Gamer's Summary MM

Gamer's Summary MM ✨ Cool & fun vibe

AVENGERS: ENDGAME ENCORE က မူရင်း Endgame ထက် အနည်းငယ်ပိုရှည်တဲ့ ဗားရှင်းအဖြစ် ရုံတင်လာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ စုစု...
22/08/2026

AVENGERS: ENDGAME ENCORE က မူရင်း Endgame ထက် အနည်းငယ်ပိုရှည်တဲ့ ဗားရှင်းအဖြစ် ရုံတင်လာတော့မှာပါ။

ဒီတစ်ခေါက်မှာတော့ စုစုပေါင်း ၃ နာရီ ၅ မိနစ် ကြာမြင့်မှာဖြစ်ပြီး မူရင်းဗားရှင်းထက် ၄ မိနစ် ပိုရှည် သွားမှာပါ။

အရေးကြီးတာကတော့ ဒီ Encore ဗားရှင်းထဲမှာ Avengers: Doomsday နဲ့ ဆက်စပ်တဲ့ အပိုဇာတ်ဝင်ခန်းတွေနဲ့ အထူး End Tag ပါဝင်လာမယ်လို့ အတည်ပြုထားတာပါ။ ဒါကြောင့် Doomsday မတိုင်ခင် ကြည့်ထားသင့်တဲ့ အပိုဆောင်းအကြောင်းအရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

Avengers: Endgame Encore ကိုတော့ ၂၀၂၆ စက်တင်ဘာ ၂၅ ရက်မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Marvel Studios ရဲ့ 2028 Lineup ကတကယ့်ကို အကြီးစားဖြစ်လာတော့မှာလား?MCU က 2027 မှာ Avengers Secret War တစ်ကားပဲထွက်ဖို့ရှိ...
21/08/2026

Marvel Studios ရဲ့ 2028 Lineup ကတကယ့်ကို အကြီးစားဖြစ်လာတော့မှာလား?

MCU က 2027 မှာ Avengers Secret War တစ်ကားပဲထွက်ဖို့ရှိပြီး 2028 ခုနှစ်မှာ ရုပ်ရှင်ကြီး ၃ ကားနဲ့ ပရိသတ်တွေကို အကြီးအကျယ် ပြန်လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

X-MEN — မေလ ၅ ရက်၊ ၂၀၂၈
နောက်ဆုံးတော့ Mutant တွေ MCU ထဲကို အကြီးအကျယ် ဝင်လာတော့မှာပါ။ နှစ်ပေါင်းများစွာ စောင့်ခဲ့ရတဲ့ X-Men တွေကို MCU ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် မြင်ရနိုင်ပြီး နာမည်ကြီး Mutant ဇာတ်ကောင်တွေနဲ့ သူတို့ကြားက ပြိုင်ဆိုင်မှုတွေ၊ Mutant တွေရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကိုပါ မြင်ရနိုင်ပါတယ်။

GHOST RIDER — ဇူလိုင် ၂၈ ရက်၊ ၂၀၂၈
Spirit of Vengeance ကြီး ရောက်လာတော့မှာပါ
Ghost Rider ကို အဓိကထားမယ့် ဒီကားက MCU ကို ပိုပြီးမှောင်မိုက်ပြီး Horror ဆန်တဲ့ဘက်ကို ခေါ်သွားနိုင်ပါတယ်။

BLACK PANTHER 3 — ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၈
Wakanda ကတော့ ပြန်လာပါပြီ။
ပထမနဲ့ ဒုတိယကားတွေရဲ့ အောင်မြင်မှုနောက်မှာ တတိယကားကလည်း Wakanda ရဲ့ကမ္ဘာကို ပိုပြီးချဲ့ထွင်ပြသသွားနိုင်သလို ရန်သူအသစ်တွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။

Marvel အတွက်တော့ 2028 က တကယ်ကို အကြီးစားနှစ်တစ်နှစ် ဖြစ်လာနိုင်ပါတယ်။
မေလ ၅ ရက် — X-MEN
ဇူလိုင် ၂၈ ရက် — GHOST RIDER
ဒီဇင်ဘာ ၁၅ ရက် — BLACK PANTHER 3

Inde Navarrette ကို Rogue အဖြစ် ရွေးလိုက်တာက အစပိုင်းမှာ ပရိသတ်တွေ သံသယဝင်နေကြပေမယ့် နောက်ဆုံးမှာ လူတိုင်းကို အံ့အားသင့်...
21/08/2026

Inde Navarrette ကို Rogue အဖြစ် ရွေးလိုက်တာက အစပိုင်းမှာ ပရိသတ်တွေ သံသယဝင်နေကြပေမယ့် နောက်ဆုံးမှာ လူတိုင်းကို အံ့အားသင့်သွားစေနိုင်တဲ့ Casting တစ်ခု ဖြစ်လာနိုင်ပါတယ်။

