Moe Gyi - ဟိုရိုက် ဒီရိုက်

Moe Gyi - ဟိုရိုက် ဒီရိုက် ဟိုရိုက်ဒီရိုက်

05/06/2024

Bkk ရောက်အမှတ်တရ

ကျမမိသားစုရဲ့တချို့အပိုင်းအစလေးတခုရေးပါရစေ။ကျမမိဘနှစ်ဦးစလုံးငွေရှာ တော်ကြတဲ့သူများပါ။ငယ်ငယ်တုန်းကပိုက်ဆံတွေအများကြီးမြင...
24/12/2023

ကျမမိသားစုရဲ့တချို့အပိုင်းအစလေးတခုရေးပါရစေ။ကျမမိဘနှစ်ဦးစလုံးငွေရှာ တော်ကြတဲ့သူများပါ။ငယ်ငယ်တုန်းကပိုက်ဆံတွေအများကြီးမြင်ဖူးပါတယ်။ငယ်သေးတော့ကျမတို့မသုံးတတ်သလို အဖေ အမေကလဲ မုန့်ဘိုးဆိုပြီတခါမှမပေးဘူးပါ။ အဖိုး အဖွားဆီကဘဲရဘူးပါတယ်။မနက်ကျောင်းသွားမယ်ဆို အဖိုးကစားပွဲပေါ်မှာ ကျမတို့မောင်နှမတွေအတွက် အကြွေးစေ့လေးတွေကို ပုံထားပါတယ် တပုံဆီ ပေါ့မောင်နှမ ဆိုတာဝမ်းကွဲတွေလဲ ပါပါတယ်။ကျမရဲ့အပုံက ပြား60 ပါ။တချို့တမတ်ဘဲရတဲ့လူလဲရှိပါတယ်။မနက်ဆိုကျောင်းသွားဖို့အိပ်ယာထရင် အဖိုးအဖွားအိမ်မှာလူတွေကများတော့ ခြင်ထောင်တွေတပုံကြီးကိုကျော် ခွပြီ အိပ်ယာထရပါတယ်။ကျောင်းသားတွေဘဲ ထ ကြပြီ လူကြီးတွေကအိပ်ကြတုန်းပါ။ ကျမအဖွား အကြောင်းနဲနဲပြောပရစေ။ချစ်စရာကောင်းတဲ့အဖွားက ညင်ညင်သာသာနဲ့ သဘောကောင်းတဲ့အဖွားမဟုတ်ပါဘူး။ ဆူဆူပူးပူးနဲ့သဘောကောင်းတဲ့အဖွား ချစ်စရာကောင်းတဲ့အဖွားပါ။သူအိပ်ယာကထရင် သူရှေ့မှာရှိတဲ့အရာမှန်သမျှကို စားပွဲပေါ်ကရေနွေးခရားရှိရင်ကိုင်ပေါက် ခြင်ထောင်ရှိရင်ဆဲွဲဖြုတ် ခုံတွေရင်ကန်လိုက် မျက်နှာကြီးကစူပုတ်ထားပြီ အိပ်ယာထလေ့ရှိပါတယ်။ကဲဘယ်လောက်ချစ်စရာကောင်းလဲ😂 နေ့တိုင်းနီးပါးအလိုမကျတဲ့မျက်နှာနဲ့ပါ ကျမအမြဲသတိရမိနေတယ်အဲဒီချစ်စရာကောင်းတဲ့ ဖွားဖွားကြီးကို သူကမနက်ထတာနဲ့စျေးခြင်တောင်းကိုင်ပြီစျေးသွားတော့တာဘဲ စျေးအသွားကိုလမ်းရှောက် အပြန်ဆို ဆိုက်ကားနဲ့ပြန်လာပါတယ်။သူရဲ့တနေ့တာ အလုပ်ပေါ့ဒါလုပ်ပြီတာနဲ့သူဟင်းလဲမချက်ဘူး ပန်းကန်လဲမဆေးဘူး အဝတ်လဲမလျှော်ပါဘူး ေရမိုးချိုးပြီ သူရဲ့ကစားဖော်တွေကိုအိမ်ရှေ့မှာဆေးပေါ့လိပ်ကြီးသောက်ပြီမျှော်နေတော့တာပါဘဲ။အရမ်းချစ်စရာကောင်းပါတယ်။ကျမရဲ့အချစ်ရဆုံးအဖွားပါ။ကစားဖော်ဆိုလို့တမျိုးမတွေးနဲ့နော် ဖဲကစား တာကိုပြောတာပါနေ့တိုင်းဖဲရိုက်ပါတယ် ဖဲမရိုက်ရရင်သူမပျော်ပါဘူး။သူ့ကဖဲကစားရင်လဲဘယ်တော့မှမနိုင်ပါဘူး။လာကစားတဲ့လူတွေကသူ့ကို အမြဲလိမ်ကစားကြပါတယ်။ဒါလဲသူသိတယ်။ကစားတဲ့လူတွေလာမကစားမှာကြောက်လို့ သိရက်နဲ့မပြောဘူး။ကစားတဲ့လူတွေပြန်သွားရင်တော့ သူူပြောတယ်ငါကိုလိမ်ချကြတယ်ပေါ့ညီးနေတော့တာဘဲလေ။ မကစားနဲ့ပေါ့လို့ပြောရင်လဲ မရ။အရမ်းဝါသနာကြီးတာပါဘဲ။ဖဲချလို့လဲ ခဏ ခဏ ဖမ်းခံရတာလဲကျမမှတ်မိတယ်။ ရဲစခန်းလဲအခါခါရောက်။ နောက်တခုမှတ်မိတာ ဖဲမရိုက်ရမနေနိုင်တော့ ရဲ ကိုလဲပေါင်းထားတယ်ထင်တယ်။ သူတို့ဖဲရိုက်ရင် ဦးကယား ဆိုတဲ့ရဲ တယောက် အမြဲအိမ်ရှေ့မှာလာလာထိုင်တာမှတ်မိနေတယ်။နယ်ထိန်း ရဲပေါ့။အဲလိုဝါသနာကြီးတာပါ။ကျမအဖွားက စိတ်လဲအရမ်းပူတတ်တယ်။မတရားတာလဲဘယ်တော့မှမလုပ်ဘူး။လမ်းမှာမတရားတာတွေ့လို့ကသူဝင်ဆော်တော့တာဘဲ။လက်သံကလဲပြောင်ပ။ချစ်စရာကောင်းတဲ့ လူဆိုးမ ကြီးပေါ့။အဖွားကိုသတိရလို့ အဖွားအကြောင်းရေးမိတာပါ။အဖွားက အဖိုးကိုလဲအရမ်းနိုင်ပါတယ်။အဖိုးကအဖွားကိုပြန်မပြောရဲရှာဘူး ပြောချင်ရင်အဖွားကွယ်ရာမှာတယောက်ယောက်ကိုရင်ဖွင့်နေတော့တာဘဲလေရှေ့တင်တော့ ဘာမှမပြောရဲရှာဘူး။အဖိုးကိုလဲလွမ်းလိုက်တာ။ဒီအဖိုး နဲ့ဒီအဖွားက မွေးတဲ့သားသမီးတွေမှာလဲ ဖဲ အလွန်တရားရိုက်တဲ့သူတွေပါလားတါပေါ့။အမျိုးတွေအလျူလုပ်ပြီဆို ဖဲဝိုင်းပါပြီလို့သာမှတ်လိုက်ပါ။ ပြောချင်တာက ကျမတို့ရဲ့မိသားစု မျိုးရိုးကို ခုထိထိန်းသိမ်းထားကြတုန်းပါဘဲလို့။ အဖိုး အဖွားအိမ်ကို ဒီနေ့ထိမမေ့နိုင်သေးပါဘူး။အဖိုး အဖွားတွေရဲ့အမွေကိုလဲ ခုထိစောင့်ထိန်းနေတုန်းပါလို့ပြောချင်ပါတယ်ရှင့်။
မှတ်ချက်။ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူး တိုက်ဆိုင်မှု့ရှိရင် ခွင့်လွှတ်ပါ။😁😁😁
အပိုင်းတဆယ့်လေး
ဓာတ်ပုံ Ye Chit

