Life In Motion

Life In Motion Enjoy Life, Love & Experience

🔘  ဘောလုံးသမားများအတွက် ဆောင်းပါးမိတ်ဆက်လေးအဖြစ် Soccer Fitness and Injury Prevention ဆိုတဲ့ ခေါင်းစဉ်လေးနဲ့  စတင်မိတ်ဆက...
04/07/2025

🔘 ဘောလုံးသမားများအတွက် ဆောင်းပါးမိတ်ဆက်လေးအဖြစ် Soccer Fitness and Injury Prevention ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ စတင်မိတ်ဆက်ပေးပါရစေ။

🔘 Soccer Fitness ဆိုတာကတော့ ဘောလုံးနဲ့ပက်သတ်တဲ့ လှုပ်ရှားမှုတွေကို ပွဲချိန်တလျောက်၊ ပြိုင်ပွဲတလျောက်လုံး အမြင့်ဆုံးလှုပ်ရှားနိုင်မှု စွမ်းအားကို ဆိုလိုတာဖြစ်ပါတယ််။

🔘 Injury Prevention ဆိုတာကတော့ လေ့ကျင့်နေစဉ်၊ပွဲကစားနေစဉ်အချိန်အတွင်း ဒဏ်ရာရရှိနိုင်ခြေကို လျော့ချပေးနိုင်မှုကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

🔘 ကြံ့ခိုင်မှုကောင်းရင် ဒဏ်ရာရနိုင်မှုကလျော့နည်းလာမှာဖြစ်တဲ့အတွက် တိုက်ရိုက်အချိုးကျနေပါတယ်။ ဘယ်လိုမျိုးကြံ့ခိုင်မှု အပိုင်းတွေက ဘယ်လိုဒဏ်ရာရရှိမှုမျိုးတွေကို လျော့နည်းစေနိုင်သလဲဆိုတဲ့ အကြောင်းတွေကို ကြံခိုင်မှုအပိုင်းလုပ်ဆောင်ရမယ့်အချက်တွေ တင်ပြပြီးတာနဲ့ ထပ်မံဆွေးနွေးပေးသွားပါမယ်။

🔘 တကယ်တော့ ဘောလုံးအားကစားမှာ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ ကစားသမားတိုင်း အရေးကြီးဆုံးလိုအပ်တဲ့အချက်က အချက် (၅)ချက်ရှိပါတယ်။

၁။ Aerobic Power (Maximal Oxygen Consumption Capacity)
၂။ Speed Endurance
၃။ Explosive Power
၄။ Agility
၅။ Flexibility , Balance and Coordination

၁။ Aerobics Power ( Maximal Oxygen Consumption Capacity)

🔘 ဘောလုံးသမားတစ်ယောက်ဟာ ပွဲကစားချိန် မိနစ်၉၀၊ မိနစ်၁၂၀ အတွင်းစွမ်းအားပြည့်ကစားနိုင်မှုကို ဆိုလိုခြင်းဖြစ်ပါတယ်။ စမ်းသပ်မှုတွေအရ Test တွေလုပ်မယ်ဆိုရင် VO2max နဲ့တိုင်းတာပါတယ်။ မိနစ်၉၀ ကစားနေစဉ် GPS သုံးပြီး စမ်းသပ်ရင်တော့ ကစားသမားတစ်ဦးဟာ ပွဲကစားချိန်အတွင်းမှာ ကီလိုမီတာ ၁၀-၁၂ ကီလိုမီတာ ပြေးလွှားနိုင်စွမ်း ရှိရပါမယ်။ ဒါကို Aerobics power လိုခေါ်ပါတယ်။

၂။ Speed Endurance - ထပ်ကြိမ်တလဲလဲ အမြန်ပြေးနိုင်စွမ်းအား။

🔘 အမြန်ပြေးခြင်း တခေါက်နဲ့တခေါက်ကြားမှာ Recovery ရနိုင်စွမ်း ပိုပိုမြန်လာတာကိုခေါ်ပါတယ်။ မြန်နှုန်းမြင့်ပြေးနိုင်စွမ်းကို အကြိမ်များများလုပ်နိုင်ခြင်း၊ ခေါက်ရေများများပြေးနိုင်လေလေ Speed Endurance က တက်လာလေလေဖြစ်တာကြောင့် Game Intensity က ပိုမြင့်လာလေလေပဲဖြစ်ပါတယ်။

