Your Brand

Your Brand Your Brand Partner

ကျွန်းကျင်သူများကပြောပြတဲ့ ကုမ္ပဏီနာမည်ရွေးချယ်ခြင်း အကြံပေးချက် ၁၀ ချက်ကုမ္ပဏီနာမည်ဟာ သင့်ရဲ့စီးပွားရေးအတွက် အရမ်းအရေးက...
05/11/2024

ကျွန်းကျင်သူများကပြောပြတဲ့ ကုမ္ပဏီနာမည်ရွေးချယ်ခြင်း အကြံပေးချက် ၁၀ ချက်
ကုမ္ပဏီနာမည်ဟာ သင့်ရဲ့စီးပွားရေးအတွက် အရမ်းအရေးကြီးတဲ့အရာပါ။ ဘာကြောင့်လဲဆိုတော့ Customer တွေရဲ့ ပထမဆုံးအတွေ့အကြုံဖြစ်ပြီး သင့်ရဲ့ Brand ကို သူတို့ ဘယ်လိုမြင်မလဲဆိုတာ အဆုံးအဖြတ်ပေးနိုင်လို့ပါပဲ။ ကဲ... အဲဒါဆို ကုမ္ပဏီနာမည်ကောင်းတစ်ခု ဘယ်လိုရွေးရမလဲဆိုတာ အချက်အလက်တွေနဲ့ ရှင်းပြပေးပါ့မယ်။
၁။ နာမည်ရှင်းလင်းမှု
ကုမ္ပဏီနာမည်ဟာ လူတိုင်း နားလည်လွယ်ပြီး အသံထွက်ရလွယ်ရမယ်။ စာလုံးပေါင်းရတာလည်း လွယ်ကူရမယ်။ ဥပမာ "Apple" ဆိုတဲ့နာမည်လိုပေါ့။ ဒီနာမည်က တိုတိုတုတ်တုတ်နဲ့ လူတိုင်းသိတဲ့ အသီးတစ်မျိုးဖြစ်နေတော့ မှတ်မိရလွယ်တယ်။ တကယ်လို့ "Quantum Technological Solutions" လိုမျိုး ရှည်လျားပြီး ခက်ခဲတဲ့နာမည်ဆိုရင် လူတွေ မှတ်မိဖို့ ခက်ခဲသွားနိုင်တယ်။
၂။ နာမည်ထင်ရှားမှု
သင့်ကုမ္ပဏီနာမည်ဟာ တခြားကုမ္ပဏီတွေနဲ့ မတူဘဲ ထူးခြားနေရမယ်။ "Coca-Cola" ဆိုတဲ့နာမည်လိုပေါ့။ အဖျော်ယမကာလောကမှာ ဒီနာမည်က သီးခြားထင်ရှားနေတယ်။ "Best Drinks" လိုမျိုး ရိုးရိုးနာမည်တွေကတော့ ရှောင်သင့်တယ်။ ဘာလို့လဲဆိုတော့ ဒီလိုနာမည်မျိုးက တခြားကုမ္ပဏီတွေနဲ့ ရောထွေးသွားနိုင်လို့ပါ။
၃။ ရည်ရွယ်ချက်နှင့် ကိုက်ညီမှု
သင့်ကုမ္ပဏီနာမည်ဟာ သင့်လုပ်ငန်းရဲ့ သဘောသဘာဝနဲ့ ကိုက်ညီရမယ်။ ဥပမာ နည်းပညာကုမ္ပဏီဆိုရင် "TechInnovate" လိုမျိုး ခေတ်မီဆန်းသစ်တဲ့ နာမည်မျိုး ရွေးနိုင်တယ်။ သဘာဝထွက်ကုန်ပစ္စည်းရောင်းတဲ့ ကုမ္ပဏီဆိုရင် "GreenHarvest" လိုမျိုး သဘာဝနဲ့ဆိုင်တဲ့နာမည် ရွေးနိုင်တယ်။
၄။ အလွယ်တကူ မှတ်မိနိုင်မှု
နာမည်တိုတိုလေးတွေက ပိုပြီးမှတ်မိလွယ်တယ်။ "Nike" တို့၊ "Google" တို့လိုပေါ့။ ဒါမှမဟုတ် အသံထွက်ဆင်တူတဲ့ စကားလုံးတွေသုံးတာမျိုးလည်း ကောင်းတယ်။ ဥပမာ "Dunkin' Donuts" လိုမျိုးပေါ့။ ဒီလိုနာမည်မျိုးက နားထဲမှာ စွဲနေပြီး မှတ်မိလွယ်စေတယ်။
၅။ မူပိုင်ခွင့်နှင့် လိုင်စင်ပြုလုပ်ခြင်း
နာမည်တစ်ခုရွေးပြီးရင် အရေးကြီးတာက အဲဒီနာမည်ကို ဥပဒေအရ သုံးခွင့်ရှိမရှိ စစ်ဆေးဖို့ပါ။ တခြားကုမ္ပဏီတွေက မှတ်ပုံတင်ထားပြီးသား မဖြစ်အောင် စစ်ဆေးရမယ်။ ဥပမာ သင်က "Myanmar Tech Solutions" ဆိုတဲ့နာမည် သုံးချင်တယ်ဆိုပါစို့။ ဒါဆိုရင် စျေးကွက်ထဲမှာ အဲနာမည်နဲ့ အသုံးပြုနေတာရှိလား စုံစမ်းစစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် domain name လည်း ရနိုင်မရနိုင် စစ်ကြည့်သင့်တယ်။
၆။ အမည်၏အဓိပ္ပါယ်
နိုင်ငံတကာမှာ လုပ်ငန်းလုပ်မယ်ဆိုရင် ဘာသာစကားအမျိုးမျိုးမှာ အဓိပ္ပာယ်ကောင်းတဲ့ နာမည်ဖြစ်ရမယ်။ ဥပမာ "Samsung" ဆိုတဲ့နာမည်က ဘာသာစကားအများစုမှာ ဆိုးရွားတဲ့အဓိပ္ပာယ် မရှိဘူး။ ဒါပေမယ့် "Nova" ဆိုတဲ့နာမည်က စပိန်ဘာသာစကားမှာ "မသွားဘူး" လို့ အဓိပ္ပာယ်ရတယ်။ ဒါကြောင့် ကားကုမ္ပဏီတွေက ဒီနာမည်ကို စပိန်နိုင်ငံမှာ မသုံးကြတာပါ။
၇။ အမည်၏ဖန်တီးမှုနှင့် တီထွင်မှုပုံစံ
တီထွင်ဖန်တီးမှုရှိတဲ့နာမည်တွေက လူတွေရဲ့အာရုံကို ဆွဲဆောင်နိုင်တယ်။ ဥပမာ "Spotify" ဆိုတဲ့နာမည်က တီထွင်ထားတဲ့ စကားလုံးဖြစ်ပေမယ့် နားထောင်လို့ကောင်းပြီး မှတ်မိလွယ်တယ်။ "Netflix" ဆိုတာလည်း "Internet" နဲ့ "Flicks" ဆိုတဲ့ စကားလုံးနှစ်လုံးကို ပေါင်းထားတာပါ။
၈။ နာမည်ရောထွေးမှုမှ ကင်းရှင်းခြင်း
သင့်နာမည်က တခြားနာမည်တွေနဲ့ မတူအောင် သတိထားရမယ်။ ဥပမာ "TechWorld" ဆိုတဲ့ ကုမ္ပဏီရှိပြီးသားဆိုရင် သင့်ကုမ္ပဏီကို "TechLand" လို့ မပေးသင့်ဘူး။ ဒီလိုပေးရင် Customer တွေ ရောထွေးသွားနိုင်တယ်။
၉။ ခေတ်စကားလုံးများမှ ကင်းရှင်းခြင်း
ခေတ်စားနေတဲ့ စကားလုံးတွေကိုပဲ အသုံးပြုထားတဲ့ နာမည်တွေကို ရှောင်သင့်တယ်။ ဥပမာ "ViralTech" တို့ "CryptoSolutions" တို့လိုမျိုးပေါ့။ ဒီလိုနာမည်တွေက နောက်ပိုင်းမှာ ခေတ်မမီတော့ဘဲ ဖြစ်သွားနိုင်တယ်။
၁၀။ အနာဂတ်အပြောင်းအလဲများနှင့်အညီ ချဲ့ထွင်နိုင်မှု
နောက်ဆုံးအနေနဲ့ သင့်လုပ်ငန်း ကြီးထွားလာတဲ့အခါ အဆင်ပြေမယ့်နာမည်ကို ရွေးသင့်တယ်။ ဥပမာ အခုသင်က ဖိနပ်ပဲ ရောင်းနေပေမယ့် နောက်ပိုင်းမှာ အဝတ်အထည်တွေပါ ရောင်းချင်တယ်ဆိုရင် "ShoeCo" လိုမျိုးနာမည်ထက် "StyleCo" လိုမျိုး ပိုကျယ်ပြန့်တဲ့နာမည်က ပိုကောင်းပါတယ်။
ဒါကြောင့် မိတ်ဆွေတို့ ကုမ္ပဏီနာမည်ရွေးတဲ့အခါ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားစေချင်ပါတယ်။ နာမည်ကောင်းတစ်ခုဟာ သင့်လုပ်ငန်းအတွက် အရမ်းအရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ အားလုံးရဲ့ လုပ်ငန်းတွေ အောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit to MTZ

