ကိုက်ညီသော အပင်များ ဒါမှမဟုတ် ရေဖြင့်အလှဆင်ထားသည့်ပစ္စည်းများရှိပါက အိမ်ရဲ့ အရှေ့တောင်အရပ်မှာ ထားပေးပါ။

(၂) မြွေနှစ်မှာ ကိုယ့်အတွက်မဟာမိတ်နှစ်ဖွားတွေနဲ့ မြွေနဲ့ သဟဇာတဖြစ်တဲ့ နှစ်ဖွားတွေကိုရှာပါ
- နွားနှစ်၊ ကြက်နှစ်၊ မျောက်နှစ်မှာ မွေးဖွားတဲ့သူတွေဟာ မြွေနှစ်အတွက် သဘာဝအတိုင်းသဟဇာတရှိတဲ့သူတွေဖြစ်ပြီး ကံကောင်းခြင်းတွေ အထောက်အကူစွမ်းအင်တွေယူဆောင်လာနိုင်တဲ့အတွက်ကြောင့် ၄င်းတို့နဲ့ချိတ်ဆက်ပါ။ (ဥပမာ- အလုပ်တွဲလုပ်တာတို့၊မိတ်ဆွေဖွဲ့တာ၊ နှစ်ကူးမှာ ဟုန်းပေါင်းပေးတာ၊ မုန့်ကျွေးတာ စသည်ဖြင့်)
-အဲ့ ဒီနေရာမှာ တခုသတိထားရမှာတော့ ဝက်နှစ်ဖွားတွေနဲ့ ခိုက်ရန်ဖြစ်ခြင်း၊ ကတောက်ကဆဖြစ်ခြင်းတွေ ရှောင်ပေးနော်။ ဝက်နှစ်ဖွားတွေက တရုတ်အယူအရဆို မြွေနှစ်မှာ conflicting sign ဖြစ်နေလို့ပါ။

(၃) သတ္တိရှိရှိ ဆုံးဖြတ်ချက်ချတာမျိုးကိုလေ့ကျင့်ပါလုပ်ဆောင်ပါ
- ငွေကြေးနဲ့ဆိုင်တာတွေ၊ Relationship နဲ့ဆိုင်တဲ့ ကိစ္စတွေ အလောတကြီးဆုံးဖြတ်တာမျိုးကိုတော့ရှောင်ပါ
- 2025 မှာ ကိုယ့် Plan တွေကို review ပြန်လုပ်တာ၊ ပြန်လှန်သုံးသပ်တာ၊ မိမိကိုယ်ကို တိုးတက်အောင် အာရုံစိုက်ပြီး
Plan ချတာမျိုးနဲ့ လုပ်သင့်တာတွေကို အခြေခံအုတ်မြစ်ချတာမျိုးတွေကို အဓိကထားလုပ်ပါ။

(၄) Protection colors နဲ့ Accessories တွေဝတ်ဆင်ပေးပါ
- အဆိုးတွေ မကောင်းတာတွေကို တန်ပြန်တဲ့သဘောနဲ့ မြေကြီးဓာတ်သဘောရှိတဲ့ အဝါရောင်၊ ရွှေရောင်၊ အညိုရောင်တွေကို ဝတ်ဆင်ပေးပါ။
-ကံဆိုးခြင်းမှ ကာကွယ်ရန် အနီရောင် လက်ပတ်တို့ ၊ ကျောက်စိမ်းဆွဲသီး၊လက်ပတ် စတာတွေကို ဝတ်ဆင်ပေးပါ။

