89Lounge Myanmar

Hip Hop ကို မွေးဖွားပေးခဲ့သူ နှစ်‌ယောက်တယောက်က Rapper | တယောက်က DJ DJ Kool Herc ကို hip hop ကို ‌‌မွေးဖွားခဲ့သူ အဖြစ် အမ...
31/10/2024

Hip Hop ကို မွေးဖွားပေးခဲ့သူ နှစ်‌ယောက်
တယောက်က Rapper | တယောက်က DJ

DJ Kool Herc ကို hip hop ကို ‌‌မွေးဖွားခဲ့သူ အဖြစ် အများက သတ်မှတ်ကြပါတယ်။ ဒစ်စကိုပါတီတွေ ခေတ်စားတဲ့အချိန်မှာ Kool Hercဟာ Break Beats လို့ ခေါ်တဲ့ ဒစ်စကို စတိုင် တီးလုံးတွေ ကို drum beat နေရာတွေမှာ ကြာကြာတီးပြီး Toast တွေ စရွတ်ခဲ့ကြပါတယ် အဲ့လိုနဲ့ ဒစ်စကို မြူးဇစ် ‌မှေးမှိန်သွားပြီး Hip Hop ခေတ် စတင်ခဲ့ပါတော့တယ်

အဲ့မှာပဲ Coke La Rock ကတော့ DJ Kool Herc ရဲ့ ပင်တိုင် toast ဆရာ ဖြစ်လာခဲ့ပါတယ် အသေးစိတ်သိချင်ရင် ကမ္ဘာ့ပထမဆုံး Rapper ဆိုတဲ့ Video လေးတင်ထားပါတယ် 89Lounge Myanmar Youtube Channel ထဲမှာ ဝင်ရောက် အားပေးနိုင်ပါပြီဗျ

Toast ဆိုတာကတော့ မြန်မာပြည်မှာ ဆိုရင်တော့ ဆိုင်းဆရာကို လှမ်းလှမ်းထောက်တဲ့ ဆိုင်းနောက်ထ အထာမျိူးပေါ့ဗျာ မြင်သာအောင် ဥပမာ ပြောပြတာပါ ❤😊

DJ Kool Herc ရဲ့ beat ပေါ်မှာ ကတဲ့ အမျိုးသားတွေကို B Boy ၊ အမျိူးသမီးတွေကို Break Girl(B girl) ဆို ပြီး စတင် ခေါ်ဆိုရာက‌‌နေ Hip Hop ရဲ့ element လေးပါးဖြစ်တဲ့ MCing, DJing, Break Dancing နဲ့ ဂရပ်ဖတီတို့ထဲက Break Dance (street dance) culture ကလည်း တပါတည်း ထွန်းကားလာခဲ့ပါတယ်

အဆုံးထိဖတ်ပေးတာ ကျေးဇူးပါ မိတ်‌ဆွေ
ကျန်းမာချမ်းသာ ဝမ်းသာပါစေ 89lounge ချစ်ဘော်ဒါတို့ရေ

𝗘𝗮𝘀𝘁 𝗖𝗼𝗮𝘀𝘁 𝗪𝗲𝘀𝘁 𝗖𝗼𝗮𝘀𝘁 အခွါအပြဲ အကြောင်း - 89Lounge's Youtube Channel comeback after 1 year...မှတ်ချက်: ဦးဇင်း ဝေလင်းထွန...
12/10/2024

𝗘𝗮𝘀𝘁 𝗖𝗼𝗮𝘀𝘁 𝗪𝗲𝘀𝘁 𝗖𝗼𝗮𝘀𝘁 အခွါအပြဲ အကြောင်း - 89Lounge's Youtube Channel comeback after 1 year...

မှတ်ချက်: ဦးဇင်း ဝေလင်းထွန်းနဲ့ ဖဒို စောကျော်သူတို့ တိုက်ပွဲမဟုတ်ပါ

မတွေ့ရတာ တနှစ်တိတိရှိပါပြီ။​
ဒီကြားထဲမှာ ဘဝ တဆစ်ချိူး အလှည့်ပြောင်း ကာလလေးနဲ့ တည့်တည့်တိုးပြီး ရုံးကန်နေလို့ပါ။

စော်ကလည်း ပလိန်းကြီး ဖြတ်သွားလို့ ကြောင်သွားတာလည်း ပါတာပေ့ါ။
ps. ဒီစာကိုဖတ်နေတယ်ဆို ပြန်လာခဲ့ပါ ။

