Entertainment For You All

Entertainment For You All Daily Chinese videos with English Subtitles, easy to watch and enjoy! Don't forget to subscribe to my channel �

01/11/2025

He's my CEO uncle in name, to save my dad I sold him my first night, but he fell for me: call me hubby!

31/10/2025

(Full Episodes) The substitute bride he can't resist

31/10/2025

( Full Episodes) Drunk kisses a stranger, turns out he's teacher! Cold in public, but passionate after marriage

ကိုရီးယားမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာကြောင့် အဆု.တ်က.င်ဆာ နောက်ဆုံးအဆင့်ရောက်ခဲ့ပြီး ၁ လပဲ အသက်ရှင်တော့မယ့် လူငယ်လေး ...
31/10/2025

ကိုရီးယားမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာကြောင့် အဆု.တ်က.င်ဆာ နောက်ဆုံးအဆင့်ရောက်ခဲ့ပြီး ၁ လပဲ အသက်ရှင်တော့မယ့် လူငယ်လေး 😰

ကျွန်တော့် အသက် ၂၃ နှစ်ပါ
ကိုးရီးယားကို ၂၀၂၃ ခုနှစ် ၉ လပိုင်းမှာရောက်ခဲ့ပါတယ်။ အင်ချွန်းမှာရှိတဲ့ Geong In ကျောင်းမှာ language student အနေနဲ့ ရောက်ခဲ့ပါတယ်။

ကျွန်တော်က မြောင်းမြဇာတိပါ။ မြန်မာပြည်ကနေလည်း ခက်ခက်ခဲခဲလာရတာမို့ ကိုးရီးယားစစရောက်တော့ ပိုက်ဆံလည်းသိပ်မပါခဲ့ဘူး ဆောင်းဆိုတော့ လိုအပ်တာဝယ်ချမ်းရတာနဲ့ ပါလာတာလေးတွေခဏလေးနဲ့ကုန်သွားတယ်။

တနေ့အသိကခေါ်တဲ့ ထမင်းဘူးစက်ရုံမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ နေ့လည်၁၂ကနေ ညနေ ၆ အထိ ကျောင်းတက်။ ည၈ကနေ မနက်၆ အထိ ညဆိုင်းအလုပ်ဆင်းရတယ်။ တနေ့ ၃/၄ နာရီပဲ အိပ်စက်ရပါတယ်။

ဒီစက်ရုံမှာ လူတွေကစက်ရုပ်လိုဘဲ အပြုံးအရယ်မရှိ ၊ အလုပ်တွေအချိန်မှီပြီးဆီးဖို့ ဆဲဆို အော်ဟစ်ပြီး ဖိအားပေးတဲ့သူတွေကြားထဲ ကိုယ့်အလုပ်ကိုယ်စီလုပ်နေကြတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ကိုးရီးယားအတွေ့အကြုံပါ။ စိတ်မပျော်လည်း အားတင်းရတာပေါ့ဗျာ။ အလုပ်ပင်ပန်းတော့ သီးသန့်နေဖို့ အခန်းငှါးလိုက်ပါတယ်။

အဲဒီအလုပ်မှာ ၃လကြာတော့ အသိတစ်ယောက်မိတ်ဆက်ပေးခြင်းနဲ့ မြန်မာစားသောက်ဆိုင်တခုမှာ အလုပ်ရခဲ့ပါတယ်။ စစလုပ်ချင်းတုန်းကတော့ စနေ တနင်္ဂနွေပဲ အလုပ်ပေးပေမယ့် နောက်တော့ဆိုင်ရှင်က အချိန်ပိုခေါ်ပေးလို့ ကျွန်တော့်ရပ်တည်းရေး နဲနဲပိုအဆင်ပြေလာခဲ့တယ်။ ကိုးရီးယားရောက်တဲ့ကာလအတွင်း အမေနဲ့မခြား ဂရုစိုက်ပေးပြီး စားချင်တာတွေ ကျွေးပေးတဲ့ မြန်မာအလုပ်ရှင်ပါ 🙏

နောက်တော့ ကျောင်းစရိတ် ကျန်းမာရေးအာမခံ အိမ်ခန်းခတွေကြောင့် ငွေပိုလိုအပ်လာတော့ မြန်မာဆိုင်ကနေထွက်ပြီး ကိုးရီးယားနယ်ပယ်မှာ အလုပ်သစ်ရှာရတော့တယ်။ အိမ်ကနေ အသွားတစ်နာရီ အပြန်တစ်နာရီခရီးနဲ့ ကိုးရီးယားဆိုင်မှာ ပန်းကန်ဆေးအနေနဲ့ အလုပ်ရခဲ့တယ်။

ကျောင်းတက် ကျောင်းဆင်းပြီးရင် အလုပ်တန်းပြေးရတာဗျ၊ ဆိုင်ကဧည့်သည်အရမ်းကျတယ် ပင်ပင်ပန်းပန်းလုပ်ရပါတယ်

အိမ်ရောက်ရင် ခြေကုန်လက်ပန်းကျပြီး ပညာရေးအတွက် စာတွေမကြည့်နိုင်တော့ဘူး လူကအားမရှိ တရှောင်ရှောင်ဖြစ်လာတယ် ကျောင်းလည်းမှန်မှန်မတက်နိုင်တော့ဘူး