(၅) ကံအကျိုးပေးမြှင့်လာစေဖို့ အကောင်းမြင်စိတ်ကို မြှင့်တင်ပေးပါ မွေးမြူပါ
- 2025 မှာ ကံမြှင့်စေရန် စေတနာ့ဝန်ထမ်းအလုပ်တွေ၊ ပရဟိတလုပ်ငန်းတွေ၊ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ပေးပါ။
- စိတ်ဖိစီးမှုကိုလျော့ချရန်၊ မိမိအတွင်းစိတ်ငြိမ်းချမ်းမှုနဲ့ ပိုမိုခိုင်မာတဲ့ဆက်သွယ်မှုရရှိရန် သတိပဌာန် နဲ့ကျေူဇူးတရားအောက့်မေ့ခြင်း တရားထိုင်ခြင်းတို့ကို ပြုလုပ်ပေးပါ။
-ကိုယ့်ကို စိတ်အားထက်သန်မှုတွေ ခွန်အားတွေ ရနိုင်ဖို့ ကိုယ့်ပါတ်ဝန်းကျင်မှာလဲ ကိုယ့်အပေါ် ကောင်းမွန်တဲ့ ကိုယ့်ကိုလေးစား ချစ်ခင်တဲ့သူတွေသာ ဝန်ရံပါစေ ရှိနေပါစေ။ (ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို ခွါချထားသင့် ဝေးဝေးနေသင့်တဲ့ နှစ်နော်)

ခုလိုမျိုး အသေးစိတ်လေးတွေကို သတိရှိရှိဆင်ခြင်တာ၊ မိမိကိုယ်ကို သိရှိနားလည်ပြီး အပြုသဘောဆောင်တဲ့ အင်နာဂျီတွေကို ဆုပ်ကိုင်ထားခြင်းအားဖြင့် 2025 မှာ ကံဆိုးခြင်းတွေ မကောင်းတာတွေ ကိုယ့်ဆီရောက်မလာအောင် ထိထိရောက်ရောက် ကျော်လွှားနိုင်ပြီး 2025 ကိုတိုးတက်အောင်မြင်သော နှစ်တနှစ်အဖြစ် ပြောင်းလဲပြစ်နိုင်မှာဖြစ်ပါတယ်။ ✨🌸✨

Chinese New Year in Advance 🧧 🧧
#မူရင်း ပိုစ့်အား Like လုပ်ပေးခြင်းဖြင့် Page လေး Active ဖြစ်အောင်ကူညီပေးပါ။ 👇👇😊😊
♊️🔮♊️

လုပ်ပေးချင်တာတွေက များနေတယ် Valentine Day မရောက်ခင် မိမိချစ်သူ အချစ်တွေတိုးစေဖို့ Love Spell Jar လေးလုပ်နည်းလေးတင်ပေးဖို...
26/01/2025

လုပ်ပေးချင်တာတွေက များနေတယ်
Valentine Day မရောက်ခင် မိမိချစ်သူ အချစ်တွေတိုးစေဖို့ Love Spell Jar လေးလုပ်နည်းလေးတင်ပေးဖို့ရှိသလို
ချစ်သူနဲ့ မခွဲအတူ ရှိရဖို့ Love Binding Ritual လေးလုပ်ချင်တဲ့သူတွေ အတွက်လဲ ပြောပြပေးမယ်နော်။ ☝️☝️

New Year မရောက်ခင် ကံကောင်းစေဖို့ လုပ်ရမဲ့ဟာလေးတွေလဲ တင်ပေးဖို့ရှိသေးတာမို့ စိတ်ဝင်စားတဲ့ မိတ်ဆွေတွေ Page လေးကို Like & Follow လုပ်ထားဖို့မမေ့နဲ့နော်။ 👇😇😇

♊️🔮♊️

💵သင့်ဆီ ငွေဝင်တော့မယ် ဆို ဖြစ်တတ်တဲ့ နမိတ်လက္ခဏာ (6)ခု 💵(၁) ကိုယ့်ပတ်ဝန်းကျင်မှာ နံပါတ် (8) ဂဏာန်းကို မကြာခဏမြင်တာမျိုး ...
24/01/2025

💵သင့်ဆီ ငွေဝင်တော့မယ် ဆို ဖြစ်တတ်တဲ့ နမိတ်လက္ခဏာ (6)ခု 💵

(၁) ကိုယ့်ပတ်ဝန်းကျင်မှာ နံပါတ် (8) ဂဏာန်းကို မကြာခဏမြင်တာမျိုး သတိထားမိနေတာမျိုး (ဥပမာ- ရှစ်လွှာမှာနေမိတာတို့ လမ်းနံပါတ်ရှစ်မှာနေတာတို့၊ ကိုယ်နဲ့နီးစပ်တဲ့သူရဲ့မွေးနေ့က နံပါတ် (8) ဖြစ်နေတာတို့)

