Shwe Mann Breaking News

Shwe Mann Breaking News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Mann Breaking News, Media/News Company, Yangon.

အန္တရာယ်ကင်းဘေးရှင်းတာပေါ့ 🤣
15/08/2021

အန္တရာယ်ကင်းဘေးရှင်းတာပေါ့ 🤣

ခလရ (၅၈) တပ်ရင်းမှူးနှင့်အရာရှိအချို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ခုံရုံးဖွဲ့စစ်ဆေးခံရ----------------------------...
15/08/2021

ခလရ (၅၈) တပ်ရင်းမှူးနှင့်အရာရှိအချို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ခုံရုံးဖွဲ့စစ်ဆေးခံရ
---------------------------------
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ရင်းတစ်ခုဖြစ်သည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့အခြေစိုက် အမှတ် ( ၅၈ )တပ်မှ တပ်ရင်းမှူးနဲ့ တာဝန်ရှိသူအချို့ကို မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ရှိတပ်တွင်း စုံစမ်းစစ်ဆေးရေးအဖြစ် ခုံရုံဖွဲ့စစ်ဆေးခံနေရကြောင်း အဆိုပါတပ်နှင့် နီစပ်သူများထံမှ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၅) တပ်ရင်း (၃) အဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ ခလရ ၅၈ တပ်ကို ဝင်ရောက်တိုက်ခိုက်ရာမှာ တပ်ကင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့ရသည့်အပြင် လက်နက်အချို့ပါ ပျောက်ဆုံးခြင်းနှင့်ပက်သက်၍ တပ်ရင်းမှူးနဲ့ တာဝန်ရှိသူတစ်ချို့အားစစ်ဆေးနေခြင်းဖြစ်သည်။

ထိုနေ့ညတိုက်ပွဲတွင် ခလရ (၅၈) ဘက်တွင် တပ်ကင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး၊ လက်နက်အချို့ကိုလည်း KIA ဘက်က ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက အခိုင်အမာပြောဆိုထားသော်လည်း စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုအရေအတွက်ကိုမထုတ်ပြန်ဘဲထားသည်။

မြို့စောင့်တပ်တွေအနေဖြင့် တပ်ရင်းကို ရန်သူမှ ဝင်ရောက်တိုက်ခိုက်ပါက အကျအဆုံး အထိအ ခိုက်များရှိနေပါက ၎င်းတပ်ရင်း၏ တပ်ရင်းမှူးအား တာဝန်ပေါ့လျော့မှုအပြင် အမိန့်ပေးစေခိုင်းရာတွင် ညံ့ဖျင်းမှုတွေဖြင့် စစ်ခုံရုံးဖွဲ့ကာ တပ်တွင်းစုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်သည့် ဝိုင်းမော်မြို့ ခလရ (၅၈) ကို တပ်ဖွဲ့ဝင်အင်အား တစ်ရာကျော် ပြန်လည်ဖြည့်တင်ထားပြီး၊ အသစ်ရောက် လာသည့်စစ်တပ်အရာရှိတစ်ဦမှ ယာယီတပ်ရင်းမှူးတာဝန်ကို ယူထားကာ စီမံကွပ်ကဲနေလျှက်ရှိကြောင်း မဇ္ဈိမက စုံစမ်းသိထားရသည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ တွင် နံနက်ပိုင်းအချိန်မှစ၍ မြစ်ကြီးနားမြို့အပါအဝင် ဝိုင်းမော်မြို့ တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်သံကြားရပြီးသည့်နောက် ခလရ (၅၈) သည် ၎င်းတို့တပ်ဖွဲ့ အနီးပတ်ဝန်းကျင်ရှိ ဒေသခံများအား ကျေးရွာအတွင်းမှ တစ်နာရီးအတွင်း ပြောင်းရွှေ့ကြရန် သတိပေးထားသည်။

လက်ရှိအချိန်တွင် ဒေသခံပြည်သူများမှ နီးစပ်ရာဆွေမျိုးများရှိရာသို့ ဘေးလွတ်ရာကို တိမ်းရှောင်သွားပြီ ဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရပါသည်။

