23/05/2026
"System ပျက်သွားတဲ့နေ့မှာ သင့်လုပ်ငန်းရဲ့ အမှန်တရားကို ဘာက သက်သေပြပေးမလဲ?" 🤔 ⚠️
မကြာသေးခင်က ရှေးဟောင်းသုတေသနပညာရှင်တွေဟာ အလယ်ခေတ် အိမ်သာဟောင်းတစ်ခုထဲကနေ နှစ်ပေါင်းရာချီ ကြာတဲ့အထိ ပျက်စီးမသွားဘဲ ကျန်ရစ်နေတဲ့ "သားရေလယ်ချာစာအုပ်" တစ်အုပ်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ဒီအကြောင်းအရာကနေတစ်ဆင့် အခုခေတ် Digital Marketing နဲ့ Business System တွေ သုံးနေတဲ့ လုပ်ငန်းရှင်တွေအတွက် အရမ်းကို အချက်ကျတဲ့ မေးခွန်းတစ်ခု ထွက်လာပါတယ်။
အခုခေတ်မှာ Cloud စနစ်တွေ၊ POS Software တွေ၊ ခေတ်မီ Automation စနစ်တွေ ရှိနေတာမို့ အလုပ်တွေ မြန်ဆန်လွယ်ကူနေတာ အမှန်ပါပဲ။ ဒါပေမဲ့...
သင့်လုပ်ငန်းရဲ့ ရေရှည်ခိုင်မာမှုအတွက် သင်ကော ဘယ်လိုပုံစံကို ပိုပြီး ယုံကြည်အားကိုးလဲ? 😉
1️⃣ Digital Only: "စနစ်ရှိရင် အကုန်ပြီးတယ်။ လယ်ချာစာအုပ်တွေ ကိုင်နေတာ အချိန်ကုန်တယ်။"
2️⃣ Hybrid Style: "System လည်း သုံးတယ်၊ ဒါပေမဲ့ အရေးကြီး Core Data တွေနဲ့ ငွေစာရင်းကိုတော့ လယ်ချာနဲ့ပါ သေချာ Backup ထပ်မှတ်တယ်။"
သင်က 👇 Comment မှာ သင့်အမြင်ကို မျှဝေပေးခဲ့ပါဦး။