SKY DAILY

SKY DAILY Eco. people.

ပေါင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း မဲစာရင်းမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စိစစ်ဆောင်ရွက်လျက်...
30/11/2025

ပေါင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း မဲစာရင်းမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စိစစ်ဆောင်ရွက်လျက်ရှိ

ပေါင် နိုဝင်ဘာ ၃၀

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရန် မဲစာရင်းတွင် ပါသင့်သူများ မကျန်ရှိစေရေး အသက်(၁၈) နှစ်နှင့်အထက် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရန်
အတွက် ရပ်ကွက်/ကျေးရွာများသို့ တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့
နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့၌ ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ရပ်ကွက်/ ကျေးရွာများသို့ တစ်အိမ်တက်ဆင်းမဲစာရင်း လုပ်ငန်းစဉ်တိုက်ဆိုင်စစ်ဆေးခြင်းတစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် ခရိုင်စီမံခန့်ခွဲ‌‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးစိုး‌အောင်နှင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးနှင့် ဝာာဝန်ရှိသူများက လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ်မှန်ကန်စေရေးအတွက် ဖွဲ့စည်းထားရှိသည့်ကြီးကြပ်မှု ကော်မတီဝင်များဖြင့်‌ ပေါင်မြို့နယ်ရပ်ကွက်/ကျေးရွာများ၌စာရင်းကောက်ယူခဲ့မှုအားကြည့်ရှုအား‌ပေးခဲ့ကြောင်းသိရသည်။

မွန်မလေး(ပြန်/ဆက်)

ကွမ်းခြံကုန်းမြို့နယ်တွင် မဲဆန္ဒရှင်အမည်စာရင်းများမြေပြင်အမှန် ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း (Door to Door)မြေပြင်...
30/11/2025

ကွမ်းခြံကုန်းမြို့နယ်တွင် မဲဆန္ဒရှင်အမည်စာရင်းများမြေပြင်အမှန် ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း (Door to Door)မြေပြင်ကွင်းဆင်း ဆောင်ရွက်
‌‌ကွမ်းခြံကုန်း နိုဝင်ဘာ၃၀
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင် ၊ကွမ်းခြံကုန်းမြို့နယ်၌၂၀၂၅-ခုနှစ်ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် အမည်စာရင်းများ မြေပြင်အမှန် ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း (Door to Door)စနစ်ဖြင့် ဆောင်ရွက်ခြင်းကို နိုဝင်ဘာ၂၉ရက်နေ့က တိုက်ကြီး‌ကျေးရွာ၊ငှက်ကြီးဒေါင်ကျေးရွာ၊ ဆူးကလပ်ကျေးရွာ၊ဆိပ်ကြီးကျေးရွာ၊ညောင်ငူကျေးရွာနှင့်တော်ခရမ်း‌အရှေ့ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းကောက်ယူရေးအဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အဖွဲ့များကကွမ်းခြံကုန်းမြို့နယ်ရပ်ကွက်/ကျေးရွာများတွင် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားမှုကို ပြည်သူများ လာရောက်ကြည့်ရှူမှုနှင့်မဲစာရင်းကျန်ရှိမှု မရှိစေရေးအတွက်အိမ်တိုင်ရာရောက် မိမိရပ်ကွက်ကျေးရွာအတွင်း နေထိုင်သည့်အိမ်ထောင်စုအလိုက်မဲစာရင်းတွင် ပါမပါတိုက်ဆိုင်စစ်ဆေး၍ မဲစာရင်းကောက်ယူမှုများကို တွံတေးခရိုင်၊စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး
ကော်မတီအဖွဲ့ဝင်၊ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယညွှန်ကြား‌ရေးမှူးဦးမောင်မောင်၊ကွမ်းခြံကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ၊ဗိုလ်မှူးပြည့်စုံစိုးနှင့်နှင့်အဖွဲ့ဝင်များ ၊မြို့နယ်မီးသတ်ဦးစီးဌာန၊ဦးစီးအရာရှိဦးအောင်မျိုးထွန်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးနှင့်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊နှင့်ရပ်ကျေးစာရေးများက တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခဲ့ကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)
09425291431