အိပ်မပျော်သောကျမ စာရေးဖို့စဥ်းစားမိပြီရေးလိုက်ပြန်ပြီပေါ့။ဖတ်ရှု့သူ အမျိုးများနဲ့ ချစ်မိတ်ဆွေများ ဖတ်ဖို့သာပြင်ထားပါ။ ဘာ...
04/12/2023

အိပ်မပျော်သောကျမ စာရေးဖို့စဥ်းစားမိပြီရေးလိုက်ပြန်ပြီပေါ့။ဖတ်ရှု့သူ အမျိုးများနဲ့ ချစ်မိတ်ဆွေများ ဖတ်ဖို့သာပြင်ထားပါ။ ဘာရေးရမလဲတွေးရင်းနဲ့ကျမခရီးထွက်တဲ့အတွေ့အကြုံလေးတစ်ခုရေးမယ်စဥ်းစားမိပါတယ်။ခရီးဆိုလို့ ကျမ ဘန်ကောက်မြို့ကိုပထမဆုံးရောက်တဲ့အတွေ့အကြုံလေးပြောပြချင်ပါတယ်။ကျမ ဘန်ကောက်ခရီးကိုမသွားခင်ကျမညှီမရှိတဲ့ အဂ်လန်မြို့ကိုအရင်သွားခဲ့တာပါ။ကျမညီမဆီမှာ တလလောက်နေပြီမှ ဘန်ကောက်ကို သွားတာပါ။မြန်မာပြည်မှာကျန်ခဲ့တဲ့ကျမမိသားစုကို လဲဘန်ကောက်လှမ်းခေါ် ကျမကလဲအဂ်လန်ကနေ ဘန်ကောက်ကိုလာ လေယာဥ်ကွင်းမှာချိန်းပြီစုံကြတာပါ။လေယာဥ်ကွင်းထိကတော့ အေးဆေးဘဲမိသားစုတွေစုံကြတာပေါ့။လေဆိပ်အပြင်ကိုရောက်တာနဲ့ ဘန်ကောက်ရဲ့ Taxi ဆရာကြီးတွေနဲ့စတွေ့တာပါဘဲ။ကျမတို့လဲဘယ်သွားရမှန်းမသိ ဟိုတယ်တခုကိုပို့ခိုင်းတာပေါ့။မိသားစုလိုက်ကားပေါ်တတ်ကြပြီ ကားဆရာကြီးခေါ်ရာနောက်ကိုလိုက်ရတာပေါ့။ဘန်ကောက်က ခုလေဆိပ်အသစ်မဟုတ်သေးပါဘူး အရင်လေဆိပ် ဒွန်ဘောင်း လေဆိပ်ပေါ့
။ကားဆရာကလဲမောင်းတာကားပေါ်မှာကျမတို့တနာရီရှိနေပြီ ဘယ်တွေရောက်နေမှန်းလဲမသိ။အော်ပြောဖို့ကျန်ခဲ့တာ Taxi ခကို Bath 1000 တောင်တယ်လေ သဘောတူပြီလိုက်ခဲ့ကြတာပါ။ဒါပေမယ့် ဘန်ကောက်မြို့ထဲကိုမရောက်နိုင်ဘူးဖြစ်နေတာ။သူကတန်အောင်ရှောက်မောင်းနေတာလေ ။​​​ေတာ​သား​​ေ​ေ​ေဘူတာကြီးကနေ သမတရုပ်ရှင် ရုံကိုမောင်းခိုင်းသလိုပေါ့။အဝေးကြီးပတ်မောင်းနေတာလေ။
ဗိုက်တွေကလဲစားနေကြပြီ ဟိုတယ်လဲမရောက်နိုင်ဖြစ်နေတော့ ကျမ စွာစိလန်က သည်းမခံနိုင်တော့ကားဆရာကိုပေါက်ကဲွဲပီလေ။ ကျမလဲလက်ဟန်ခြေဟန်တွေရော မြန်မာလို ဘိုလိုတွေရောအစုံ ပြောပြီသောင်းကျန်းလိုက်မှ တည်းမယ့်နေရာတစ်ခုကိုချပေးတယ်။ ဟိုတယ်မဟုတ်ဘူး အဆောင်တခုလိုအခန်းဘဲ ရောက်တော့မိုးချုပ်နေပြီ။ကျမစားစရာရှာရပါပြီ Taxi ဆရာရဲ့ပညာပြမှု့နဲ့ လူသူဝေးတဲ့ စားစရာအနားမှာမရှိတဲ့နေရာမှာချထားခဲ့တာပါ။ကျမလဲမရရအောင်လမ်းရှောက်ပြီစားစရာရအောင်ရှာရပါတယ်။သူများနိုင်ငံကိုတခါမှလဲမရောက်ဖူး ဘာသာစကားလဲမတတ် တော်တော်လေးစိတ်ညစ်ရပါတယ်။ လွန်ခဲ့တဲ့ 26 နှစ်လောက်ကပေါ့။အဲ့ဒီခေတ်က ဘန်ကောက်က လူတွေကမြန်မာဆို အနိုင်ကျင့်တဲ့စိတ်ကရှိနေပြီသာ ဆိုင်တခုကိုဝင်တာနဲ့မြန်မာဆို မောင်းထုတ်တဲ့ခေတ်ပေါ့။အဖွားကြီးတွေဆိုပိုဆိုးဘဲ။ဆိုင်ရှေ့ဝယ်မလို့ရပ်တာနဲ့ မြန်မာစကားသံကြားတာနဲ့ ပိုင်လော့ ပိုင်လော့နဲ့လက်ကလဲခါပြီမောင်းထုတ်တော့တာဘဲ။အဲဒီအချိန်က လမ်း​​ဘေးမှာဖုံးတွေကိုအကြွေးစေ့ထည့်ပြီပြောရတဲ့ခေတ်လေ
ခုခေတိကတော့လေဆိပ်ရောက်တာနဲ့ဖုံးကဒ်ဝယ်ထည့်တဲ့ခေတ် အရမ်းကွာသွားပြီ။ခုတော့ကျမလဲဘန်ကောက်မှာ အလုပ်တခုလုပ်နေတော့တနှစ်ကို ဆယ်ခေါက်လောက်ရောက်နေရပြီလေ။ဘန်ကောက်ကလူတွေရဲ့လှဲ့စားမှု့ကိုတော့မခံရတော့ပါဘူး။သူတို့တွေလည်းအရင်လို့လိမ်ညာလို့မရတော့ဘူး။သူတို့တိုင်းပြည်မှာခိုးမှု့ကလူသတ်မှု့ထက်ပြစ်ဒဏ်ကြီးတယ်။အရင်ကဆိုpass port ခိုးခံရမှာကြောက်ရတယ်။ခုတော့ခိုးတာ ဝှက်တာသိပ့်မရှိတော့ဘူး လုံးဝနီးပါးမရှိတော့တာပါ။ဘန်ကောက်ကလွန်ခဲ့တဲ့26 နှစ်ကနဲ့တခြားစီပြောင်းလဲပြီ လူတွေအကျင့်စရိုက်တွေလဲပြောင်းလဲခဲ့ကြပြီ။Taxi ဆရာတွေလဲ ကျမတို့ကိုလှဲ့စားလိမ်ညာသလို လုပ်လို့မရတော့ဘူး။သူ့တို့ကားပေါ်မှာနံမည်နဲ့ကားနံပါတ်နဲ့​​ေမးာင်းသူရဲ့ပုံချိတ်ထားရတယ်။ကားပေါ်တတ်တာနဲ့အဲဒီပုံကိုဓာတ်ပုံရိုကိသလိုလုပ်လိုက်တာနဲ့ ကားဆရာသဘောပေါက်ပြီ။အင်တာနက်ကနေဘယ်ကိုမောင်းနေလဲ ဆိုတာပါကြည့်လို့ရနေပြီလေ။Taxi ကားတွေလဲအရမ်းများတာ ဘယ်သွားသွား Taxi ဌားရအဆင်ပြေတယ်။တချို့ကားဆရာတွေလဲ လူလည်ကြချင်သေးတယ်ရှိတော့ရှိသေးတာပေါ့လေ။ဘာဘဲဖစ်ဖြစ်လေ တခြားတိုင်းပြည်ဆိုတော့ကိုယ့်တိုင်းပြည်လိုမပျော်ပါဘူး။ဒါပေမယ့်အစစအရာရာ အကုန် ကိုယ့်တိုင်းပြည်ထက်သာလွန်နေတော့ မသွားလည်ဘဲမနေနိုင်ဘူးလေနော့။မီး အမြဲရနေတာတခုနဲ့ကိုဘဲ မပျော်ပေးမယ့်နေချင် နေမိတယ်ကွယ်။ပြောချင်တာလေကတော့ ခု​ေတာ့ဘန်ကောက်က Taxi ဆရာတွေကျမလုံးဝအနိုင်ကျင့်အလှဲ့စားမခံပါဘူး။ကျမကဘဲအမြဲအနိုင်ကျင့်ခဲ့တာချည်းဘဲ။မယုံရင်ကျမနဲ့ဘန်ကောက်လိုက်ဖူးတဲ့ကျမအမျိုးတွေကော်မန့်မှာရေးခဲ့လိမ့်မယ်ဖတ်ကြည့်ကြနော်။
အိပ်မပျော်လို့စာထိုင်ရေးနေမိတာပါ။
ဘန်ကောက်အကြောင်းရေးရမယ်ဆိုအများကြီးပေါ့။
အပိုင်း တစ်ဆယ်သုံး
ဓာတ်ပုံ moe moe