စစ်အာဏာရှင်ဖြုတ်ချရေး မန္တလာတက္ကသိုလ်သပိတ်စစ်ကြောင်း ကြွေးကြော်ဆန္ဒပြရန်ကုန်၊ ဩဂုတ် ၁၅မန္တလေးတွင် ဩဂုတ်လ ၁၅ ရက် ညနေပိုင်...
15/08/2021

စစ်အာဏာရှင်ဖြုတ်ချရေး မန္တလာတက္ကသိုလ်သပိတ်စစ်ကြောင်း ကြွေးကြော်ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၁၅

မန္တလေးတွင် ဩဂုတ်လ ၁၅ ရက် ညနေပိုင်းတွင် အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး မန္တလာတက္ကသိုလ်ကျောင်းသူ/ကျောင်းသားများသပိတ်စစ်ကြောင်း ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

15/08/2021
အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် သံဃာတော်များပါ ဂိတ်စောင့်ဖြစ်လာမန္တလေး၊ သြဂုတ် ၁၅News Ambassadorစစ်အာဏာရှင်ဆန့်ကျင်ရေး သပိ...
15/08/2021

အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် သံဃာတော်များပါ ဂိတ်စောင့်ဖြစ်လာ

မန္တလေး၊ သြဂုတ် ၁၅
News Ambassador

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ အားကောင်းသည့် မန္တလေးတိုင်းအတွင်းရှိ အဓိကမြို့နယ်အချို့တွင် ရဟန်းသံဃာတော်များအား Covid-19 စစ်ဆေးရေးဂိတ်စောင့်ခိုင်းရန် မြို့နယ်မဟနမှတဆင့် စစ်ကောင်စီက ကြိုးပမ်းခဲ့သည်။

အောင်မြေသာဇံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်စသည့် မြို့နယ် ၅ခုရှိ Covid-19 စစ်ဆေးရေးဂိတ်များတွင် တစ်ရက်လျှင် သံဃာတော် ၃ ပါး ဂိတ်စောင့်ရမည်ဖြစ်ပြီး ယင်းအမိန့်ကို မြို့နယ်သံဃမဟာနာယကအဖွဲ့နှင့် စစ်ကောင်စီတို့၏ အစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ယင်းအတွက် မြို့နယ်ဖြတ်ကျော်ကတ်များကိစ္စပါ ပါဝင်လာသည်ကို တွေ့ရသည်။

မန္တလေးတွင် စစ်ကောင်စီက အခွင့်သင့်သည်နှင့် သပိတ်စစ်ကြောင်းများအပေါ် ပစ်ခတ်ဖမ်းဆီးဖိနှိပ်မှုများ ဆက်တိုက်ပြုလျက်ရှိသော်လည်း အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများမှာ ယနေ့တိုင် ရှိနေဆဲဖြစ်သည်။

ယင်းအထဲတွင် သံဃာတော်များ၏ သပိတ်စစ်ကြောင်းတစ်ခုလည်း အပါအဝင်ဖြစ်သည်။

ယခု သံဃာတော်များကို စစ်ကောင်စီက ဂိတ်စောင့်ခိုင်းခြင်း၏ ရည်ရွယ်ချက်ကို တရားဝင် မဖော်ပြသော်လည်း သပိတ်စစ်ကြောင်းပါ သံဃာတော်များနှင့် ဂိတ်စောင့်သံဃာတော်အဖွဲ့ ထိပ်တိုက်တွေ့စေရန်နှင့် အချင်းချင်းပြန်ထိန်းခိုင်းသည့်ပုံစံမျိုး ဖန်တီးခြင်းဖြစ်ကြောင်း မန္တလေးမြို့ပေါ်မှ သံဃာတော်အချို့က သုံးသပ်ကြသည်။

Photo-CJ

D-Day ကို စောင့်မျှော်နေကြောင်း မကွေး ဒေသခံတွေဆန္ဒပြဧရာဝတီ၊ သြဂုတ် ၁၅၊ ၂၀၂၁မကွေးတိုင်းဒေသကြီးက စစ်အာဏာရှင် ဆန့်ကျင်ရေး လ...
15/08/2021