၃။ Explosive Power

🔘 ဒီအပိုင်းကတော့ ကျယ်ပြန့်ပါတယ် ကွင်းအတွင်းလုပ်နိုင်စွမ်းအား အားလုံးရဲ့အချုပ်ပါပဲ။
မြန်နှုန်းမြင့် အမြန်ဆုံးပြေးနှုန်းတွေ၊ Jumping Power ခုန်နိုင်စွမ်းတွေ Performance တွေအကုန်လုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။

၄။ Agility

🔘 ဒီအပိုင်းကတော့ High Intensity Performance တွေဖြစ်တဲ့ ( ၅ မီတာမှ ၁၀ မီတာ အတွင်း ပြေးလွှားနေရာယူနိုင်မှု၊ Marking လူကပ်ကစားနိုင်မှု၊ ဘောလုံးဖျက်ထုတ်နိုင်မှု၊ ခြေနှုတ်သိမ်းမြန်ဆန်မှု၊ Speed Reaction စတာတွေကို အကောင်းဆုံးလုပ်နိုင်စွမ်းအားဖြစ်ပါတယ်။

၅။ Flexibility,Balance and Coordination

🔘 Flexibility အပိုင်းမှာတော့ အဆစ်တွေရဲ့ လှုပ်ရှားနိုင်မှုစွမ်းအား (သို့) ကြွက်သား ၊ အရွတ်တွေရဲ့ ပျော့ပြောင်းနိုင်စွမ်းကို ဆိုလိုခြင်းဖြစ်ပါတယ်။

🔘 Balance ကတော့ ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်မှုဖြစ်ပြီး Coordination ကတော့ ဦးနှောက်မှ စဉ်းစားတာကို ခန္ဓာကိုယ်က ဆောင်ရွက်နိုင်မှု စတာတွေပါဝင်လာမှာဖြစ်ပါတယ်။

🔘 ဒီအချက်တွေကို ပွဲကစားနေစဉ်နဲ့ လေ့ကျင့်နေစဉ်အတွင်း GPS များအသုံးပြုပြီး ကစားသမားတွေရဲ့ လုပ်နိုင်စွမ်းအားတွေကိုကြည့်ရှူစစ်ဆေးနိုင်ပါတယ်။

🔘 ဘောလုံးကစားသမားတွေဟာ ကွင်းအတွင်းအကောင်းဆုံး စွမ်းဆောင်မှုတွေရရှိနိုင်ဖို့အတွက် ဒီအချက်တွေဟာ မသိမဖြစ် သိရှိရမယ့်အချက်တွေဖြစ်တယ်။

၁။ Aerobic Power . ၂။ Speed Endurance. ၃။ Explosive Power . ၄။ Agility. ၅။Flexibility , Balance and Coordination စတဲ့ အချက် (၅)ချက်ကို သိရှိထားဖို့လိုအပ်ပါတယ်။

🔘 ဒါကြောင့် ဘောလုံးအားကစားသမားတွေအတွက် ပွဲချိန်အတွင်း ကြံ့ခိုင်မှုတွေကို ရရှိနိုင်အောင် ဘယ်လိုအရာတွေကနေ တဆင့်တဆင့် တည်ဆောက်ယူရမှာလဲဆိုတာ ဆက်လက်ဖော်ပြပေးသွားပါမယ်။ အခြေခံအားဖြင့်တော့ အပိုင်း (၄)ပိုင်းနဲ့ ကြံ့ခိုင်မှုတည်ဆောက်ရမှာဖြစ်ပြီး

၁။ ကြွက်သားတည်ဆောက်ခြင်း
၂။ ခံနိုင်ရည်အား (သက်လုံတည်ဆောက်ခြင်း)
၃။ အမြန်နှုန်းစွမ်းအားတည်ဆောက်ခြင်း
၄။ ဖြည့်စွက်ချက်များဖြစ်ပါတယ်။

🔘 အထက်ပါအချက် ၄ချက်ကို အသေးစိတ်ထပ်မံဖော်ပြပေးသွားပါမယ်။

ဦးထွန်းဇော်
Sport Scientist and Fitness Coach
Manager of High Performance Department
Myanmar Football Federation
( Life In Motion ) မှ တင်ဆက်ပါသည်။

ကျွန်တော်တို့ Life In Motion ရဲ့ TikTok Channel လေးကိုလည်း Follow လုပ်ပေးထားပါအုန်းခင်ဗျာ။ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ...
03/07/2025