04/12/2023
ကျမ အဖိုးနဲ့အဖွားအိမ်လေးကိုရောက်ပြီမကြာပါဘူး ကျမ ကျောင်းတော်အသစ်တကျောင်းကို တတ်ရပြန်ပြီ အ လ က (2) ရန်ကင်း စိန်ဇေးဗီးယား ...
04/10/2023

ကျမ အဖိုးနဲ့အဖွားအိမ်လေးကိုရောက်ပြီမကြာပါဘူး ကျမ ကျောင်းတော်အသစ်တကျောင်းကို တတ်ရပြန်ပြီ အ လ က (2) ရန်ကင်း စိန်ဇေးဗီးယား လို့လဲခေါ်ပါတယ်။ အဲဒီကျောင်းမှာ ငါးတန်းတတ်ရပါတယ်။သူငယ်ချင်းအသစ်တွေလဲရတာပေါ့။ သူငယ်ချင်းတွေက တရပ်ကွက်ထဲ အိမ်နီးနားချင်းတွေကများတယ်။မှတ်မိတဲ့သူငယ်ချင်းတယောက်က သူ့နံမည်က တင်ထားဟန် တဲ့ သူကတော်တော်လေးလဲစွာပါတယ်။ ကျမ တို့နှစ်​ေ ယာက် ခုထိ ခင်တု န်း ချစ် တုန်းပါ။သူ့အိမ် ကျမသွားလိုက် ပြီဆော့ ကျမအိမ်သူလာလည်ပြီဆော့နဲ့မှတ်မိနေတယ်။ ကျောင်းမှာလဲ ကျောင်းကပွဲရှိရင်သူလဲ က ကျမလဲအက ထဲမှာပါပြီ အကတိုက်ကြ စာမသင်ရတော့ကျမကတော့ က တာမကြိုက်ပေးမယ့်စာမသင်ရလို့ ပျော်ပါတယ်။ ကျမ လူလည်ကြတာလေးတစ်ခုမှတ်မိနေလို့ပြောပြရအုံးမယ် ။ကျောင်းမှာဆရာတယောက်ရှိတယ် အရိုက်ကြမ်းတယ် စာမေးကြမ်းတယ် သူက LGBT ဆရာတယောက်လေ အတန်းထဲဝင်လာတာနဲ့သူကိုအားလုံးကကြောက်ကြတယ် ။ကျမကမကြောက်တတ်တဲ့စိတ်ရှိတော့သူကျမကိုစာမေးရင် ဘာလုပ်ရမလဲဘဲထိုင်စဥ်းစားနေတာ ။တယောက်ပြှီတယောက်ကိုသူစာမေးတယ် ရတဲ့လူလဲရ မရတဲ့လူကိုလဲ သူကလက်ကိုကြိမ်တုတ်နဲ့ချနေတယ်။ကျမ အလှဲ ့ရောက်တော့သူကစာမေးပါလေရော ကျမကလဲ တလုံးမှ မသိ စာလဲမရ အဲ့မှာကျမ က ကျမရဲ့အမေ ဆိုတဲ့နှုတ်ခမ်းနီက အရောင်အရမ်းလှတယ်ဆရာ ဆရာအဲ့အရောင်လေးကြိုက်ရင် သမီးနက်ဖြန်ယူခဲ့မယ်လို့ ကောက်ခါ ငင်ကနဲ့ပြောချလို့က်ပါလေရော ဆရာက ပထမတော့ အူကြောင်ကြောင်ဖြစ်သွားပြီ နောက်တော့အေး ယူခဲ့လေ တဲ့မေမေ အကြောင်းတွေ မေးတော့တာပါဘဲ ။မေမေကအဲ့အချိန်က သူလုပ်ငန်းကအဆင်ပြေနေတော့ လူသိနေတဲ့အချိန်ဆိုတော့ လူတွေစိတ်ဝင်စားကြတယ်လေ။ကျမကတော့မေးသမျှဖြေနေရင်းနဲ့ စာမေးတဲ့အစီအစဥ်ပြီသွားပြီး ကျောင်းခေါင်းလောင်းထိုးမှဘဲ ဆရာဦးအယ်ဒီ ရဲ့အမေး အဖြေ ပြီသွားခဲ့ပါတယ်။နောက်လူတွေလဲစာမေးမခံရတော့ ကျေနပ်ကြမှာပါ။ ကျမ ဥဏှောက်ကောင်းပါတယ်နော်။ကျမ လူလည်ပါ။ငါးတန်းကျောင်းလေးရဲ့အမှတ်တယတခုပါ။ အဲ့ကျောင်းမှာလဲ ဆရာတွေအများကြီးရှိပါတယ်။ ဆရာမတွေတော့ကျမ သိပ့်မမှတ်မိဘူး အမွှာဆရာမ နှစ်ယောက်ဘဲမှတ်မိပါတယ်။မကြီး မငယ်ဆိုတဲ့ ဆရာမအမွှာလေးရှိပါတယ်။အသားဖြူဖြူလေးတွေနဲ့ မျက်နှာလေးတွေအရမ်းကျက်သရေရှိပါတယ်။ ကျမအဲ့ဆရာမနှစ်ယောက်ဆီမှာ ကျောင်းကအပြန်ဆို စာသွားသင်ရပါတယ်။ကျမ ရဲ့ဆရာမနှစ်ယောက်ကို ခုချိန်မှာတော့ပြန်တွေ့ချင်မိတယ်။ ကျမမှတ်မိတဲ့အကြောင်းလေးတွေပါ။ ဆရာမနှစ်ယောက်စီကပြန်လာပြီတာနဲ့လွယ်အိပ်က ကျမနဲ့ဘာမှမဆိုင်တော့သလိုဘဲ ချထားုပီ ကျမအသေအလဲဆော့တော့တာပါဘဲ။ အဖိုးနဲ့အဖွားအိမ်မှာ ကျမတို့ငယ်ငယ်ထဲကမွေးထားတဲ့ အယ်လ်ဇေရှင်း ခွေးနှစ်ကောင်ရှိပါတယ်။ကျမအဖေကခွေးမွေးတာဝါသနာပါတယ်လေ။အဖေမွေးထားတဲ့ခွေးနှစ်ကောငိပါ နံမည်တွေက ဗြူဒို နဲ့ ချစ်ပို လို့ခေါ်တယ်။ချောက်မြို့မှာနေထဲကမွေးထားတဲ့နှစ်ကောင်ပါ။ကျမနဲ့ဆော့ဖော် ဆော့ဖက်ပေါ့။အညိုရောင်ကြီးတွေပါ။သူတို့ကိုလဲမှတ်မိပြီသတိရနေတုန်းပါဘဲ။ သူတို့နဲ့ဆော့ပြီရင် ဒေါ်ကြီးကျွေးတဲ့ထမင်းစား ထမင်းစားရင်လဲ မောင်နှမတွေ စုထိုင်ရပါတယ်။ဒေါ်ကြီးကဇလုံနဲ့နယ်ပြီ တယောက်တလုတ်ခွံပါတယ်။လူကများတော့ ဗိုက်မဝပါဘူး ကျမကိုခွံပြီရင်ကျမအလှဲ့ရောက်ဖို့ ပြန်စောင့်ရတာကြာလို့ စိတ်အမြဲကောက်ရင်နဲ့ထမင်းအကြိမ်ကြိမ် ငတ်ပါတယ်။စိတ်လဲအရမ်းကောက်တဲ့ကျမပါ။မောင်နှမဝမ်းကွဲနဲ့ကျမတို့မောင်နှမလေးယောက်ပေါင်းရင် အနဲဆုံး ကလေး ရှစ်ယောက်ကို ဒေါ်ကြီးထမင်းခွံရပါတယ်။စဥ်းစားုကည့်ရင်ဒေါ်ကြီးဘဝလေးကိုသနားလိုက်တာ။စိတ်ညစ်မှာဘဲ ဒေါ်ကြီးကစိတ်မရှည်တော့ရင်ကျမတို့မောင်နှမတွေ ပေါင်တွင်းကြော ဆွဲလိမ်ခံရပါတယ်။ အများဆုံး အလိမ်ခံ ရတာဘယ်သူဖြစ်မယ်ထင်လဲ စာဖတ်ပရိတ်သတ်တို့ရေ။အများကြီးစဥ်းစားမနေနဲ့ အဆော့သန်တဲ့ကျမ စာမကျတ်တဲ့ကျမ အစားပုတ်တဲ့ကျမဘဲပေါ့ရှင်။
အပိုင်း =တစ်ဆယ့်နှစ်
ဓာတ်ပုံ =Ye Chit

ကျမလူလည်မကြီးက ဘာဘဲဖြစ်ဖြစ် အောင်ဆန်းမြို့လေးမှာ ချစ်ခဲ့ ခင်ခဲ့ရတဲ့သူငယ်ချင်းတွေရှိခဲ့တယ်။အောင်ဆန်း အိမ်မှာကျမ လေးတန်းထိ...
01/10/2023

