09/12/2025
#ထွက်ပြီ 📣📣📣📣📣📣📣
#စာအုပ်အမည်-"သံတမန်တို့နှလုံးသား"
#ရေးသူ-သျှင်သီရိနေ
#ထုတ်ဝေသူ-မွန်မြတ်သူစာပေ
#စာမျက်နှာ- ၂၁၄
#တန်ဖိုး- ၁၁၀၀၀
#ပထမအကြိမ်၊ ဒီဇင်ဘာ၊ ၂ဝ၂၅
**ရန်ကုန်မြို့တွင်း၊နယ်ဝေး deliဖြင့် ပို့ဆောင်ပေးသည်။****
+++++++++++
စာရေးဆရာ သျှင်သီရိနေ၏"သံတမန်တို့နှလုံးသား"စာအုပ်ထွက်ရှိလာပါသည်။
စာအုပ်တွင် 'သံတမန်တို့နှလုံးသား(၁)'မှ'သံတမန်တို့နှလုံးသား(၃)အထိအပိုင်း(၃)ပိုင်းခွဲခြားရေးသားထားသည်။
"တပ်မတော်သားတိုင်းခံယူထားအပ်သည့်သဘောထားတစ်ခုဖြစ်သည့်' မိမိအကျိုးနှင့်တပ်မတော်အကျိုးယှဥ်လျှင်တပ်မတော်အကျိုးကိုဦးစာပေးရမည်၊တပ်မတော်အကျိုးနှင့်တိုင်းပြည်အကျိုးယှဥ်လျှင်တိုင်းပြည်အကျိုးကိုဦးစားပေးရမည် 'ဆိုသည့်အတိုင်းအမိန့်နာခံရန်
အသင့်ဖြစ်ခဲ့သည်။
အကြီးအကဲ၏ ဆိုခဲစေမြဲစေ စကားနှစ်ခွန်းကိုကျေနပ်စွာခံယူလျက်စစ်သားနှလုံးသားမှသံတမန်တို့နှလုံးသို့ကူးပြောင်းရန်အသင့်ဖြစ်ခဲ့ရပါသည်။"ဟု'သံတမန်တို့နှလုံးသား(၁)တွင်စာရေးသူကစစ်ဘက်တာဝန်ပြီးဆုံး၍သံအမတ်ကြီးခန့်အပ်စဥ်ကြုံတွေ့ရမည့်အခြေအနေကိုကြိုတင်မျှော်တွေးရေးသားထားသည်မှာလေးစားစရာပင်ဖြစ်သည်။
ထို့အပြင်"နိုင်ငံတကာနှင့်ဆက်သွယ်ဆက်ဆံလျက်ကိုယ်စားပြုနိုင်ငံနှင့်နိုင်ငံသားအသီးသီးတို့၏အကျိုးစီးပွားကာကွယ်စောင့်ရှောက်နေကြရသကဲ့သို့အကျိုးစီးပွားဖော်ဆောင်မှုကိုလည်းဆောင်ရွက်နေကြရပါသည်။
အများအကျိုးထမ်းရွက်နေကြသူနှလုံးသားပိုင်ရှင်လူပုဂ္ဂိုလ်များဖြစ်ကြပါသည်။သံတမန်တို့နှလုံးသားသည်နူးညံ့သိမ်မွေ့သောကာယကံ၊ဝစီကံများဖြစ်စေရန်အခံဓာတ်ကောင်းမွန်နေရမည်ဖြစ်ပြီးလိုအပ်လျှင်ပြတ်သားစွာပြောဆိုရပ်တည်လုပ်ကိုင်နိုင်ရန်ဘာသာရပ်ဆိုင်ရာကျွမ်းကျင်နှံ့စပ်ရေးလေ့လာကြိုးကုတ်အားထုတ်နိုင်စွမ်းလည်းရှိနေကြရပါမည်။"ဟု "သံတမန်တို့နှလုံးသား(၃)"တွင်နိုင်ငံ့တာဝန်ကိုနိုင်ငံတကာနယ်ပယ်မှာရှေးတန်းကျကျကျေပွန်အောင်ထမ်းဆောင်နိုင်စေရန်သံတမန်တစ်ဦး၏အရည်အချင်းကိုရှင်းလင်းရေးသားထားသည်။