ကျွန်တော်တို့ Life In Motion ရဲ့ TikTok Channel လေးကိုလည်း Follow လုပ်ပေးထားပါအုန်းခင်ဗျာ။

ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေအတွက် ကျွန်တော်တို့ အမြဲကြိုးစားနေပါတယ်။

https://www.tiktok.com/?_t=ZP-8xiBL4WBocw&_r=1

2 Followers, 0 Following, 67 Likes - Watch awesome short videos created by lifeinmotion_2025

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ Sport Scientist တစ်ဦးဖြစ်သလို Fitness Coach နဲ့ High Performance Department ရဲ့ Manage...
03/07/2025

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ Sport Scientist တစ်ဦးဖြစ်သလို Fitness Coach နဲ့ High Performance Department ရဲ့ Manager တစ်ဦးလည်းဖြစ်တဲ့ ဦးထွန်းဇော်မှ ဘောလုံးသမားများအတွက် Relationship of Soccer Fitness and Injury Problems ခေါင်းစဉ်ဖြင့် ဆောင်းပါးများ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်များကို ကျွန်တော်တို့ Life In Motion နှင့်အတူမကြာခင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ချစ်ခင်လေးစားရပါသော ဘောလုံးအားကစားချစ်ပရိတ်သတ်များလည်း မေးခွန်းများပြန်လည်မေးမြန်းနိုင်မှာဖြစ်ပါတယ်။

30/06/2025

ရှမ်းယူနိုက်တက်အသင်းမန်နေဂျာ ၊ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းတစ်ဦးဖြစ်သူ ဟန်ဝင်းအောင်ရဲ့ သူ့ခေတ်သူ့အချိန်က ကစားဟန်တချို့ကို အမှတ်တရပြန်လည်သတိရမိစေရန် တင်ဆက်လိုက်ပါတယ်။ #ဟန်ဝင်းအောင် #မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း #ရှမ်းယူနိုက်တက်

29/06/2025

ရှမ်းယူနိုက်တက်အသင်းမန်နေဂျာ ၊ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးဟန်ဝင်းအောင်နှင့်အတူ ငယ်ဘဝအမှတ်တရများအကြောင်းတွေ့ဆုံမေးမြန်းခန်း အစီအစဉ်အစအဆုံး

#မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း #ရှမ်းယူနိုက်တက် #ဟန်ဝင်းအောင်

လေးစားရပါသော Media သမားများခင်ဗျာ ကျွန်တော်တို့ Life In Motion Page မှတင်သော အကြောင်းအရာများသည် ကာယကံရှင်အားကစားသမားများ...
27/06/2025

လေးစားရပါသော Media သမားများခင်ဗျာ

ကျွန်တော်တို့ Life In Motion Page မှတင်သော အကြောင်းအရာများသည် ကာယကံရှင်အားကစားသမားများနှင့် တွေ့ဆုံခွင့်ပြုချက်တောင်းခံပြီး စာမူများ/ ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများကို ကာယကံရှင်များ၏တရားဝင်ခွင့်ပြုချက်ဖြင့် ရေးသားဖော်ပြခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါသောကြောင့် အခြားသောအားကစား Page များအနေဖြင့် ကျွန်တော်တို့၏ခွင့်ပြုချက်မရယူပဲ စာသားများ Copy ရေးသားခြင်း၊ ဓာတ်ပုံ/ ဗီဒီယို မှတ်တမ်းများအား တဆင့်ကူးယူဖော်ပြခြင်းမပြုလုပ်ပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ဓာတ်ပုံမှတ်တမ်းများတွင် Logo marks မထည့်သွင်းထားခြင်းသည် အမာခံပရိတ်သတ်များ၊ ကာယကံရှင်မိသားစု၊မိတ်ဆွေ၊ သူငယ်ချင်းများ အမှတ်တရသိမ်းဆည်းထားနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

ဓာတ်ပုံများကို ကာယကံရှင် မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများ၏ personal account များတွင်
အမှတ်တရ ပြန်လည်ဖော်ပြမှုများအတွက် လွတ်လပ်စွာရေးသားဖော်ပြနိုင်ပါသည်။

Media Page များ ၊ အားကစား Page များနှင့် အခြားသော Page များတွင် ကူးယူဖော်ပြခွင့်မပြုပါ။

Shan United အသင်းမန်နေဂျာဦးဟန်ဝင်းအောင် ၊ ကျွန်တော်တို့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာ ဘာတွေပြောခဲ့ကြလဲ ?  မကြာခင်တင်ဆက်ပ...
26/06/2025

