G-Taw Zagar Wyne Podcast

G-Taw Zagar Wyne Podcast A platform to share women and girls stories to inspire for better change.

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.❝အဓိကကတော့ တရားမျှတမှု ဖော်ဆောင်ပေးဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေး အ...
19/09/2026

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹
𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.

❝အဓိကကတော့ တရားမျှတမှု ဖော်ဆောင်ပေးဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ လိုပါတယ်။ ကျူးလွန်ပြီးရင် ဘာမှမဖြစ်ဘူးဆိုတဲ့ Impunity (ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်) စိတ်ဓာတ်ဟာ အထူးသဖြင့် အာဏာရှိသူတွေနဲ့ လူ့အဖွဲ့အစည်းမှာ ဝင်သွားရင် ဒီလို ကျူးလွန်မှုတွေဟာ ဘယ်သူ့အပေါ်မဆို အချိန်မရွေး ပြန်ဖြစ်လာနိုင်ပါတယ်။❞

❝The main priority is to deliver justice and hold perpetrators accountable. If the mindset of impunity believing that nothing will happen after committing a crime takes root in society, especially among those in power, such abuses can happen to anyone again at any time.❞

- Wai Wai Nu (Founder and Executive Director of Women’s Peace Network)

────────────

အပိုင်း (၁၇) “Sentence to Strength” ကို ယခုလင့်ခ်မှတဆင့် နားဆင်နိုင်ပါတယ်။
https://soundcloud.com/g-taw-zagar-wyne-podcast/s-5-ep-17-sentence-to-strength


𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.Episode (17) : Sentence to StrengthIn this episode, we are joined by W...
17/09/2026

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹
𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.

Episode (17) : Sentence to Strength

In this episode, we are joined by Wai Wai Nu, a renowned human rights activist, legal scholar, and former political prisoner. In this podcast, she shares how early experiences of systemic discrimination against her family shaped her determination to pursue a career in law, break conservative norms within her community, and stand up against injustice. She reflects candidly on her seven years in Insein Prison, her ""University of Life"", where witnessing the profound oppression, lack of rights, and systemic brainwashing experienced by women prisoners transformed her into a dedicated activist.

The conversation explores her relentless advocacy following her release in 2012, including founding the Women’s Peace Network (WPN), launching initiatives like “Justice for Women”, and creating the “MyFriend” campaign to counter hate speech. She breaks down the critical role of feminist solidarity and ""sisterhood"" between Rohingya and other ethnic women, how intersecting identities influence her view of power and oppression, and the deep-seated racism that remains rooted in Myanmar. Finally, drawing on her extensive legal background and international platforms like the UN Security Council, she shares her vision for transitional justice for the Rohingya genocide and offers an inspiring message of hope and resilience for the next generation.

Wai Wai Nu is a prominent human rights and democracy activist from Myanmar, and the Founder and Executive Director of the Women’s Peace Network (WPN). She also serves as a counselor to the National Unity Consultative Council (NUCC) representing WPN.

Recognised globally for her work in peacebuilding and genocide prevention, she holds a law degree from Yangon University, an LL.M. from UC Berkeley, and a Master's in Genocide and Mass Atrocity Prevention from Binghamton University. Named one of BBC's 100 Women and Time Magazine’s Next Generation Leaders, she continues to advocate for accountability, transitional justice, and the empowerment of marginalized women across Myanmar.

Listen here >>> https://soundcloud.com/g-taw-zagar-wyne-podcast/s-5-ep-17-sentence-to-strength

ဒီအပိုင်းမှာတော့ ထင်ရှားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ၊ ဥပဒေပညာရှင်နှင့် နိုင်ငံရေးအကျဉ်းသူဟောင်း မဝေဝေနုနဲ့အတူ သူမ၏မိသားစုအပေါ် ခွဲခြားဆက်ဆံမှုများကို ငယ်စဉ်ကတည်းကမြင်တွေ့ခဲ့ရပုံ၊ ယင်းမှတစ်ဆင့် ဥပဒေပညာကိုသင်ယူကာ ပတ်ဝန်းကျင်၏စံနှုန်းများကို ကျော်လွန်ပြီး မတရားမှုကိုတိုက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့ပုံများကို ပါဝင်ဆွေးနွေးထားပါတယ်။ ဒါ့အပြင် အင်းစိန်ထောင်အတွင်း ၇ နှစ်ကြာ ဖြတ်သန်းခဲ့ရတဲ့ ""ဘဝတက္ကသိုလ်"" အတွေ့အကြုံ၊ ထောင်ဒဏ်ကျခံရစဉ်အတွင်း အမျိုးသမီးအကျဉ်းသားများကြုံတွေ့နေရသည့် ဖိနှိပ်မှုများ၊ အခွင့်အရေးမဲ့မှုများနှင့် မှိုင်းတိုက်ခံထားရမှုများကိုမြင်တွေ့ခဲ့ရပုံတို့က သူမကို ထက်မြက်တဲ့တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် မည်သို့ကူးပြောင်းစေခဲ့သည်ကို ပွင့်လင်းစွာ မျှဝေထားပါတယ်။

