26/04/2021
အော်စကာဆုပေးပွဲမှာ Irrfan Khan နဲ့ Bhanu Athaiya တို့ကို ဂုဏ်ပြု
မြန်မာဟိန္ဒူမီဒီယာ ဧပြီ ၂၆
ဧပြီလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ၉၃ ကြိမ်မြောက် အော်စကာ ဆုပေးပွဲတွင် အမှတ်တရအစီအစဉ် 'In Memoriam' ၌ ၁၉၈၂ ခုနှစ်မှ 'Gandhi' ရုပ်ရှင်ဖြင့် အိန္ဒိယ၏ ပထမဆုံးအော်စကာဆုရရှိခဲ့သူ ဝတ်စုံဒီဇိုင်နာ Bhanu Athaiya နဲ့ မင်းသား Irrfan Khan တို့ကို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
နိုင်ငံတကာပရိသတ်များကပါ သိကျွမ်းကြသည့် နာမည်ကျော် မင်းသား Irrfan သည် ယမန်နှစ်က ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၃ နှစ်သာ ရှိသေးသည်။ ၎င်းသည် "The Namesake", "Life Of Pi", "Slumdog Millionaire" နှင့် "Jurassic World" တို့ကဲ့သို့သော နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်များတွင် ပါဝင်ခဲ့သူဖြစ်သည်။ ယမန်နှစ်က ကွန်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိခဲ့သော Bhanu Athaiya သည် Lagaan, Swades, Chandni နှင့် Agneepath တို့အပါအဝင် ရုပ်ရှင်ပေါင်း ၁၀၀ ကျော်အတွက် အလုပ်လုပ်ပေးခဲ့သူဖြစ်သည်။
ယင်း အမှတ်တရအစီအစဉ်တွင် ယမန်နှစ်အတွင်း ကွယ်လွန်ခဲ့သူ ဟောလိဝုဒ်နာမည်ကျော်များဖြစ်သည့် ရှောင်ကွန်နရီနှင့် ချက်ဝစ်ဘော့စ်မန်း တို့လည်း ပါဝင်ခဲ့သည်။ "Black Panther" မင်းသား ချက်ဝစ်သည် ယခုနှစ်တွက်အကောင်းဆုံးမင်းသားဆု ဆန်ခါတင်ဝင်ခဲ့သော်လည်း ဆုကို မင်းသားကြီး Anthony Hopkins ကရရှိခဲ့သည်။
Ref:NDTV
#မြန်မာဟိန္ဒူမီဒီယာ