D-Day ကို စောင့်မျှော်နေကြောင်း မကွေး ဒေသခံတွေဆန္ဒပြ

ဧရာဝတီ၊ သြဂုတ် ၁၅၊ ၂၀၂၁

မကွေးတိုင်းဒေသကြီးက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ ဒေသခံပြည်သူတွေဟာ D-Day ခေါ်ဆိုမှုကို စောင့်မျှော်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ပူးပေါင်းဖို့အဆင်သင့်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ဇော်မင်းထိုက်၊ ကျေးလက်မြေ


ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ PDFတွေနဲ့ ကရင်နီလက်နက်ကိုင်တပ်တွေ ပူးပေါင်းခုခံ===============================...
15/08/2021

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ PDFတွေနဲ့ ကရင်နီလက်နက်ကိုင်တပ်တွေ ပူးပေါင်းခုခံ
==================================

ရှမ်း-ကယားနယ်စပ်ဒေသကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်လာလို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်တွေကို ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့လို့ မနေ့က တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့မှာပါတဲ့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံနဲ့ ပင်လောင်းကြားမှာ ဩဂုတ် ၁၄ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ PDF ဘက်က ၂ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူတွေများပြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ် ၁၅ရက် မနက်ပိုင်းမှာလည်း ဖယ်ခုံမြို့နယ် ခေါင်းမိုင်းကျေးရွာမှာ ပစ်ခတ်မှုတွေထပ်မံဖြစ်ပွားခဲ့လို့ စစ်ကောင်စီတပ်က ၅ဦးဒဏ်ရာရပြီးတော့ PDF ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO) တပ်တွေကို ခုခံတိုက်ခိုက်ရာမှာ ဖယ်ခုံ၊ ဒီးမော့ဆိုနဲ့ မိုးဗြဲ PDF တပ်တွေ၊ ကရင်နီအမျိုးသားကာ ကွယ်ရေး တပ်ဖွဲ့(KNDF)နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA) တပ်တွေ အတုတကွ ပူးပေါင်းဆောင်ရွက်ခဲ့ တာလို့ ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ဘက်ကိုလည်း စစ်ကောင်စီတပ်တွေဘက်က စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာရှိတယ်လို့လည်း KNDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။ ဒီလိုထိုးစစ်ဆင်ရာမှာ ဒေသခံတွေကိုဖမ်းဆီးတာရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်တွင် ဩဂုတ် ၁၃ရက် ညပိုင်း တိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များက ၎င်းအတွက် ရိက္ခာလာယူစဉ် ၁၅နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် ၄ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ KNDFက ပြောပါတယ်။

ကရင်နီဒေသ တိုက်ပွဲတွေဆက်လက်ပြင်းထန်နိုင်တာမို့ ပြည်သူလူထုတွေလုံခြုံရေး ဂရုစိုက်ဖို့နဲ့ ပြည်သူအချင်းချင်း ကူညီကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

လားရှိုးမြို့တွင်းရှိ နေအိမ်တစ်အိမ်မှာ ရဲတပ်ဖွဲ့ ဝင်ရောက်မွှေနှောက်ပြီး သိန်း(၁၀၀) ယူဆောင်သွားရွှေဖီမြေ၊ ဩဂုတ် ၁၅ ရက်၊ လ...
15/08/2021

လားရှိုးမြို့တွင်းရှိ နေအိမ်တစ်အိမ်မှာ ရဲတပ်ဖွဲ့ ဝင်ရောက်မွှေနှောက်ပြီး သိန်း(၁၀၀) ယူဆောင်သွား

ရွှေဖီမြေ၊ ဩဂုတ် ၁၅ ရက်၊ လားရှိုး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၁၁)ရှိ နေအိမ်တစ်အိမ်မှာ ရဲတပ်ဖွဲ့က ဝင်ရောက်မွှေနှောက်ပြီး သိန်း(၁၀၀) ယူဆောင်သွားကြောင်း သိရပါတယ်။