ဒါ့အပြင် ၂၀၁၂ ခုနှစ် ထောင်မှလွတ်မြောက်လာပြီးနောက် Women’s Peace Network (WPN) ကို တည်ထောင်ခဲ့ပုံ၊ “Justice for Women” နှင့် အမုန်းစကားများကိုတိုက်ဖျက်ဖို့ “My Friend” ကမ်ပိန်းများကို စတင်ခဲ့တဲ့ခရီးစဉ်များကိုပါ ဆွေးနွေးထားပါတယ်။ ရိုဟင်ဂျာအမျိုးသမီးများနှင့် အခြားတိုင်းရင်းသူ အမျိုးသမီးများကြား ""Sisterhood"" သို့မဟုတ် ဖီးမနစ်စည်းလုံးညီညွတ်ရေး၏အရေးပါမှု၊ မြန်မာနိုင်ငံတွင် နက်ရှိုင်းစွာအမြစ်တွယ်နေဆဲဖြစ်သော လူမျိုးရေးခွဲခြားမှုများနှင့် သူမ၏ဘဝဖြတ်သန်းမှုများက အာဏာနှင့် ဖိနှိပ်မှုများအပေါ် ရှုမြင်ပုံကို မည်သို့လွှမ်းမိုးထားကြောင်းကိုလည်း သုံးသပ်ပြထားပါတယ်။ အဆုံးသတ်မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိ တက်ရောက်ပြောကြားခဲ့သည့် သူမ၏ ဥပဒေဆိုင်ရာအတွေ့အကြုံများမှတစ်ဆင့် ရိုဟင်ဂျာများအတွက် (Transitional Justice) ဖော်ဆောင်ရေးဆိုင်ရာအမြင်များနှင့် အနာဂတ်အတွက် ကြိုးပမ်းနေသည့်မျိုးဆက်သစ်များအတွက် ခွန်အားဖြစ်ဖွယ်သတင်းစကားများပါဝင်ပါတယ်။

မဝေဝေနုသည် မြန်မာနိုင်ငံမှ ထင်ရှားသောလူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူတစ်ဦးဖြစ်ပြီး Women’s Peace Network (WPN)၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် WPN ကို ကိုယ်စားပြု၍ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်းဆောင်ရွက်လျက်ရှိပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေးကဏ္ဍတို့တွင် ကမ္ဘာ့အဆင့် အသိအမှတ်ပြုခံထားရသူတစ်ဦးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့၊ UC Berkeley မှ မဟာဥပဒေဘွဲ့ (LL.M.) နှင့် Binghamton University မှ Genocide and Mass Atrocity Prevention ဆိုင်ရာ မဟာသိပ္ပံဘွဲ့တို့ကို ရရှိထားသူ ဖြစ်ပါတယ်။ BBC အမျိုးသမီးအယောက် ၁၀၀ အတွင်းရွေးချယ်မှုနှင့် Time မဂ္ဂဇင်း၏ Next Generation Leaders စာရင်းတွင်ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံရှိအစွန်အဖျားရောက် အမျိုးသမီးများ၏ အခွင့်အရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

နားဆင်ရန် - https://soundcloud.com/g-taw-zagar-wyne-podcast/s-5-ep-17-sentence-to-strength

Follow our socials for further updates
Facebook : www.facebook.com/gtawzagarwyne/
Sound Cloud : https://soundcloud.com/g-taw-zagar-wyne-podcast

Please contact us at [email protected] for any inquiry.