ဒါကြောင့် ရပ်တည်ရေးအတွက် တလမ်းပဲရွေးဖို့ ကျောင်းထွက်ပြီး G1 ဗီဇာပြောင်းလိုက်ပါတယ်

ဒီလိုနဲ့ အလုပ်မှေးလုပ်ရင်း ... အတိုချုပ်ပြောရရင် ကျန်းမာရေးပိုထိလာခဲ့တယ် လူကချူချာလာတော့ဆေးခန်းပြလိုက် အလုပ်ပျက်လိုက်နဲ့ မှေးကုရင်း ငွေကုန် လူပင်ပန်းဖြစ်လာတယ်။ body ဝိတ်လည်းပိုပိုကျလာတယ် အလုပ်ပျက်ဖန်များလာတော့ ညိုငြင်ခံရတယ် ဆေးကုခလည်းများတော့အကြွေးတင်ခဲ့တယ် အလုပ်ကလည်းထွက်လိုက်ရတော့ ဆေးခန်းလည်း ဆက်မပြနိုင်တော့ဘူး

အကြာကြီးအလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။ စိတ်ဓာတ်တွေကျပြီး အခန်းအောင်းရတဲ့ရက်တွေလည်းများခဲ့တယ်။ ထမင်းလည်းငတ်ခဲ့တယ် အသိတွေခေါ်တဲ့ အချိန်ပိုင်းအလုပ်တကာဝင်လုပ်ရင်း အိမ်စရိတ် ပေးစရာတွေ ဖြေရှင်းခဲ့ရတယ်။ အကြွေးဆပ်ရတယ် အလုပ်လုပ်ပေးပြီး လစာမရတာတွေလည်းရှိခဲ့တယ် ခြေထောက်နဲ့ခိုင်း ဆဲဆိုတာတွေကြားလုပ်ခဲ့ရတယ်။

နောက်ပိုင်း တပတ် ၅ ရက်နဲ့ အလုပ်တခုရခဲ့တယ် သူဠေးက သဘောကောင်းပြီး အလုပ်ကသက်သာခဲ့တယ် လုပ်ရင်းနဲ့ဆိုင်က စီးပွါးရေးကျလာတယ်။ ဒါကြောင့်သူဠေးကအချိန်တွေလျော့ချခဲ့တယ် ၄ လလုပ်ပြီး အဆင်မပြေတာနဲ့ အလုပ်ထွက်အသစ်ရှာရပြန်တယ်။

၂ပတ်အကြာမှာ အိမ်နားက အကင်ဆိုင်မှာ မီးသွေးထည့်ပေးရတဲ့အလုပ်ကိုရခဲ့တယ် အိမ်နဲ့နီးတော့ပျော်ခဲ့တယ် ဒါပေမယ့် အလုပ်က လူမျိုးခြားအမျိုးသမီးက နိုင်ငံခြားသားမြန်မာလူမျိုးဆိုပြီး နှိမ့်ချခွဲခြားဆက်ဆံခဲ့တယ် တခြားလူမျိုးတူတွေကိုချိုချိုသာသာပြောပေမယ့် ကိုယ့်အလှည့်ကျ မခြေမငံပြောတာခံခဲ့ရတယ်။

မတော်တဆပါဆိုပြီး သံအပူချောင်းနဲ့ ပွတ်တိုက်တာကိုလည်းသည်းခံခဲ့ရတယ် ၁လပြည့်ခါနီးကျ နိုင်ငံခြားသားမို့ အဆင်မပြေပါဘူး ကိုးရီးယားလူမျိုးသာလိုချင်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်ခဲ့တယ် ဝမ်းနည်းရသလို ခံပြင်းခဲ့ပါတယ်။

မိသားစုမှာ ကျွန်တော်က သားကြီးမို့ အမေနှင့် ညီမလေးဘဝရပ်တည်နိုင်ဖို့ ကျွန်တော့်တာဝန်မို့ စွမ်းသလောက်ကြိုးစားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ ကျန်းမာရေးကမသိမသာဆိုးရွားနေခဲ့ပြီထင်တယ် ငွေရေးကြေးရေးကြောင့်သေချာမကုသခဲ့တော့ ပိုပြီးဆိုးလာတယ် နောက်ပိုင်း အလုပ်အတည်တကျမဟုတ်ဘဲ ကြုံရာလုပ်နေခဲ့တယ်။

တနေ့ ကံကောင်းစွာနဲ့ ပထမဆုံးလုပ်ခဲ့တဲ့ ကိုးရီးယားဆိုင်က မန်နေဂျာကပြန်ခေါ်လို့ အလုပ်သစ်တခုရခဲ့တယ် တာဝန်ကျေပွန်စွာ လုပ်ပေးခဲ့တာကြောင့် ရာထူးတနေရာနဲ့ သူဠေးအလေးပေးခြင်းခံခဲ့ရတယ် ဆိုင်တစ်ဆိုင်လုံးရဲ့ သော့တွေပါတာဝန်ယူအပ်နှံခံရတယ် ဆိုင်က စျေးကြီးပြီး ၃ထပ်ရှိတာကြောင့် မနက်တိုင်း ၉နာရီအရောက်သွားရတယ် ညဘက်အကုန်ပြန်မှ စစ်ဆေးပြီး ၁၁ နာရီမှပြန်ခဲ့တယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ တာဝန်တခုယူထားရတော့ တခြားလူမျိုးခြား လူကြီးတွေက ပြောဆိုကြတယ် အနိုင်ကျင့်ချင်ကြတယ်။ ၂လသည်းခံလုပ်ပြီးနောက်တော့ လူရောစိတ်ပါပင်ပန်းလွန်းတာကြောင့် လစာကောင်းပေမယ့် အလုပ်ထွက်ခဲ့တယ်