ဒီနေ့မနက် ၁၁ နာရီခွဲကျော်က အရပ်ဝတ်၊ ရဲဝတ်စုံ ဝတ်ဆင်ထားတဲ့ ရဲ (၁၀)ဦးခန့် အိမ်စီးကား ၆ စီးနဲ့ ရောက်ရှိလာပြီး အကြောင်းပြချက်မရှိပဲနဲ့ ငွေတွေ ယူဆောင်သွားတယ်လို့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

“သူတို့ဘာသာ တံခါးဖွင့်ပြီး အိမ်ထဲဝင်လာတာ။ လာစစ်တယ်​ပြောပြီးတော့ ဘာမှလဲ မတွေ့ဘူး။ အိမ်အရှေ့အနောက်ကို ဝိုင်းထားတယ်။ သေနတ်နဲ့ချိန်တယ်။ ငွေမပေးမချင်း ရိုက်တော့မယ့်ပုံစံ။ ပြီးတော့ လက်ထိပ်ခတ်ပြီး ခေါ်သွားတော့မယ့် အတိုင်းပဲ။ ငွေသိန်း(၁၀၀)ကို အိတ်အမဲထဲ ထည့်ခိုင်းပြီး ယူသွားတာတဲ့”

“သူတို့ရှိနေတဲ့အချိန် ခေါင်းမော့ပြီး ကြည့်လို့လည်း မရဘူး။ ကြည့်မိရင် ဆဲပြီ။ မကြည့်နဲ့တဲ့။ ကြောက်တာနဲ့ သူတို့လည်း ဘာမှ မပြောရဲဘူး။ အဲအိမ်က ဦးလေး ကန်တော့ပြီး တောင်းပန်​ေသးတယ် မရဘူး” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

နေအိမ်ထဲ ဝင်ရောက်မွှေနှောက်တဲ့အတွက် တစ်စုံတစ်ရာ ပျောက်ဆုံး ပျက်စီးခြင်းမရှိကြောင်း ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့သေးတယ်လို့ ၎င်းက ဆိုပါတယ်။

ရဲ (၁၀)ဦးထဲမှာ ရဲမေတစ်ဦး ပါဝင်ကြောင်းနဲ့ နေအိမ်ထဲ လာရောက်ချိန်မှာ ရပ်ကွက်၊ ဆယ်အိမ်၊ ရာအိမ်မှူးတွေ မပါလာပဲ စစ်နေချိန်မှသာ ဆယ်အိမ်မှူးက ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

၂ နာရီခန့်ကြာ အိမ်ထဲ စစ်ဆေးတာတွေ လုပ်ပြီးတော့ ငွေတွေ ယူသွားတဲ့အပြင် မီးဖိုချောင်ရှိ ထမင်းဟင်းတွေကိုလည်း စားသွားတယ်လို့ သိရပါတယ်။

အောင်လံလွှင်ချီ နွေဦးထီ ယနေ့စရောင်းပြီ===========================အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်လံလွှင်ချီနွေဦးထီကတော့...
15/08/2021

အောင်လံလွှင်ချီ နွေဦးထီ ယနေ့စရောင်းပြီ
===========================

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်လံလွှင်ချီနွေဦးထီကတော့ ဒီကနေ စတင်ရောင်းချပါပြီ။

မူလက ဒီနေ့နံနက် ၁၀ နာရီကနေ စတင်ရောင်းချဖို့ စီစဉ်ထားပေမဲ့လည်း နည်းပညာပိုင်းဆိုင်ရာ ကာကွယ်မှုတချို့ကို လုပ်ဆောင်နေရတာကြောင့် ထီရောင်းတဲ့အချိန်ကို ညနေ ၄ နာရီပြောင်းပြီး ရောင်းချခဲ့ရပါတယ်။

အကြမ်းဖက် စစ်ကောင်းစီဘက်က နွေဦးထီထိုးတဲ့သူတွေကို ဘဏ်အကောင့်ပိတ်တာတွေ၊ အရေးယူမယ် ဆိုတာတွေ လုပ်မယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့လည်း တော်လှန်ရေး ရံပုံငွေဆိုတဲ့ အသိကြောင့် ပြည်သူတွေအားလုံးက နွေဦးထီကိုပဲ အားပေးနေကြတာပါ။