လက်ရှိမှာတော့ Inde Navarrette ကို Rogue အဖြစ် ရွေးထားတာနဲ့ပတ်သက်ပြီး ပရိသတ်တချို့က မကြိုက်ကြသေးပေမယ့် တကယ်တမ်း သူမနဲ့ Rogue က တော်တော်လေး အံဝင်ခွင်ကျဖြစ်မယ်လို့ ထင်ရပါတယ်။

Inde Navarrette က Marvel ရဲ့ နာမည်ကြီး Mutant ဇာတ်ကောင် Rogue အဖြစ် X-MEN Universe ထဲကို တရားဝင်ဝင်ရောက်လာတော့မှာပါ။ အစပိုင်းမှာတော့ ပရိသတ်တွေက သူမကို Rogue အဖြစ် စိတ်ကူးမရသေးတာမျိုး ဖြစ်နိုင်ပေမယ့် ဇာတ်ကားထဲမှာ တကယ်မြင်လိုက်ရတဲ့အခါ အမြင်တွေပြောင်းသွားနိုင်ပါတယ်။

တစ်ခါတလေ ပရိသတ်တွေ အများဆုံးဝေဖန်ခံရတဲ့ Casting တွေကပဲ နောက်ဆုံးမှာ “ဒီလူကို ရွေးတာ မှန်တယ်” ဆိုပြီး လူတိုင်းကို ပြန်ယုံကြည်လာစေတတ်ပါတယ်။

21/08/2026

ဒီတစ်ခါတော့ ထပ်မလုပ်ပါနဲ့ကွာ😂
Doom လောက်ဆို ရပါပြီလို့🤧

ဝေလငါးကြီးရဲ့ ဝမ်းဗိုက်ထဲ ရောက်သွားမယ့် Austin Abrams20th Century Studios ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်အသစ် Whalefall မှာတေ...
21/08/2026

ဝေလငါးကြီးရဲ့ ဝမ်းဗိုက်ထဲ ရောက်သွားမယ့် Austin Abrams

20th Century Studios ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်အသစ် Whalefall မှာတော့ Weapons ထဲက ဆေးသမားလေးအဖြစ် မြင်တွေ့ခဲ့ရပြီး အခု Sep 18 2026 မှာထွက်မယ့် Resident Evilမှာလည်း တွေ့ရမယ့် Austin Abrams ကို မတူညီတဲ့ ဇာတ်ကောင်တစ်ခုနဲ့ မြင်တွေ့ရတော့မှာပါ။

ဒီတစ်ခါမှာတော့ ဖခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ရေအောက်ထဲ ဆင်းပြီး ရှာဖွေနေတဲ့ ရေငုပ်သမားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ ရှာဖွေရေးလုပ်နေစဉ်မှာပဲ ဧရာမဝေလငါးကြီးတစ်ကောင်ရဲ့ အရှင်လတ်လတ် မြိုချခြင်းကို ခံလိုက်ရပါတော့တယ်။

အဓိကဇာတ်လမ်းကတော့ ဝေလငါးကြီးရဲ့ ဝမ်းဗိုက်ထဲ ပိတ်မိသွားတဲ့ သူ့အနေနဲ့ အသက်ရှင်လျက် ပြန်လည်လွတ်မြောက်နိုင်ဖို့ အချိန်နဲ့အမျှ ရုန်းကန်ရမယ့် survival thriller ပုံစံမျိုး ဖြစ်ပါတယ်။

ရေအောက်က အန္တရာယ်တွေတင်မကဘဲ ဝေလငါးကြီးရဲ့ ကိုယ်ထဲမှာပါ အသက်ရှင်ဖို့ ကြိုးစားရမယ့် Whalefall ကို အောက်တိုဘာလအတွင်း ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

NIU LAI ဟာ 2026 ခုနှစ်ရဲ့ အမြတ်အစွန်းအများဆုံးရရှိတဲ့ ရုပ်ရှင် ဖြစ်လာပါတယ်Viral ဖြစ်နေတဲ့ Niu Lai နွားမသားလေး တရုတ် Anim...
21/08/2026

NIU LAI ဟာ 2026 ခုနှစ်ရဲ့ အမြတ်အစွန်းအများဆုံးရရှိတဲ့ ရုပ်ရှင် ဖြစ်လာပါတယ်

Viral ဖြစ်နေတဲ့ Niu Lai နွားမသားလေး တရုတ် Animation ရုပ်ရှင်ဟာ ထုတ်လုပ်ရေးဘတ်ဂျက်ရဲ့ 15,500 ဆအထိ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် OBSESSION,Spider Man Brand New Day,Odyssey, 2025 ကထွက်တဲ့ NeZha 2 တို့ကိုကျော်တက်ပြီး 2026 ခုနှစ်အတွင်း ဘတ်ဂျက်နဲ့ Box Office ဝင်ငွေ အချိုးအစားအရ အမြတ်အစွန်းအများဆုံးရတဲ့ ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

Niu Lai - ဒေါ်လာ ၂၀၀ x ၁၀,၅၀၀ ဆ
Obsession - ဒေါ်လာ ၇၅၀,၀၀၀ x ၆၆၀ ဆ
Ne Zha II - ဒေါ်လာ သန်း ၈၀ x ၂၈ ဆ
Spider-Man: BND - ဒေါ်လာ ၂၂၅ သန်း x ၉ ဆ
The Odyssey - ဒေါ်လာ သန်း ၂၅၀ x ၅ ဆ

