Osiris အိုဆိုင်းရစ်

Osiris အိုဆိုင်းရစ် We're in New Age Spirituality, Baby.

Shamanic
Alternative Spiritual Mentor
Divination Tools Master
ယဉ်ကျေးလိမ္မာဓမ္မစကူးဘွဲ့ရ
သီရိသုဓမ္မစောက်ကြောတင်း


https://t.me/+fkw6TEronQ0wZDU9

ရူပဒါနငါ့ကိုစောက်ထင်ကြီးချင်တဲ့သူများအတွက်
27/06/2025

ရူပဒါန

ငါ့ကို
စောက်ထင်ကြီးချင်တဲ့သူများအတွက်

Pick a cardသင်ဘာဖြစ်မလဲ?
27/06/2025

Pick a card
သင်ဘာဖြစ်မလဲ?

27/06/2025

တပည့်တွေ ဆိုသည်မှာလဲ အမွှေပါနော်။

YouTube live ကို TV နဲ့ ချိတ်ကြည့်ရတယ်လို့။

ဗေဒင်ဆရာနဲ့ မင်းသားနဲ့ မှားနေအုန်းမယ်။

ကိုယ့်ရှေ့ထိုင်ပြောနေသလိုဘဲတောင် ပြောလိုက်သေးတာ

ဘုရား ဘုရား 🤣

ရှက်လိုက်တာ

27/06/2025

လူတိုင်းမှာ ဘဝက ပေးတဲ့ စိတ်ပြဿနာ၊ စိတ်ဒဏ်ရာတွေဆိုတာ သဘာဝအတိုင်းရှိနေတာပါ။

တချို့ ဒဏ်ရာတွေက ကုစားလို့ရတယ်။
တချို့ ဒဏ်ရာတွေက ကုစားလို့မရပါဘူး။

တချို့က စိတ်ပြဿနာစိတ်ဒဏ်ရာတွေရှိနေတာ သက်ဆိုင်ရာ ဆရာသမားတွေနဲ့ ကုစားဖို့ မကြိုးစားဘဲ ဗေဒင်နဲ့ တခဏတာလေး အဆင်ပြေရင်ပြီးရောဆိုပြီး လာဖြေဖျောက်နေတတ်ကြပါတယ်။

ဗေဒင်ပညာနဲ့ အရာရာကို မကုစားပေးနိုင်ပါဘူး။

ကုပေးနေတဲ့ ဆရာတိုင်းမှာတောင် ကိုယ်စီ စိတ်ဒဏ်ရာ စိတ်ပြဿနာ ပေါင်းစုံ ဘဝကပေးလို့ ရှိနေပြီးသားပါ။

အရှိကို အရှိတိုင်း လက်ခံပြီး ဒီလိုဘဲ အားလုံးနေထိုင်ကြရပါတယ်။

ကိုယ်ဆို ဗေဒင်ဆရာ ဖြစ်မှ စိတ်ပြဿနာတွေ ပိုတိုးလာသလိုဘဲ။

We are neither Super heroes or Gods.
We are the same as you.
We are Only Humans.

Osiris

All rights reserved to original artists & creators.
https://youtu.be/58hoktsqk_Q?si=udVZW_VXsgrty78A

Welcome to July 2025Ex ကို တ နေကြတဲ့သူတွေ ကိုကိုပြန်လာမှာလား။မောင် ပြန်လာမှာလား ဆိုတဲ့သူတွေအကောင်းဆုံး ပြင်ဆင်ထားကြပါနော...
27/06/2025

Welcome to July 2025

Ex ကို တ နေကြတဲ့သူတွေ
ကိုကိုပြန်လာမှာလား။
မောင် ပြန်လာမှာလား ဆိုတဲ့သူတွေ
အကောင်းဆုံး ပြင်ဆင်ထားကြပါနော်။

ကိုယ့်ဖာကိုယ် စိတ်ပြဿနာတွေ ပလုံစီနေတဲ့အချိန်မှာ ဒင်းတို့တွေက ချီးထုပ် ချီးပေ ပြန်လာလုပ်ဖို့ ရှိနိုင်ပါတယ်။

July ၇ လပိုင်း 2025 အတွက် ထပ်မှာမယ်နော်။ ဂြိုလ်နက္ခတ်တွေ Retrograde ဖြစ်‌တာတွေရော၊ Conjunction ဖြစ်တာတွေရော၊ ဂြိုလ်အရွှေ...
27/06/2025