တွံ​တေးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့် ဆုံးရှုံးမှုမရှိစေရေး တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် ...
30/11/2025

တွံ​တေးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့် ဆုံးရှုံးမှုမရှိစေရေး တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် ကွင်းဆင်းစိစစ်ဆောင်ရွက်ပေး

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်း​ဒေသကြီး တွံ​တေးခရိုင် တွံ​တေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့် ဆုံးရှုံမှုမရှိစေရေး မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ရာ မဲစာရင်းကျန်ရှိမှုများ မဖြစ်ပေါ်စေရေးအတွက် တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီး ပါဝင်သည့် အဖွဲ့အစည်းများက နိုဝင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီခွဲက စတင်၍ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ​နေကြောင်း သိရသည်။

မြေပြင်ကွင်းဆင်း စာရင်း​ကောက်ယူခြင်းကို တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်နွယ်သည် တွံတေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ လိုက်ပါလျက်ရှိ​​နေ​ကြောင်း သိရသည်။

အဆိုပါ Door to Door စနစ်ကို တွံတေးမြို့နယ် ကျွန်းတောရပ်ကွက်၊ အိုးဘိုအရှေ့ရပ်ကွက်၊ ဈေးသစ်ရပ်ကွက်၊ ရွှေဆံတော်ရပ်ကွက်များသို့ လိုက်လံပြီး မဲစာရင်းများ မှန်ကန်စေရေး မဲဆန္ဒရှင်များ မကျန်ရှိစေရေး မဲစာရင်းမပါသေးသူများအား ပုံစံ(၃)ဖြင့် လျှောက်ထား နိုင်ရေးတို့ကို ​ဆောင်ရွက်​ပေး​နေ​ကြောင်း သိရသည်။

ရပ်/ကျေး မြေပြင်မဲစာရင်း စိစစ်ကောက်ယူရေးအဖွဲ့များနှင့် ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ-၄(ဂ) လျှောက်လွှာများအား တစ်ပါတည်းယူဆောင်ပြီး စာရင်းသွင်းခြင်းအားဖြင့် လုပ်ငန်းများ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖြစ်စေရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိမိတို့နေထိုင်ရာ ဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်သည့် ပြည်သူများအား ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ရေး တိုက်ဆိုင်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်အတွင်း မဲစာရင်းမှန်ကန်မှုရှိစေရေးမြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး တွံတေး နိုဝင်ဘာ ၃၀ရန်ကုန်တိုင်းဒေသကြီး၊တ...
30/11/2025

တွံတေးမြို့နယ်အတွင်း မဲစာရင်းမှန်ကန်မှုရှိစေရေးမြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

တွံတေး နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊တွံတေးမြို့နယ်တွင်၂၀၂၅ ခုနှစ်
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ
ထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် ယနေ့ နေလည်၂နာရီတွင်မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေး (Door to Door) အိမ်
တိုင်ရာရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တွံတေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသုတအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေ
ထွေအုပ်ချာပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်း
ထက်အောင်၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကော်မရှင်အဖွဲ့ဝင်များသည် တွံတေးမြို့နယ် တံခွန်တိုင်၊ သဝန်းတော၊ အဒွန်း၊တွံတေးဝ၊ပသီ၊ ဇီးဖြူကုန်း၊ရေကျော်၊တကလှဲ့၊တမာတကော၊ တမံကြီး၊
ကံရွာ၊ ကုလားတန်း ကျေးရွာအုပ်စု(၁၂)အုပ်စု များသို့ မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း မဲစာရင်းမှန်ကန်မှုရှိစေရေး Door to Door ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တွံတေးသား

ထန်းတပင်မြို့နယ်၌ (၇၆)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ကျင်းပ+++++++++++++++++++++++++++++++++++...
30/11/2025

