
14/08/2025
#ယုဇနပန်း
💙💙💙 ဒီပန်းလေး တွေ့ရင် ငယ်ငယ်တုန်းက နေခဲ့တဲ့ အိမ်လေးကို အရမ်းသတိရတယ်။
ပန်းပွင့်တဲ့ အချိန်ဆို ဘေးနားက အိမ်တွေ အထိပါ မွှေးနေတာ။
ကိုယ်တွေ ဆီမှာတော့ သနပ်ခါးပန်း လို့ခေါ်တာ 💙💙💙
“ ယုဇနပန်း နဲ့ ကျန်းမာရေး ”
အဆင်အသွေးလည်းလှ၊ ရနံလေးလည်း သင်းပြီး ချစ်စရာ ကောင်းလွန်းတဲ့ ယုဇနပန်းလေးတွေကို နေအိမ်မှ အလှစိုက် ထားလေ့ရှိကြတယ်နော်။ ယုဇနပန်းလေးရဲ့ အနံ့ မွှေးမွှေးလေးက ရာသီဥတု အေးအေးလေးမှာဆို သင်းသင်းလေးနဲ့ စိတ်ထဲတော်တော်လေး ကြည်နူးစရာ ကောင်းစေပါတယ်။ ဒီ ပန်းလှလှလေးက ကျန်းမရေးကို ဘယ်လိုများ အားဖြည့်ပေးသလဲ ...
အပွင့်ဖြူဖြူ အဝါရောင် ဝတ်ဆံ အနံ့ မွှေးမွှေးလေးတွေရှိတဲ့ ယုဇနပန်းလေးက
#အသားအရေ ချောမွတ်စေတယ်
ယုဇနပန်း ပွင့်ချပ်လေးတွေကို ရေစင်အောင်ဆေးလို့ ပန်းကန်လုံး တစ်လုံးစာကို ရေနဲ့ရောလို့ အနှစ်ရအောင် ကြိတ်ပါ။ ရလာတဲ့ အနှစ်ကို အရေပြားပေါ်ကို လိမ်းပေးပြီး ခြောက်သွားရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးရင် အသားအရေ ချောမွတ်စေမှာပါ။
#သွားကိုက်တာကို သက်သာစေတယ်
ယုဇနပန်းရဲ့ အဆီအနှစ်က သွားကိုက်တာကို သက်သာစေနိုင်ပါတယ်။ ပန်းကို ရေစင်အောင်ဆေးလို့ မီးနွေးနွေးလေးနဲ့ အပူပေးပါ။ ရလာတဲ့ အဆီကို နာနေတဲ့ သွားပိုးပေါက်ထဲကို ထည့်ပေးတာ ဒါမှမဟုတ် သွားဖုံးကို လိမ်းပေးတာက သွားကိုက်သွားနာတာကို သက်သာစေမှာပါ။
#မွေးကျွတ်နာကို သက်သာစေတယ်
ရေစင်အောင်ဆေးပြီး အခြောက်ခံထားတဲ့ ယုဇနပင် အမြစ်ကို သေးသေးလေးတွေ ခုတ်ပါ။ ပြီးရင် ရေဆူဆူထဲ ၃ ခွက် ၁ ခွက်တင် ပြုတ်ပြီး ရလာတဲ့ အရည်ကို အနာကို ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်ပေးပါ။
#ကိုယ်အလေးချိန် ထိန်းညှိပေးတယ်
ယုဇနပင် အရွက်ကို လက်တစ်ဆုပ်စာဆေးပြီး လက်နဲ့ ခြေပါ။ ပြီးရင် ရေတစ်ခွက်ထည့်ပြီး စိမ်ထားပါ။ ပြီးရင် အရွက်ဖတ်တွေကို စစ်ပြီး အရည်ကို သောက်သုံးမယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ မနက်ခင်း နိုးနိုးချင်း သောက်ပေးရုံပါ။
#ရာသီလာစဉ် နာကျင်တာကို သက်သာစေနိုင်တယ်
ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ ရေနွေးဆူဆူထဲကို ရေစင်အောင်ဆေးထားတဲ့ ယုဇနပင်အရွက် အနည်းငယ် ချင်း (ဂျင်း) နည်းနည်းတို့ ထည့်ပြီး စိမ်သောက်ပေးလို့ရပါတယ်။
#အဆစ်နာတာကို သက်သာစေတယ်
အဆစ်တွေ နာနေမယ်ဆိုရင် ယုဇနပင် အမြစ်ကို ရေနွေး ဆူဆူထဲ ထည့်ပြုတ်လို့ ရလာတဲ့ ရေနွေးကို ဇလုံတစ်ခုထဲထည့်ပြီ ခပ်နွေးနွေးမှာ အဆစ်နာနေတဲ့ နေရာကို စိမ်ပေးလို့ရပါတယ်။ ရေနွေးဝတ် ကပ်ပေးလို့လည်း ရပါတယ်။
#ခံတွင်းအနာကို သက်သာစေနိုင်တယ်
ရေစင်အောင် ဆေးထားတဲ့ ယုဇနပင် အမြစ်ကို ရေနွေး ဆူဆူထဲ ထည့်ပြုတ်ပါ။ ရလာတဲ့ အရည်ကို ခပ်နွေးနွေးမှာ ပလုတ်ကျင်း ပေးပါ။ ပုံမှန် လုပ်ပေးမယ်ဆိုရင် ခံတွင်း အနာကို သိသိသာသာ သက်သာစေမှာပါ။