မူလက ရောင်းစျေးတထောင်ရှိတဲ့ အောင်ဘာလေထီကို ၆၀၀ အထိလျော့တာတွေ၊ ဆုကြေးကို သိန်းနှစ် သောင်းအထိ တိုးပေးမယ်ဆိုတာတွေနဲ့ ပြည်သူတွေကိုမဲဆွယ်ပေမဲ့ ဘယ်သူမှ စိတ်မဝင်စားကြပါဘူး။

အောင်ဘာလေထီကိုတောင် တလတခါ အချိန်မှန် မလုပ်နိုင်တဲ့ စကစအပေါ် ပြည်သူတွေက အယုံအကြည်ကို မရှိကြတာပါ။

ရောင်းစျေး နှစ်ထောင်နဲ့ ဆုကြေး ၁၅ သိန်းသာရှိတဲ့ နွေဦးထီကို တော့ NUG အပေါ် ယုံကြည်မှု တခုတည်းနဲ့ အလုအယက်ထိုးနေကြတာတွေက အကြမ်းဖက် စကစအပေါ် အကြီးအကျယ် အထိနာနေပါတယ်။

ဒါကြောင့်လည်း ဘက်ပေါင်းစုံကနေ ယုတ်မာပြီး နွေဦးထီထိုးမဲ့သူတွေကို ချိန်းခြောက်မှုပေါင်းစုံ လုပ်နေတာပါ။

အောင်လံလွှင့်ချီ နွေဦးထီရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရဆိုရင် ဒီနေ့တရက်သာ ညနေ ၄ နာရီကနေ စရောင်းချတာဖြစ်ပြီးတော့ ကျန်တဲ့ရက်တွေမှာ ပုံမှန်အတိုင်း မနက် ၁၀ နာရီကနေ ည ၁၀ နာရီအချိန်အတွင်း မှာရောင်းချပေးမှာလို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကနေပြီးတော့ လောင်းကစား ဥပဒေ ပထမအကြိမ် ပြင်ဆင်တဲ့ ဥပဒေကို အတည်ပြပေးလိုက်ပါတယ်။

လောင်းကစား ဥပဒေကို ပြင်ဆင်ရတဲ့ ရည်ရွယ်ချက်တွေကတေ့

၁၊ အကြမ်းဖက် စကစ လက်အောက်ခံ အောင်ဘာလေထီ လုံးဝချုပ်ငြိမ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်လံလွှင့်ချီ နွေဦးထီနဲ့ ပြည်သူ့အောင်ပွဲကို ထပ်လောင်းရယူဖို့

၂၊ ပြည်သူတွေရဲ့ ညီညွတ်မှုကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ချိုးနှိမ်လို့ မရနိုင်ဆိုတဲ့ အချက်ကို စစ်အာဏာရှင် တွေကို အောင်လံလွှင့်ချီ နွေဦးထီ နဲ့ အကောင်းဆုံး သက်သေပြဖို့

၃၊ NUG အစိုးရကသာ ပြည်သူလူထုက တရားဝင် အာဏာအပ်နှင်းခံထားရတဲ့ အစိုးရဖြစ်လို့ အောင်လံလွှင့်ချီ နွေဦးထီကို အကောင်အထည်ဖော်ရာမှာ တည်ဆဲဥပဒေနဲ့အညီဖြစ်ရေး ပြင်ဆင်ပြဌာန်းရတာ

တွေလို့ CRPH ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

D-Wave

ကဘူးလ်မြို့ထဲကို တာလီဘန်တွေ ဝင်ရောက်၊ ကန်တပ်ဖွဲ့ကကန်သံရုံးဝန်ထမ်းတွေကို အမြန်ဆုံးကယ်ထုတ်ပေးနေအာဖဂန်မှာ အဓိကမြို့တော်ကြီး...
15/08/2021