15/09/2026

အမျိုးသမီးတွေဦးဆောင်တဲ့ အဖွဲ့အစည်းတွေရဲ့ အလုပ်တွေကို မှတ်တမ်းတင်ထားတဲ့ နက်နက်ရှိုင်းရှိုင်း သုတေသနပြုချက်တွေ အရမ်းနည်းနေသေးတယ်

အပိုင်း (၁၆) “Journey of Belonging” ကို ယခုလင့်ခ်မှတဆင့် နားဆင်နိုင်ပါတယ်။
https://soundcloud.com/g-taw-zagar-wyne-podcast/s-5-ep-16-journey-of-belonging


𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.❝တကယ်ကို ကောင်းမွန်စွာဖွဲစည်းထားတဲ့ အမျိုးသမီးအဖွဲအစည်းတွေနဲ့ အမျိုးသမ...
13/09/2026

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹
𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.

❝တကယ်ကို ကောင်းမွန်စွာဖွဲစည်းထားတဲ့ အမျိုးသမီးအဖွဲအစည်းတွေနဲ့ အမျိုးသမီးတွေ အခွင့်အရေးဆိုင်ရာ အဖွဲအစည်းတွေ ရှိနေပေမဲ့ သူတို့ဟာ တကယ့်ဆုံးဖြတ်ချက်ရတဲ့ စကားဝိုင်းတွေမှာ ဖိတ်ကြားမှုတွေ မခံရပါဘူး။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်တွေချဖို့တောင် သူတို့တွေဟာ အမြဲ ဖယ်ကျဉ်ခံနေရတယ်။ ဒီဟာကတော့ နိုင်ငံတကာအဆင့်မှာလည်း ဒီလိုအခြေအနေမျိူးပဲ ကြုံတွေ့နေရဆဲဖြစ်တယ်။❞

❝There are very effective women’s rights organizations and women-led, yet they are not invited to decision-making tables. They are often excluded from decisions that directly affect them. The same situation applies at the international level.❞

- Manny Maung (Independent Analyst)

────────────

အပိုင်း (၁၆) “Journey of Belonging” ကို ယခုလင့်ခ်မှတဆင့် နားဆင်နိုင်ပါတယ်။
https://soundcloud.com/g-taw-zagar-wyne-podcast/s-5-ep-16-journey-of-belonging


09/09/2026

ဂျာနယ်လစ်ဇင် (သတင်းစာပညာ) နယ်ပယ်မှာ 'ကြားနေမှု/ဘက်မလိုက်မှု' (Neutrality) နဲ့ ပတ်သက်ပြီးပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ရော သတင်းထောက်တစ်ယောက်အနေနဲ့ ဘယ်လိုကျင့်သုံးဖြစ်လဲ။

အပိုင်း (၁၆) “Journey of Belonging” ကို ယခုလင့်ခ်မှတဆင့် နားဆင်နိုင်ပါတယ်။
https://soundcloud.com/g-taw-zagar-wyne-podcast/s-5-ep-16-journey-of-belonging


𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.❝အိမ်ထောင်မပြုတဲ့အမျိုးသမီး၊ ဇနီးသည်တစ်ယောက် မဟုတ်ရင် (ဒါမှမဟုတ်) လုံလ...
07/09/2026

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹
𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.

❝အိမ်ထောင်မပြုတဲ့အမျိုးသမီး၊ ဇနီးသည်တစ်ယောက် မဟုတ်ရင် (ဒါမှမဟုတ်) လုံလောက်တဲ့ ပညာအရည်အချင်းမရှိရင် အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှုက မလွယ်ကူပါဘူး။ အထူးသဖြင့် ကိုယ်က လူနည်းစု အမျိုးသမီးတစ်ယောက်ဖြစ်နေရင် ဒီစိန်ခေါ်မှုတွေက ပိုလို့တောင် ခက်ခဲနေပါသေးတယ်။ နောက်ပြီး စိတ်မကောင်းစရာတစ်ခုက အမျိုးသမီးတွေက သူတို့ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို နားလည်ပေးခြင်း မခံရမှုတွေကို ကြုံတွေ့နေရတာပါပဲ။❞

❝Being a woman can be difficult if you are not married, not a wife, or do not have the right education. Being a woman of color makes these challenges even harder. People may not understand the struggles that women go through.❞

- Manny Maung (Independent Analyst)

────────────

အပိုင်း (၁၆) “Journey of Belonging” ကို ယခုလင့်ခ်မှတဆင့် နားဆင်နိုင်ပါတယ်။
https://soundcloud.com/g-taw-zagar-wyne-podcast/s-5-ep-16-journey-of-belonging


𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.❝ကျွန်မက ပုံပြောရတာ တကယ်ခုံမင်ပါတယ်။ အဖေကလည်း ကျွန်မရဲ့ ဝါသနာကို လုပ်ဆ...
05/09/2026

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹
𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.