TikTok Shop Feature မြန်မာနိုင်ငံမှာရရင် အတော်လေးအဆင်ပြေသွားမှာ ။TikTok shop ကို လက်ရှိ Indonesia, Malaysia,  Philippine...
05/11/2024

TikTok Shop Feature မြန်မာနိုင်ငံမှာရရင် အတော်လေးအဆင်ပြေသွားမှာ ။
TikTok shop ကို လက်ရှိ Indonesia, Malaysia, Philippines, Singapore, Thailand, the United Kingdom, the United States, and Vietnam စတဲ့ နိုင်ငံတွေမှာ သုံးလို့ရနေပါတယ် ။
Shop create လုပ်တာကလည်း https://seller-th.tiktok.com/ ကနေ တိုက်ရိုက် shop ဖွင့် ၊ ပြီးတာနဲ့ လက်ရှိ သုံးနေတဲ့ Account နဲ့ link ချိတ်လိုက်ရုံပါပဲ ။
“ မြင်သာအောင်ပြောရရင် Facebook account ကနေ page ထောင်သလိုမျိုးပါပဲ ။ “
နောက်တစ်ခု က TikTok မှာ Ads Run တဲ့ကိစ္စပါ ။
ထုံးစံအတိုင်းမြန်မာနိုင်ငံမှာမရသေးပါဘူး။ ( မရသေးတာမှ ကြော်ငြာဖို့ Ad account ဖွင့်မရတာတင်မဟုတ်ဘဲ မြန်မာ Audience ကိုပါ Target ထားမရတာပါ ။ )
TikTok Ads မှာ က Campaign တစ်ခု ကို အနည်းဆုံး 50$ budget သုံးပေးရတာပါပဲ။
စျေးကိတ်တာတော့ အနည်းငယ်အဆင်မပြေဘူးပေါ့ ။
Target audience ရွေးပုံကတော့ Facebook နဲ့ အရမ်းကြီးမကွာပါ ။ Check Figure - 2 .
TikTok app ဟာ Entertainment Category အောက်ကပါ ။
အဲ့ဒါကြောင့် TikTok မှာ ကိုယ့်လုပ်ငန်းပေါက်ချင်ရင်တော့ သေချာပေါက် Entertainment နဲ့ တွဲသွားမှရပါမယ် ။
TikTok မှာ တွေ ၊ Trend Song တွေ သုံးတတ်ဖို့လိုပါတယ် ။
လက်ရှိမြန်မာနိုင်ငံအနေအထားကတော့ TikTok ဟာ Brand Awareness အတွက် လုပ်လို့အရမ်းကောင်းတဲ့နေရာပါ ။
Sale Closed ( အရောင်းပိတ် / ရောင်းရ ) ဖြစ်ဖို့ အတွက်ဆိုရင်တော့ အခြားသော Channel တွေ ဆွဲခေါ်ဖို့လိုပါတယ်။
ဥပမာ TikTok က အရောင်းလာမေးတဲ့သူကို Telegram / Viber Group တွေခေါ်ပြီး သေချာရှင်းပြတာမျိုးပေါ့ ။
FAQs
TikTok မှာ Video တွေ / Photo တွေတင်ရုံနဲ့စျေးရောင်းရမှာလား ?
ဟုတ်ကဲ့ ရောင်းရပါတယ် ။ ဒီကိစ္စတွေ မတိုင်ခင် ၃ နှစ်လောက်က ကျွန်တော့် Client တွေ TikTok ကိုရွေ့ဖို့အကြံပြုဖြစ်ပါတယ် ။
သူတို့တွေ အခုဆိုအတော်လေးအဆင်ပြေနေပါပြီ ။
သူတို့ ဘယ်လို Video တွေ / Post တွေတင်သလဲ ။
ထွေထွေထူးထူးမဟုတ်ပါ ။ Video လေးရိုက်ပြီး
(Stock တွေ ပြတယ် ၊ ဘယ်မှာဝယ်လို့ရကြောင်း ၊ ဘယ်လိုအာမခံကြောင်း ) စသည်ဖြင့်ပြောတယ် ။
Photo slide တွေဆိုရင်လည်း Trend ဖြစ်တဲ့ သီချင်းတွေ သုံးပြီး လုပ်ပါတယ် ။ ဒါလေးတွေကို နေ့စဉ်တင်သွားတဲ့အခါ လူတွေသတိထားမိပြီးနောက် Awareness ရ ပြီးတာနဲ့ Sale ဖြစ်သွားပါတယ် ။
အဲ့တော့ TikTok မှာ ပေါက်ချင်ရင် “ Consistency “ ရှိဖို့ပဲလိုပါတယ်ခင်ဗျာ ။ အားလုံး Fighting
Credit to nebwintour

သင့်လုပ်ငန်းက ဘာကြောင့် Brand တစ်ခုဖြစ်ဖို့လိုတာလဲ..?1. လူအများက သင့်လုပ်ငန်းကို ပိုမိုမှတ်မိနေစေဖို့...Brand အမှတ်တံဆိပ...
05/11/2024

သင့်လုပ်ငန်းက ဘာကြောင့် Brand တစ်ခုဖြစ်ဖို့လိုတာလဲ..?

1. လူအများက သင့်လုပ်ငန်းကို ပိုမိုမှတ်မိနေစေဖို့...
Brand အမှတ်တံဆိပ်တစ်ခုက သင့်လုပ်ငန်းကို လူသိများအောင် ပိုမိုလုပ်ဆောင်နိုင်ပါတယ်။
ကျွန်တော်အထက်မှာပြောခဲ့သလိုပါဘဲ ကျွန်တော်အဖိုးဟာ အောင်မြင်ပြီး အကျိုးအမြတ်ဖြစ်ထွန်းတဲ့လုပ်ငန်းတစ်ခုကို ဖန်တီးလုပ်ကိုင်နိုင်ခဲ့ပါတယ်။
သို့ပေမယ့် အချိန်အကြာကြီး သူ့လုပ်ငန်းကို မှတ်မိနေစေဖို့ လုပ်ဆောင်ရာမှာ ကျဆုံးခဲ့ပါတယ်။ အချိန်ကြာကြာနဲ့ လူအများက ပိုမိုမှတ်မိနေစေဖို့ဆိုရင် သင့်လုပ်ငန်းက Brand အမှတ်တံဆိပ် တစ်ခုရှိဖို့တော့ မဖြစ်မနေလိုအပ်ပါတယ်။Branding အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်ခြင်းကို Branding လို့ လူအများက လက်ခံထားကြပါတယ်။
2. Branding ဟာသင့်လုပ်ငန်းနဲ့ Customer တွေအကြား ယုံကြည်မှုကိုတည်ဆောက်ဖို့...
လုပ်ငန်းတစ်ခုအနေနဲ့ အထူးအလေးထားပြီး ရယူပိုင်ဆိုင်အောင် လုပ်ဆောင်နိုင်ရမယ့်အရာကတော့ Customer တွေရဲ့ ယုံကြည်မှုပါ။ Customer တွေရဲ့ယုံကြည်မှုဆိုတာ အလွယ်တစ်ကူရနိုင်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။အထူးကြိုးစားပြီးတည်ဆောက်ရတာမျိုးပါ။ အဲ့လိုတည်ဆောက်ရာမှာ ကျွန်တော် အဖိုးဖြစ်ခဲ့သလို လူအပေါ်ယုံကြည်မှုပိုသွားတာမျိုးကလည်း အရမ်းကောင်းတဲ့ ကိစ္စမဟုတ်လို့ Brand အမှတ်တံဆိပ်တစ်ခုအပေါ်ယုံကြည်မှု ကို တည်ဆောက်ဖို့လိုပါတယ်။
ဥပမာ Thomas Edison ပြုလုပ်ခဲ့သလိုမျိုး သူအပေါ် လူတွေယုံကြည်မှုကို အခြေခံပြီး General Electric ဆိုတဲ့ Business Brand တစ်ခုကို တည်ဆောက်ခဲ့သလိုပေါ့။ Branding ပြုလုပ်ထားခြင်းမရှိတဲ့ လုပ်ငန်းတစ်ခု (သို့) လုပ်ငန်းရဲ့ Key Elements တွေပျောက်ဆုံးနေတဲ့လုပ်ငန်းတစ်ခုကို Customer တွေက အလွယ်တစ်ကူမယုံကြည်ကြပါဘူး။
သင်က ကုန်ပစ္စည်းတွေရောင်းချဖူးမယ်ဆိုရင် Brand အမှတ်တံဆိပ် ရှိတဲ့ ပစ္စည်းကိုရောင်းချရခြင်းနဲ့ Brand အမှတ်တံဆိပ် မရှိတဲ့ ပစ္စည်းကိုရောင်းချရခြင်းက ဘယ်လိုကွာခြားသလဲဆိုတာ အများကြီးရှင်းပြနေစရာမလိုတော့ပါဘူး။ Customer တွေက Brand အမှတ်တံဆိပ် မပါတဲ့ ကုန်ပစ္စည်းကို အလွယ်တကူမဝယ်ယူတတ်ကြပါဘူး။ ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို Brand အမှတ်တံဆိပ် တစ်ခုဟာ သင့်ရဲ့ Customer တွေကို သင့်လုပ်ငန်းအပေါ် စိတ်ချယုံကြည်မှုကိုပေးစွမ်းစေနိုင်ပါတယ်။
3. သင့်လုပ်ငန်းက ဝန်ထမ်းတွေ စိတ်ကျေနပ်မှု ရှိရှိနဲ့ အလုပ်အပေါ်ဂုဏ်ရှိစွာ လုပ်ကိုင်နိုင်စေဖို့...
သင်ကြုံဖူးလောက်မှာပါ သင် လူတစ်ယောက်ကို ဘယ်မှာအလုပ်လုပ်လဲလို့မေးတဲ့အခါ သူက ငါ့ဒီ လုပ်ငန်းမှာလုပ်တာကွ လို့ တက်တက်ကြွကြွကြွားပြီးဖြေတာမျိုးပေါ့။ သင့်ဆန့်ကျင်ဖက်လည်းကြုံ ဖူးမယ်ထင်ပါတယ်။ ငါကတော့ ဆိုင်တစ်ခုမှာ အလုပ်လုပ်တာပါ ဆိုတဲ့ လေးလေးပင်ပင်အသံမျိုးနဲ့ ကိုယ်အလုပ်လုပ်တဲ့ နေရာရဲ့ နာမည်ကိုတောင် ပြောမထွက်တဲ့ အနေအထားရှိသူမျိုးပေါ့။ ဒီလိုဆို သူတို့ နှစ်ယောက်ရဲ့ လုပ်ငန်းခွင်က လုပ်ကိုင်နိုင်စွမ်းကို သွားကြည့်စရာသိပ်မလို‌လောက်တော့ပါဘူး။
Credit to Digitry Marketing Group