အဲဒီအလုပ်ကစပြီး ခါးနာဝေဒနာစခံစားခဲ့ရတယ် အလုပ်ဒဏ်ကြောင့် အညောင်းမိတာထင်ခဲ့တယ်
ဒီလိုနဲ့ အလုပ်သစ်ရှာနေရင်း ခါးကိုက်ဝေဒနာက ပိုပိုဆိုးလာခဲ့တယ်။

နောက်ပိုင်း မထိုင်နိုင် မထနိုင်ဖြစ်လာတယ်
ချောင်းဆိုးလာတယ် ရင်ဘတ်တွေနာကြင်တယ်
တနေ့ မခံနိုင်တဲ့အဆုံး အရိုးအကြောဠာနမှာကုသခဲ့တယ် အလုပ်ဒဏ်ကြောင့် အရိုးပျက်စီးပြီး အရွတ်ရောင်တာပါဆ်ိုပြီး ဆရာဝန်ကပြောခဲ့တယ်။

သက်သာလာတော့ အလုပ်လုပ်နေရင်းကနေ တနေ့ ဗိုက်အောင့်ဝေဒနာထပ်ခံစားရလာတယ် သည်းခံရင်းကနေခွေကျတဲ့ထိဖြစ်လာတော့ ညဘက်သူငယ်ချင်းအကူအညီနဲ့ ဆေးရုံပြေးခဲ့ရတယ် ဆေးရုံဘက်ကဓာတ်မှန်ရိုက်ပြီး မျက်နှာပျက်စွာနဲ့ တခြားဆေးရုံအမြန်သွားဖ်ို့ပြောခဲ့တယ်။

ဘာသာစကားအခက်အခဲကြောင့် အကြောင်းအရင်းကိုမသိခဲ့ရဘူး ဒါကြောင့်မြန်မာက အသိဆရာဝန်ဆီချက်ခြင်းဆက်သွယ်ခဲ့တယ် သိလိုက်ရတာက အဆုတ်မှာပြသနာရှိပြီး အသက်အန္တရာယ်ရှိနေခဲ့ပြီ ဒါကြောင့် ညွှန်တဲ့ဆေးရုံကိုအမြန်တက်ခဲ့တယ် ဓာတ်မှန်ရိုက် CTရိုက်ပြီး အဖြေရှာကြတယ်

နောက်မကြာခင်မှာ သီးသန့်အခန်းထဲထားပြီး ဘယ်သူနဲ့မှမတွေ့ရတော့ဘူး ဝေဒနာခံစားရင်း တယောက်ထဲအထီးကျန်ပြီး ကြောက်ရွံ့နေခဲ့တယ်

နောက်ရက်မှာဆရာဝန်က အဆုတ်နာနေကြောင်း၊ အဆုတ်ပျက်စီးနေကြောင်းနဲ့ TBဖြစ်နိုင်လို့ အခန်းခွဲထားရကြောင်း ပြောပြခဲ့တယ်

စစ်ဆေးမှုတွေလုပ်ပြီးနောက် အဖြေထွက်လာတယ်

ဆရာဝန်က ...
စိတ်ခိုင်ခိုင်ထားပါ ကင်ဆာဖြစ်နေပြီ လို့ပြောပြခဲ့တယ် 😢
ရောဂါအဖြေသိလိုက်ရတဲ့အချ်ိန်မှာတော့ ကင်ဆာဆဲလ်တွေကတစ်ကိုယ်လုံးပျံ့နေခဲ့ပြီ ဆေးရလဒ်အရ ၁ လခန့်ပဲနေရတော့မယ်💔 အားမပြတ်ခင် အိမ်အမြန်ပြန်သင့်တယ်တဲ့။ ဒီအဖြစ်အပျက်တွေက အိပ်မက်လိုပါပဲဗျာ

ကျန်းမာရေးအတွက်လည်း စိတ်ပူနေရသလို
ငွေကြေးစုထားတာလေးတွေလည်းကုန်ပြီမို့
သူငယ်ချင်းတွေက ပို့စ်တင်ပြီးအကူညီတောင်းဖို့
ကိုဇော်မိုးအောင်ကို အကူအညီတောင်းခဲ့တယ်
မြောင်းမြဆရာမအယ်နီကလည်း မမေရီနွမ်ကို
ဆက်သွယ်ပေးခဲ့လို့ စိတ်အေးရပါပြီဗျာ

