28/10/2025
သူမဖြေခဲ့ဘူး ( ပြုံးယုံလေးပဲ ၊ နှိမ့်ချလျက်ပေါ့ ) တကယ်ဆို အင်တာဗျူးသူက " You are the GOAT , Right! " လို့ပြောတဲ့အခါ သူဖြေလို့ရတာတွေအများကြီးရှိတယ်။
" ဒါပေါ့ဗျာ ငါကသမိုင်းတလျှောက် သွင်းဂိုး+ဖန်တီးမှု့ အများဆုံးကစားသမားလေ ၊ ဗီဒီယိုမှတ်တမ်းနဲ့တကွပေါ့ ,,
" ဒါပေါ့ ငါက နိုင်ငံအတွက် ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိက၂ ကြိမ်ကို အကောင်းဆုံးကစားသမားဆုနဲ့တကွရခဲ့တာလေ ၊ ဗီဒီယိုမှတ်တမ်းတွေရှိတယ် ,,
" အမှန်ပဲလေ သမိုင်းမှာ ဘလွန်ဒေါ ၈ ကြိမ် ၊ ဥရောပရွှေဖိနပ်ဆု ၆ ကြိမ်ကို အများဆုံးရထားတာ ငါပဲလေ ,,
ဒါပေမယ့် မက်ဆီက အဲ့လိုစောင့်ကြွားစောင့်ကြွားမပြောတတ်သလို ၊ ဟောင်ဖွာဖွာနဲ့ မခနဲ့တတ်ပါဘူး ၊ ရိုးသားနှိမ့်ချစွာနေတဲ့ လူချစ်လူခင်ပေါများသူတစ်ယောက်ပါ ၊ ပြုးပြပြီးတုန့်ပြန်ယုံလေးက ဒီအဓိပ္ပယ်ကို ပီပြင်ပြတ်သားစေခဲ့ပါတယ်။