Business ဆိုတာနဲ့ ပက်သတ်လို့ ဆိုစမှတ်တစ်ခုရှိတယ်။ အဲ့ဒါကတော့ စီးပွား‌ရေးဆိုတာ Marketing နဲ့ Innovation ဆိုတဲ့ function န...
05/11/2024

Business ဆိုတာနဲ့ ပက်သတ်လို့ ဆိုစမှတ်တစ်ခုရှိတယ်။ အဲ့ဒါကတော့ စီးပွား‌ရေးဆိုတာ Marketing နဲ့ Innovation ဆိုတဲ့ function နှစ်ခုကို စနစ်တကျလုပ်ဆောင်ခြင်းပါဘဲ။
ဒီလိုဆို သင့်လုပ်ငန်းမှာရော ဒီနှစ်ချက်ကို စနစ်တကျလုပ်ဆောင်နေပြီလား…?
မလုပ်ဆောင်ရသေးရင်လည်း စတင်လုပ်ဆောင်ဖို့အကြံပြုလိုပါတယ်။ စတင်လုပ်ဆောင်ဖို့ ကုန်ကျစရိတ် သက်သာတဲ့ အကောင်းဆုံးနည်းလမ်းတွေကိုပြောပြပေးသွားပါမယ်။
မြန်မာနိုင်ငံက SMEsလုပ်ငန်းရှင်အများစုက တစ်နိုင်တစ်ပိုင် ထုန်ကုန်ပစ္စည်းတွေထုတ်လုပ်ကြတယ် ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်ကြတယ် ဒီလိုဆိုတော့ Innovation တွေလုပ်ကြတာတော့အမြောက်အများတွေ့ရပါတယ်။ သို့ပေမယ့် သူတို့လုပ်ငန်းတွေက အောင်မြင်သင့်သလောက်မအောင်မြင်ကြပါဘူး။
ဘာလို့လဲဆိုတော့ သူတို့က Innovation ထုတ်ကုန်ဝန်ဆောင်မှု ထုတ်လုပ်ခြင်းမှာသာ ‌ငွေကြေးသုံးစွဲလိုကြပြီး ဒီဖန်တီးမှုကို အောင်မြင်ဖို့အတွက် ဈေးကွက်တင်ပို့ခြင်း Marketing အပိုင်းမှာတော့ ငွေကြေးသုံးစွဲလိုစိတ်နည်းပါးကြပါတယ်။ ဒီအချက်ကြောင့် များစွာသော လုပ်ငန်းတွေက အောင်မြင်သင့်သလောက်မအောင်မြင်ကြပါဘူး။ ဒီအတွက် သင်လည်း သင့်လုပ်ငန်းအတွက် Markeitngကို စနစ်တကျလုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ Above the line လုပ်ငန်းစဉ်တွေက ကုန်ကျစရိတ်များပါတယ်။ သင့်အနေနဲ့ကုန်ကျစရိတ်ကို အများကြီးမသုံးချင်သေးဘူးဆိုရင်တော့ စရိတ်အနည်းငယ်နဲ့ ထိရောက်အောင်လုပ်ဆောင်နိုင်မယ့် Online Marketing လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ပါတယ်။
ဒီအတွက် Online Marketing လုပ်ငန်းစဉ်တွေထဲကမှ လုပ်ငန်းများစွာကို အကျိုးအမြတ်များစွာရှာဖွေပေးနေတဲ့ Online Marketing Services တွေအကြောင်းကို မျှဝေပေးသွားပါမယ်.....
Affiliate marketing
Affiliate marketing ဆိုတာက ကျွန်တော်တို့ကြားမှာ Influencer Marketing လို့လူသိများတဲ့ ကြော်ငြာ ခြင်းပုံစံတစ်မျိုးပါ။ ဒါပေမယ့် Affiliate Marketing လုပ်ဆောင်ခြင်းက Influencer Marketing ထက်များစွာကျယ်ပြန့်ပါတယ်။ Affiliate marketing ရဲ့ တစ်ကယ်အနှစ်သာရကတော့ သင့်လုပ်ငန်း(သို့) သင့်ထုတ်ကုန်ကို လူအများသိရှိလာကြပြီ အလားအလာရှိတဲ့ ဝယ်ယူသူတွေဖြစ်လာဖို့ Third Party တစ်ဦးတစ်ယောက်ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကို အခကြေးငွေပေးပြီး ကြော်ငြာခြင်းမျိုးပါ။ ဥပမာအနေနဲ့‌ပြောရရင် Food Blogger တွေကနေတစ်ဆင့် သင့်စားသောက်ဆိုင်အကြောင်း မျှဝေပေးတာမျိုး၊ နယ်ပယ်တစ်ခုမှာ အောင်မြင်တဲ့သူတွေကို သင့်ကုန်ပစ္စည်းအကြောင်း သူတို့ရဲ့ Audience ကိုပြောပြပေးစေတာမျိုးတွေပါ။
Social Media Marketing (SMM)
Social Media Marketing (SMM) ကိုတော့ ကျွန်တော်တို့ အားလုံးရင်းနှီးကြပြီးသားလို့ ထင်မိပါတယ်။ အလွယ်ပြောရရင် Social Media မှာ Post တွေတင်တာတို့ Boosting တွေပြုလုပ်တာပါ။ အဲ့လိုလုပ်တာနဲ့တင်တော့ Social Media Marketing လုပ်တာ Digital Marketing လုပ်တာလို့တော့ မပြောနိုင်ပါဘူးနော်။ Social Media Marketing ရဲ့ တစ်ကယ်အနှစ်သာရကတော့ Social Media Platform တွေကို အသုံးပြုပြီး သင့်လုပ်ငန်းနဲ့ အလားလာရှိတဲ့ ဝယ်ယူသူတွေအကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ပါ။ တစ်နည်းပြောရရင် Engagement ‌ကောင်းတွေရရှိအောင်ဖန်တီးနိုင်ဖို့ပါ။ သင့်လုပ်ငန်းကို အလားအလာရှိတဲ့ ဝယ်သူတွေက အမြဲသတိထားမိနေမှ သင့်လုပ်ငန်းရဲ့ ရောင်းအားကလည်း မြင့်တက်နေမှာပါ။
Search Engine Marketing
Search Engine Marketing ဆိုတာကတော့ နည်းနည်းလူအတော်အများနဲ့ အနည်းစိမ်းနေနိုင်ပါတယ်။ SEM ဆိုတာက တစ်စုံတစ်ဦးက Google၊ Yahoo အစရှိတဲ့ Search Engine တစ်ခုခုမှာ သင့်လုပ်ငန်းနဲ့ ပက်သတ်တဲ့ အကြောင်းအရာတစ်ခုကို ရှာဖွေ‌နေပြီ ဆိုတာနဲ့ သင်က သင့်လုပ်ငန်းကို ဦးစွာ ပြပေးဖို့ အခကြေးငွေပေးပြီး လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။
Search Engine Optimization (SEO)
Search Engine Optimization (SEO) ကတော့ SEM နဲ့ အနည်းငယ်ကွဲလွဲပါတယ်။ SEO မှာက သင့်လုပ်ငန်းနဲ့ ပက်သတ်ပြီး ရှာဖွေသူကို သင့်လုပ်ငန်းကို ထိပ်ဆုံးမှာပြပေးဖို့ Google ကို အခကြေးငွေပေးရတာပါမျိုးမဟုတ်တော့ပါဘူး။ သင့်ကိုယ်တိုင် ဖန်တီးတည်ဆောက်ရတာပါ။ ဒီအကြောင်းနဲ့ ပက်သတ်လို့ အောက်က Link မှာ လေ့လာနိုင်ပါတယ် ...
Content Marketing
Content Marketing ကတော့ အားလုံးကြားဖူးနားဝရှိတဲ့ စကားလုံးတစ်မျိးပါ။ တစ်ကယ့်အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ကို တော့ ‌လူအများသေချာမရှင်းလင်းကြပါဘူး။ Content Marketing ဆိုတာက ကိုယ်ရဲ့ အလားအလာရှိတဲ့ ဝယ်ယူသူတွေကို ချဉ်းကပ်တဲ့ မဟာ‌ဗျူဟာကျတဲ့ နည်းလမ်းပါ။ ဘာလို့အခုလိုပြောရတာလဲဆိုတော့ Content Marketing က ဆောင်းပါး‌တွေ၊ ဗီဒီယိုတွေ၊ ရုပ်ပုံ၊ ဒီဇိုင်းဓာတ်ပုံ‌တွေ ဖန်တီးပြီး မျှဝေကာ သင့်ရဲ့ အလားအလာရှိတဲ့ ဝယ်ယူသူတွေကို ဆွဲဆောင်ဖို့၊ ချိတ်ဆက်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက် အသုံးပြုတဲ့ စျေးကွက်ရှာဖွေရေးဗျူဟာတစ်ခုဖြစ်လို့ပါ။ ဒါ့အပြင် Content Marketing သုံးပြီး ချဉ်းကပ်ရခြင်းက သင့်လုပ်ငန်း အမှတ်တံဆိပ်ကို လူအများသိရှိမှု မြင့် မားစေပါ။
Pay-per-click advertising
PPC ကြော်ငြာခြင်းနည်းလမ်းကိုတော့ မြန်မာနိုင်ငံမှာတော့ လုပ်ငန်းငယ်‌‌တွေက သိပ်ပြီး အသုံးမပြုကြပါဘူး။ လုပ်ငန်းကြီးတွေကဘဲ အသုံးပိုများကြပါတယ်။ PPC (Pay-per-click advertising) ဆိုတာကတော့ သင့်ကြော်ငြာကို click တစ်ချက်နှိပ်တိုင်း သင်ဟာ အခကြေးငွေပေးဆောင်ရတာမျိုးပါ။ ဒီနည်းလမ်းကို Search Engine မှာအသုံးများပါတယ်။ ဥပမာ အနေနဲ့ သင် website တွေထဲမှာ ‌တွေ့‌နေရတဲ့ ကြော်ငြာတွေပါ။ အဲ့ကြော်ငြာတွေကို သင်က Click သွားနှိပ်လိုက်မှသာ ကြော်ငြာဖန်တီးသူက အခကြေး‌ငွေပေးရမှာပါ။
Email Marketing
Email Marketing က မြန်မာနိုင်ငံက လုပ်ငန်းတွေမှာ အသုံးပြုမှုအလွန်နည်းပါတယ်။ Email Marketing အဓိကအသုံးပြုရခြင်းကတော့ သင့်ရဲ့ အလားအလာရှိတဲ့ Customer တွေကို သင့်လုပ့်ငန်းရဲ့ Customer ဖြစ်လာဖို့ ပြီးတော့ Customer ဖြစ်ပြီးသား သူတွေကို Loyal Customer တွေဖြစ်လာစေဖို့ သင့်လုပ်ငန်းရဲ့ အကြောင်းတွေ ထုတ်ကုန်ပစ္စည်း ဝန်ဆောင်မှုအကြောင်းတွေကို ပေးပို့ဆက်သွယ်ပြောဆိုတဲ့ နည်းလမ်းမျိုးပါ။
Credit to Digitry Marketing Group