ဒီနေ့ ဆေးရုံလာကြည့်သူ ၄၀ ကျော်ပါတယ်
ကိုးရီးယားသူနာပြုတွေက အံ့ဩခဲ့ကြတယ်
အပေါင်းအသင်းတွေ အလုပ်ရှင်ဟောင်းတွေ
သိသူခင်သူတွေက ဝန်းရံအားပေးကြတယ်

မြောင်းမြကသူငယ်ချင်းတွေ ရန်ကုန်ဆင်းပြီး
ကျွန်တော့်ကိုလာကြိုဆိုကြမယ်လို့ပြောတယ်

ဒီညက ကျွန်တော့်ရဲ့ကိုးရီးယားနောက်ဆုံးညပါ
မနက်ဖြန်ဒီနိုင်ငံကိုထားခဲ့ပြီးအမိမြေပြန်ပါမယ်
ကျန်ရှိနေတဲ့အချိန်လေးတွေမှာ မိသားစုနဲ့အတူ
အိမ်လေးထဲပျော်ပျော်ပါးပါးနေချင်တယ်ဗျာ ...

ဖြစ်ပျက်လာတဲ့အခြေအနေကို လက်ခံရင်း
ကျွန်တော် စိတ်ခိုင်ခိုင်ထားထားပါတယ်ဗျာ
မေမေနဲ့ ဖုန်းပြောရင် မျက်ရည်မခိုင်ဘူးဗျ 😭
အိမ်ထောင်ရေးလမ်းခွဲထားတဲ့အဖေနဲ့အမေလည်း သားနေမကောင်းတာနဲ့ပြန်အဆင်ပြေလိုက်ကြတယ်။ ဒါ သားတို့မောင်နှမအတွက် အဆိုးထဲကအကောင်းတခုပါဗျာ

ပြည်ပရောက်မြန်မာညီကိုမောင်နှမတွေလည်း
ကျန်းမာရေး မိသားစုအရေးဂရုစိုက်ကြပါဗျာ
ကျန်းမာရေးနဲ့ မိသားစုပြိုကွဲတဲ့ဒဏ်မလွယ်ဘူးဗျ
အသက်ငယ်ပြီးတောင့်ခံနိုင်တိုင်း မသန်မာကြပါနဲ့
အလုပ်လည်းလုပ် အနားယူ အဟာရရှိရှိစားပြီး
ကျန်းမာရေးလည်းစစ်ဆေးကြည့်စေလိုပါတယ်

လိုင်းပေါ်ကနေအလှူငွေပို့သူတဦးစီကိုလည်း
အရမ်းလေးစားပြီး ကျေးဇူးတင်ပါတယ်ဗျာ
ကိုးရီးယားဝမ် သိန်း ၁၅၀ ခန့် ဝင်လာပါပြီ
တချို့ဆိုရင် Kpay နဲ့တောင်အလှူငွေပို့ကြတယ်

ဆေးဝါးနဲ့လည်းတတ်နိုင်သလောက်ဆက်လက်ကုသရင်း မျှော်လင့်ချက်တစ်ခုနဲ့ ဖြတ်သန်းရပါတော့မယ် ကျွန်တော် ကျန်းကျန်းမာမာနေချင်ပါသေးတယ်

အန်တီမေရီနွမ်စီကတဆင့် ကျွန်တော့်ကိုးရီးယားဘဝအကြောင်းကို ပြောပြခွင့်ရလို့ အထူးကျေးဇူးတင်ပါတယ်

ကောင်းထက်နိုင် (ခေတ္တကိုးရီးယား)

ဆက်လက်ဆေးကုသစရိတ်အတွက် ကူညီလိုပါက ကူညီနိုင်ပါတယ်ရှင် 🙏

NH 농협은행 3021898882481
KAUNG HTET NAING




၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂ ရက်၊ တရုတ်နိုင်ငံ ချွန်ချင်းမြို့မှာ အဆောက်အဦးအမြင့် ၁၅-ထပ်က​​နေ ၃နှစ်အရွယ် မိန်းကလေး နဲ့ ၂နှစ်အရ...
28/10/2025

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂ ရက်၊ တရုတ်နိုင်ငံ ချွန်ချင်းမြို့မှာ အဆောက်အဦးအမြင့် ၁၅-ထပ်က​​နေ ၃နှစ်အရွယ် မိန်းကလေး နဲ့ ၂နှစ်အရွယ် ယောက်ျား ကလေး​လေး နှစ်ဦး ပြုတ်ကျခဲ့ပါတယ်

ဒီ က​လေး ၂ဦးပြုတ်ကျခဲ့တဲ့ မနီးမ​ဝေးမှာ
အ​ဖေဖြစ်သူ Zhang Bo ဟာ ​
အော်ကြီးဟစ်ကျယ်ငိုလိုက် သူ့ကိုယ်သူအပစ်တင်လိုက် ​
သတိ​မေ့သွားလိုက်ဖြင့်ဝမ်းနည်းပူ​ဆွေး​နေခဲ့တယ်...