ကျမလူလည်မကြီးက ဘာဘဲဖြစ်ဖြစ် အောင်ဆန်းမြို့လေးမှာ ချစ်ခဲ့ ခင်ခဲ့ရတဲ့သူငယ်ချင်းတွေရှိခဲ့တယ်။အောင်ဆန်း အိမ်မှာကျမ လေးတန်းထိဘဲနေခဲ့ရပြီ ငါးတန်းကိုရောက်တော့ ကျမအလွန်ချစ်တဲ့အဖိုး အဖွားအိမ်ကို ပြောင်းရတယ်။ ကျမ သိသလောက်က အောင်ဆန်းအိမ် မှာ ဒေါ်ကြီးမရှိတော့ ကျမတို့ကိုရင်အုပ်မကွာထိန်းမယ့် လူမရှိလို့ အဖိုး အဖွားအိမ်ပို့ထားတာဖြစ်မယ်။ကျမကတော့ ပျော်တာပေါ့။ အဖိုးတို့အိမ်မှာ လူတွေအများကြီးဘဲလေ အဆော့သန်တဲ့ကျမ စဥ်းစားကြည့်ပေးတော့။အဖိုးခြံကအကျယ်ကြီးဘဲ ပေ 100 / ပေ 70 လောက်ရှိမယ် မာကလာပင်ကြီးကလဲအကြီးကြီး ကျမကတော့အမြဲအပင်ပေါ်တတ်ဆော့တတ်တယ်။ သရက်ပင်အကြီးကြီးလဲရှိတယ် ။ခေါင်းရင်မှာအုန်းပင်တပင်လဲရှိတယ် အုန်းပင်ဆိုလို့ပြောရအုံးမယ် အဖိုးရဲ့အကြံလား အဖွားရဲ့ အကြံလားမသိ မနက်အိပ်ယာကထရင် အလှဲ့ကြ ကျမရဲ့အဖွား ညဆို ပေါက်ထားတဲ့ သေအိုး ကိုအဲ့ဒီ အုန်းပင်မှာသွားသွန်းရတယ်။ ခုမှစဥ်းစားကြည့်တယ် ဘယ်ကောင်းပမလဲနော်။ခုမှကျမ ရီမိတယ်။ရှေ့လူကြီးတွေ ရိုးလိုက်ကြတာ သေကငံ တော့ပင်လယ်ရေနဲ့ တူလို့ထင်တယ်နော်။ အုန်းပင်က ပင်လယ်ကမ်းစပ်မှာပေါက်တော့ အငံ ဓာတ်ရရင် အုန်းသီး သီးမယ်ထင်လို့နဲ့တူတယ်။ ​ေတာ် တော် ရီ ရတယ် မနက်ဆို သူသွန် ငါသွန် နဲ့ အုန်း သီး ချို ချို လေး စား ရဖို့ ကျမတို့ ကလေး တေွ အပြေး သွန် ကြ ရ တယ် ဟား ဟား ဒါလေးကစဥ်းစားမိပြီပြောတာပါလေ။ အုန်းသီး ချို မ ချို တော့ မသိ ဘူး အဖွား သေနံက​ေတာ့ အပင် အောက် ဆော့မိ ရင် နံ မှနံ ။သတိရတယ် အဖိုးနဲ့အဖွား ကို ။အဖိုးက ဘဲ တွေ ကြ က်တွေလဲမွေးထားသေးတယ်။ အပင်တွေလဲစိုက်တယ်။ ဘောလုံးပွဲလဲ လောင်းတယ်။ကျမကိုလာလာမေးတယ် သူဘယ်ဘက်က လောင်းရမလဲဆိုပြီ အသင်းနှစ်သင်းကိုပုံလေးဆဲွဲပြ ပြီ မေးတာ။ ကျမ ပြတဲ့ပုံကိုသူလောင်းတာလေ ။ကျမက လောင်းကစားအကျိုးပေးပုံဘဲ ကျမ ပြလိုက်ရင် ပါပါ ( ကျမကအဖိုးကို ပါပါ လို့ခေါ်တာ) ရှုံးတော့တာဘဲ။ခုမှသနားလိုက်တာ ပါပါ ကို။ကျမ ပါပါ ကိုမှတ်မိနေတာက အမြဲ ဗိုက်ကလေးကို လက်ကလေးနဲ့ဖက်ထားတယ် သူကအဆာအိမ်ဖြစ်နေတာလေးအရမ်းလဲပိန်တာဘဲ ခုချိန်မှာ ပါပါ ရှိရင် ကျမကောင်းကောင်းပြုစုမယ် ကျမကိုချစ်သော ကျမကချစ်သောအဖိုးကို လွမ်းတယ်ပါပါရေ။မရနိုင်တော့တဲ့ အရာတွေပါလား။ ပြောရင်နဲ့ အဖိုးချစ်အဖွားချစ်ကြောင်းရောက်သွားတယ်။ကျမ အဖိုး အဖွားအိမ်ရဲ့ချစ်စရာ ဓလေ့တစ်ခုက ညနေစောင်း မိုးလေးစချုပ်ပြီဆိုတာနဲ့ ကျမ အဖွားရဲ့ အစ်ကို လင်မယား အိမ်ရောက်လာပြီ(ကျမ တို့အခေါ် ဘကြီး ဂျိမ်းစဘွန်း) ​ေရနွေး ကြမ်းဝိုင်း လေးနဲ့ ပါပါက တယော လေးထိုးပြီ သီးချင်းဆိုကြတာပါဘဲ ။အဲ့ဒါ နေ့တိုင်းပါနော်။ဘယ်လောက် ချစ်စရာကောင်း ကြည်နူးစရာလေးလဲ လွမ်းဖို့ဘယ်လောက်ကောင်းတဲ့အရာတွေလဲကွယ်။ ဒီခေတ်မမြင်ဘူး မကြားဘူး ပါရှင့်။ ဒီခေတ်ကတော့ နေညိုရင် လေပျို တဲ့ခေတ် အရက်ဝိုင်း လေးပေါ့။ဟားဟား အော် ခေတ်မှီတိုးတက်နေတော့ ကွာခြားကုန်တာပေါ့လေ။
ညဆို ကျမတို့ကလဲ အိမ်နီးနားချင်းတွေနဲ့ ဆော့တာ ဆော့တာဆိုတာ လူကြီးတွေမခေါ်မချင်း ဆော့ ကျမအတွက်စာကျက်တယ်ဆိုတာ ဘယ်အချိန်ရှိပမလဲ။အဖိုး ကလဲတီးတာ တီးတာ အသားကုန် တီး ကျမအဒေါ်နဲ့ ဘ ​ ​ကြီး ကလဲ ဆိုတာ ဆိုတာ အသားကုန်ဆို အိုပျော်စရာကြီးပါ ။မေ့လို့မရတဲ့ပျော်စရာ အချိန်ပါ။အဖိုးအိမ် ရဲ့ပျော်စရာတွေရေးရမယ်ဆိုရင် အပိုင်းတွေအများကြီးနော် ။အဒေါ်တွေတယောက်စီရဲ့အကြောင်း ဦးလေးတွေတယောက်စီရဲ့အကြောင်း မောင်နှမတဝမ်းကွဲတွေရဲ့အကြောင်း ဆက်ရန် ဆက်ရန် နဲ့သာ ဖတ်ဖို့ ပြင်ထားကြပါအုံး။ကျမစာတွေရေးလို့လဲပီသွားရင် ဆွေုပြတ် မျိုးပြတ် ဖြစ်သွားနိုင်ပါတယ်။😂😂😂😂😂
အပိုင်း တစ်ဆယ့်တစ်
ဓာတ်ပုံ =Ye Chit

အောင်ဆန်းမြို့လေးအကြောင်းရေးရင်နဲ့ ကျမတို့မိသားစုနဲ့ရင်းနှီးခဲ့တဲ့ကျမတို့ရဲ့အိမ်နောက်ကအိမ်နီးချင်းမိသားစုလေးပါမှပြည့်စုံ...
30/09/2023