ကိုယ်ပိုင်လုပ်ငန်းတစ်ခု ကို ဘယ်လိုစတင်ကြမလဲသင့်အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ဖို့ စဉ်းစားနေပြီလား။ ဒါမှမဟုတ် သင်ဟာ က...
05/11/2024

ကိုယ်ပိုင်လုပ်ငန်းတစ်ခု ကို ဘယ်လိုစတင်ကြမလဲ

သင့်အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ဖို့ စဉ်းစားနေပြီလား။ ဒါမှမဟုတ် သင်ဟာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေသူ တစ်ယောက်လား...?
ဒါဆိုရင်တော့ ဒီ post က သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကို ရနိုင်မှာပါ...
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ လုပ်ငန်းတစ်ခုစတင်တော့မယ့် Entrepreneur တစ်ယောက်အတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင်ရမယ့် အချက်တွေကို အသေးစိတ်ဖော်ပြပေးသွားမှာ ဖြစ်တာကြောင့်ပါ.....
ဖော်ပြပေးသွားမယ့်အချက်အလက်တွေကတော့ အမေရိကန်နိုင်ငံရဲ့ လုပ်ငန်းငယ် တွေကို အထောက်ကူပြုပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ U.S Small Business Administration ရဲ့ သု​ေတသန အချက်အလက်တွေကို အခြေခံကာ ကျွန်တော်တွေ့ကြုံခဲ့တဲ့ မြန်မာနိုင်ငံက SME လုပ်ငန်းရှင်အများစု အခြေအနေတွေကို ပေါင်းစပ်ရေးသား ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်..
သင့်အနေနဲ့ဒီအချက်တွေကို ကြိုတင်ပြီး စဉ်းစားပြင်ဆင်မှုတွေ မလုပ်ထားဘူးဆိုရင်တော့ သင့်လုပ်ငန်းက အောင်မြင်ဖို့အလားအလာအလွန်နည်းသွားမှာပါ..
အဲ့ဒီချက်အလက်တွေကိုတော့ အောက်မှာ တစ်ချက်ချင်းတင်ပြပေးသွားပါမယ်..
1.သင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ဘာကြောင့်လုပ်ကိုင်ချင်တာလဲ...?
ဒီလိုမေးခွန်းမျိုးက သင့်အတွက် ရူးကြောင်ကြောင်နိုင်တဲ့ မေးခွန်းလို့မြင်ချင်မြင် နေပါလိမ့်မယ်။ စီးပွားရေးလုပ်တာ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်တယ် ဆိုတာက အကျိုးအမြတ်ရဖိုပဲပေါ့လို့ သင့်စိတ်ထဲမှာ တွေးကောင်းတွေးမိနေပါလိမ့်မယ်။ ဒီအချက်နဲ့တော့ သင့်ကိုယ်ပိုင်လုပ်ငန်းအောင်မြင်ဖို့ လုံးဝကို မလုံလောက်ပါဘူး...
2. သင် ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးကို လုပ်ကိုင်ချင်တာလဲ...?
လုပ်ငန်းတွေကို အကြမ်းဖျင်း အားဖြင့် အမျိုးအစားခွဲမယ်ဆိုရင်တော့ သုံးမျိုးကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒါတွေကိုတော့ Treading Business ၊ Manufacturing Business နဲ့ Service Business ဆိုပြီးတော့ ခွဲခြားနိုင်ပါတယ်။ ဒီလိုလိုအမျိုးအစားတွေကစပြီး သင်လုပ်ကိုင်မယ့် လုပ်ငန်းကို အသေးစိတ်တွေးထားဖို့ လိုအပ်ပါတယ်။ ဒီမှာတစ်ခုသတိထားသင့်တာက လုပ်ငန်းအမျိုးအစားကို ပဲအသေးစိတ်စဉ်းစားထားဖို့ပါ။ အဲ့ဒီလုပ်ငန်းကပေးမဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေအကြောင်းကိုတော့ ဒီအဆင့်မှာ အသေးစိတ် သတ်မှတ်ထားဖို့ မလိုသေးပါဘူး...
3. သင့်လုပ်ငန်းရဲ့ ဖောက်သည်တွေက ဘယ်သူတွေဖြစ်မလဲ...?
သင်လုပ်ကိုင်မယ့် လုပ်ငန်းအကြောင်းကို အသေးစိတ်တွေးပြီရင်တော့ သင့်လုပ်ငန်းရဲ့ ဖောက်သည်ဖြစ်လာမယ့်လူတွေကိုလည်းစဉ်းစားထားရပါမယ်။ ဒါဟာအင်မတန်မှ အရေးကြီးတဲ့အချက် တစ်ခုပါ။ ဒီအချက်ကို မြန်မာပြည်က SME လုပ်ငန်းရှင်တော်တော် များများက မေလျော့ နေတတ်ကြပါတယ်....
4.သင့်လုပ်ငန်းကဘယ်လိုထုတ်ကုန်ဝန်ဆောင်မှုမျိုးကို ပေးမှာလဲ....?
သင်လုပ်ကိုင်မယ့်လုပ်ငန်းနဲ့ သင့်လုပ်ငန်းရဲ့ ဖောက်သည်ဖြစ်လာနိုင်တဲ့ သူတွေအကြောင်းကို အသေအချာ စဉ်းစားပြီးပြီဆိုမှာ သင့်လုပ်ငန်းက သူတို့လိုအပ်တဲ့ ထုတ်ကုန်ဝန်ဆောင်မှုကို ပေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်...
5. သင့်လုပ်ငန်းကို ဘယ်နေရာမှာလုပ်မှာလဲ...?
သင်က သင့်လုပ်ငန်းကို လည်ပတ်ဖို့အတွက် Online ကနေလုပ်ဆောင်မှာလား။ဒါမှမဟုတ် Offline ကနေစတင်လုပ်ဆောင်မှာလား။ ဒီအချက်ကိုစတင်စဉ်းစားရပါမယ်။ Online မှာလုပ်ကိုင်မယ်ဆိုရင်တော့ ဘယ် channel တွေကလုပ်ဆောင်မှာလဲ။ ဘယ်လို Social Media မျိုးမှာလ​ဲ၊ e-commerce website တွေကလား ၊ စသဖြင့် စဉ်းစားရမှာဖြစ်သလို Offline ကနေလုပ်ကိုင်မယ်ဆိုရင်လည်း ဘယ်မြို့ ဘယ်နေရာမှာလုပ်ကိုင်မလဲဆိုတာကို စဉ်းစားရမှာပဲ ဖြစ်ပါတယ်..
6. သင့်လုပ်ငန်းမှာ ဝန်ထမ်းဘယ်နှစ်ယောက်ခန့်မှာလဲ...?
သင် လုပ်ငန်းလည်ပတ်ဖို့အတွက် သင်တစ်ယောက်ထဲနဲ့တော့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လိုအပ်တဲ့ ဝန်ထမ်းအင်အားကို သင့်အနေနဲ့တွက်ချက်ပြီးတော့ ဖြည့်တင်းနိုင်ဖို့ လိုပါတယ်။ အဲ့ဒီအတွက် သင့်လုပ်ငန်း လူဘယ်နှစ်ယောက်ခန့်မယ် ၊ဘယ်လိုလူတွေကို ဘယ်နေမှာမှာ ခန့်သင့်တယ်ဆိုတာကိုလည်းစဉ်းစားရမှာပါ....
7. သင့်လုပ်ငန်းကို ငွေအရင်းအနှီးဘယ်လောက်နဲ့စတင်မှာလဲ...?
လုပ်ငန်းစတင်ဖို့အတွက် ငွေကြေးအရင်းအနှီးလိုတာကတော့ သင့်အနေနဲ့ သိနှင့်ပြီးသား ဖြစ်မှာပါ။ သင့်အနေနဲ့ ဒီအချက်က No 7 နေရာရှိနေတာလဲလို့ မေးစရာရှိနေနိုင်ပါတယ်။ မြန်မာလူမျိုး တော်တော်များများက ငွေကြေးအရင်းအနှီးကို လိုက်ပြီး လုပ်ငန်းတွေကို စဉ်းစားနေတက်ကြပါတယ်။ ဒါကလည်း သူတို့မအောင်မြင်​ခြင်းရဲ့ အကြောင်းပြချက်တစ်ချက် ပဲဖြစ်လို့ပါ။ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ လုပ်ငန်းကို ရွေးချယ်ပြီးမှ အဲ့ဒီလုပ်ငန်းအတွက် ငွေကြေးအရင်းအနှီးကို စဉ်းစားသင့်ပါတယ်....
8. သင့်လုပ်ငန်းရဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ...?
သင်လုပ်ငန်းကိုစတင်လုပ်ကိုင်တော့မယ်ဆိုရင်တော့ သင့်လုပ်ငန်းက ဈေးကွက်ဝေစုကို ပိုင်ဆိုင်နိုင်အောင် သင့်ပြိုင်ဘက်လုပ်ငန်းတွေနဲ့ အပြိုင်ကြိုးစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ပြိုင်ဘက်တွေက ဘယ်သူတွေလဲဆိုတာကို သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။
9. သင့်လုပ်ငန်းရဲ့ ပြိုင်ဘက်တွေ ရဲ့အားသာချက်နဲ့ အားနည်းချက်တွေကိုသိပြီးပြီလား...?
သင့်ရဲ့ လုပ်ငန်းပြိုင်ဖက်တွေကို သိရှိပြီးပြီဆိုရင်တော့ သူတို့နဲ့ယှဉ်ပြိုင်ပြီး ဈေးကွက်ဝေစု ယူနိုင်ဖို့ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် သင့်ပြိုင်ဘက်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့ သူတို့ဘာတွေလုပ်ဆောင်နေကြလဲဆိုတာကို စောင့်ကြည့်နေဖို့လိုပါတယ်...
10. သင်လုပ်ငန်းက ဘယ်အချိန်မှာအမြတ်စရမှာလဲ...?
ဒီအချက်ကိုတော့ သင့်အနေနဲ့ ထူးဆန်းနေမှာပါ။ လုပ်ငန်းတစ်ခုက စတင်လည်ပတ်တဲ့ အချိန် အရှုံးမရှိအောင်ဘဲ ကြိုးစားလည်ပတ်နေရမှာပါ။ အဲ့ဒီလို ကြိုးစားရင်း အချိန်တစ်ခုရောက်လာတဲ့အခါမှသာ အကျိုးအမြတ်ကို စတင်ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်း စတင်ကတည်းက သင့်လုပ်ငန်းရဲ့ အရင်းကြေအမှတ် BEP နဲ့ သင့်ရင်းနှီးမြှုပ်နှံမှုကနေရရှိလာမယ့် အကျိုးအမြတ် ROI တွေကိုပါ တစ်ပါတည်းတွက်ချက်ထားဖို့လိုအပ်ပါတယ်....
11. သင့်စီပွားရေးကို ဘယ်လို‌ကြော်ငြာမှာလဲ....?
သင့်လုပ်ငန်းကို ကြော်ငြာတယ်ဆိုတာ သင့်လုပ်ငန်းအကြောင်းကို အလားအလာရှိတဲ့ customer တွေ သိရှိစေဖို့ ပြုလုပ်ပေးတဲ့အရာတစ်ခုပါ။ ဒါကြောင့် သင့်လုပ်ငန်နဲ့ သင့်customer တွေကိုချိတ်ဆက်ပေးနိုင်မယ် အထိရောက်ဆုံး ကြော်ငြာနည်းတွေကို စဉ်းစားထားဖို့ လိုအပ်ပါတယ်...
12. သင့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဥပဒေတွေသိပြီးပြီလား...?
သင်လုပ်ငန်းလုပ်တော့မယ်ဆိုရင် သင့်လုပ်ငန်းက တရားဝင်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ သင့်လုပ်ငန်း နဲ့ ကုန်ပစ္စည်း ဝန်ဆောင်မှုအတွက် အစိုးရရဲ့ သတ်မှတ်ထားတဲ့ ခွင့်ပြုချက် တွေရရှိမှသာ သင်အနေနဲ့ ဈေးကွက်ထဲမှာဖြန့်ဖြူးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အစိုးရက ချမှတ်ထားတဲ့ ဥပဒေတွေကိုလည်း သိထားဖို့လိုအပ်ပါတယ်....
13. သင့်လုပ်ငန်းအတွက် ဘယ်က ကုန်ကြမ်းတွေဝယ်မှာလဲ...?
သင်အနေနဲ့ လုပ်ငန်းလည်ပတ်တဲ့အခါ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဘယ် supplier တွေဆီက ရယူမှာလဲ။ ဘယ်လိုလမ်းကြောင်းကနေ ပို့ဆောင်မှာလဲ အစရှိတဲ့ အချက်တွေကိုလည်းကြိုတင်လေ့လာဖို့ လိုအပ်ပါတယ်....
ဒီမေးခွန်းတွေကို သင်အနေနဲ့ ကြိုတင်စဉ်းစားပြင်ဆင်နိုင်ဖို့ အခုလိုတင်ပြပေးလိုက်ရတာ ဖြစ်ပါတယ်....
Credit to Digitry Marketing Group

7 စက္ကန့် အတွင်း Customer တွေရဲ့ First Impression ရယူတဲ့နည်းလမ်းBrand Slogan (or) Taglineဒီတစ်ခါကတော့ Brand slogan အကြော...
05/11/2024

7 စက္ကန့် အတွင်း Customer တွေရဲ့ First Impression ရယူတဲ့နည်းလမ်း
Brand Slogan (or) Tagline