❝ကျွန်မက ပုံပြောရတာ တကယ်ခုံမင်ပါတယ်။ အဖေကလည်း ကျွန်မရဲ့ ဝါသနာကို လုပ်ဆောင်ဖို့ အများကြီး ပံ့ပိုးပေးပါတယ်။ တကယ်တော့ ပုံပြောတာက ကမ္ဘာကြီးကို ပြောင်းလဲပေးဖိုဆိုတာထက် လူတွေကို နားလည်ပေးတတ်ဖို့နဲ့ တခြားလူတွေရဲ့ အကြောင်းကို ပြောပြပေးနိုင်ဖို့ စာနာသနားစိတ်ရှိတာကို ဆိုလိုတာပါ။ နောက်ပြီးတော့ ဘာတွေဖြစ်ပျက်နေတာလဲဆိုတာတွေကို စူးစမ်းလိုစိတ်ရှိတာက သတင်းမီဒီယာတွေရဲ့ အခြေခံ အုတ်မြစ်ပါ။❞

❝I really love storytelling, and my dad encouraged me to pursue it. It is not about telling the most world-changing stories, but about understanding others and having empathy to tell their stories. Curiosity about others and what is happening is absolutely foundational in journalism.❞

- Manny Maung (Independent Analyst)

────────────

အပိုင်း (၁၆) “Journey of Belonging” ကို ယခုလင့်ခ်မှတဆင့် နားဆင်နိုင်ပါတယ်။
https://soundcloud.com/g-taw-zagar-wyne-podcast/s-5-ep-16-journey-of-belonging


𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.Episode (16) : Journey of Belonging                            In this...
03/09/2026

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹
𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.

Episode (16) : Journey of Belonging

In this episode, we are joined by Manny Maung, a Research Associate with ODI Global's Humanitarian Policy Group (HPG), a human rights researcher, and a former journalist. Through an engaging and personal conversation, Manny reflects on her childhood experiences, the cultural and linguistic influences that shaped her worldview, and the journey that inspired her to pursue a career in journalism and human rights.

The discussion explores her transition from journalism to human rights research, highlighting the opportunities, responsibilities, and personal costs that come with documenting injustice in politically fragile contexts. Manny shares insights from her years of investigative work, as well as her experiences as a journalist in Myanmar.

Finally, Manny offers thoughtful advice and words of encouragement for young people in Myanmar, especially young women, who aspire to create change and make their voices heard.

Manny Maung is a Research Associate with ODI Global's Humanitarian Policy Group (HPG). With over 15 years of experience in journalism and human rights, she has worked extensively across Southeast Asia and other politically fragile environments. Previously serving as the Myanmar Researcher at Human Rights Watch, her work focused on investigative research, political strategy, and advocacy, contributing to greater international attention and policy responses to human rights violations in Myanmar.

Listen here >>> https://soundcloud.com/g-taw-zagar-wyne-podcast/s-5-ep-16-journey-of-belonging

ဒီပေါ့ကတ်စ်မှာတော့ ODI Global ရဲ့ Humanitarian Policy Group (HPG) မှာ Research Associate အဖြစ် လုပ်ကိုင်နေသူ၊ လူ့အခွင့်အရေးဆိုင်ရာ သုတေသနပြုသူနဲ့ သတင်းစာဆရာဟောင်းတစ်ဦးဖြစ်တဲ့ Manny Maung နဲ့အတူ စိတ်ဝင်စားဖွယ်ရာ ကိုယ်ရေးကိုယ်တာအတွေ့အကြုံတွေကို ဆွေးနွေးထားပါတယ်။ Manny က သူမရဲ့ ငယ်ဘဝအတွေ့အကြုံတွေ၊ သူမရဲ့အမြင်ကို ပုံဖော်ပေးခဲ့တဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားဆိုင်ရာ လွှမ်းမိုးမှုတွေ၊ သတင်းထောက်တစ်ယောက်အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အလုပ်တွေကို ရွေးချယ်ဖြစ်လာစေခဲ့တဲ့ ခရီးစဉ်အကြောင်းတွေကို မျှဝေပေးထားပါတယ်။