အောင်ဆန်းမြို့လေးအကြောင်းရေးရင်နဲ့ ကျမတို့မိသားစုနဲ့ရင်းနှီးခဲ့တဲ့ကျမတို့ရဲ့အိမ်နောက်ကအိမ်နီးချင်းမိသားစုလေးပါမှပြည့်စုံမှာပါ။ ဆရာဝန်ကြီးမိသားစုပါ။ သမီးလေးတယောက် သားလေးတယောက်မွေးထားတဲ့မိသားစုလေးပါ။အရမ်းသဘောကောင်းကြတယ်။အန်ကယ်ဦးစိုးသိန်းနဲ့အန်တီသက် သူ့သမီးက မိခိုင်လို့ကျမကခေါ်တယ် အငယ်လေးကဆန်နီတဲ့ သူတို့အိမ်နဲ့ကျမတို့အိမ်က ဘယ်အိမ်မှာဖြစ်ဖြစ် ထမင်းအဆင်ပြေသလိုစားလို့ရတယ်။ဝင်လိုက်ထွက် ဆော့လိုက်ပေါ့ ။ မေမေတို့ဖေဖေတို့နဲ့လည်ရင်နှီးကြတယ် အန်ကယ်နဲ့အန်တီ ရန်ဖြစ်ရင်လဲ ဖေဖေနဲ့မေမေ အဲ့ဒီအိမ်မှာ ဝင်ရောက်ဖြေရှင်းနေကြတယ် မေမေနဲ့ဖေဖေ ရန်ဖြစ်ရင်လဲ အန်ကယ်နဲ့အန်တီက လာရှင်းပေးနေကြတယ်။ကျမကငယ်ပေးမယ့် အရမ်းလည်တယ် အရိပ် ပြရင် အကောင်မြင်တယ် အဲ့လိုလူစားပါ။ဒါပေမယ့် ဘာကိုမှ မသိချင်ယောင်ဘဲဆောင်နေတတ်ပါတယ်။ ကလေးဆိုတော့လဲမေ့မေ့ပျောက်ပျောက်ပေါ့။ ခုထိတော့သူတို့တွေရန်ဖြစ်တဲ့အကြောင်းတွေမှတ်မိနေတယ်။ ထားပါလေ သူများအကြောင်း ကိုယ့်အကြောင်းကိုဘဲမမေ့နိုင်စရာပါ။အောင်ဆန်းမြို့လေးမှာ သူငယ်ချင်းတွေကို တိတိကျကျမှတ်မိနေတဲ့ အိမ်မက်လေးလိုပါဘဲ ပြန်မရနိုင်တော့တဲ့ဘဝကိုစာလေးရေးရင်နဲ့အလွမ်းဖြေနေတာပါ။အဲဒီဘဝလေးကစပြီ ကျမတို့မိသားစုရဲ့ ပျော်ရွှင်မှု့တွေတဖြေးဖြေးဝေးလာတော့မယ်လို့မထင်ခဲ့မိဘူး။ကျမ အမေနဲ့အဖေကလည်းသူတို့ကိုယ်စီအလုပ်မှာ အရမ်းကိုအောင်မြင်နေကြတဲ့အချိန်လေ ။ အဖေကလဲတနေ့ဝင်ငွေက တရက်ကို နှစ်ထောင် သုံးထောင်လောက်ရတယ်သူ့ဆေးခန်းလေးက 1980 ခုနှစ်လောက်ကပေါ့။နှစ်ထောင်ဆိုတာတော်တော်များနေတဲ့ခေတ်ပေါ့။အမေကလဲ သူ့ပိုက်ဆံက အိမ်မှာ သစ်တာထဲမှာအပြည့်ဘဲ ကုတင်အောက်မှာထားတာမြင်ဖူးတယ်။ ကျမလဲ တော်တော်လေသိတဲ့အရွယ်ရောက်နေပြီလေ။ကျမက စာမတော်တာ ညာဏ်မကောင်းလို့မဟုတ်ဘူးနော်။ စိတ်မဝင်စားလို့ပါ။ကျောင်းမှာစာမေးမယ်ဆိုရင် ကိုယ့်အလှဲ့မရောက်ခင်သူများစာအုပ်ဌားပြီး ကမာန် ကတန်းကျတ်တာ ။ကိုယ့်အလှဲ့ဆရာမလဲမေးရော အေးဆေးဘဲလေ အဲ့လိုပါကျမက။ဘယ်တော့မှရိုက်ခံမထိဘူး ကျမကလူလည်ပါ။လူလည်ကျမက တခါတလေ အ ချင်ယောင်လဲဆောင်တတ်ပါတယ်။ မမြင်ချင်ယောင်လဲဆောင်တတ်ပါတယ်။ စိတ်မကောင်းစရာမြင်ကွင်းတွေ တွေ့ရ မြင်ရ ကြားရရင် တယောက်ထဲ ကျိတ်ပြီ အိပ်ယာထဲမှာ ငိုနေတတ်ပါတယ်။ ကျမတနေ့လုံးပျောက်ပြီငိုနေရင် အရင်ဆုံးကျမကိုရှာတာ ကျမ အဖေပါဘဲ ။ကျမမှတ်မိနေတယ် တနေ့အိပ်ယာပေါ်မှာကိတ်စတခုကြောင့်တနေလုံးငိုနေတဲ့ကျမကိုအဖေက လာဖက်ပြီ သမီးဘာဖြစ်နေလဲဖေဖေမုန့်ဝယ်လာတယ်တဲ့ ဖေဖေဆေးခန်းကပါလာတဲ့ပိုက်ဆံတွေလာစီ ပေးအုံးလေတဲ့။ ကျမသူ့ပိုက်ဆံ ခိုးပြီမုန့်တွေဝယ်စားထဲကဖေဖေက ပိုက်ဆံကိုမစီခိုင်းတော့ဘူးလေ။ ခုကြကျမ တခုခုဝမ်းနည်းနေတာသိလို့ ကျမပျော်အောင်သူ့ပိုက်ဆံကိုစီပြီ ယူချင်ယူဆိုတဲ့သဘောပေါ့။ အရမ်းချစ်ပါတယ်အဖေ ။သမီးဘာဖြစ်နေလဲဆိုတာ အဖေ့ကိုမပြောပါဘူး ။အမေကိုလဲမပြောပါဘူး။ တလောကလုံးကို လဲမပြောပါဘူး ။ခုထိရင်ထဲမှာဘဲသိမ်းထားတယ်အဖေနဲ့အမေ။ကျမပြောလိုက်ရင် ကျမဒီထက်ငိုကျွေးရမှာကိုသိလို့ပါ။ကျမကလူလည်ပါ။
အပိုင်း တစ်ဆယ်
ဓာတ်ပုံ=Ye Chit

ကျမတို့အောင်ဆန်းမြို့လေးကိုရောက်သွားချိန်မှာတော့အမှတ်ရစရာလေးတွေတော်တော်များပါတယ်။အောင်ဆန်းမြို့ရဲ့ကျမတို့နေရတယ်နေရာလေးကိ...
30/09/2023