ဒီတစ်ခါကတော့ Brand slogan အကြောင်းကို အနည်းငယ်တင်ပြလိုပါတယ်။ အရှေ့မှာတော့ ကျွန်တော်က Brand တစ်ခုရဲ့ Visual Identity တွေဖြစ်ကြတဲ့ Logo နဲ့ Color တို့ကို တင်ပြပေးထားပါတယ်။ ကျွန်တော်ရဲ့ တင်ပြမှုတွေက အပြည့်အစုံတော့ ဖြစ်မှာ မဟုတ်ပါဘူး။ အသေးစား နဲ့ အလတ်အစားလုပ်ငန်းတွေ၊ Branding ပုံစံသွားချင်တဲ့ လုပ်ငန်းတွေကို တစ်ကယ့်လက်တွေ့ အကောင်အထည် ဖော်နိုင်ရန်အတွက်သာ ရည်ရွယ်ပါတယ်။ ဒါတွေရှိရုံနဲ့ Brand တစ်ခုဖြစ်လားဆိုတော့.. မဖြစ်သေးပါဘူး။ Brand တစ်ခုဖြစ်ဖို့က Brand Elements တွေပြည့်စုံဖို့လိုအပ်ပါတယ်။ Brand Elements အကြောင်းကိုလည်း နောက်ပိုင်းရေးသားဖော်ပြ‌ပေးသွားမှာပါ။ ယခုတော့ Branding ပုံစံသွားချင်တဲ့ လုပ်ငန်းတွေ အသုံးပြုလို့ရအောင် Brand Slogan အကြောင်းကို အနည်းငယ် ဖော်ပြပေးပါမယ်....
Slogan ဆိုတာဘာလဲ??
Slogan ဆိုတာက မြန်မာဘာသာရပ်အဓိပ္ပါယ်အရတော့ ဆောင်ပုဒ် လို့ဆိုနိုင်ပါတယ်။ သို့ပင်မဲ့ ကျွန်ုပ်တင်ပြမယ့် အကြောင်းအရာကတော့ Branding Position နဲ့နှီးနွယ်နေတဲ့ အတွက်ကြောင့် ဆောင်ပုဒ်ဆိုတဲ့ ကျယ်ပြန့်တဲ့ အနက်ကိုသုံးလို့အဆင်မပြေနိုင်ပါဘူး။ Branding Position ရှုထောင့်က Slogan (or) Tagline ဆိုတာဘာလဲ ဆိုပြီးဦးစွာတင်ပြပေးပါမယ်.. Slogan (or) Tagline ဆိုတာ သင့်လုပ်ငန်းဖောက်သည်ဖြစ်လာမည့်သူတွေကို သင့်လုပ်ငန်း၊ ဝန်ဆောင်မှု၊ ကုန်ပစ္စည်းစတာတွေရဲ့ ဆွဲဆောင်မှုတွေကို အကျဉ်းချုပ်ဖော်ပြပေးဖို့ရည်ရွယ်တဲ့ မှတ်သားနိုင်ဖို့ လွယ်ကူတဲ့ စကားလုံးတိုတိုလေးတွေပါဘဲ..
(Branding Position အကြောင်းကိုတော့ Brand Elements အပိုင်းဖော်ပြတဲ့ အခါအသေးစိတ်တင်ပြပေးပါမယ်)
ဘာကြောင့် နိုင်ငံတကာလုပ်ငန်းကြီးတွေက Slogan ကိုအသုံးပြုတာလဲ။
ဒါလေးကို မပြောမီလုပ်ငန်း အဖွဲ့အစည်းတိုင်းက Slogan တစ်ခုတော့ရှိဖို့လိုပါတယ်။ Slogan ဆိုတဲ့ စကားလုံးတိုတိုလေးတွေက ဘယ်လိုအကျိုးထူးတွေရှိနေလို့ လုပ်ငန်းအဖွဲ့အစည်းတွေက အားသွန်ခွန်စိုက် လေ့လာမှုတွေ သုတေသနလုပ်ငန်းတွေအထိ ရင်းနှီးပြီး Slogan ကောင်းတွေကို ထုတ်ဖော်နေရတာလဲ... အဖြေကတော့ စိတ်ပညာရပ်ဆိုင်ရာ သုတေသနတွေအရ အခိုင်အမာဆိုထားတာတစ်ခုကတော့ လူတစ်ဦးဟာ သူရဲ့ ပထမဦးဆုံးမှတ်ဉာဏ် First Impression တစ်ခုကိုဖန်တီးဖို့ 7 စက္ကန့် သာအချိန်ရပါတယ်တဲ့ ဒါကို လုပ်ငန်းအဖွဲ့အစည်း တွေက အသုံးချပြီးတော့ 7 စက္ကန့် အတွင်း ၎င်းတို့ လုပ်ငန်းကို Customer တွေမှတ်မိနိုင်ဖို့ နည်းလမ်းကို Slogan အသုံးပြုပြီး ဖန်တီးလာကြပါတယ်။
ဒီလိုဆို ကျွန်ုပ်ကတော့ Branding ရှုထောင့်က Slogan ကိုဒီလိုဘဲ အဓိပ္ပါယ်ဖွင့်ပါတယ်...
7 စက္ကန့် အတွင်း Customer တွေရဲ့ First Impression ရယူတဲ့နည်းလမ်းပါ
လူတစ်ဦးရဲ့ ကာလတိုမှတ်ဉာဏ်ဟာအလွန်တိုတောင်း(7 စက္ကန့်) တဲ့ အတွက် Slogan တစ်ခုဖန်တီးရာမှာ တိုတို ရှင်းရှင်းနဲ့ နားလည်လွယ်ဖို့အရေးကြီးပါတယ်။ တစ်ခုသတိပြုရမှာက Slogan တစ်ခုဟာ သင့်လုပ်ငန်းပုံရိပ်ကို မြင့်တင်ပေးနိုင်သလို၊ သင့်လုပ်ငန်းပုံရိပ်ကိုလည်းကျဆင်းစေနိုင်ပါတယ်။ Slogan တစ်ခုဖန်တီးဖို့အတွက် အလွန်သတိထားလုပ်ဆောင်ဖို့လိုပါတယ်။ အဲ့ဒီအတွက် သင်ကိုယ်တိုင် Slogan ကောင်းတစ်ခုဖန်တီးနိုင်ဖို့ ကျွန်ုပ်အနေနဲ့ ကမ္ဘာကျော် Brand တွေမှာ အသုံးပြုထားတဲ့ Slogan ကောင်းတွေကို အမျိုးအစားခွဲပြီးတင်ပြပေးထားပါတယ်။
Business Slogan
Business Slogan ဆိုတာ လုပ်ငန်းတစ်ခုရဲ့ ပြိုင်ဘက်နဲ့ မတူတဲ့ အားသာချက်ကို ဖော်ပြတဲ့ပုံစံတစ်ခုပါ။ယေဘုယျကျတဲ့ Business Slogan က သတင်းအချက်အလက်ကိုပေးစွမ်းပါတယ်။
ဥပမာ KFC - "Finger-lickin' good”
Carlsberg - "Probably the best beer in the world”
Business Slogan တစ်ခုက ယုံကြည်မှု၊ ဈေးကွက်ဖောက်ထွက်နိုင်မှု၊ ပြီးပြည့်စုံမှုအစရှိတဲ့ အကြောင်းအရာတွေကို ပေးစွမ်းပြီး လုပ်ငန်းကို ပြိုင်ဘက်တွေထက်ထူးခြားစေပါတယ်။
Business Slogan ကောင်းတွေကတော့ ...
Pantene slogan - " Always camera ready ”