အဲ့ဒဏ်တွေကြောင့် လောလောဆယ်တော့ ထိုင်းသွားပါပြီ
ဉာဏ်နဲ့နား။
လောက​ဓံရဲ့ ပုံမှန်ပြကွက်တွေပေ့ါဗျာ...။

အရင်လို ရေနွေးကြမ်းလေး သောက်ရင်း အမဲခြောက်ဖုတ်လေး ဝါးရင်း တော်ကီ မဖုတ်ရတာကြာပြီ ။​

ကြုံတုံး ပြောအုံးမယ်။
89Lounge နာမည်ပေးဖြစ်ခဲ့ပုံက ဒီလို။ (Lounge = ဧည့်ခန်း)
ကျွန်တော် က ၁၉၈၉ ခုနှစ်ရဲ့ ဧည့်ခန်း တခန်းမှာ ထိုင်နေ ၊ နောက် ဘော်ဒါတွေ ဧည့်သည်တွေ ခဗျားတို့က အလည်လာ အဲ့မှာတွေ့ကြ။​ ထွေရာလေးပါး တော်ကီတွေ ဖုတ်ကြ။ ပေါ့ပေါ့ပါးပါး vibe နဲ့ပေါ့ ဗျာ အဲ့လို စိတ်ကူးလေးနဲ့ ပေးထားဖြစ်တာ။

ကဲကဲ တော်ပြီ။
ဒီနေ့မှာတော့ Hip Hop ရဲ့ အစောပိုင်းကာလတွေ ဖြစ်တဲ့ 1970, 1980
ခုနှစ်တွေ မှာ မြစ်ဖျားခံလာပြီး 1990 မှာ အဓိက ဖြစ်ပျက်ခဲ့တဲ့ 𝗘𝗮𝘀𝘁 𝗖𝗼𝗮𝘀𝘁 𝗪𝗲𝘀𝘁 𝗖𝗼𝗮𝘀𝘁 Rapper တွေရဲ့ အကွဲအပြဲတွေ အကြောင်းကို စုံစုံလင်လင် တင်ဆက်ပေးသွားတော့မှာ
ဖြစ်ပါတယ်။

အချိန်တွေလည်း ကြာခဲ့ပြီ။
East နဲ့ West အပြဲအကွဲမှာ
တကယ် Fine ပြီး skill ရှိ အောက်သက် ကြေ တဲ့ လူတွေ လည်း -သ တဲ့ လူတွေလည်း ေ-သကုန်ကြပြီ။

Snoop Dog ကတော့ လူငယ်လေးလို ကဲမြဲ ကဲဆဲ စမုတ်ဝိ ဆဲ။​
ဟိုတလောကတော့ ဝိဖြတ်လိုက်တယ်ပြောတယ်။
မဖြစ်နိုင်တာ ဒို့ကတော့ မယုံ။
Dr.Dreတို့ကလည်း စီးပွားရှာမြဲ ချမ်းသာဆဲ အထာကျမြဲ။​

အဲ့ဟိုး အစကတည်းက ပါခဲ့တဲ့ သောက်ကျင့် မကောင်း တဲ့ ဘီလီယံနာ
ဆီပုလင်းဒစ်ဒီ (Diddy) တို့ကတော့ အခုထိ ယုတ်မာမြဲ ယုတ်မာဆဲပဲပေါ့ဗျာ။

89Lounge Myanmar ကို လာတဲ့ ဧည့်သည်တွေ ဘော်ဒါတွေနဲ့ လည်း မတွေ့ရတာကြာပြီမို့ video တင်မဲ့ အချိန်ကို ရင်ခုန်နေပါပြီ။​ ကို့လူတွေ မကြာခင် ပြန်တွေ့ဖို့ စောင့်နေတယ်နော်

အထူးသဖြင့် ဟိုလူ ကိုမျိူးကြီး...
ကိုယ့်အိမ် ကိုယ့်ယာ လိုသဘောထား ဗျိူ့။

ည ၇နာရီည အောက်က youtube channel မှာ

https://youtube.com/

တွေ့ကြမယ် တာ့တာ

Address

Yangon

Telephone

+959258881972

Website

Alerts

Be the first to know and let us send you an email when 89Lounge Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 89Lounge Myanmar:

Share