22/08/2026
သင်ကဦးရေပြားအဆီပြန်တတ်တဲ့သူလား ဒါမှမဟုတ် ဒီနေ့ခေါင်းလျော်မနက်ဖြန် အဆီထွက်လို့ စိတ်ညစ်နေတာလား?
ဒါဆိုရင်တော့ ဒီစာကို အဆုံးထိဖတ်လိုက်တော့နော်
ပထမဦးဆုံး ဘာလို့ ဦးရေပြား အဆီထွက်ရတာလဲ ဆိုတာကို ပြောပြပါမယ်
ဦးရေပြားအဆီပြန်ရတဲ့ အကြောင်းအရာ အများကြီးထဲကမှာ အဖြစ်များလေ့ရှိတာတွေကတော့
နံပတ် (၁) ခေါင်းလျော်တဲ့ အကြိမ်ရေ မှားယွင်းခြင်း
➡️ အကြာကြီးနေမှ ခေါင်းလျော်တာဟာ မကောင်းသလို ၊ နေ့တိုင်းနီးပါး ခေါင်းလျော်တာဟာ လည်းမကောင်းပါဘူး
အကြာကြီးနေမှ ခေါင်းလျော်တာက အဆီနဲ့ အညစ်အကြေးတွေကို ပိုမို စုလာစေပြီးတော့
နေတိုင်းနီးပါး ခေါင်းလျော်မယ်ဆိုရင်လည်း သင့်ဦးရေပြားက ခြောက်သွေ့နေတယ်လို့ ယူဆပြီးတော့ အဆီတွေကို ပိုပြီးတော့ ထုတ်လွတ်ပေးတတ်ပါတယ်
နံပတ် (၂) ပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံ
➡️ရာသီဥတုပူအိုက်တာ ၊ အဆီအစိမ့် စားများတာနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလဲပေးတာကလည်း အဆီထွက်တာကို ပိုဆိုးစေပါတယ်
နောက်တစ်ခုကတော့ ကိုယ့် ဦးရေပြားနဲ့အဆင်မပြေတဲ့ product တွေကို သုံးစွဲမိရင်လည်း အဆီထွက်နှုန်းကို တားဆီးနိုင်မှာ မဟုတ်ပါဘူး
ဒါဆိုရင် ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာကို ပြောပြပေးပါမယ်
📌 ခေါင်းကို နေ့တိုင်းမလျော်ပဲနဲ့ ၁ ပတ် ၃ ကြိမ် လောက်ပဲပုံမှန် လျော်ပေးပါ
ခေါင်းလျော်တဲ့ အခါမှာလည်း လက်သည်းနဲ့မကုတ်ဘဲ လက်ထိပ်လေးနဲ့ပဲ စက်ဝိုင်းပုံစံနှိပ်နယ်ပြီးလျော်ပေးတာက ဦးရေပြားမှ ရှိတဲ့ အဆီအိတ်လေးတွေကို မကုတ်မိစေတဲ့အတွက် အဆီထွက်နှုန်းကို လျော့ကျစေမှာဖြစ်ပါတယ်
📌ရေနွေးသုံးခြင်းကိုရှောင်ပါ
ရေနွေးက ဦးရေပြားကို ခြောက်သွေ့စေပြီး အဆီပိုထွက်အောင် လှုံ့ဆော်ပေးတတ်ပါတယ်
📌ခေါင်းအုံးစွပ်တွေကိုလှဲလှယ်ပေးတာ ဘီးတွေကို ဆေးကြောပေးတာတို့ကို ပုံမှန်လုပ်ပေးပါ
📌silicones ပါဝင်မှုနည်းတဲ့ ခေါင်းလျော်ရည်ကို ရွေးသုံးပေးပါ။
📌တစ်ပတ်ကို တစ်ကြိမ်လောက် ပုံမှန် scrub လုပ်ပေးပါ
ဦးရေပြားအတွက် သီးသန့်ထုတ်ထားတဲ့ scrub တွေကို သုံးပြုပေးတာက ဦးရေပြားမှာရှိနေတဲ့ ဆဲလ်သေတွေနဲ့ အဆီခဲတွေကိုပါ ဖယ်ရှားပေးလို့ ဆံပင်ကျွတ်တာကိုပါ သက်သာစေပါတယ်✨
ဒီစာလေးက သင့်အတွက် အကျိုးရှိခဲ့မယ်ဆိုရင် link and follow လုပ်ပေးခဲ့ပါအုံးနော်…✨🌟
➡️ဆံပင်နဲ့ ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ အခက်ခဲတွေကိုလည်း comment မှာ ပြောပေးခဲ့ကြပါအုံးနော်💡💡