Zara slogan - "Love your curves”
Advertising Slogan
Advertising Slogan တွေက လုပ်ငန်းတစ်ခုလုံးကို အာရုံစိုက်ရမယ့်အစား ကြော်ငြာကမ်ပိမ်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကိုသာ အလေးပေးတဲ့ Slogan မျိုးဖြစ်ပါတယ်။ Advertising Slogan က ထုတ်ကုန်ရဲ့ အသုံးပြုမှုအတွေ့အကြုံတွေနဲ့ ဝယ်ယူပြီးနောက်မှာ ရရှိလာမယ့် အကျိုးကျေးဇူးတွေရဲ့ ဆက်စပ်မှုတွေကို ရည်ရွယ်ပြီး ဖန်တီးတာမျိုးဖြစ်တယ်။
Advertising Slogan ကောင်းတွေကတော့ ...
Coca- Cola - "Open happiness”
Ajax - " Stronger than dirt”
Frooti - "Fresh and juicy”
Descriptive Slogan
Descriptive Slogan ကတော့ သင့်လုပ်ငန်းအမှန်တစ်ကယ်လုပ်ဆောင်နေတဲ့ လုပ်ငန်းရဲ့ ပုံရိပ်ကိုဖန်တီးပေးတာမျိုးဖြစ်ပါတယ်။ သင့်လုပ်ငန်းကို တစ်ခြားပြိုင်ဘက်တွေနဲ့ ကွဲပြားသိမြင်လိုပါက အကောင်းဆုံးရွေးချယ်မှုတစ်ခုလို ကျွန်ုပ်အကြံပြုလိုပါတယ်။ Descriptive Slogan က ဖော်ပြချက်မပါတဲ့ နာမည်ရှိတဲ့ လုပ်ငန်းမျိုးတွေနဲ့ အခြားသော လုပ်ငန်းမဟုတ်တဲ့ အဖွဲအစည်းတွေအတွက် ပိုမိုသင့်တော်ပါတယ်။ တစ်ခုသတိပြုရမှာက Slogan အဖြစ်အသုံးပြုမှာဖြစ်တဲ့အတွက်စာအရှည်ကြီးတွေတော့ မသုံးသင့်ပါဘူး။ တိုတိုနဲ့ ထိရောက်နိုင်တဲ့ စကားလုံးအသုံးအနှုန်းတွေဖြစ်ဖိုတော့ လိုပါတယ်။
Descriptive Slogan ကောင်းတွေကတော့ ...
Diary Milk - " A glass and a half in every half-pound.”
Paul Masson - "We will sell no wire before its time.”
Commanding Slogan
Commanding Slogan သည် အမိန့်ပေးဝါကျတွေနဲ့တည်ဆောက်ထားတဲ့ slogan မျိုးဖြစ်ပါတယ်။ အစွမ်းထက်တဲ့ Commanding Slogan ကတော့ သုံးစွဲသူတွေကို အရေးတယူဆွဲဆောင်ဖို လုံလောက်ပါတယ်။ Commanding Slogan ကောင်းတစ်ခုကို ကောင်းမွန်စွာဖန်တီးနိုင်မည်ဆိုရင် စားသုံးသူတွေကို ဝယ်ယူမှုပြုလုပ်ဖို ဆွဲဆောင်နိုင်မှာ အသေအချာပါဘဲ။
Commanding Slogan ကောင်းတွေကတော့ ...
Nike - "Just do it.”
Gatorade - "Is it in you!?”
Persuading Slogan
Persuading Slogan ဆိုတာ တစ်စုံတစ်ဦးက သင့်ကုန်ပစ္စည်းဝန်ဆောင်မှုကို ဘာကြောင့် ရွေးချယ်သင့်သလဲ ဆိုတဲ့ အကြောင်းအရာကို ဖော်ပြတဲ့ Slogan မျိုးဖြစ်ပါတယ်။ သင့်လုပ်ငန်းက ယုံကြည်စိတ်ချရပြီး စားသုံးသူတွေရဲ့ ပြဿနာများကို ကူညီဖြေရှင်းပေးမည့် အကြောင်းကို စားသုံးသူတွေသိအောင် ဖော်ပြပေးခြင်းမျိုးပါ။ Persuading Slogan ဟာ ဈေးရောင်းစာကြောင်းနဲ့လည်း တူပါတယ်။
Persuading Slogan ကောင်းတွေကတော့ ...
L'Oreal - "Because you're worth it”
Kit-Kat - "Have a break, have a kit - Kat.
Creative Slogan
Creative Slogan ကို ဖော်ဆောင်နိုင်တဲ့ ကုန်အမှတ်တံဆိပ်တွေက လုပ်ငန်းရဲ့ အဆင့်အတန်းကို နောက်တစ်ဆင့်မြင့်တင် ခေါ်ဆောင်သွားနိုင်ပါတယ်။ Creative Slogan ကို များသောအားဖြင့်တော့ စာပေဆိုင်ရာ ကဗျာ အဖွဲအနွဲတွေနဲ့ စားသုံးသူကို ထိတွေ့ဖိတ်ခေါ်တာမျိုး စားသုံးသူတုံပြန်မှုကို ရယူတာမျိုးပြုလုပ်ကြပါတယ်။ Creative Slogan ကောင်းတစ်ခုဖန်တီးတာဟာ သာမန်ထက်ပိုမိုခက်ခဲတယ်ဆိုတာ သတိပြုရမဲ့အပြင် စားသုံးသူတွေနဲ့ နားလည်မှုလွဲတာလေးတွေကိုလည်း သတိပြုရပါမယ်။
Creative Slogan ကောင်းတွေကတော့ ...
Maybelline - "May be she's born with it, may be its Maybelline.”
Meow Mix- "Tastes so good, cats for by its name.”
Emotive Slogan
Emotive Slogan ဆိုတာ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ သုတေသနပြုလုပ်မှုတွေကနေ ရရှိလာတဲ့ Slogan မျိုးဖြစ်ပါတယ်။ Emotive Slogan က စားသုံးသူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို လှုဆော်ပေးဖို ရည်ရွယ်ရုံသာမက လုပ်ငန်းရဲ့ ဝန်ဆောင်မှုကိုပါ ဖော်ပြပေးနိုင်ပါတယ်။
Emotive Slogan ကောင်းတွေကတော့...
DeBeers- "Diamond is forever.”
Disneyland - "Where dream come true.”
Credit to Myat Paing Soe (Digitry)