ကဘူးလ်မြို့ထဲကို တာလီဘန်တွေ ဝင်ရောက်၊ ကန်တပ်ဖွဲ့ကကန်သံရုံးဝန်ထမ်းတွေကို အမြန်ဆုံးကယ်ထုတ်ပေးနေ
အာဖဂန်မှာ အဓိကမြို့တော်ကြီးအားလုံးနီးပါးကို သိမ်းပိုက်ထားပြီးဖြစ်တဲ့ တာလီဘန်တွေဟာ အခုသတင်းရေးသားဖော်ပြနေချိန်မှာ ကဘူးလ်မြို့အတွင်း ဝင်ရောက်နေပြီဖြစ်ပါတယ်။ အယ်လ်ဂျာဇီးယားသတင်းဌာနရဲ့ဖော်ပြချက်အရ တာလီဘန်တွေဟာ အရှေ့ပိုင်းမြို့တော် Jalalabad ကို သိမ်းပိုက်ပြီးနောက် ချက်ချင်းဆိုသလိုပဲ ကဘူးလ်မြို့ကို ပစ်မှတ်ထားလာတာဖြစ်ပါတယ်။
အမေရိကန်စစ်တပ်ဟာ ကဘူးလ်က အမေရိကန်သံရုံးဝန်ထမ်းတွေကို ရဟတ်ယာဉ်များဖြင့် ခေါက်တုံ့ခေါက်ပြန် ကယ်ထုတ်နေရတာကို တွေ့မြင်ခဲ့ရပါတယ်။ ကယ်ထုတ်မှုလုပ်ငန်းစဉ်တွေဟာ လုပ်ဆောင်နေဆဲဖြစ်ပြီး ဝန်ထမ်းတွေကို ကဘူးလ်လေဆိပ်ဆီ ပို့ဆောင်ပေးနေတယ်လို့ CNN က သိရှိရကြောင်း ဆိုပါတယ်။
တာလီဘန်တွေရဲ့ အခုလိုမျိုး အလျင်အမြန်ချီတက်လာခဲ့မှုဟာ ခန့်မှန်းထားမှုထက် အချိန်များစွာစောနေခဲ့တာဖြစ်ပါတယ်။ အမေရိကန်က အနည်းဆုံး ရက်ပေါင်း ၃၀ အတွင်းလို့ ခန့်မှန်းထားခဲ့ပေမယ့်လည်း Jalalabad ကို သိမ်းပိုက်ပြီးတာနဲ့ ဝင်ရောက်ခဲ့ကြပါတယ်။ လက်ရှိမှာ တိုက်ပွဲဲဖြစ်ပွားနေမှုတွေရှိနေပြီး ကဘူးလ်မြို့တော်မှာ မီးခိုးလုံးတွေ စတင်ဖုံးလွှမ်းနေပြီဖြစ်ပါတယ်။
( ကနဦးရရှိထားတဲ့ သတင်းတွေဖြစ်ပါတယ်။ )
TRN

မင်းတပ်-မတူပီ လမ်း မိုင်တိုင် ၁၆ တွင် စစ်ကောင်စီနှင့် CDF တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီမှ အကျအဆုံးများဟုဆိုရန်ကုန်၊ သြဂု...
15/08/2021

မင်းတပ်-မတူပီ လမ်း မိုင်တိုင် ၁၆ တွင် စစ်ကောင်စီနှင့် CDF တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီမှ အကျအဆုံးများဟုဆို

ရန်ကုန်၊ သြဂုတ် ၁၅

ချင်းပြည်နယ်၊ မင်းတပ်-မတူပီလမ်း မိုင်တိုင် ၁၆ တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ဒေသခံ CDF တပ်ဖွဲ့ဝင်များကြား သြဂုတ်လ ၁၅ ရက် ယနေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း CDF မင်းတပ်ထံမှ သတင်းရရှိသည်။

စစ်ကောင်စီတပ်များသည် ၁၆ မိုင်လမ်းဆုံရှိ ပြည်သူ့နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးထားသလို အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိပဲ အခြေအနေကို စောင့်ကြည့်နေသည်ဟု CDF မင်းတပ်မှ ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် မင်းတပ်မြို့ပေါ်တွင် ကင်းပုန်းများချထားသလို မင်းတပ်မြို့အရှေ့ဖက်ရှိ ပန်းဆန်လမ်းခွဲတွင်လည်း ကားအဝင်အထွက်များ စစ်ဆေးနေကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Mann Breaking News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share