ထန်းတပင်မြို့နယ်၌ (၇၆)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ကျင်းပ
++++++++++++++++++++++++++++++++++++++++++
ထတပ၊ နိုဝင်ဘာ (၂၉)

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊ထန်းတပင်မြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို နိုဝင်ဘာ (၂၉) ရက် နေလည်ပိုင်း ၁း၀၀ မှ စ၍ ညနေ ၄း၀၀ နာရီ အထိ ထန်းတပင်မြို့နယ်ရှိ ကျောင်းတိုက်များ၊ဓမ္မာရုံများ၊ဘုန်တော်ကြီးသင် ပညာရေးကျောင်းများ ၊ အ.မ.က စာသင်ကျောင်း စာဖြေဌာန ၁၁ ခုဖြင့် ကျင်းပခဲ့သည်။

အဆိုပါ စာမေးပွဲဖြေဆိုရာဌာနသို့. မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA သြဝါဒဆရာတော်များ၊နာယက များ၊ ဥက္ကဋ္ဌ ဦးသန်းဝင်း နှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ( YMBA ) ဒု ဥက္ကဋ္ဌ များ၊အတွင်းရေးမှုး ဦးရန်လင်းအောင်တို့က စာမေးပွဲဖြေဆိုနေကြသည့် ပထမအဆင့် အငယ်တန်းနှင့်အလတ်တန်း၊အကြီးတန်း ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးပြီး အချိုရည်ဘူးနှင့် မုန့်များကို ပေးအပ်လှူဒါန်းကြောင်း

(၇၆)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် စာမေးပွဲကို မြို့နယ်အတွင်းရှိ စာဖြေဌာန (၁၁)ခု၌ တစ်ပြိုင်တည်း ကျင်းပပေးခဲ့ပြီး ပထမအဆင့်အငယ်တန်း၌ ကျောင်းသား၊ ကျောင်းသူ(၈၆၀)ဦး၊ အလတ်တန်းအဆင့်၌ ကျောင်းသား၊ ကျောင်းသူ (၄၅)ဦး ၊အကြီးတန်းအဆင့်၌ ကျောင်းသား၊ကျောင်းသူ (၂၃)ဦး စုစုပေါင်း(၉၂၈)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

SH သတင်း
ရောင်လန်အင်း

“အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်ဖြင့် ငလျင်ဘေးဒဏ်သင့်စာသင်ကျောင်းသို့ မဖြစ်မနေလိုအပ်သော သောက်သုံးရေထောက်ပံ့မှုစနစ်ကို ပ...
30/11/2025

“အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်ဖြင့် ငလျင်ဘေးဒဏ်သင့်
စာသင်ကျောင်းသို့ မဖြစ်မနေလိုအပ်သော သောက်သုံးရေထောက်ပံ့မှုစနစ်ကို ပံ့ပိုးကူညီနိုင်ခဲ့

