U Moe

U Moe Learn, share and learn again

ဒီနှစ်ကူးက အမှတ်တရတွေနဲ့..နှစ်မကူးခင် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဟောင်းတစ်ဦးကွယ်လွန်တယ်။သင်္ကြန်တွင်း (၄) ရက်ဆေးရုံတက် လူန...
18/04/2026

ဒီနှစ်ကူးက အမှတ်တရတွေနဲ့..

နှစ်မကူးခင်
မိတ်ဆွေရင်း
လုပ်ဖော်ကိုင်ဟောင်းတစ်ဦး
ကွယ်လွန်တယ်။

သင်္ကြန်တွင်း (၄) ရက်
ဆေးရုံတက် လူနာတွေအတွက်
အခန်းခတွေ အလှူအဖြစ်
လျှော့ပေးတယ်။

သင်္ကြန်တွင်း (၄) ရက်
အလုပ်ဆင်းတဲ့ ဝန်ထမ်းတွေအတွက်
နေ့လယ်စာ မွန်းလွဲအဆာပြေ
ညစာတွေကို ကုသိုလ်မျှသူတွေနဲ့အတူ
ကျွေးဖြစ်တယ်။

နှစ်ဆန်းတစ်ရက် မနက်
သံဃာ သီလရှင် ယောဂီတွေ
ဆွမ်းလောင်းရတယ်။

နေ့လယ်မှာ လူပုဂ္ဂိုလ်တွေ
စတုဒီသာ ထမင်းကျွးနေရင်း
လွတ်ငြိမ်းနဲ့ လွတ်လာတဲ့
နိုင်ငံသားတွေကိုပါ
ကျွေးမွေးခွင့်ရလိုက်တယ်။

မွန်းလွဲပိုင်း
သံဃာတော်တွေရဲ့ ပရိတ်တရားတော်နဲ့
ဆေးကုသမှုခံယူနေတဲ့ လူနာတွေကို
ကုသိုလ်မျှဝေဖြစ်တယ်။

ဒီနေ့ ဘုရားဆောင်
သန့်ရှင်းရေးလုပ်တဲ့အခါ…

ချစ်ကြောက် ရိုသေရတဲ့ ဆရာမကြီး
လက်ဆောင်ပေးထားတဲ့ ဂျပန်ဘုရား
ဆင်းတုကို မြင်ရတော့
သတိရမိတယ်။

ပြင်ပမှာတူ သားလို
စာသင်ခန်းထဲမှာ တပည့်တွေလို
ရင်းနှီးစွာ ပြောဆို ဆက်ဆံတတ်…

နေမကောင်းဖြစ်ရင် ခေါ်တွေ့တတ်
အထူးသဖြင့် အင်္ဂလိပ်နှစ်ကူးရင်
သတိတရ ပြက္ခဒိန်တောင်း (ပေးပို့ရတဲ့)
အချိန်တွေက မှတ်မှတ်ထင်ထင်ပါ။

မိတ်ဆွေ ညီငယ် ဝင်းမြတ်ဦး ရဲ့
သတိပေးမှုနဲ့အတူ

ပြုပြုသမျှ ကုသိုလ်များကို
ဆရာမကြီး ဒေါက်တာ နုနုယဉ် ကို
ရည်စူးအမျှ ပေးဝေပါတယ်
ကောင်းမွန် အေးချမ်းရာ ဘဝမှာ
ငြိမ်းချမ်းစွာ ရှိပါစေ 🙏🙏🙏

၅ ရက်နေ့ထိ92 ထည့်ရင် ပိုက်ဆံ ပေးစရာမလိုပါ
01/04/2026

၅ ရက်နေ့ထိ
92 ထည့်ရင် ပိုက်ဆံ ပေးစရာမလိုပါ

အဓိကနဲ့ သာမည
18/03/2026

အဓိကနဲ့ သာမည

13/03/2026

မလွယ်တာ တွေ့ရင်
ပိုခက်တဲ့ တခြားဘဝတွေကို
ငဲ့ကြည့်ပါအုံး

ဂရုစိုက်ပါ
10/03/2026

ဂရုစိုက်ပါ

နေတတ်ရင်
08/03/2026

နေတတ်ရင်

06/03/2026

ဒီတစ်ပတ် အတွက်
ဆီ စုံ-မ ဖုန်း

တနင်္လာ၊ ကြာသပတေး၊ စနေ သာသမီးတွေငွေ အလုံးအရင်းနဲ့ ဝင်မယ်တဲ့ ခဏနေတော့အင်္ဂါ၊ သောကြာ၊ တနင်္ဂနွေ နေ့မွေးတဲ့သူတွေမရေတွက်နိုင...
28/02/2026