July ၇ လပိုင်း 2025 အတွက် ထပ်မှာမယ်နော်။

ဂြိုလ်နက္ခတ်တွေ Retrograde ဖြစ်‌တာတွေရော၊ Conjunction ဖြစ်တာတွေရော၊ ဂြိုလ်အရွှေ့အပြောင်းတွေရော အကုန်စုံမဲ့ကာလဖြစ်ပါတယ်။

ဒီဆရာ အပါအဝင် လူတိုင်းအပူလုံးကြွပြီး လူလုံးမလှ ဖြစ်ကြမဲ့အချိန်လို့ ကြိုမှာထားပါရစေ။

တခုမှာချင်တာ ဘာမှ မကြောက်နဲ့ မစိုးရိမ်နဲ့။
Universe က ကိုယ့်ဘဝမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာတွေ၊ ရှိသင့်ရှိထိုက်တဲ့အရာတွေ၊ပုံစံတွေ အကုန် ပုံဖော်ပေးသွားပါလိမ့်မယ်။
ဘယ်အရာမှ ထိန်းချုပ်ဖို့၊ တွန်းလှန်ဖို့ မကြိုးစားပါနဲ့။ ကြိုးစားလေ ပိုဆိုးလေ ဖြစ်ပါလိမ့်မယ်။ Surrender အကုန်လုံးကို လွှတ်ပေးထားလိုက်ပါ။ မလွှတ်ပေးနိုင်ရင် ပိုပင်ပန်းပါလိမ့်မယ်။

Universe နဲ့ အတူ co-create ကိုယ့်ဘဝ၊ ကိုယ်ဖြစ်တည်မှု အစစ်အမှန်ကို ရှာဖွေပါ။
သဘာဝအတိုင်း လက်ခံပါ။ သဘာဝအတိုင်း နေပါ။ တှုန့်ပြန်ပါ။
သူများစကားနားထောင်ပြီး လျောက်မလှုပ်ပါနဲ့။ ကိုယ်စကားကိုယ်နားထောင်ပြီး ကိုယ့်အတွက် အဆင်ပြေစေမဲ့ ပုံစံတွေကိုဘဲ ဦးစားပေးရွေးချယ်ပါ။

ဒီလောကမှာ မှန်နေတာ လဲ မရှိဘူး။ မှားနေတာလဲ မရှိပါဘူး။ အကုန်လုံး ရေကြည်ရာမြက်နုရာ ရှင်သန်နေကြရတာဖြစ်လို့ ကိုယ့်အတွက် ကောင်းတာ ကိုယ်လုပ်နေကြတာ ဖြစ်ပါတယ်။
သူများတွေကိုလဲ ဒီအတိုင်း နားလည်လက်ခံနိုင်အောင် လုပ်ပါ။

ကိုယ်မလုပ်နိုင်တဲ့အရာတွေ၊ ကိုယ်မတတ်နိုင်တဲ့အရာတွေ၊ အဆင်မပြေတဲ့လူတွေကိုလဲ ဥပေက္ခာတရား ကျင့်သုံးပြီး နေနိုင်အောင် ကြိုးစားပါ။

သက်သက်သာသာ အေးအေးဆေးဆေး နေနိုင်အောင် ကြိုးစားကြပါ။
စိုးရိမ်စိတ် ကြီးတာတွေက ရင်ဆိုင်ဖြေရှင်းရမဲ့ကိစ္စ‌‌တွေအတွက် အထောက်အကူမဖြစ်ဘူးဆိုတာ မမေ့ပါနဲ့။

‌နောက်အရေးကြီးတဲ့ တချက်က July လမှာ အပူလုံးကြွပြီး လူလုံးမလှ ဖြစ်နေတဲ့သူတွေ၊ ပျားတုတ်နေတဲ့သူတွေ ဗေဒင်လာမေးခဲ့ရင် ပညာကြေး ပေးတိုင်း လက်ခံပြီး ဟောပေးမှာ မဟုတ်သလို ဟောပေးချင်လဲ ဟောပေးမယ်။
မဟောပေးချင်လဲ မဟောပေးပါဘူး။
ကိုယ် နိုင်သလောက်ဘဲ ဗေဒင်‌တွေဟောပြီး အေးရာ အေးကြောင်း July လမှာကိုယ့်ဖာကိုယ် သက်သက်သာသာ နေသွားမှာပါ။
ဒါကြောင့် 7လပိုင်းမှာ ဗေဒင်လာမေးတဲ့သူတွေ အများကြီး မျော်လင့်မထားပါနဲ့လို့ ကြိုမှာလိုက်ပါတယ်နော်။

free ဗေဒင်ဟောပေးတာ၊ အကြံတွေပေးတာ၊ alternative healing ပေးတာ၊ တော်ကီပစ်တာတွေတော့ အားရင်အားသလို ၊ မအားဘဲလဲ စိတ်ပါရင် ပါသလို Live လွင့်ပြီး လုပ်ပေးသွားပါမယ်။