• “အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်မှတစ်ဆင့် UN-Habitat နှင့် ပူးပေါင်းပြီး လူမှုအသိုင်းအဝိုင်းအတွက် သန့်ရှင်းသော သောက်သုံးရေ လှူဒါန်းရန် မြန်မာငွေကျပ် (၅၁.၈) သန်းကျော် မတည်နိုင်ခဲ့သည်။
• အက်တမ်(ATOM) မှ ငလျင်ဘေးဒဏ် ခံစားခဲ့ရသော မန္တလေးမြို့ရှိ ရတနာစံသာသနာပိုင် ဘုန်းတော်ကြီးသင်စာသင်ကျောင်း၌ ဆိုလာစွမ်းအင်အသုံးပြုရေသန့်စနစ်ကို တပ်ဆင်ပေးခဲ့သည်။
• ဆိုလာစွမ်းအင်စနစ်ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှုကို ပါဝင်အားဖြည့် ကူညီနိုင်ခဲ့သည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့။ ။ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM) မှ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ဘုန်းတော်ကြီးသင် စာသင်ကျောင်းဖြစ်သည့် ရတနာစံ သာသနာပိုင်ကျောင်းတိုက်သို့ ဆိုလာစွမ်းအင်အသုံးပြု ရေသန့်စနစ်အား ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။ အက်တမ်(ATOM) ၏ “အက်တမ်နှင့်အတူ (၂) ဆလှူ” အစီအစဉ် မှတစ်ဆင့် UN-Habitat ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးကင်းသန့်ရှင်းသော သောက်သုံးရေပြန်လည်ရရှိစေရန် အောင်မြင်စွာကူညီပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်၍ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အက်တမ်(ATOM) ၏ သုံးစွဲသူများ နှင့် ဝန်ထမ်းများမှ စာတို SMS များပေးပို့၍ လှူဒါန်းနိုင်သည့် “အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ပါသည်။ ဤအစီအစဉ်မှတစ်ဆင့် အက်တမ်(ATOM) ၏ သုံးစွဲသူများ နှင့် ဝန်ထမ်းများမှ စုစုပေါင်း မြန်မာငွေကျပ် (၂၅.၉) သန်းကျော် ပါဝင်လှူဒါန်းခဲ့ကြပြီး အက်တမ်(ATOM) မှ ထိုလှူဒါန်းငွေအား နှစ်ဆရရှိအောင် ထပ်မံထည့်ဝင်လှူဒါန်းခဲ့ပြီး စုစုပေါင်း မြန်မာငွေကျပ် (၅၁.၈) သန်းကျော် ရရှိခဲ့ပါသည်။ ယခုလှူဒါန်းမှုသည် ငလျင်ဒဏ်အပြီး ပြန်လည်ထူထောင်ရေးတွင် လူမှုအသိုင်းအဝိုင်းကို ပိုမိုမြှင့်တင်ပေးနိုင်ရန်အတွက် အရေးကြီးသော အားထုတ်မှုတစ်ခုလည်း ဖြစ်ပါသည်။
အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah မှ “ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုင်းအဝိုင်းအတွက် စုပေါင်းအားတွေကတစ်ဆင့် ရေရှည်တည်တံ့တဲ့ သက်ရောက်မှုတွေအဖြစ် ပြောင်းလဲဖို့ အက်တမ်(ATOM) ရဲ့ သုံးစွဲသူများနဲ့ ဝန်ထမ်းများရဲ့ ပါဝင်ကူညီမှုအခန်းကဏ္ဍ က အရမ်းကို အရေးပါပါတယ်။ “အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်ကတစ်ဆင့် သုံးစွဲသူတွေနဲ့ ဝန်ထမ်းတွေဆီက သဒ္ဒါတရားထက်သန်စွာ လှူဒါန်းမှုကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်လိုပါတယ်။ ဒီလှူဒါန်းမှုက လူသားချင်းစာနာထောက်ထားမှု တစ်ခုလည်းဖြစ်သလို အားလုံးရဲ့ ကြင်နာနွေးထွေးမှု စေတနာတွေကြောင့် ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်း ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ကိုပါ ဂရုစိုက်ပေးနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
အသစ်တပ်ဆင်ထားသော ဆိုလာစွမ်းအင်အသုံးပြုရေသန့်စနစ်သည် တစ်နာရီလျှင် အနည်းဆုံး ရေသန့် လီတာ (၁,၀၀၀) ကို ထုတ်လုပ်ပေးနိုင်ပြီး ဆိုလာပြားများ၊ ရေစစ်ထုတ်သန့်စင်မှုယူနစ်၊ ရေလှောင်ကန်များနှင့် ရေပိုက်ခေါင်းများ ပါဝင်သည့်အတွက် နှစ်ပေါင်း (၁၀) နှစ်ကျော်ကြာ အသုံးပြုနိုင်စေရန် ရည်ရွယ်ဖန်တီးထားသည့် စနစ်လည်း ဖြစ်ပါသည်။ လျှပ်စစ်မီးမလိုဘဲ သီးခြားလည်ပတ်နိုင်သည့် ဆိုလာစွမ်းအင်အသုံးပြု ရေသန့်စင်စနစ်သည် မီးပြတ်တောက်ချိန်များတွင်ပင် ရေကို စဉ်ဆက်မပြတ်ရရှိစေနိုင်ပြီး လျှပ်စစ် (သို့မဟုတ်) လောင်စာဆီကို အားထားရသည့် စနစ်များထက် ကုန်ကျစရိတ်သက်သာစေပါသည်။