ကျမတို့အောင်ဆန်းမြို့လေးကိုရောက်သွားချိန်မှာတော့အမှတ်ရစရာလေးတွေတော်တော်များပါတယ်။အောင်ဆန်းမြို့ရဲ့ကျမတို့နေရတယ်နေရာလေးကိုသေချာပြောပြရမယ် ကျမအဖေတာဝန်ကြတဲ့ဝန်ထမ်းတွေပေးထားတဲ့အိမ်ဝန်းကြီးကအရမ်းကျယ်ပါတယ်။တီဘီ ဆေးရုံလဲရှိတယ် စက်မှု့ လက်မှု့လုပ်ငန်းလဲရှိတယ် ကျမ အဖေဆေးမှုးတွေသင်ပေးရတဲ့သင်တန်းကျောင်းကြီးလဲရှိတယ်။ဝန်းထမ်းတွေ သူ့အဆင့်ဆင့် သူ့ဌာန နဲ့သူနေရတဲ့နေရာဝန်းကြီးတစ်ခုပါ။အဲဒီမှာပြောချင်တာကကျမတို့ဝန်းထဲကိုဝင်လာတာနဲ့ အဝင်ထိပ်လေးမှာ စက်မှု့ လက်မှု့ကျောင်းကဝန်းထမ်းတွေနေတဲ့နေရာလေးကိုစဖြတ်ပြီမှကျမတို့အိမ်ကိုရောက်ပါတယ်။လမ်းထိပ်အိမ်လေးတအိမ်ရှေ့မှာ ကောင်လေးနဲ့ကောင်မလေး မောင်နှမနှစ်ယောက် မနက်တိုင်းထိုင်ပြီ ခြံထွက်မာကလာသီးရယ် သရက်သီးလေးတွေရယ် ခရေပန်းလေးတွေသီးပြီ အတွဲလေးနဲ့ထိုင်ရောင်းနေတာကိုနေ့တိုင်းတွေ့နေရတော့သူတို့ကိုအမြဲကြည့်ပြီဘယ်လိုပြောရမလဲအရမ်းခင်ချင်တယ်။ကျမကလဲအပေါင်းအသင်းကမရှိ သူတို့မောင်နှမနှစ်ယောက်ကလဲကျမကသူတို့အိမ်ရှေ့ကဖြစ်သွားတိုင်းကြည့်နေတော့ တယောက်နဲ့တယောက်သိနေကြပါပြီ။တရက်ကျမကဒေါ်ကြီးဆီခွင့်တောင်းပြီသူတို့ဆီကမာကလာသီးသွားဝယ်စားချင်တယ်ပူဆာတော့ဒေါ်ကြီးကလိုက်ပို့တယ်။သူတို့မောင်နှမနဲ့ခင်ခွင့်ရသွားတယ်ပေါ့။ကျမ ကစားချင်လို့သူတို့အိမ်သွားရင် သူတို့မောင်နှမအလုပ် လုပ်နေရတာမပြီးမချင်းထိုင်စောင့်နေရတယ်။သူတို့က သူတို့အမေရဲ့အဒေါ်တယောက်အိမ်မှာနေရတာ သူ့အဖေကဆုံးသွားပြီတဲ့ ကပ်နေရတဲ့သဘောပေါ့။ဝက်တွေမွေးထားုပီ ဝက်စားတွေလဲကျွေးရတယ် ထင်းလဲခွဲရတယ်။ပုဂံတွေလဲဆေးနေရတယ် အပင်တွေလဲသန့်ရှင်းရေးလုပ်ရတယ်။ကျမတနေ့တနေ့သူတို့အလုပ်တွေကလေးဖြစ်ပြီဘာလို့လုပ်ရတာလဲတွေးပြီ အဲ့ဒီသူတို့ခေါ်တဲ့ဖိုးလေး ဖွားလေး ကိုကြည့်မရဖြစ်ခဲ့ပါတယ်။ကျမနဲ့လဲပေးမကစားဘူး။ကျမကလူတွေကိုသိပ့်မကြောက်တတ်ဘူး ။ကျမ အဖေကိုတော့ကြောက်ခဲ့တယ် အရိုက်ကြမ်းလို့ အဲ့ဖိုးလေးနဲ့ဖွားလေးကိုသူတို့မောင်နှမကကြောက်တော့ ကျမကလဲလိုက်ကြောက်နေရတယ်။ကျမကတော့သူတို့နဲ့မကစားရမှာကြောက်လို့ လို့ထင်တာပါဘဲ။အဲ့မှာ ကျမသူငယ်ချင်းနှစ်ယောက်ရခဲ့တာမှတ်မိနေတယ်လေ။နောက်တယောက်ထပ်ရှိသေးတယ် သူက တီဘီဆေးရုံဝန်ထမ်းရဲ့သားသမီးထင်တယ်သေချာတော့မမှတ်မိဘူး သူ့အမေလဲအဲ့လိုဘဲ အလုပ်တွေခိုင်းပြီ ကျမကလဲကစားချင်တော့ သူအလုပ်တွေဝိုင်းလုပ်ပေးရင် စောင့်ပြီကစားခဲ့ရတယ်။ကျမတို့အိမ်ကိုတော့သူတို့တွေဘယ်တော့မှာမလာကြပါဘူးကျမကဘဲသူတို့အိမ်ကိုသွားခဲ့ရတာ။ကျမတို့အိမ်ကလဲ ဘယ်ဘက်အခြမ်းကဘောလုံးကွင်း ညာဘက်အခြမ်း တိုက်ဟောင်း တိုက်ပြက်ကြီး အိမ်ရှေ့အခြမ်းကလဲကွင်းပြင်ကြီး တခါတလေ တီဘီဆေးရုံသေတဲ့လူနာတွေကိုကျမတို့အိမ်ရှေ့က ကွင်းပြင်ကြီးမှာ အလောင်းလာပြင်ပြီ ထားလေ့ရှိတယ်။ကျမလဲမကြောက်တတ်တော့ကြောက်ရမှန်းလဲမသိဘူး။ညနေပိုင်းဆို တဂျိမ်းဂျိမ်းနဲ့သံလှည်းကြီးပေါ့လူသေတွေတင်ပြီအိမ်ရှေ့ကဖျတ်နေကြဆိုတော့ရိုးတောင်နေပါပြီ။ကျမအဖေကိုကျေးဇူးတင်မိတယ် ကျမတို့ကိုလူတွေကိုမကြောက်တတ် သရဲဆိုတာမကြောက်တတ်အောင်သင်ပေးခဲ့တာ ။ကျမဘာကိုမှမကြောက်တတ်ဘူးလေ။အောင်ဆန်းမှာနေခဲ့တဲ့ဘဝလေးကိုလဲပျော်ပါတယ်။အမေကလဲသူ့အလုပ်မှာအောင်မြင်နေလို့ ကျမတို့ကို မဆူနိုင်တော့မရိုက်အားတော့ အဖေကလဲ သူထိုင်တဲ့ဆေးခန်းကအရမ်းလူများပြီ ဖော့ကန် ဆိုတဲ့ရပ်ကွက်မှာည 9 နာရီ 10 နာရီမှအိမ်ပြန်ရောက်။အဖေပြန်လာရင်မုန့်တစ်ခုမဟုတ်တစ်ခုအမြဲပါလာတယ်။အဖေကကျမတို့မောင်နှစ်မတွေကိုဂရုစိုက်တယ်။အမေကတော့အဲလိုတွေမလုပ်တတ်ဘူး။ညဆိုအဖေပြန်လာရင်ပျော်ပြီအဖေ့ဆေးသစ်တာ လေးထဲကပိုက်ဆံတွေထိုင်စီပေးရတယ်။ ပြီရင်ကျမက တကျပ်နှစ်ကျပ်တော့ ခိုးထားလိုက်တယ်။မနက်ကြမုန့်ဆိုင်မှာမုန့်တွေဝယ်စားပြီသူငယ်ချင်းတွေကိုကျွေးတာတကယ်ပျော်စရာ။ကျမစဥ်းစားမိတယ်ကျမခိုးထားတဲ့ပိုက်ဆံအဖေသိမှာဘဲလို့။တရက်တော့အဖေက ကျမကိုလက်ဖြန့်ုပီပိုက်ဆံပေးလို့တောင်းတယ် ကျမကလဲနေ့တိုင်းအဖေ့ဆီကယူတာလေ။အဖေဘယ်လိုသိတယ်ထင်လဲ စျေးဆိုင်ကအဖွားကြီးပြန်တိုင်တာလေ သူလဲစျေးရောင်းနေရပြီတော့ကျမကိုတိုင်တော့ကျမလဲပိုက်ဆံယူမရတော့သူဆီမဝယ်စားတော့ဘူးပေါ့။သူလဲမရောင်းရဘူး ကောင်းတယ်။အဲ့အဖွားကြီးဆိုင်ရှေ့ကဖြတ်ပြီသူငယ်ချင်းအိမ်သွားရတော့ အဲ့ဆိုင်ရှေ့​ေရာက်ရင်ကျမမျက်နှာကြီးစူပုတ်လိုက်ပါတယ်။ကျမ သူငယ်ချင်းရဲ့အမေကိုလဲ မုန်းမိပါတယ်။ နောက်မောင်နှမနှစ်ယောက်ရဲ့ဖိုးလေးနဲ့ဖွားလေးကိုလဲမုန်းမိပါတယ်။ကျမချစ်တဲ့သူငယ်ချင်းတွေမဆော့ရလို့ပါ။ကျမတော်တော်လေးဆိုးခဲ့ပါတယ်။ဖိုးလေး ဖွားလေး ရယ်အန်တီမြင့် ရယ်သမီးကိုခွင့်လွှတ်ပါလို့ပြောလို့မရတော့ဘူးလေ။သူတို့တွေလူ့လောကမှာမရှိကြတော့ဘူး။အော်ကျန်ခဲ့လို့ စျေးရောင်းတဲ့အဖွားလဲသမီးကိုခွင့်လွှတ်ပါလို့။အဖွားလဲမရှိတော့ဘူးထင်ပါတယ်။
အပိုင်း ကိုး
ဓာတ်ပုံ= Ye Chit