Logo ဆိုတာဘာလဲ???Logo ဆိုတာ စနစ်တကျဖန်တီးပုံဖော်ထားတဲ့ အမှတ်တံဆိပ် တစ်ခုပါ။  Logo တွေဟာရုပ်ပုံတစ်ခုထက်ကို ထူးခြားပါတယ်။ဘ...
04/11/2024

Logo ဆိုတာဘာလဲ???

Logo ဆိုတာ စနစ်တကျဖန်တီးပုံဖော်ထားတဲ့ အမှတ်တံဆိပ် တစ်ခုပါ။ Logo တွေဟာရုပ်ပုံတစ်ခုထက်ကို ထူးခြားပါတယ်။ဘာလိုလဲ ဆိုတော့ လုပ်ငန်းအဖွဲအစည်းတွေဟာ သူတိုလုပ်ငန်းကို လူတွေအလွယ်တကူ မှတ်မိဖိုရန်နဲ့ သူတိုလုပ်ငန်းတွေရဲ့ စရိုက်လက္ခဏာ၊ ရည်ရွယ်ချက် အစရှိတာတွေကို သိရှိဖိုအတွက် Logo ကိုအသုံးပြုကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အဲ့တော့ Logoကို လူတွေမှတ်မိဖို ဘယ်နေရာတွေမှာ အဓိကသုံးကြတာလည်း???

Logo တွေကို လူအများမှတ်မိဖို Sponsorship လိုနေရာတွေ၊ လုပ်ငန်းအဖွဲ အစည်းတွေမှာ စားသုံးသူနဲ့ ထိတွေ့ဆက်ဆံရတဲ့ ဝန်ထမ်းတွေရဲ့ယူနီဖောင်းတွေ၊ လုပ်ငန်းပိုင်ယာဉ်တွေနဲ့ ၎င်းတိုရဲ့ ထုတ်ကုန်ကြော်ငြာ၊ထုတ်ကုန်ထုပ်ပိုးမှု အစရှိတဲ့နေရာတွေအပြင် ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ အဓိကလုပ်ဆောင်လာကြတဲ့ Digital Marketing လုပ်ငန်းဆောင်တာများဖြစ်တဲ့ Web page ၊ Profile တွေမှာ အသုံးပြုလာကြပါတယ်။

ဒီလိုဆို သင့်အနေနဲ့ လုပ်ငန်းတစ်ခုကို ပြုလုပ်တော့မယ်ဆိုရင် Logo ကောင်းတစ်ခုဟာ မဖြစ်မနေကို ရှိထားသင့်ပါတယ်။ စီးပွားရေးအရ အလွန်အသုံးဝင်ရမယ်၊ သင့်လုပ်ငန်းနဲ့လည်း လိုက်ဖက်ရမယ်ဆိုတဲ့ အချက်တွေပြီးပြည့်စုံသော Logo ကောင်းတစ်ခုဖြစ်လာဖို ဖန်တီးတဲ့ နေရာမှာ အထောက်အကူဖြစ်ဖိုရန် Logo အမျိုးအစားတွေနဲ့ အမျိုးအစားတစ်ခုချင်းစီရဲ့ ရည်ရွယ်ချက်တွေကို မျှဝေပေးလိုက်ပါတယ်။

7 Types of Logo

1. Emblem Logo
Emblem Logoကို ဂျီဩမေတြီပုံသဏ္ဍာန်များအတွင်း စာသားနှင့် ရုပ်ပုံများထည့်သွင်းဖန်တီးသော ဒီဇိုင်းမျိုးဖြစ်ပြီး ရှေးအကျဆုံးပုံစံမျိုးဖြစ်သည်။
Emblem Logo သည် ဂုဏ်သိက္ခာကြီးမားခြင်းသဘောကိုဆောင်ပြီး ဆင်တူရိုးမှားသိပ်မများနိုင်ပေ။
Eg. Harley Davidson, Superman, Stella Artois

2. Pictorial Mark Logo
Pictorial Mark logo သည် စာသားများမပါဝင်ဘဲ ရုပ်ပုံတစ်ခုဖြင့် ကိုယ်စားပြုဖန်တီးသော အမျိုးအစားဖြစ်သည်။
Pictorial Mark logo သည် အမှတ်ရစရာ၊ Professional type ဖြစ်ပြီး Brand image ကိုပေးစွမ်းနိုင်စွမ်းရှိသည်။
Eg. Apple, Twitter, Target

3. Word Mark Logo (Logo type)
Word Mark Logo အမျိုးအစားသည် ရိုးရှင်းပြီး လုပ်ငန်းအဖွဲစည်း၏ နာမည်ဖြင့် ဖွဲစည်းထားသည်။ ရုပ်ပုံ (သို) Graphics များပါဝင်ခြင်းမရှိပေ။
Word Mark Logo ကိုဖန်တီးရာတွင် လုပ်ငန်း၏ နာမည်၊ Font ပုံစံနှင့် အရောင် စသည့်သုံးမျိုးသာလိုအပ်သည်။

Word Mark Logo သည် လုပ်ငန်းအဖွဲ အစည်းနှင့် logo ကို အလွယ်တကူ ချိတ်ဆက်မှတ်မိစေနိုင်သည်။
Eg. Coca-Cola, Google