"ဤစာအုပ်သည်သံတမန်အသိုင်းအဝိုင်း၊သံတမန်မိသားစုအတွက်သာမကဗဟုသုတရှာမှီးလိုသူ၊မိမိတို့နိုင်ငံ၊မိမိတို့လူမျိုး၊မိမိတို့အမျိုးဘာသာသာသနာကိုဂုဏ်တင်ချီးမြှောက်လိုသူများအတွက်ပါဖတ်ရှုမှတ်သားသင့်သည့်စာအုပ်တစ်အုပ်ဖြစ်ကြောင်း"ဟု "အမျိုးသားစာပေ တစ်သက်တာဆုရ စာရေးဆရာကြီး အလင်္ကာကျော်စွာ မြင်းမူမောင်နိုင်မိုး၏အမှာစာ"တွင်ဖော်ပြထားသည်။
"သူသည်အတိတ်ကိုလည်းပြန်သွားသည်၊ပစ္စုပ္ပန်ကိုလည်းပုံဖော်သည်၊အနာဂတ်အတွက်လည်းကြိုတင်မြော်တွေးကာသံတမန်တို့ခရီးကိုခရေစေ့တွင်းကျရေးသားထားသည်။စာရေးခြင်းအတတ်ပညာကားလွယ်မယောင်နဲ့ခက်သည်။မိမိ၏ဆန္ဒနှင့်ရင်ထဲကစကားများ၊အတွေ့အကြုံများ၊ဗဟုသုတများကိုဖောက်သည်ချကာပြန်လည်ပြောပြလိုခြင်းသည်စေတနာဖြစ်သည်။ထိုစေတနာကိုစာပေဖြင့်အသိပညာပေးရာ၌စာရေးဟန်အမျိုးမျိုးဖြင့်ရေးသားခဲ့ကြသည်ကိုတွေ့ရသည်။"ဟု "အမျိုးသားစာပေဆုရှင်၊စာပေဗိမာန်စာမူဆုရှင်၊ပခုက္ကူဦးအုန်းဖေစာပေဆုရှင် မောင်မိုးယံ၏အမှာစာ"တွင်စာရေးဆရာ သျှင်သီရိနေ ၏ရင်ထဲကဆန္ဒကိုသိမြင်ခံစားတင်ပြထားသည်။
သံတမန်တို့နှလုံးသား စာအုပ်သည် တပ်မတော်သားတစ်ဦး၏စစ်ဘက်ဆိုင်ရာအတွေ့အကြုံမှခွဲခွာ၍နိုင်ငံတကာတွင်အမျိုးသားအကျိုးစီးပွားအတွက်ရှေ့တန်းကျကျတာဝန်ထမ်းဆောင်ခဲ့မှုများကိုဖတ်ရှုရမည်ဖြစ်ပြီး၊သံတမန်တစ်ဦး၏အရည်အချင်းကိုလည်းတွေ့မြင်နိုင်မည်ဖြစ်သည်။
++++++++
မှာယူလိုပါက-
ရန်ကုန်မြို့တွင်း၊နယ်ဝေးအိမ်အရောက်ပို့ဝန်ဆောင်မှုရှိပါတယ်။
Page CB ကဆက်သွယ်ပါ။
ဖုန်းဖြင့်ဆက်သွယ်မှာယူရန်
#မွန်မြတ်သူစာပေ
အမှတ် ၁၅၊ မိုးကောင်းလမ်း ၊ ၁၅ ရပ်ကွက်၊
ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
09257378495
09420208616
09681199201
မြန်မာတစ်ပြည်လုံးဖြန့်ချိရေး
မိုးကျော်စာပေ
095089883