Inde Navarrette ရဲ့ အနုပညာခရီးလမ်းကတော့ ဇွဲမလျှော့ဘဲ ဆက်ကြိုးစားလာရင်း တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့အရည်အချင်းက ဘယ်လောက်အထိ ရ...
21/08/2026

Inde Navarrette ရဲ့ အနုပညာခရီးလမ်းကတော့ ဇွဲမလျှော့ဘဲ ဆက်ကြိုးစားလာရင်း တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့အရည်အချင်းက ဘယ်လောက်အထိ ရောက်နိုင်လဲဆိုတာ သက်သေပြလာတဲ့ ခရီးတစ်ခုပါ။

သူမပါဝင်ခဲ့တဲ့ Role တိုင်းက အတွေ့အကြုံအသစ်တစ်ခု ဖြစ်ခဲ့သလို၊ Character တစ်ယောက်ချင်းစီကလည်း သူမရဲ့ အနုပညာခရီးလမ်းအတွက် ခြေလှမ်းတစ်လှမ်းစီ ဖြစ်လာခဲ့ပါတယ်။

အခုတော့ အဲ့ဒီခရီးလမ်းက Marvel Cinematic Universe (MCU) အထိ ရောက်လာပြီဖြစ်ပြီး X-Men ရဲ့ Rogue အဖြစ် ပရိသတ်တွေရှေ့ကို ရောက်လာတော့မှာပါ။

တက်သစ်စ သရုပ်ဆောင်မလေးတစ်ယောက်ကနေ X-Men ရဲ့ နာမည်ကြီး Mutant တစ်ယောက်အဖြစ် ပြောင်းလဲလာတာက တကယ်ကို စိတ်ဝင်စားစရာပါပဲ။
သူမရဲ့ အကောင်းဆုံးအခန်းကတော့ အခုမှ စတင်တော့မယ်လို့ ပြောလို့ရပါတယ်။

Inde Navarrette သရုပ်ဆောင်ခဲ့တဲ့ Role တွေထဲမှာ ဘယ် Role ကို အကြိုက်ဆုံးလဲ?

“Marvel’s Wolverine” Digital Deluxe Edition မှာ ပါလာမယ့် Suit အသစ်ပုံတွေ ထွက်လာပါတယ်
21/08/2026

“Marvel’s Wolverine” Digital Deluxe Edition မှာ ပါလာမယ့် Suit အသစ်ပုံတွေ ထွက်လာပါတယ်

Charles Melton ဟာ ဒါရိုက်တာ Destin Daniel Cretton ရိုက်ကူးမယ့် Live-Action ‘NARUTO’ ရုပ်ရှင်မှာ Kakashi Hatake အဖြစ် သရု...
21/08/2026

Charles Melton ဟာ ဒါရိုက်တာ Destin Daniel Cretton ရိုက်ကူးမယ့် Live-Action ‘NARUTO’ ရုပ်ရှင်မှာ Kakashi Hatake အဖြစ် သရုပ်ဆောင်ဖို့ နောက်ဆုံးအဆင့် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပြီ လို့ သိရပါတယ်။

ဒီရုပ်ရှင်ဟာ Masashi Kishimoto ရဲ့ နာမည်ကြီး Manga ကို အခြေခံရိုက်ကူးမှာဖြစ်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ရိုက်ကူးရေး စတင်ဖို့ ရည်မှန်းထားတယ် လို့ သိရပါတယ်။

Amazon Prime Video ရဲ့ God of War Live-Action Series မှာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Kratos ဇာတ်ကောင်ကို Dave Bautista...
21/08/2026

Amazon Prime Video ရဲ့ God of War Live-Action Series မှာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Kratos ဇာတ်ကောင်ကို Dave Bautista က တရားဝင် သရုပ်ဆောင်သွားမယ်လို့ အတည်ပြုလိုက်ပါပြီ။

မူလ Kratos အဖြစ် ပါဝင်ခဲ့တဲ့ Ryan Hurst ကတော့ ရိုက်ကူးရေးအတွင်း Bicep ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ဒီဇာတ်လမ်းတွဲကနေ ထွက်ခွာခဲ့ရပါတယ်။

အခုတော့ Guardians of the Galaxy နဲ့ Dune တို့မှာ လူသိများတဲ့ Dave Bautista က Kratos ရဲ့နေရာကို တာဝန်ယူတော့မှာဖြစ်ပါတယ်။

ဒါကြောင့် Ryan Hurst ပါဝင်ပြီး ရိုက်ကူးပြီးသား အပိုင်းတွေကိုပါ Bautista နဲ့ ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပြီး Production ကိုလည်း ပြန်လည်စတင်ဖို့ ပြင်ဆင်နေပါတယ်။

ဒီတစ်ခါ Kratos ပုံစံကတော့ ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမလား?

Address

Yangon

Telephone

+959953482370

Website

Alerts

Be the first to know and let us send you an email when Gamer's Summary MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share