03/05/2024
❒ ခန္ဓာလွတ်မှအဖိုးတန်တယ်
အပါယ်လေးပါးလွတ်ရုံ ဒကာကြွယ်ရေ မတော်သေးဘူးပေါ့ဗျာ (မှန်ပါ့)၊ ခန္ဓာလွတ်မှ အဖိုးတန် တယ် (မှန်ပါ့)။
ဒီခန္ဓာဒုက္ခသစ္စာကြီးနဲ့ကို လွတ်ရေး, ကျွတ်ရေး ဧကန် တစ်ခါတည်း ပြီးသွားမှသာလျှင်
ဦးမာဒင်ရေ အရေး အကြီးဆုံးကိစ္စ ပြီးပါတယ် (မှန်ပါ့)။
နို့မဟုတ်ရင်ဖြင့် ခန္ဓာဝန်ရှိနေတော့ ရဟန္တာတောင်မှ ဟို- မင်းတွေ ဘာတွေက ပြစ်မှားလို့
ဒယ်အိုးထဲထည့် ပြီး ဆီနဲ့အကြော်ခံရတာ ရှိသေးတယ် (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ရဟန္တာ ဆီကြော်ခံရပါလိမ့်မတုံးဆိုတော့
ရဟန္တာခံရတာ မဟုတ်ဘူး၊ ခန္ဓာအကြော်ခံရတာ (မှန်ပါ့)။
အဲဒီတော့ မင်းပြစ်စိုးဒဏ်တွေက ကင်းရဲ့လား (မကင်းပါ ဘုရား)၊
မကင်းသေးလို့ရှိရင်ဖြင့် ဒါ ကိလေသာ အတွက်လား ခန္ဓာ့အတွက်လား (ခန္ဓာ့အတွက်ပါ ဘုရား)။
ကိလေသာတွေကတော့ ရဟန္တာဖြစ်ကတည်းက ကိလေသာဒဏ်ချက်ကတော့ ကုန်ပါပြီ (မှန်ပါ့)၊
ခန္ဓာဒဏ်ချက် က မကုန်သေးတော့ ခုနင်က ဆီကြော်ခံပြီး အသတ်ခံရတဲ့ ရဟန္တာ,
ရှင်သာရိပုတ္တရာတို့ သွေးအန်တာတွေက ဟင် (မှန်ပါ့)။
ရှင်မောဂ္ဂလ္လာန်တို့ ခိုးသားရိုက်ပြီး သေရဆိုတာတွေ ကိလေသာကတော့ ကုန်ပြီးသား (မှန်ပါ့)၊
ခန္ဓာကျန်နေလို့ ဒကာ ဒကာမတို့ အရုပ်ဆိုးသေခြင်းဖြင့် သေရရှာတယ် (မှန်ပါ့)၊ မသေရဘူးလား (သေရပါတယ် ဘုရား)။
အဲဒါ ဘယ်သူ့အတွက်ပါလိမ့် (ခန္ဓာ့အတွက်ပါ)၊ ဒါဖြင့် ဒကာကြွယ်ရေ ခုနစ်ဘဝဟာ လွန်တယ် (မှန်ပါ့)၊
အရိုက်ခံချင်သေးလို့ပဲ (မှန်ပါ့)၊ ဒီအဓိပ္ပာယ်မကျဘူးလား (ကျပါတယ် ဘုရား)။
#မိုးကုတ်ဆရာတော်ဘုရားကြီး
(၂၁-၉-၆၁)ဟောတရားမှ ထုတ်နှုတ်ပူဇော်ပါသည် 🙏
#အပါယ်လေးပါး #ခန္ဓာ #ဒယ်အိုး #ရဟန္တာ #တရား