က​လေး၂​ယောက် ဟာ သူ့​ပေါ့ဆမှု့​ကြောင့်
သူသတိမထားမိလိုက်ခင်မှာ
၁၅ လွှာပြတင်း​ပေါက်ကပြုတ်ကျသွားတယ်ဆိုပြီး
သူ့ကိုယ်သူအပစ်တင်​အော်ဟစ်ငို​ကြွေး​နေ​တော့ ​
ဘေးမှာ လာကြည့်​နေတဲ့ သူ​တွေက ဖခင်တစ်​ယောက်​ရဲ့သောကကို စာနာနားလည်ပြီး Bo ကို ဝိုင်းသနားကြတယ်

အဲ့ဒီလိုနဲ့ အမှု့အခင်းဖြစ်တဲ့ ​နေရာကို ရဲ​တွေ​ရောက်လာပြီး အဖြစ်အပျက်​တွေကို စစ်​ဆေး​မေးမြန်းကြတယ်...

ရဲ​တွေက အဖြစ်အပျက်​တွေကို ​သေချာနား​ထောင်ပြီး
ဒီ အမှု့ကို စိတ်ထဲ ဘဝမကျတာနဲ့ ​
သေချာစစ်​ဆေးခဲ့ကြတယ်...

က​လေး​​လေး၂​ယောက်မှာ ​သမီး​လေးက ပွဲချင်းပြီးခဲ့​ပေမယ့် ၂နှစ်အရွယ်သား​လေးက ​ဆေးရုံ​ရောက်ပြီး
အချိန်အတန်ကြာမှာ ​ေ.သ ဆုံးသွားတယ်

က​လေးအ​ဖေ Zhang Bo မှာ Linn ဆိုတဲ့ မိန်းမရှိတယ် ..
သူတို့၂​ယောက် လက်ထပ်ပြီးတဲ့ အခါ
က​လေး၂​ယောက်ထွန်းကားခဲ့ကြတယ်
Bo ဟာ နယ်ဘက်ကလာတဲ့သူဖြစ်ပြီး
သူက ချမ်းသာချင်တယ် ကြွယ်ကြွယ်​ဝဝ​နေချင်တယ်
သူ​ဌေးလို​နေချင်တယ်..

2011 ခုနှစ်မှာ Bo နဲ့ Linn က ​တွေ့ဆုံခဲ့ပြီး
Linn ရဲ့ မိဘ​တွေတား​နေတဲ့ ကြားက​နေ Linn ဟာ Bo ကိုလက်ထပ်ခဲ့တာဖြစ်တယ်...
Bo ကလည်း သူ့ထပ် ချမ်းသာတဲ့ မိန်းမကို ရတာ​ကြောင့် ​ပျော်ရွှင်နေခဲ့တယ်..

အစပိုင်းမှာ Bo က Linn ကို အရမ်းချစ်တယ်
အရမ်းဂရုစိုက်တယ်... ဒီလိုနဲ့
က​လေး၂​ယောက် ရပြီးတဲ့ ​နောက်ပိုင်းမှာ
Bo ရဲ့ အကျင့်​တွေက ​ပြောင်းလဲလာတယ်...
အိမ်မှာသိပ်မ​နေ​တော့ဘူး Linn အ​​ပေါ်မှာလည်း
အရင်လို ဂရုစိုက်မှူ့​တွေမရှိ​တော့ဘူး...

အဲ့ဒီ​နောက်မှာ Bo ဟာ Yan Chan Chan ဆိုတဲ့ ​
ကောင်မ​လေးနဲ့ ​တွေ့ခဲ့တယ် ​တွေ့ပြီးမကြာခင်မှာ
Chan နဲ့ Bo ဟာ ရည်းစား​တွေဖြစ်ခဲ့တယ်

သို့​​ပေမယ့် ..Bo ဟာ မိန်းမ ဖြစ်သူ Linn နဲ့
တရားဝင်မကွာရှင်းရ​သေးဘူး
ကြာလာ​တော့ Bo ဟာ သူ့ဘက်ကစတင်ပြီး
Linn ကို ကွာရှင်းဖို့ ​တောင်းဆိုတယ်

Linn ဟာ ရုတ်တရက်
Bo ကွာရှင်းခွင့်​တောင်းတဲ့ အခါမှာဆိုရင်
ဒီ အိမ်​ထောင်​လေးကို မပျက်သွားချင်တာမို့
Bo ကို ဒူး​ထောက်ပြီးငိုယို ​တောင်းပန်ခဲ့တယ်
သို့​ပေမယ့် Bo က မရဘူး ကွာဖို့​အတင်းတောင်းဆိုတယ်
ဘာလို့လည်းဆို​တော့
Chan ကို သူက တရားဝင် လိုချင်​နေပြီမို့
မရမက​တောင်းဆိုတာဖြစ်တယ် ...
Chan က Linn ထက်ပိုချမ်းသာတာ​ကြောင့်
နဂိုကတည်းက ​​ငွေမက်တဲ့ Bo ဟာ Linn ကို ရက်ရက် စက်စက် လမ်းခွဲဖို့​ပြောလာခဲ့တယ်

ဒီလိုနဲ့ Bo နဲ့ Linn တို့ဟာ 2020 ခုနှစ်မှာ တရားရုံးမှာ တရားဝင် ကွာရှင်းခဲ့ကြတယ်
ကွားရှင်းပြီး​နောက်မှာ မိန်းက​လေးကို
အ​မေဖြစ်သူ Linn က အုပ်ထိန်းခွင့်ရပြီး
အ​ဖေဖြစ်သူ Bo က ​ယောကျ်ား​လေးကို အုပ်ချုပ်ခွင့်ရတယ် သို့​ပေမယ့် က​လေးအသက် ၆ နှစ်ပြည့်တာနဲ့
မ​အေ ဖြစ်သူ Linn က သား​လေးရဲ့
အုပ်ထိန်းခွင့်ကိုအပြည့်အဝ ရမှာဖြစ်တယ်...