Side Note- ပွဲကြမ်းစရာ‌တွေ ၊ တုတ်စရာ‌တွေ ရှိရင်လဲ ပွဲကြမ်းပါမယ်။တုတ်ပါမယ်။

July လမှာ ရာသီဖွားများအတွက် ဟောကိန်းများ
https://www.youtube.com/live/xVoIV-mnZxU?si=Yvsv25QDSYI7IbdS

Osiris
သွေးအေးသတ္တဝါ

မှန်တိုင်းလဲ မမှန်ပါဘူး။ မှားတိုင်းလဲ မမှားပါဘူး။ မြင်တိုင်းကြားတိုင်းလဲ အမှန်မဟုတ်ဘူး။အရာအားလုံးမှာ လှည့်စားမှုတွေရှိတယ...
26/06/2025

မှန်တိုင်းလဲ မမှန်ပါဘူး။
မှားတိုင်းလဲ မမှားပါဘူး။
မြင်တိုင်းကြားတိုင်းလဲ အမှန်မဟုတ်ဘူး။
အရာအားလုံးမှာ လှည့်စားမှုတွေရှိတယ်။

ထိုးထွင်းသိမြင်ခံစားနိုင်တဲ့အစွမ်းတွေ တိုးဖို့

The High Priestess နဲ့

Runes Talisman ဥရောပ အင်းပညာအဆောင်

ပညာ၂မျိုးပေါင်း

ဖုန်းWallpaper လုပ်ပြီး ဆောင်

Osiris

New Age Spirituality, Baby! ပုံလေးကို နိုပ်ကြည့်လိုက် ကမ္ဘာကြီးနဲ့ တသားထဲ ဖြစ်နေမှုကို ခံစားရစေရမယ်။
26/06/2025

New Age Spirituality, Baby!

ပုံလေးကို နိုပ်ကြည့်လိုက် ကမ္ဘာကြီးနဲ့
တသားထဲ ဖြစ်နေမှုကို ခံစားရစေရမယ်။

26/06/2025

Types of Souls

ဒီ​နေ့မှာ​တော့ ကမ္ဘာ​မြေကြီး​ပေါ်မှာ Incarnation ဖြစ်​တဲ့
Soul အမျိုးအစား​တွေအ​ကြောင်း ​​​ရေးထား​ပါတယ်။

Starseed
Starseed ​တွေရဲ့ မူလ Soul Origin ဟာ
ကြယ်အစုအ​ဝေး​တွေနဲ့ တခြား​သော Higher Dimension ​တွေက ဖြစ်ပါတယ်။
သူတို့ရဲ့Soul Mission က​တော့
ကမ္ဘာ​မြေကြီးရဲ့ Vibration ကို မြှင့်တင်​ပေးပြီး
လူသား​တွေရဲ့ အသိဥာဏ်​တွေကို Awaken ဖြစ်​စေဖို့
ဖြစ်ပါတယ် ။
Starseedတွေရဲ့ Intuitionဟာ အလွန်မြင့်မားလွန်းတာ​ကြောင့် တချို့​သော အရာ​တွေနဲ့ သဟဇာတမဖြစ်လို့
ကမ္ဘာ​မြေကြီး​မှာ ခက်ခဲစွာရှင်သန်​နေထိုင်ကြရပါတယ်။

Indigo Children
Indigo Children ​တွေရဲ့ Soul Missionက​တော့ ​
ရှေးရိုးစွဲစနစ်​ဟောင်း​တွေကို ဖျက်သိမ်းရန် နှင့်
မတရားမှု​တွေကို ​ဖော်ထုတ်ရင်ဆိုင်ရန်ဖြစ်ပါတယ် ။
သူတို့မှာ ​လေးနက်တဲ့ မျက်ဝန်း​တွေရှိပြီး
တည်ငြိမ်​တောက်ပတဲ့ Aura ​ကို ပိုင်ဆိုင်ကြပါတယ် ။
ခံစားမှုအား​ကောင်းကြပြီး ချစ်ခြင်း​မေတ္တာအပြည့်
ရှိကြပါတယ် ။
ဒါ​ကြောင့် သဘာဝတရား နှင့် တိရိစ္ဆာန်များအ​ပေါ်
ရင်းနှီးကျွမ်းဝင်ပြီး ချစ်မြတ်နိုးကြသူ​တွေပါ ။
Spiritual နဲ့ပတ်သက်တဲ့ အသိဥာဏ်​​​တွေ၊စွမ်းရည်​တွေ
​မွေးရာပါ ပါရှိလာသူများ ဖြစ်ကြပါတယ်။