တနင်္လာ၊ ကြာသပတေး၊ စနေ သာသမီးတွေ
ငွေ အလုံးအရင်းနဲ့ ဝင်မယ်တဲ့

ခဏနေတော့
အင်္ဂါ၊ သောကြာ၊ တနင်္ဂနွေ နေ့မွေးတဲ့သူတွေ
မရေတွက်နိုင်အောင် ဝင်မယ်ဆို
သူကပဲ ပြောပြန်ရော

၇ နေ့ စလုံးဆိုတော့
ဘယ်ဝင်ရမှန်း မသိလို့
ဘယ်နေ့မှ မဝင်တော့ဘူးပေါ့

https://www.facebook.com/share/p/1Asbvx26MH/?mibextid=wwXIfr
27/02/2026

https://www.facebook.com/share/p/1Asbvx26MH/?mibextid=wwXIfr

လုပ်ငန်းခွင်အတွင်းမှ "သက်တော်ရှည်အမတ်ကြီးများ"

ကုမ္ပဏီတစ်ခုမှာ နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ လုပ်ကိုင်ပေးတဲ့ "လုပ်သက်ကြာ ဝန်ထမ်းကြီးများ" ရှိနေတာဟာ တကယ့်ကို ကောင်းမွန်တဲ့ အချက်ပါ။ အခက်အခဲတွေကြားထဲကနေ ကုမ္ပဏီနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ သူတို့ရဲ့ သစ္စာရှိမှုနဲ့ ဇွဲလုံ့လဟာ လေးစားဂုဏ်ပြုထိုက်ပါတယ်။

ဒါပေမဲ့... လုပ်သက်ကြာတာနဲ့အမျှ လုပ်ငန်းခွင်အပေါ် ထားရှိတဲ့ "စိတ်နေသဘောထား (Attitude)" ကောင်းမွန်မလာဘဲ၊ ကုမ္ပဏီရဲ့ တိုးတက်မှုကို နောက်ကနေ ဆွဲချနေတဲ့ "သက်တော်ရှည်အမတ်ကြီး" တချို့လည်း ရှိတတ်ပါတယ်။ သူတို့ဟာ အဖွဲ့အစည်းအတွက် အလွန်အန္တရာယ်များတဲ့ လူတန်းစားတစ်ရပ် ဖြစ်လာပါတယ်။
သူတို့ရဲ့ ထင်ရှားတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ မျက်နှာနှစ်ဖက်နှင့် အချိုသတ်သမားများ (The Boss's Favorite)
သူတို့ဟာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာတဲ့အတွက် သူဌေးရဲ့ အကြိုက်၊ သူဌေးရဲ့ အထာကို အလွတ်ရနေပါပြီ။
ဒါကြောင့် သူဌေးရှေ့မှာဆိုရင် အလုပ်အကြိုးစားဆုံး၊ ကုမ္ပဏီကို အချစ်ဆုံးပုံစံ ဖမ်းထားတတ်ကြပါတယ်။ ဒါပေမဲ့ သူဌေးကွယ်ရာ ရောက်သွားတာနဲ့ အလုပ်ကို ပြီးစလွယ်လုပ်ခြင်း၊ ကိုယ်လုပ်ရမယ့်အလုပ်ကို အခြားသူများအပေါ် လွှဲချခြင်းတို့ကို လုပ်ဆောင်တတ်ကြပါတယ်။

၂။ ရာထူးငယ်သော်လည်း လုပ်ပိုင်ခွင့်ကြီးသူများ (The Shadow Managers)
ဒီသက်တော်ရှည်အမတ်ကြီးတွေဟာ တရားဝင် ရာထူးအရ "မန်နေဂျာ" မဟုတ်ပါဘူး။ ဒါပေမဲ့ သူဌေးနဲ့ ရင်းနှီးမှု (သို့မဟုတ်) လုပ်သက်ကြာမှုကို အသုံးချပြီး လုပ်ငန်းခွင်မှာ "အရိပ်မန်နေဂျာ (Shadow Manager)" တွေလို ပြုမူတတ်ကြပါတယ်။ မန်နေဂျာအသစ်တွေ ရောက်လာရင်တောင် သူတို့ကို ကျော်လို့မရတာ၊ မန်နေဂျာရဲ့ အမိန့်ကို မနာခံဘဲ သူဌေးဆီ တိုက်ရိုက်တိုင်တောတာမျိုးတွေ လုပ်ပြီး လုပ်ငန်းစဉ် (Chain of Command) ကို ပျက်စီးစေပါတယ်။