ဒီဆွေးနွေးမှုမှာ သတင်းထောက်ကနေ လူ့အခွင့်အရေးဆိုင်ရာ သုတေသနလုပ်ငန်းဘက်ကို ကူးပြောင်းလာတဲ့ သူမရဲ့အတွေ့အကြုံ၊ နိုင်ငံရေးနဲ့ လူမှုရေးအရ မတည်ငြိမ်တဲ့ အခြေအနေတွေမှာ မတရားမှုတွေကို မှတ်တမ်းတင်ဖော်ထုတ်ရတဲ့အခါ ကြုံတွေ့ရတဲ့ အခွင့်အလမ်းတွေ၊ တာဝန်ယူမှုတွေနဲ့ ကိုယ်ရေးကိုယ်တာ ပေးဆပ်ရမှုတွေကို ဆွေးနွေးထားပါတယ်။ ဒါ့အပြင် နှစ်ပေါင်းများစွာ စုံစမ်းဖော်ထုတ်ရေးသားခဲ့တဲ့ အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံမှာ သတင်းစာဆရာတစ်ဦးအနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း Manny က မျှဝေပေးထားပါတယ်။ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံက လူငယ်တွေအထူးသဖြင့် လူငယ်အမျိုးသမီးတွေအနေနဲ့ လူမှုအပြောင်းအလဲတွေ ဖန်တီးဖို့၊ ကိုယ်တိုင်ယုံကြည်တဲ့အရာတွေအတွက် ရပ်တည်ဖို့နဲ့ ကိုယ့်အသံကို ထုတ်ဖော်ပြောဆိုနိုင်ဖို့အတွက် အားပေးစကားတွေနဲ့ အကြံပြုချက်တွေကိုလည်း Manny က မျှဝေပေးထားပါတယ်။

Manny Maung ဟာ ODI Global ရဲ့ Humanitarian Policy Group (HPG) မှာ Research Associate အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ သတင်းစာပညာနဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ၁၅ နှစ်ကျော်ရှိပြီး အရှေ့တောင်အာရှအပါအဝင် နိုင်ငံရေးအရ မတည်ငြိမ်တဲ့ ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခဲ့ပါတယ်။ ယခင်က Human Rights Watch မှာ မြန်မာနိုင်ငံဆိုင်ရာ သုတေသီအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စုံစမ်းဖော်ထုတ်ရေးသားမှု၊ နိုင်ငံရေးမဟာဗျူဟာနဲ့ Advocacy လုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ မူဝါဒဆိုင်ရာ တုံ့ပြန်မှုတွေ ပိုမိုဖြစ်ပေါ်လာစေဖို့ အထောက်အကူပြုခဲ့ပါတယ်။

နားဆင်ရန် - https://soundcloud.com/g-taw-zagar-wyne-podcast/s-5-ep-16-journey-of-belonging

Follow our socials for further updates
Facebook : www.facebook.com/gtawzagarwyne/
Sound Cloud : https://soundcloud.com/g-taw-zagar-wyne-podcast

Please contact us at [email protected] for any inquiry.


01/09/2026

အိမ်ရှင်မ (Housewife) ဆိုတဲ့ နာမည်ကနေ မျိုးဆက်သစ်တွေကို တည်ထောင်သူ (Generational Shapers) ဆိုပြီး ပြောင်းလိုက်ပေမယ့် အမျိုးသမီးတွေထမ်းထားရတဲ့တာ၀န်တွေကို ဒီအတိုင်းပဲဆက်ရှိနေမယ်ဆိုရင် နာမည်ပြောင်းလိုက်တာပဲ အဖက်တင်မှာ။

အပိုင်း (၁၅) “Liberation starts with Education” ကို ယခုလင့်ခ်မှတဆင့် နားဆင်နိုင်ပါတယ်။
https://on.soundcloud.com/iyG2q8n8bKVU7G0rYs


Address

Yangon

Alerts

Be the first to know and let us send you an email when G-Taw Zagar Wyne Podcast posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to G-Taw Zagar Wyne Podcast:

Shortcuts

Share

Category