အက်တမ်(ATOM) ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ် ဦးသိန်းဟုတ် မှ လည်း “ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြု မဏ္ဏိုင် (၃) ရပ်နဲ့အညီ အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုရှာဖွေပြီး အထောက်အပံ့ကောင်းတွေ ပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော်တို့ရဲ့ “လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း” မဏ္ဏိုင်အောက်ကနေ ရေလိုအပ်လျက်ရှိတဲ့ လူပေါင်း (၂,၀၀၀) နီးပါးကို စိတ်ချရတဲ့ သောက်သုံးရေကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒီလို လူမှုအကျိုးပြုလုပ်ငန်း အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ တက်တက်ကြွကြွ ပါဝင်အားဖြည့်ပေးခဲ့တဲ့ ရတနာစံသာသနာပိုင် ဘုန်းတော်ကြီးသင်စာသင်ကျောင်းကိုလည်း ကျေးဇူးတင်ရှိပါတယ်။ လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံးနဲ့အတူ ဝန်ထမ်းတွေ နဲ့ သုံးစွဲသူတွေအားလုံးရဲ့ စုပေါင်းအားကြောင့် အဓိပ္ပာယ်ပြည့်ဝပြီး အဓွန့်ရှည်တဲ့ ပြောင်းလဲမှုတစ်ရပ်ကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
UN-Habitat မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ နှင့် စိစစ်ရေး၊ တပ်ဆင်ရေး နှင့် စနစ်အား စောင့်ကြည့်စစ်ဆေးရေး အစရှိသည့် စီမံခန့်ခွဲမှုများအပြင် ရေရှည်ထိရောက်သော လည်ပတ်မှုရှိစေရန် စာသင်ကျောင်းမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများအား လေ့ကျင့်သင်တန်းများ ပို့ချပေးခဲ့ပါသည်။ ထို့အပြင် ပရောဂျက်၏ အစီအစဉ်တစ်ခုအဖြစ် WASH (သန့်ရှင်းသော ရေအသုံးပြုမှု၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ) အလေ့အကျင့်ကောင်းများကိုလည်း ကျောင်းသားကျောင်းသူများနှင့် ရပ်ရွာလူထုကြား အသိပညာပေး မျှဝေပေးခဲ့ပါသည်။
“အခုလို ဆိုလာစွမ်းအင်သုံး ရေသန့်စနစ်ကို အောင်အောင်မြင်မြင် တပ်ဆင်နိုင်ခဲ့တာက အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါတယ်။ အက်တမ်(ATOM) မြန်မာရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ သက်ဆိုင်ရာ ရပ်ရွာပြည်သူ အဖွဲ့ဝင်များနဲ့ ကျွန်မတို့ အတူတကွလက်တွဲကာ ယုံကြည်စိတ်ချရတဲ့ ဆိုလာစွမ်းအင်သုံးရေသန့်စနစ်ကို တပ်ဆင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပရောဂျက်က ဘုန်းတော်ကြီးသင်စာသင်ကျောင်း မှာ ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူ (၇၀၀) ကျော်အတွက် သန့်ရှင်းတဲ့သောက်သုံးရေ ရရှိစေရုံသာမကပဲ ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေကြရတဲ့ ငလျင်ဘေးသင့် မိသားစုတွေကို မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာစေမှာ ဖြစ်ပါတယ်” ဟု UN-habitat Myanmar Office ၏ ပရောဂျက်ရေးရာအရာရှိ ဒေါ် ကြူသင်းချို မှ ပြောကြားခဲ့ပါသည်။
ခေတ်မီဆန်းသစ်သော နည်းပညာ၊ သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ယူထိန်းသိမ်းမှုနှင့် ရပ်ရွာလူထုအကျိုးပြု လုပ်ငန်းကို ပေါင်းစပ်ဆောင်ရွက်ခြင်းအားဖြင့် အက်တမ်(ATOM) မှ အရေးပေါ် သောက်သုံးရေလိုအပ်နေမှုကို ကူညီဖြေရှင်းပေးနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ပိုမိုကောင်းမွန်သည့် လူနေမှုဘဝများကိုပါ တည်ဆောက်ပေးလျက်ရှိပါသည်။ ဤလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံ၌ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသည့် အက်တမ်(ATOM) ၏ ခိုင်မာသော ကတိကဝတ်ကို မီးမောင်းထိုးပြလျက်ရှိပါသည်။