၃။ သွေးသစ်များကို ဖယ်ကြဉ်ခြင်း (Rejecting the Newcomers)
လုပ်သက်ကြာ ဝန်ထမ်းကောင်းတစ်ယောက်ဟာ လူသစ်တွေကို လက်တွဲခေါ်ပြီး အလုပ်သင်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိပ်အတောက်ဖြစ်နေတဲ့ သက်တော်ရှည်တွေကတော့ လူသစ်တွေ ဝင်လာရင် သူတို့နေရာကို လုမလားဆိုတဲ့ "စိုးရိမ်စိတ် (Insecurity)" နဲ့ ကြည့်တတ်ကြပါတယ်။

ဒါကြောင့် အခုမှဝင်လာတဲ့ လူငယ်ဝန်ထမ်းတွေကို အလုပ်သေချာမသင်ပေးခြင်း၊ အမှားလုပ်မိရင် အပြစ်ကြီးကျယ်ဖွဲ့ပြီး ဝိုင်းပယ်ထားခြင်း (Bullying) များ ပြုလုပ်တတ်ကြပါတယ်။ ဒီလိုနဲ့ပဲ ကုမ္ပဏီမှာ လူတော်တွေ၊ လူသစ်တွေ မမြဲတော့ပါဘူး။

လုပ်ငန်းခွင်အပေါ် သက်ရောက်မှု
လုပ်သက်ကြာ ဝန်ထမ်းများဟာ ဓားသွားနှစ်ဖက်နဲ့ တူပါတယ်။
အကယ်၍ သူတို့ဟာ "စိတ်သဘောထား (Attitude) ကောင်းမွန်မယ်" ဆိုရင် သူတို့ရဲ့ အတွေ့အကြုံတွေဟာ လူသစ်တွေအတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေ ဖြစ်လာပြီး၊ လုပ်ငန်းခွင်ဟာ မိသားစုတစ်ခုလို နွေးထွေး အောင်မြင်လာမှာပါ။

သို့သော် သူတို့ဟာ "စိတ်ပိုင်းဆိုင်ရာ (Attitude) မကောင်းဘူး" ဆိုရင်တော့... အဲဒီလုပ်ငန်းခွင်ဟာ ဘယ်သူမှ မပျော်ရွှင်ရတဲ့ ငရဲခန်းလေးတစ်ခု ဖြစ်သွားပါလိမ့်မယ်။ အလုပ်မှာ "နိုင်ငံရေး (Politics)" တွေ များလာပြီး၊ တကယ့် ရလဒ်ထွက်အောင် ကြိုးစားချင်တဲ့သူတွေ အကုန်လုံး စိတ်ပျက်လက်ပျက်နဲ့ ထွက်ခွာသွားကြပါလိမ့်မယ်။

လုပ်ငန်းရှင်များနှင့် ခေါင်းဆောင်များ ခင်ဗျာ...
ဝန်ထမ်းတစ်ယောက်ရဲ့ "လုပ်သက်ကြာမှု" နဲ့ "သစ္စာရှိမှု" ကို ကျေးဇူးတင်ရမှာ မှန်ပေမယ့်၊ ထိုကျေးဇူးတရားကြောင့် သင့်ကုမ္ပဏီရဲ့ ယဉ်ကျေးမှု (Culture) နဲ့ အနာဂတ်ကိုတော့ အဖျက်ဆီး မခံလိုက်ပါနဲ့။ မှားယွင်းနေတဲ့ သက်တော်ရှည်အမတ်ကြီးများကို ရဲရဲဝံ့ဝံ့ သတိပေး ပြုပြင်ဖို့ အချိန်တန်နေပါပြီ။

စာရင်းစနစ်ချခြင်း
https://www.facebook.com/share/p/1AaVpVNn5q/

ကျွန်တော်ရေးသားသော Ebook များ
https://www.facebook.com/share/p/1DY8rVjKeb/

လုပ်ငန်းရှင်များအတွက် “Business Management”
https://www.facebook.com/share/p/16cCTEUwaf/

အမှတ်တရ

Aung Si Lin - Knowledge Hub
26.O2.2O26

ဒီနေ့
26/02/2026

ဒီနေ့

ဝေးလေ ကောင်းလေ
25/02/2026

ဝေးလေ ကောင်းလေ

ပိုက်ဆံမပေးပဲ ရှူနေရတဲ့လေစိမ်းဖို့လိုနေပီ
25/02/2026

ပိုက်ဆံမပေးပဲ ရှူနေရတဲ့လေ
စိမ်းဖို့လိုနေပီ

Address

Insein Township
Yangon

Website

Alerts

Be the first to know and let us send you an email when U Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share