Shan United အသင်းမန်နေဂျာဦးဟန်ဝင်းအောင် ၊ ကျွန်တော်တို့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာ ဘာတွေပြောခဲ့ကြလဲ ? မကြာခင်တင်ဆက်ပေးသွားပါမယ်။

ဒါနဲ့ လာမယ့် ဇူလိုင်လ ၆ရက်နေ့ ၊ တနင်္ဂနွေနေ့မှာ ရှမ်းယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ Myanmar National League Cup 2025 ပြိုင်ပွဲဗိုလ်လုပွဲကို သုဝဏ္ဏကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။

#ဟန်ဝင်းအောင်
#မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း


အကောင်းဆုံးမြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဘောလုံးပါရမီရှင် ရာဇာဝင်းသိန်းအကြောင်း။ ရာဇာဝင်းသိန်းဟာ ရန်က...
24/06/2025

အကောင်းဆုံးမြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဘောလုံးပါရမီရှင် ရာဇာဝင်းသိန်းအကြောင်း။

ရာဇာဝင်းသိန်းဟာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းဇာတိဖြစ်ပြီး ၁၉၈၆ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။

ဆောက်လုပ်ရေးအင်ဂျင်နီယာဦးဝင်းသိန်း၏ အငယ်ဆုံးသားဖြစ်ပြီး မွေးချင်းအမ၂ဦးရှိပါတယ်။

အဖဦးဝင်းသိန်းဟာလည်း မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး သမီးအလတ်ဖြစ်သူ မသော်သော်ဝင်းသိန်းကိုလည်း မြန်မာ့လက်ရွေးစင်ပြေးခုန်ပစ်ကစားသမားတစ်ဦးဖြစ်လာစေရန် အကောင်းဆုံးလမ်းပြပေးနိုင်ခဲ့သူ အားကစားကိုချစ်မြတ်နိုးသော ဖခင်တစ်ဦးဖြစ်ပါတယ်။

ရာဇာဝင်းသိန်းဟာ ၁၉၉၉ ခုနှစ်တွင် အား/ကာသိပ္ပံသို့တက်ရောက်ခဲ့ပြီး (၄)နှစ်ခန့်အကြာတွင် စီးပွါးကူးသန်းအသင်းသို့ရောက်ရှိကာ အဆင့်မြင့်တန်းပြိုင်ပွဲ စတင်ပွဲထွက်ကစားခွင့် ရရှိခဲ့ပါသည်။

၂၀၀၃ခုနှစ်မှစတင်ကာ စီးပွါးကူးသန်းအသင်းတွင် အဓိကအားထားရတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ၂၀၀၉ ခုနှစ် Myanmar National League သို့ပြောင်းလဲချိန်တွင် စစ်ကိုင်းတိုင်းကိုယ်စားပြု ဇေယျာရွှေမြေအသင်းသို့ Professional စာချုပ်ချုပ်ဆိုကာရောက်ရှိလာခဲ့ပါသည်။ ဇေယျာရွှေမြေအသင်းနှင့်အတူ ၂ရာသီ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် Myanmar National League အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းထံသို့ပြောင်းရွေ့ခဲ့ပြီး Myanmar National League (၃)ကြိမ်ဆက်တိုက် Champion ဆုကို ရန်ကုန်ယူနိုက်တက်နှင့်အတူ ရယူနိုင်ခဲ့ပါသည်။

ရာဇာဝင်းသိန်းသည် ၂၀၀၄ ခုနှစ်မြန်မာ့လက်ရွေးစင်လူငယ်အသင်းမှစတင်ကာ ၂၀၀၆ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အသင်းကြီးထံသို့ ရွေးချယ်ခြင်းခံခဲရပြီး ၂၀၀၇ မာဒေကားပြိုင်ပွဲ ၊ ၂၀၀၇ SEA Game ပြိုင်ပွဲများတွင် ငွေတံဆိပ်ဆုများနှင့်အတူ နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားဘဝကို စတင်ခဲ့ပါသည်။

ရာဇာဝင်းသိန်းသည် ရွှေတံဆိပ်ဆု (၁) ၊ ငွေတံဆိပ်ဆု (၄)ခု ၊ ကြေးတံဆိပ်ဆု (၁)ခုတို့နှင့်အတူ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားခဲ့သူတစ်ဦးဖြစ်သည်။