30/11/2025

အောင်ဆန်းညိနောင်အသင်းမှ ကြီးမှူးပြီး (၁၀)ကြိမ်မြောက် ဂေါက်သီးရိုက်အားကစားပြိုင်ပွဲကျင်းပ
‎============================
‎ရန်ကုန်၊ နိုဝင်ဘာ ၃၀
‎ DAILY
://t.me/skydailymedia

သုံးခွမြို့နယ်၌ ပြည်သူများမဲစာရင်းတွင် မကျန်ရှိစေရေး တာဝန်ရှိသူများ (Door to Door) ကွင်းဆင်းဆောင်ရွက်သုံးခွ နိုဝင်ဘာ ၃၀ ...
30/11/2025

သုံးခွမြို့နယ်၌ ပြည်သူများမဲစာရင်းတွင် မကျန်ရှိစေရေး တာဝန်ရှိသူများ (Door to Door) ကွင်းဆင်းဆောင်ရွက်

သုံးခွ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင်ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် သုံးခွမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စုများတွင် မဲစာရင်းမှန်ကန်မှု ရှိ‌စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်း (door to door)အိမ်တိုင်ရာ‌ရောက် စိစစ်ဆောင်ရွက်ခြင်းလုပ်ငန်းအားဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၉ရက် နံနက် ၉နာရီ‌တွင် ရပ်ကွက်‌ ကျေးရွာများအတွင်း တစ်အိမ် တက်ဆင်း (Door to Door) လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်နေမှု
ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက အဖွဲ့များခွဲ၍
ရပ်ကွက်နှင့်ကျေးရွာများအလိုက် ကြပ်မတ်ဆောင်ရွက်လျက်ရှိ​ပြီး မဲစာရင်းမှန်ကန်မှု‌ရှိ‌စေရေးနှင့် မဲစာရင်းတွင်
မပါဝင်ပါက ပုံစံ ၃ ဖြင့်ဖြည့်သွင်းလျှောက်ထား‌ စေရေး၊ ကန့်ကွက် ပြင်ဆင်လိုပါက ပုံစံ(၄)/၄(ဂ)များဖြင့် ဖြည့်သွင်း ဆောင်ရွက်ထားရှိရန်မှာကြားခဲ့‌ကြောင်းသိရသည်။

မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင်ပါဝင်သင့်သူများပါဝင်ပြီး၊ မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရန် မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း (Door to Door) စာရင်းကောက်ယူဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။

ပေးပို့ စည်သူလင်း ပြန်/ဆက်
09782465144

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းအနေနှင့် နေ့စဥ် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းစျေးအတိုင်းရောင်းချပေးရန် YGEA FB ...
29/11/2025

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းအနေနှင့် နေ့စဥ် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းစျေး
အတိုင်းရောင်းချပေးရန်
YGEA FB Page တွင် နေ့စဥ်(၃)ကြိမ်
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းစျေးကို
ကြေညာပေးလျက်ရှိပါသည်။

အောက်ဖော်ပြပါ သတင်းသည် သတင်းအမှား ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

Address

6th
Yangon

Website

Alerts

Be the first to know and let us send you an email when SKY DAILY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SKY DAILY:

Share