နက်ဖြန်မှဆက်ရေးမယ်နော်လို့ အပိုင်း ခုနှစ် မှာအဆုံးသတ်ထားပေးမယ့် နက်ဖြန်ဆိုတာဘယ်သောအခါဖြစ်သွားတယ် ။တောင်းပန်ပါတယ်ရှင့်လူမ...
29/09/2023

နက်ဖြန်မှဆက်ရေးမယ်နော်လို့ အပိုင်း ခုနှစ် မှာအဆုံးသတ်ထားပေးမယ့် နက်ဖြန်ဆိုတာဘယ်သောအခါဖြစ်သွားတယ် ။တောင်းပန်ပါတယ်ရှင့်လူမအား စိတ်မအားဖြစ်ပြီမရေးဖြစ်တာပါ။ဒီကြားထဲလည်ချောင်းတွေနာပြီနေမကောင်းဖြစ်လိုက်သေးလို့ပါ။စာဆက်ရေးရမယ်ဆိုရင် ကျမ သည် စာသင်ရတဲ့ကျောင်းတွေအများဆုံးတတ်ခဲ့ရတဲ့လူသားပါ။ကျောင်းမပျော် စာမလုပ်ချင်တဲ့လူမှ စာသင်ကျောင်းတွေထပ်ခါ ထပ်ခါ ပြောင်းနေရပါတယ်။အင်းစိန် လမ်းဆုံကကျောင်းလေးပြီတော့ အောင်ဆန်း ကိုတခါထပ်ပြောင်းရွေ့ရပြန်တယ်။အဖေက အောင်ဆန်း ဆေးမှုးတွေကိုစာသင်ရပါတယ်။အဖေ ရတဲ့အိမ်ကဒီတခါတော့ နှစ်ထပ်တိုက်အကြီးကြီးပါ။ကျမတို့က အမေ့ရဲ့အမ အပျိုကြီး ကျမတို့ခေါ် ဒေါ်ကြီးနဲ့ဘဲနေရပါတယ်။ကျောင်းကပြန်လာရင်လဲအဖေနဲ့အမေကိုမတွေ့ရပါဘူး။ဒေါ်ကြီးချက်ကျွေးတာစား ဆော့ အိပ် ဘဲပေါ့။အောင်ဆန်းမြို့ ကကျောင်းမှာလဲကျမကထုံးစံအတိုင်းတအားဆော့ပေါ့။ကျောင်းက အောက်ကြမ်းကမြေကြီးပါ။ ထရံတွေနဲ့ကျောင်းစုတ်စုတ်လေးပါ အဲ့ကျောင်းမှာကျမမှတ်မိသလောက်က ညနေဆို ကျမကောင်လေးတယောက်နဲ့ နံပန်း လုံးပါတယ်။ဘေးကလဲ သူငယ်ချင်းတွေကညာသံပေးအော်ဟစ်ကြပေါ့ ကျမတို့ကလဲ ဖုံတွေကြားထဲနံပန်းလုံးကြပေါ့။အဲ့ကောင်လေးကိုကျမ ခုဆိုတွေ့ချင်မိတယ်။သူက နံပန်း လုံးတိုင်းကျမကိုသူရှုံးတယ်။ ကျမကအရပ်ရှည်တော့သူကိုအပေါ်ကခွစည်းထားတာ ကျမမှတ်မိတယ် ။သူဘယ်သူ ဘယ်ဝါမှန်းတော့မသိတော့ဘူးလေ။သူလဲကျမကိုမှတ်မိမယ်မထင်ဘူး။သတိရပါတယ်ကျမရဲ့ငယ်ဘဝ အဆော့သန်မှု့တွေကို ။အိမ်ရောက်ရင် ညစ်ပတ်ပေတူးနေတဲ့အကျီ ်ကို ကျမတို့ဒေါ်ကြီးလျော်ရတာစဥ်းစားမိတော့ဒေါ်ကြီးကိုသနားမိတယ်။ကျမကအတန်း သုံးတန်းဘဲရှိသေးတယ် ကျောင်းက ငါးကျောင်းရှိပြီတတ်နေရတာ ကဲကျမစာညံ ့တာမပြောနဲ့လေ ကျောင်းတွေဒီလောက်ပြောင်းမှတော့ ကျောင်းအသစ် စာအုပ်အသစ်နဲ့ ဆိုတော့ စာအုပ်ထဲစာမှမရှိတာ ဘယ်လိုကျက်မလဲနော့။
အပိုင်း ရှစ်
ဓာတ်ပုံ= Ye Chit

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Moe Gyi - ဟိုရိုက် ဒီရိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share