ဒီလိုနဲ့ Bo နဲ့ Linn တရားဝင် ကွာရှင်းခဲ့​ပေမယ့်လည်း
အခုလက်ရှိချစ်သူ Chan က ဖိအား​တွေ
မျိုးစုံ​​ပေး​နေတုန်းပါပဲ ..

Chan က ဘယ်လိုဖိအား​ပေးလည်းဆိုရင်
လင်မယား ၂​ယောက် ကွဲ​သွားပြီဖြစ်​ပေမယ့်လည်း
Bo ဟာ က​လေး၂​ယောက် အ​ဖေဆိုတာ ဘယ်လိုမှ ​ဖျောက်ဖျက်မရနိုင်တာမို့
ဒီ က​လေး​တွေ မရှိမှကိုဖြစ်မယ်ဆိုပြီး Bo ကို ဖိအား​ပေးတယ် Bo က Linn နဲ့ တရားဝင် ကွဲထားပြီးတာပဲ က​လေး​တွေကဘားမှ မဆိုင်​တော့ပါဘူး​ပြော​ပေမယ့်လည်း
Chan က မရဘူး ငိုယိုပြီး က​လေး၂​ယောက်ကို
အပြတ်ရှင်းခိုင်းခဲ့တယ်.... Bo ကို Chan က ​နေ့တိုင်း
ဒီလို ဖိအား​တွေ​ပေး​ပေမယ့် က​လေး​တွေကို ဘယ်လိုမှ
မလုပ်ရက်တာ​ကြာင့် 2020 ခုနှစ် မှာပဲ Bo ဟာ စိတ်အရမ်းပင်ပန်းပြီး Chan နဲ့ ခဏ ပျက်သွားခဲ့တယ်...

သို့​ပေမယ့် သိပ်မကြာခင်မှာပဲ Bo က Chan ကို
ဘယ်လိုမှ မခွဲနိုင်လို့ပါဆိုပြီး ပြန်​တောင်းပန်တယ်
အဲဒီ့ အချိန်မှာ Chan က Bo ကို နင့် က​လေး၂​ယောက်ကို ရှင်းပစ်မယ်ဆို ငါပြန်လက်ခံမယ် နင် ငါနဲ့တွဲချင်ရင်
ဒီ က​လေး၂​ယောက်ရှိလို့ကို မရဘူး
အပြတ်ရှင်း​ပေးလို့​ပြောလာတယ်
ဒီ စကားကို Bo က လက်ခံခဲ့လိုက်တယ်....

ဒီ အမှု့ကို စစ်​တော့

Chan ဟာ Bo ကို Wechat မှာ က​လေး​တွေကို ရှင်းပစ်​ပေးဖို့ ဖိအား​ပေးထားတဲ့ စာ​တွေ အပြန်အလှန်ပို့ထားတာ
စစ်​ဆေး​တွေ့ရှိခဲ့တယ်

Bo က ချမ်းကို ​အောက်တိုဘာလထဲ
ဒီ က​လေး၂​ယောက်ကို ရှင်းပါ့မယ်လို့ ကတိ​ပေးခဲ့တယ် ...
သို့​ပေမယ့် က​လေးအနားမှာ
အ​မေဖြစ်သူ Linn က အမြဲ ရှိ​နေ​တော့
သူဘယ်လိုမှ ရှင်းလို့မရ​ကြောင်း Chan ကို
Wechat က​နေ ပုံ​တွေပြပြီး​ပြောတယ်...

ဒီ လိုနဲ့ သူကတိ​ပေးထားတဲ့ ​အောက်တိုဘာလကုန်ပြီး နိုဝင်ဘာလထဲ ​ရောက်သည်အထိ
က​လေး​တွေကို မရှင်းနိုင်တဲ့ အခါမှာ
Chan က Bo ကို ငိုယိုပြီး နင်နဲ့ငါ ခွဲရမှာပဲ မရဘူး
ဒီ က​လေး​တွေ ကိုနင်မရှင်းရင်
ငါ့ကိုယ်ငါ ​သ..က်..​​ေ...သ.. မယ် ဒီ မှာ​တွေ့လားဆိုပြီး
V CALL နဲ့ သူ့ လက်ကို ​Drrr နဲ့ ​ cutttt ပြတယ်
အဲ့အချိန်မှာ လူယုတ်မာ Bo က အရမ်းစိတ်မ​ကောင်းဖြစ်ပြီး က​လေး​တွေကို ရှင်းဖို့ စတင်​တော့တယ်..