(၂) ကလေးရတော့မှာတို့ /ကိုယ်ဝန်ဆောင်တာတို့
ရှေးတရုတ် အယူအရ ကိုယ့်ဗိုက်ထဲမှာ အသက်တချောင်းကိုလွယ်ထားရတယ်ဆိုတာ ကံကောင်းခြင်းတွေကိုသယ်ထားရတယ်လို့ အယူရှိကြပါတယ်။ ဒါကြောင့် ကလေးရနေပြီ ကိုယ်ဝန်ဆောင်ထားရပြီဆိုရင် ငွေကြေးနဲ့ ကံကောင်းခြင်းတွေ သယ်လာပြီဆိုတဲ့နမိတ်ဖြစ်ပါတယ်။ ငွေဝင်လာတော့မဲ့ နမိတ်ပါ။

(၃) အိမ်မှာ ပိုးကောင်တွေ/ ပုရွက်ဆိတ်တို့/ ပျားအုံတို့ရောက်လာတာ
တခါတလေကျရင် အိမ်မှာရှိတဲ့ ပိုးကောင်တွေ ပုရွက်ဆိတ်တွေလိုက်ဖမ်းတတ်တယ်မလား တခါတလေအဲ့ဒီ အင်းဆက်တွေကို ဖမ်းတာသတ်တာ မလုပ်ရပါဘူး လာတ်တိတ်တတ်ပါတယ်။ ဥပမာ ladybug လိုပိုးကောင်လေးတွေဆိုပိုမသတ်သင့်ပါဘူး ကံမကောင်းတာဖြစ်တတ်လို့ပါ။

(၄) အိမ်ထဲမှာ ပိုက်ဆံပျောက်တာမျိုး
တခါတလေ ကိုယ့်အိမ်ထဲမှာပဲ ပိုက်ဆံက သူ့အလိုလိုပျောက်တာ ဖြစ်တတ်ပါတယ်။ အဲ့ကျရင်စိတ်မညစ်ပါနဲ့ ပိုက်ဆံရှိရာ ပိုက်ဆံလာမဲ့သဘောမို့လို့ပျောက်တာပါ။

(၅) ကိုယ့်အနီးအနားမှာ ငှက်ကလေးတွေမြင်တာ (ကြိုးကြာ၊ဒေါင်း၊သိန်းငှက်၊ဂျိုး၊စာကလေး)
ကိုယ့်အနီးအပါးမှာ အဲ့လိုငှက်ကလေးတွေ မကြာခဏတွေ့တယ်
အိမ်ထဲဝင်လာတာမျိုး၊ ကိုယ့်ပြတင်းတံခါးလာလာ နားတာမျိုးဆို မောင်းမထုတ်နဲ့ မဖမ်းနဲ့ ကိုယ့်ဆီကို ကံကောင်းခြင်းတွေသယ်လာပြီဆိုတဲ့သဘောမို့လို့။

(၆) ဝက်သစ်ချသီး လေးတွေရှာတွေ့တာ
သစ်ချသီးလေးတွေကို ကံကောင်းခြင်း လက္ခဏာအနေနဲ့မှတ်ယူကြပါတယ်။ ဒါကြောင့်တချို့ဆို ကိုယ့်ပြတင်းပေါက်နဲ့မလှမ်းမကမ်းမှာ ဝက်သစ်ချပင်ကို တမင်စိုက်ပျိုးကြလေ့တောင်ရှိပါတယ်။

သင်ရော ငွေဝင်မဲ့ နိမိတ်လက္ခဏာဘယ်နှစ်ခု ကိုမြင်ဖူးပြီလဲ ??

#မူရင်းပိုစ့်အား Like ပေးခြင်းဖြင့် Page ကို Follow လုပ်ပါ
♊️🔮♊️

Address

Damaryone Street
Yangon

Telephone

+959750482326

Website

Alerts

Be the first to know and let us send you an email when Gemini Chronicles posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gemini Chronicles:

Share