Coz Entertainment

Coz Entertainment Remember to change your look

12/10/2024

Dragon Boat Festival လို့ခေါ်တဲ့ တရုတ်ရိုးရားပွဲတော်ဟာ....
နှစ်စဉ် တရုတ်ပြက္ခဒိန် ပထမဦးဆုံး 5 လမြောက် 5 ရက်နေ့မှာ ကျင်းပလေ့ရှိပြီးတော့. ..
အရမ်းကိုမှပျော်စရာကောင်းတဲ့ ပွဲတော်တွေထဲကတစ်ခုပါ...
ဒါပေမယ့် သူ့ရဲ့သမိုင်းကြောင်းကတော့ ပျော်စရာမကောင်းတဲ့ဇာတ်လမ်းမဟုတ်ခဲ့ပါဘူး

စာတတ်တာ နဲ့ ပညာတတ်တာဘာကွာလို့လဲ?တကယ်တော့ကွာပါတယ် အတန်းပညာတတ်မြောက်တာကို စာတတ်တယ်လို့ဆိုပြီး ..ပြင်ပဗဟုသုတတွေ ၊ လူမှုပတ်ဝ...
04/10/2024

စာတတ်တာ နဲ့ ပညာတတ်တာဘာကွာလို့လဲ?

တကယ်တော့ကွာပါတယ် အတန်းပညာတတ်မြောက်တာကို စာတတ်တယ်လို့ဆိုပြီး ..
ပြင်ပဗဟုသုတတွေ ၊ လူမှုပတ်ဝန်းကျင်အကြောင်းတွေ ၊ အချိန်အခါကိုကြည့်ပြီးလိုက်လျောညီထွေအောင်နေထိုင်နိုင်ခြင်း စတာတွေကိုခြုံငုံပြီး ပညာတတ်တယ်ဆိုနိုင်ပါတယ်

စာဘယ်လောက်ပဲတတ်နေပါစေ ပညာမတတ်ရင် လူတွေရဲ့ ချီးမွှန်းခြင်း ၊လေးစားခြင်းကိုခံရမှာမဟုတ်ပါဘူး ..စာတတ်ဖို့ကလွယ်ပါတယ် ကျောင်းမှာသင်ပေးတဲ့စာတွေကိုသေချာပုံမှန်လေးလုပ်သွားရင် စာတတ်ပါပြီ။ ပညာတတ်ဖြစ်ဖို့အတွက်ဆိုရင် ကိုယ်တိုင်သင်ယူရတယ် ကိုယ်တိုင် လက်တွေ့ကျကျလုပ်ရတယ်။ ဒီလူနဲ့ ဘယ်လိုမျိုးငြိနှိုင်းလိုက်ရင် အဆင်ပြေသွားမလဲ? ငါဒီပြဿနာကို ဘယ်လိုနည်းလမ်းနဲ့ ‌ဖြေရှင်းလိုက်ရမလဲ? စတာတွေပေါ့..

ပိုပြီးတော့ ထင်သာမြင်သာရှိအောင် ဥပမာနဲ့ ပြောရမယ်ဆိုရင် ကျောင်းတစ်ကျောင်းမှာ ကျောင်းသား A နဲ့ ကျောင်းသား B ဆိုပြီးတော့ ရှိတယ် ကျောင်းသား A ကစာမှာဆို ထိပ်ဆုံးပဲ နှစ်တိုင်းလည်း ဆုရတယ်။ကျောင်းစာအပြင်ဘာမှစိတ်မဝင်စားဘူး ။ ကျောင်းသား B ကတော့ A လောက်စာမတော်ဘူး ဆုတွေလည်းမရဘူး ဒါပေမယ့် သူကပြင်ပဗဟုသုတတွေ လေ့လာရတာဝါသနာပါတယ်။လူတွေနဲ့ လိုက်လျှောညီထွေဖြစ်အောင်နေတယ် ။ ဒါပေမယ့် လုပ်ငန်းခွင်ရောက်တော့ B က A ထက်ရာထူးတိုးတာ ပိုမြန်တယ် ဘာလို့လည်းဆိုတော့ A ကစာပဲစိတ်ဝင်စားတာ တကယ့်လက်တွေ့ဘဝက အရာတွေဘာမှ စိတ်မဝင်စားသလို ဘာမှလည်း မသိဘူး။ B ကတော့ ကျောင်းစာမှာအားနည်းပေမယ့် သူလေ့လာထားတဲ့ဗဟုသုတတွေ၊လူတွေနဲ့ ပြောဆိုဆက်ဆံတတ်မှုတွေက သူ့အတွက် လက်တွေ့ဘဝမှာ အထောက်အကူဖြစ်စေခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီဥပမာနဲ့ဆိုရင် စာတတ်ခြင်းနဲ့ ပညာတတ်ခြင်းကို ကွဲကွဲပြားပြား သိလောက်ပြီလို့ ထင်ပါတယ်။ အဓိကပြောချင်တာကတော့ စာတတ်ရုံနဲ့ တကယ့်လက်‌တွေ့ဘဝမှာ မလုံလောက်သေးဘဲ ပညာတတ်ဖြစ်ဖို့ပါ အရေးကြီးကြောင်းကို ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။
စာကိုအဆုံးထိဖတ်ပေးလို့ တစ်ယောက်ချင်းစီတိုင်းကို‌ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီစာက မိတ်ဆွေတို့အတွက်အကျိုးရှိ‌တယ်ဆိုရင် post လေးကို react ပေးပြီး page လေးကိုlink and follow လေးလုပ်ပေးဖို့ တောင်းဆိုပါရစေဗျ....


03/10/2024

Welcome to Coz Entertainment

Address

Yangon

Alerts

Be the first to know and let us send you an email when Coz Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share