အဲဒီ့ အချိန်မှာ ...မ​အေဆီ​​ရောက်​နေတဲ့ သမီး​လေးကို
အဝတ်​လေး​တွေဝယ်​ပေးမယ် သား​လေးနဲ့​လည်း​ပေး​တွေ့ဖို့
ငါ့ဆီ လာပို့​ပေးပါဆိုပြီး​ Linn ကို ဖုန်းဆက်ပြောတဲ့အခါ
မ​အေဖြစ်သူ Linn ကလည်း သား​လေးနဲ့ သမီး​လေး​တွေ့ရပါ​စေ​တော့ ဆိုပြီး သွားပို့​တော့ Linn ရဲ့ အ​မေဖြစ်သူက​တောင်
နင့် ​ယောကျ်ား​​​ဟောင်းက က​လေးကို ဒီလို​ခေါ်တာ ​
ရိုး​​ရောရိုးရဲ့လား က​လေး​တွေကို
နင်​သေချာဂရုစိုက်ပါဦး လို့​တောင်
သတိ​ပေးလိုက်သေးတယ်
သို့​ပေမယ့် Linn က ဘားမှ မဖြစ်နိုင်ပါဘူးဆိုပြီး
Bo ဆီ သမီး​လေးကိုပို့​ပေးခဲ့တယ်....

ပို့ပြီး​တော့ သူက အလုပ်ကိုပြန်သွားပြီး က​လေးကို ည​နေမှ လာ​ခေါ်မယ်ဆိုပြီး ​ပြောခဲ့တယ်...သို့​ပေမယ့်အ​မေဖြစ်သူဟာ ည​နေမှာ အလုပ်​တွေ မပြတ်​သေးပဲ ​နောက်ကျ​နေတဲ့ အချိန်မှာ Bo ဆီက ဖုန်းဝင်လာတယ်....

က​လေး​တွေ အိပ်ကုန်ပြီ မို့ ဒီည​တော့ ဒီမှာ
သိပ်ထားလိုက်​တော့မယ်ဆိုပြီး ဖုန်းဆက်​တော့
Linn ကလည်း Bo အိမ်မှာ Bo ရဲ့ အ​မေလည်းရှိ​နေ​တော့
အိပ်ပါ​စေ ဆိုပြီး သမီး​လေးကို
စိတ်ချလက်ချ ထားခဲ့လိုက်တယ်...

​နောက်တစ်​နေ့ ​နေ့လည်​လောက်မှာ
Bo ဟာ သူ့အ​မေကို အိမ်က​နေ ပ ထုတ်လိုက်ပြီး
သူ့အ​မေအိမွကထွက်သွားတဲ့ အချိန်မှာ..
Bo ဟာ က​လေး ၂​ယောက်ကို
၁၅ လွှာက​နေ ..ပ..စ်...ခ..ျ လိုက်တယ်
အဲ့ဒီလို လုပ်ပြီးတာနဲ့ Bo ဟာ ​​အောက်ထပ်ကို ​ပြေးဆင်းပြီး က​လေး၂​ယောက် မ​တော်တဆ ပြုတ်ကျတယ် ကယ်ကြပါဦးဆိုပြီး ငိုယိုပါ​တော့တယ်....

ဒီ အမှု့ကို ရဲ​တွေက စစ်​ဆေးတဲ့ အခါ
က​လေး​တွေသာ အမှန်တကယ်
တွယ်တက်ပြီးပြုတ်သာကျခဲ့တာဆိုရင်

ပြတင်းတံခါးမှာ က​လေး​တွေရဲ့
လက်အရာ​လောက်​တော့ကျန်ရမယ်
ဒီ မှန်ကိုတွယ်တက်မှပြုတ်ကျမှာ
သို့​ပေမယ့် မှန်မှာဘအရာမှမရှိဘူး ​
အောက်​ရောက်​တော့လည်း ​​အောက်တည့်တည့်မကျပဲ ​
တော်​တော်​ဝေး​ဝေး​လေးမှာ ကျ​နေတဲ့ အတွက် ..
Bo ဟာ က​လေး၂​ယောက်ကို ခပ်​ဝေး​ဝေး လှန်းပြီး
ပစ်ထုတ်လိုက်တာဆိုတာ ပို​သေချာသွားတယ်...
ဒါ့အပြင် Wechat မှာ Bo နဲ့ Chan ​ပြောထားတဲ့ စာ​တွေကို ​
ရဲ​တွေက ခြေရာခံ နိုင်ခဲ့ကြတယ်....

ဒီ အမှု့မှာ Bo ကို စစ်​ဆေး​တော့ ဝမ်းနဲ​နေတဲ့ ပုံမ​ပေါ်ပဲ
အူ​ကြောင်​ကြောင်လုပ်ပြ​နေတယ်...

ဒါ့အပြင် Chan ကိုပါဖမ်းဆီးပြီး စစ်​ဆေး​တော့ Chan က
အ​​သဲအသန်ကိုငြင်းတယ် ငါနဲ့ ဘားမှ မဆိုင်ပါဘူး
ငါနဲ့ မပတ်သက်ပါဘူး ဆိုပြီး ငြင်းတယ်
သို့ပေမယ့် Wechat က စာ​တွေ​ကြောင့်
ဘယ်လိုမှ ငြင်းမရ​တော့ပဲ ​နောက်ဆုံးမှာဝန်ခံခဲ့ရတယ်....

