Infinity Aung Kyaw Oo

Infinity  Aung Kyaw Oo Trying....

24/03/2025
03/03/2025

Window key နှင့် မဖြစ်မနေတွဲသုံးသင့်သော

shortcut key (10) မျိုး

(1) Window key + A

Window key + A ကိုနှိပ်ပါ Notification Function ပေါ်လာပါလေ့မယ်။ လူကြီးမင်းတို့ကလိချင်တာ ကလိလိုရပါပြီ

(2) Window key + D

Computer ပေါ်တွင် File ပေါင်းများစွာ ဖွင့်ထားတဲ့အခါ window key + D ကို နှိပ့်ပါ မူလ Window နေရာကို တခါတည်းပြန်ရောက်သွားပါလေ့မယ်။ အခု function လေးကျတာ့ မိမိရုံးမှာ ချစ်သူတွေနဲစကားပြောနေတဲ့အခါ တခြားလူလာတဲ့အခါမမြင်စေချင်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။

(3) Window key + Alt + D
အခု Functionလေးကတော့ မိမိ Computer မှာ Date and Time မမှန်တဲ့လူတွေအတွက် ဟိုရှာဒီရှာ မရှာရလေအောင် တစ်ခါတည်းဝင်ပြီး ပြင်လို့ရအောင်ပါ။ မမှန်တဲ့ Date and Time တွေကို ပြင်လို့ရပါပြီ ခင်ဗျာ

(4) Window key + E

ဒီ function လေးကျတာ့ လူတောတောများသိပါတယ်။ ဒါပေမယ့် မဖြစ်မနေထည့်ပေးရမှာမိုလို့ ထည့်ပေးလိုက်ပါတယ်။ ဘာ Functionလဲဆိုတာတော့ မိတ်ဆွေတို့ကိုယ်တိုင် ကလိကြည့်လိုက်ပါခင်ဗျ။

(5) Window key + I

ဒါလေးကတော့ အထူးတလည်ပြောနေစရာတော့မလိုဘူးထင်တယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ဒီ Functionလေးကတော့ Setting ထဲဝင်တဲ့ Functionလေးပါခင်ဗျ။ လူကြီးမင်းတို့လဲ သိပြီးသောအရာလေးပါခင်ဗျ။ မေ့နေမယ်ထင်လို့ ထည့်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျ။

(6) Window key + L
ဒီfunctionလေးကလဲထားခဲ့လို့မရလို့ထည့်ပေးလိုက်ပါတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ မိမိက Computer နဲ့ အလုပ်လုပ်နေတဲ့အချိန် အစည်းအဝေးရှိလို့ ချက်ချင်းထသွားရတာတို့၊ 🚻 သွားချင်တာတို့၊ ကိစ္စတခုခုရှိလို့မဖြစ်နေထသွားရမယ့်သူတွေအတွက်ပါ။ ဘာလေးလဲဆိုတော့ မိမိ Computer ကို မပိတ်ပဲသွားချင်တဲ့လူတွေအတွက်ပါ။ ဒီ Functionလေးကိုနှိပ်ပြီး မိမိ Computer ကို Singout လုပ်ပြီး သွားလို့ရပါပြီခင်ဗျ။

(7) Window key + S

ဒါလေးကတော့နီးရပ်နဲ့ဝေးနေတဲ့သူတွေအတွက်ပါ။ ကိုယ့်ရှေ့မှာရှိနေတာတောင် သတိမေ့သွားတတ်တဲ့သူတွေအတွက်ပါ။ အထွေအထူးတော့ ပြောစရာမလိုတော့ပါဘူး search box ထဲ သွားတဲ့ Shortcut လေးပါခင်ဗျ

(8) Window key + Left / Right Arrow

ဒီFunction လေးကတော့ Computer တစ်လုံးထဲ အရေးတကြီးစာမျက်နှာကိုဖွင့်ထားပြီး ကျန်စာမျက်နှာနဲအလုပ်လုပ်ချင်တဲ့ သူတွေအတွက်ပါ။ စာမျက်နှာနှစ်ခုဖွင့်ပြီးသုံးလို့ရတဲ့ Shortcut လေးပါ။ ဆိုလိုချင်တာက File Explorer ၊ Microsoft Word ၊ Excel အစရှိတဲ့ ကျန် အရာတွေကို တခုချင်းပြီး Mini Mide လုပ်စရာမလိုပဲ File တစ်ခုကို Selectပေး Window key + Left ကိုနှိပ်ရင် ဘယ်ဘက်ကိုကပ်သွားပြီး ၊ နောက်ထပ် File တစ်ခုကိုလည်း Select ပေး Window key + Right ကိုနှိပ်ရင် ညာဘက်ကိုကပ်ပေးပြီး File (၂) ခုကို တပြိုင်ထဲသုံးလို့ရတဲ့ Shortcut လေးပါခင်ဗျ။

(9) Window key + Pause Break

ဒီ Shortcutလေးကတော့ အရေးတကြီး မိမိရဲ့ Computer System ကိုကြည့်ချင်တဲ့မိတ်ဆွေတွေအတွက်ပါခင်ဗျ။

(10) Window key + .

ဒီ Functionလေးကတော့ ချစ်သူသမီးရီးစားတွေအတွက်ပါ။ ကျန်တဲ့သူတွေအတွက်မပါပါဘူးနော်၊ Computer ကြီးနဲ့ ချစ်သူကို စာတွေပို့၊ ချစ်သူ စိတ်ကောက်တဲ့အခါ Emoji လေးတွေပို့ချင်ပေမယ့်ရှာမရတဲ့ Bro တို့တွေအတွက်ပါ။ ကဲemoji လေးတွေပို့ပြီး အဆင်ပြေကြပါစေ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Infinity Aung Kyaw Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share