4. Latter Mark Logo
Latter Mark Logo (သို) Monogram သည် အမှတ်တံဆိပ်တစ်ခု၏ အတိုကောက်စကားလုံးများကိုသာ အသုံးပြုရေးဆွဲထားသည်။
Latter Mark Logo ကို အမှတ်တံဆိပ်၏ အမည်သည် ရှည်လျားသောအခါ (သို) ရုပ်ပုံများအသုံးမပြုဘဲ ရိုးရှင်းသော ပုံစံမျိုးသာ ပြုလုပ်လိုပါက အသုံးပြုနိုင်သည်။
Eg. NASA, HOB, Louis Vuitton

5. Abstract Logo
Abstract Logo သည် စာလုံးမပါဘဲ ရုပ်ပုံတစ်ခုဖြင့် ပြုလုပ်ထားပြီး စိတ္တဇအတွေးမျိုးကိုပေးသော အမျိုးအစားဖြစ်သည်။ (ကျွန်ုပ်၏ အမြင်)
Abstract Logo သည် ဈေးကွက်အတွင်း ထူးဆန်းသော သဘောကြောင့် လူပိုစိတ်ဝင်စားနိုင်ခြင်း အားသာချက် နှင့် မိမိ၏ လုပ်ငန်းအမည်နှင့် တွဲဖက်ရန် ခက်ခဲသော အားနည်းချက် တွဲ၍ တည်ရှိနေသည်။
Eg. Nike, Pepsi, Airbnb

6. Mascot Logo
Mascot Logo သည် လူပုံစံ (သို) လူဂုဏ်ရည်များကို လက်ခံရရှိသည့် လူတစ်ဦး (သို)လူသားမဟုတ်သော အဖွဲအစည်းတစ်ခု၏ ပန်းချီကားတစ်ချပ်ဖြစ်သည်။
Mascot Logo သည် ပရိသတ်အပေါ် ဖော်ရွေပြီး အပြုသဘောဆောင်သော ခံစားချက်ကို ဖန်တီးပေးနိုင်သည်။
Eg. KFC, MICHELIN, Reddit

7. Combination Logo
Combination Logo သည် အထက်ပါ Logo (၆)မျိုးအနက် နှစ်ခု(သို) နှစ်ခုထက်ပိုသော ပုံစံများကို ပေါင်းစပ်အသုံးပြုခြင်းဖြစ်သည်။
အနာဂတ် Logo အပြောင်းအလဲများနှင့် လိုက်လျောညီထွေဖြစ်လိုပါက Combination Logo သည်ရွေးချယ်သင့်သော အမျိုးအစားဖြစ်သည်။
Eg. Burger King, Dove

Credit to Myat Paing Soe (Digitry)

သင်သာ ဘီလီယံနာတစ်ဦးဆိုလျှင် ဝယ်ချင်မိလောက်မယ့် အမိုက်စားအပျော်စီးသင်္ဘော (9)စီး ⛴ ⛴--------------------------ပင်လယ်ပြင်မ...
04/04/2022

သင်သာ ဘီလီယံနာတစ်ဦးဆိုလျှင် ဝယ်ချင်မိလောက်မယ့် အမိုက်စားအပျော်စီးသင်္ဘော (9)စီး ⛴ ⛴
--------------------------
ပင်လယ်ပြင်မှာ ခရီးထွက်ရတာပျော်စရာကြီးပါ။ဒါကိုမှ သင့်ရဲ့ကိုယ်ပိုင်အပျော်စီးသင်္ဘော၊ဇိမ်ခံပစ္စည်းတွေနဲ့သာဆိုရင် တွေးသာကြည့်တော့ဗျာ။ကျွန်တော်အခုဖော်ပြပေးသွားမှာကတော့ သင့်ရဲ့dream အပျော်စီးသင်္ဘောတွေဖြစ်လာမယ့် အမိုက်စားအပျော်စီးသင်္ဘော (9)စီးပဲဖြစ်ပါတယ်။

(1) Yacht “A”

“A”လို့အမည်ရတဲ့ ဒီသင်္ဘောကို ရုရှားဘီလီယံနာတစ်ဦးဖြစ်တဲ့ Andrey Melnichenkoမှ ပိုင်ဆိုင်ပြီး နာမည်ကြီးဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Philippe Starckမှ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ ကုန်ကျစရိတ်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း300ကျော်ရှိပြီး ဘောလုံးကွင်းတစ်ကွင်းရဲ့အကျယ်အဝန်းထက်ပင် အနည်းငယ် ကြီးနေပါသေးတယ်။ရေကူးကန်(၃)ကန် ပါရှိပြီး တစ်ခုမှာ ဖန်အောက်ခံနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

(2) Maltese Falcon

ဒီသင်္ဘော‌ပေါ်မှာတော့ ရေလွှာလျှောစီးတာ၊ Scooterစီးတာတွေအထိ ပြုလုပ်နိုင်ပြီး ညနေပိုင်းရုပ်ရှင်ကြည့်တာတွေပါ ပြုလုပ်နိုင်ပါတယ်။ငှားရမ်းမယ်ဆိုရင်တော့ တစ်ပတ်ကို အမေရိကန်ဒေါ်လာ (4) သိန်းခန့် ကုန်ကျမှာဖြစ်ပါတယ်

(3) Streets of Monaca

ဒီလိုသင်္ဘောကို တည်ဆောက်မယ်ဆိုရင်တော့ ကုန်ကျစရိတ်က ကန်ဒေါ်လာ (1.1)ဘီလီယံခန့်ကုန်ကျမှာဖြစ်ပါတယ်။

(4)Jazz

‌ဒီအပျော်စီးသင်္ဘောရဲ့ အမိုက်စားဒီဇိုင်းကိုတော့ သင်ကိုယ်တိုင် ပုံမှာ ကြည့်ရှုလိုက်ပါတော့။

(5)Dubai

ဒေါ်လာသန်း 350တန်ဖိုးရှိတဲ့ ဒီအပျော်စီးသင်္ဘောကို ဒူဘိုင်းရဲ့ တောင်ဝင်မင်းသားဖြစ်တဲ့ Sheikh Mohammed bin Rashid Al Maktoumm ပိုင်ဆိုင်တာဖြစ်ပြီး အလှဆုံးသင်္ဘောတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

(6) Skyback

ဖော်ပြခဲ့တဲ့ သင်္ဘောတွေထက်စာရင် Skybackဟာ 80metersခန့်သာရှိတာကြောင့် အနည်းငယ်သေးပါတယ်။ တန်ဖိုးကြီးဇိမ်ခံပစ္စည်းများနှင့် ရုပ်ရှင်ရုံ၊Gym၊spa၊ ရေကူးကန်များပါဝင်ပါတယ်

(7) Eclipse

Eclipse ဟာ ကမ္ဘာ့ဈေးအကြီးဆုံး သင်္ဘောတွေထဲကတစ်ခုဖြစ်ပြီး ဒေါ်လာ (1.2)ဘီလီယံအထိတန်ဖိုးရှိပါတယ်။ပိုင်ရှင်ကတော့ Roman Abramovich ဖြစ်ပါတယ်။အတွင်းပိုင်းမှာConcert Hallတစ်ခု၊ရုပ်ရှင်ရုံတစ်ခု၊ဝိုင်မြေအောက်ခန်းတစ်ခု၊ရေကူးကန်တစ်ခုပါဝင်ပြီးတစ်ခုကို dance floorအဖြစ်ပြောင်းလဲနိုင်ပါသေးတယ်။ဒါ့အပြက် Helicopter(၂)စီး၊Boat (၄)စီး၊ scooterအစီး (၂၀)နှင့် လူ(၁၂)ယောက်ခန့် လိုက်ပါစီးနင်းနိုင်တဲ့ ရေငုပ်သင်္ဘောတစ်စီး ပါဝင်ပါသေးတယ်။

(8)Tropical Island Paradise

ဒါကတော့ သင်္ဘောပေါ်မှာ ကျွန်းသဖွယ် တည်ဆောက်ထားတာဖြစ်ပါတယ်။ မီးတောင်ပုံစံတစ်ခုဆီမှ ရေတံခွန် စီးကျလာဟန်၊အိမ်လေးတွေရယ်၊အုန်းပင်တွေနဲ့ အပူပိုင်းကျွန်းတစ်ခုသဖွယ် ဖန်တီးထားတာဖြစ်ပါတယ်။ဒီအပျော်စီးသင်္ဘောကိုတော့ တည်ဆောက်နေဆဲပဲရှိပါသေးတယ်။

(9) Palladium

ခေတ်ရှေ့ပြေး ဒီဇိုင်းတွေနဲ့ Palladiumလို့ခေါ်တဲ့ ဒီသင်္ဘောကိုတော့ ဘီလီယံနာ Mikhail Prokhorovမှ ပိုင်ဆိုင်ပါတယ်။နောက်ပြီး Palladiumဟာ 2010ခုနစ်မှာ “အကောင်းဆုံး သင်္ဘောဒီဇိုင်း”ဆုကို ရရှိခဲ့ပါ‌တယ်။

သင်ရော ယခုဖော်ပြပေးခဲ့တဲ့ သင်္ဘောတွေထဲက ဘယ်တစ်ခုကိုအကြိုက်ဆုံးလဲ။

Source Brightside

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Your Brand posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share