ရာဇာဝင်းသိန်းဟာ ပင်ကိုယ်စွမ်းရည်ပြည့်ဝသော ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး ပြိုင်ဘက်ခံစစ်ကစားသမားများအတွက် အမြဲအာရုံစိုက်ခံရကာထိန်းချုပ်ရခက်ခဲသော ဘောလုံးစွမ်းရည်ပြည့်ဝသူတစ်ဦးဖြစ်သည်။

ရာဇာဝင်းသိန်းဟာ မြန်မာဘောလုံးပရိတ်များ၏ချစ်ခြင်းများစွာကို ယနေ့အထိပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပြီး သူကိုယ်တိုင်ကစားသမားဘဝအနားယူသွားသည့်အချိန်အထိ ဘောလုံးအားကစားကို ရင်ဘတ်ကြီးနှင့် မည်သည့်ရယူလိုစိတ်မျှမရှိပဲ အရိုးခံချစ်မြတ်နိုးသူတစ်ဦးအဖြစ် သက်သေများစွာပြသနိုင်ခဲ့သူဖြစ်သည်။

ရာဇာဝင်းသိန်းဟာ အသက် ၃၀အရွယ်မှာပင် လက်ရွေးစင်ကစားသမားဘဝနှင့် Professional Club ကစားသမားဘဝကိုပါ တစ်ချိန်တည်းတွင်အပြီးတိုင်အနားယူခဲ့သည်။

မြန်မာဘောလုံးပရိတ်သတ်တွေအနေနဲ့ ရာဇာဝင်းသိန်းလို့ပြောလိုက်တာနဲ့ ကိုယ်ခန္တာသေးသေးသွယ်သွယ် ဆံပင်ရှည်ရှည်ကောင်လေးအလွန်လျှင်မြန်ပြီး ပွဲတိုင်းကွင်းထဲမှာ ဘာလုပ်ပြမလဲဆိုတာ အမြဲငေးကြည့်နေခဲ့ကြရတဲ့ အခိုက်အတန့်များစွာရှိခဲ့ကြမှာ အသေအချာပဲဖြစ်ပါတယ်။

ရာဇာဝင်းသိန်းဟာ ကစားသမားဘဝအနားယူပြီးနောက်ပိုင်းတွင် မည်သည့် Professional Club အသင်းကိုမှ နည်းပြဘဝအဖြစ်ပြန်လည်အခြေချခဲ့ခြင်းမရှိပဲ သူချစ်တဲ့ပရိတ်သတ်များရှိရာ၊အပျော်တမ်းဘောလုံးကစားသမားများအတွက်သာ သူ့၏အချိန်များ၊ အတွေ့အကြုံများကို စိတ်စေတနာအပြည့်ဖြင့်ကူညီပံ့ပိုးပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။

ရာဇာဝင်းသိန်းသည်ဇနီးဖြစ်သူ မခင်လပြည့်ဝန်းနှင့်အိမ်ထောင်ကျခဲ့ပြီး လက်ရှိရန်ကုန်မြို့တွင်သာ အခြေချနေထိုင်လျက်ရှိပါသည်။

ရာဇာဝင်းသိန်းသည် ဖီဖာအသိအမှတ်ပြုနည်းပြလိုင်စင် AFC (B) လိုင်စင်ကို ဖြေဆိုအောင်မြင်ထားသူတစ်ဦးလည်းဖြစ်သည်။

မြန်မာဘောလုံးလောကရဲ့ အကောင်းဆုံးကွင်းလယ်
ကစားသမားတစ်ဦးအကြောင်းကို ကျွန်တော်တို့ ဂုဏ်ယူစွာဖော်ပြလိုက်ပါသည်။

#ရာဇာဝင်းသိန်း

22/06/2025

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းမိုးဝင်း၏ လက်ရွေးစင်ကစားသမားဘဝအမှတ်တရများ အပိုင်း(၂)

အပြည့်အစုံကို Life In Motion YouTube Channel တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ https://www.youtube.com/

#မိုးဝင်း #မြန်မာ့လက်ရွေးစင်ဘောလုံးသမား

21/06/2025

မြန်မာ့လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ရာဇာဝင်းသိန်းရဲ့ ကစားဟန်တွေကို အမှတ်တရ သတိရစေဖို့ Highlights လေးအဖြစ် ကျွန်တော်တို့လက်လှမ်းမီသလောက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

#ရာဇာဝင်းသိန်း

Address

Yangon
11421

Alerts

Be the first to know and let us send you an email when Life In Motion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share