Bo ရဲ့ မိဘ​တွေဟာလည်း အစပိုင်းမှာ သူ့သားက ဒီလိုလုပ်မှာမဟုတ်ဘူးဆိုပြီး ကာကွယ်​ပေးတယ် ​
ရှေ့​နေ​တွေ ​ခေါ်​ပေးတယ် ဒါ​ပေမယ့် Wechat က စာ​တွေကို ရဲ​တွေက ပြလိုက်တဲ့ အချိန်မှာ
သူတို့ သားဖြစ်သူ Bo ကို အရမ်းမုန်းတီးခဲ့ပြီး
ရဲ​တွေကို ကြီးမားတဲ့ ပစ်ဒဏ်သာ​ပေးလိုက်ပါ ​ရှေ့​နေလည်းဆက်မငှား​ပေး​တော့ပါဘူး ဆိုပြီး ရင်နာနာ​ပြောခဲ့တယ်

ပထမတရားရုံး (Chongqing No. 5 Intermediate People’s Court)
၂၀၂၁ ဒီဇင်ဘာ ၂၈ ရက်​နေ့ ထုတ်ပြန်ချက်မှာ
ပစ်မှု့ထင်ရှား​သော​ကြောင့် Zhang Bo နဲ့ Ye Chengchen တို့ကို ​​ေ..သ ..ဒဏ် ကျခံ​စေလို့ စီရင်ခဲ့တယ်။

၂၀၂၄ ဇန်နဝါရီ ၃၁ ရက် မှာ
တရားရုံးက စိစစ်ပြီးနောက် အမိန့်အတိုင်း
အမြင့်ဆုံး ပစ်ဒဏ်ကို ချွန်ချင်းမြို့တရားရုံးမှာ အကောင်အထည်ဖော်ခဲ့ပါတယ်

ဒီ အမှု့မစီရင်ခင်မှာလည်း Chan ရဲ့ မိဘ​တွေက
ချမ်းသာတာမို့ ​ငွေ​ပေးပြီး အမှု့ကို ​လျှော့​ပေါ့​ပေးဖို့
က​လေးအ​မေ Linn ကို​တောင်းဆိုခဲ့ကြတယ်
Linn က လုံးဝ လက်မခံခဲ့ပါဘူး
ထိုက်သင့်တဲ့ ပစ်ဒဏ်ကိုပဲ လိုချင်ပါတယ်ဆိုပြီး Chan ရဲ့ မိဘ​တွေကို ပြန်​ပြောခဲ့တယ်

ဒါ့အပြင် Bo ဟာလည်း သူ့ဇနီး​​ဟောင်း Linn ကို
စာ​ရေးပို့ခဲ့တယ် ..ငါက Chan ဆိုတဲ့ မိန်းမရဲ့ ဖိအား​ပေးမှု့​ကြောင့်
ဒီလိုမလုပ်သင့်တာ​တွေ လုပ်ခဲ့မိတာပါ
​နောင်တလည်းရ​နေပါပြီ
ငါနဲ့ မင်းအရင်က ​ပျော်ရွှင်ခဲ့ရတာ​တွေ
ငါမင်းကို သိပ်ချစ်ခဲ့တာ​တွေ
က​လေး​တွေနဲ့ ​ပျော်ပါးခဲ့တာ​တွေကို ​တွေးပြီး
သူ့ကိုခွင့်လွှတ်​ပေးပါ လို့ စာ​ရေးခဲ့တယ် ...

Linn က ဒီစာဟာ သူ့ပစ်ဒဏ်​တွေ ​လျှော့သွား​အောင် တရားရုံးကို​ပြော​စေချင်တယ်ဆိုတာကို သိ​တော့
လုံးဝ လက်မခံ ခဲ့ဘူး ထိုက်သင့်တဲ့ ပစ်ဒဏ်သာ​ပေးဖို့ ​ပြောခဲ့ပါ​တော့တယ်....

လူမဆန် ယုတ်မာလွန်းတဲ့ Bo ဟာ ​
ကောင်မတစ်​ကောင်​ပြောတဲ့ စကားနဲ့တင်
ကိုယ့်ရင်​သွေး၂​ယောက်ကို ရက်ရက်စက်စက်
ကြိုတင်ကြံစီခဲ့တယ်
အရမ်းရွံဖို့​ကောင်းသလို့ Bo ​ရော လူယုတ်မာမ Chan ​ရော ဒီ ​ေ..သဏဏ် နဲ့ ၁၀ ခါပြန်ကို ထိုက်တန်ပါ​တယ်...

သို့​ပေမယ့် အပစ်မရှိတဲ့ က​လေး၂​​ယောက်ရဲ့ ကြမ္မာဆိုးကြီး​ကြောင့် ဒီ အ​ကြောင်းကိုဖတ်​​နေရင်း လွန်စွာဝမ်းနဲရသလို
Bo နဲ့ Chan ဆိုတဲ့ ၂​ယောက်ကိုလည်း ​တော်​တော်ရွံရှာမိပါ​တော့တယ် ...

မိခင်​တွေလည်း ကိုယ့်က​လေး​တွေကို ပိုဂရုစိုက်ဖို့
ပိုပြီး.သတိရှိကြဖို့ အကြံပြုချင်ပါတယ်..

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959421136075

Website

Alerts

Be the first to know and let us send you an email when Entertainment For You All posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share