Crystal Children
Crystal Children ​တွေရဲ့ Soul Mission က
ငြိမ်းချမ်း​ရေး ၊ ချစ်ခြင်း​မေတ္တာတရား နဲ့
Healing တို့ကို လူသား​တွေရဲ့ လက်​တွေ့ဘဝထဲ
ယူ​ဆောင်​ပေးဖို့ ဖြစ်ပါတယ် ။
သူတို့မှာလည်း Indigo Children ​တွေနဲ့ အလားတူ
ကိုယ်ရည်ကိုယ်​သွေးရှိကြသူ​တွေပါ ။
( သူတို့မှာ ​လေးနက်တဲ့ မျက်ဝန်း​တွေရှိပြီး
တည်ငြိမ်​တောက်ပတဲ့ Aura ​ကို ပိုင်ဆိုင်ကြပါတယ် ။
ခံစားမှုအား​ကောင်းကြပြီးချစ်ခြင်း​မေတ္တာအပြည့်
ရှိကြပါတယ် ။
ဒါ​ကြောင့် သဘာဝတရား နှင့် တိရိစ္ဆာန်များအ​ပေါ် ရင်းနှီးကျွမ်းဝင်ပြီး ချစ်မြတ်နိုးကြသူ​တွေပါ ။ )
ထူးခြားချက်က​တော့ သူတို့ဟာ က​လေးဘဝမှာ
စကား​ပြောနောက်ကျခြင်း ၊ စကား​ပြောနှေးခြင်း
ပြဿနာရှိတတ်ကြပါတယ်။
ဒါ​ပေမဲ့ သူတို့ဟာ Telepathy connection
အရမ်း​ကောင်းကြပါတယ် ။

Rainbow Children
သူတို့ရဲ့ Soul Mission က​​​တော့
တခြား​သော Soul ​တွေနဲ့မတူ ထူးခြားပါတယ်။
လည်ပတ်​နေတဲ့ ကံ သံသရာစက်ဝိုင်းမှ
လွတ်​မြောက်​အောင် ကြိုးစား​နေထိုင်ခြင်း၊
ဖြူစင်သန့်ရှင်း​သော ​ပျော်ရွှင်မှု ၊စည်းလုံးမှု၊
တီထွင်ဖန်တီးမှုတို့နှင့် တသားတည်းဖြစ်​နေခြင်းတို့
ဖြစ်ပါတယ် ။
သူတို့မှာ
-အလွန်မြင့်မား​​​သော Energy ရှိခြင်း
- တက်ကြွထက်မြက်​သော ကိုယ်ရည်ကိုယ်​သွေးရှိခြင်း
- Confident ရှိခြင်း၊အ​ကြောက်တရားမရှိခြင်း
- အ​ရောင်များနှင့် ​လေးနက်စွာ ဆက်သွယ်မှုရှိခြင်း
တို့ ဖြစ်ပါတယ် ။

2010 ​နောက်ပိုင်း ​မွေးဖွားတဲ့ က​လေး​တွေဟာ
Rainbow Children ​တွေ ဖြစ်ကြပြီး
သူတို့​လေး​တွေကို ​သေချာဂရုစိုက်ကြည့်တဲ့အခါ ​​ဖော်ပြပါ လက္ခဏာ​တွေနဲ့ ကိုက်ညီ​နေတာ ​တွေ့ကြပါလိမ့်မယ် ။

​New Age Spirituality အယူအဆအရ
အခု​​ရေးထားတဲ့ Soul အမျိုးအစား​တွေအပြင်
တခြား​သော Soul များစွာလည်း
ကမ္ဘာ​မြေ​ပေါ်မှာ ထပ်မံရှိပါ​သေးတယ် ။
Soul ​တွေရဲ့ တူညီတဲ့ Mission က​တော့
လက်ရှိကမ္ဘာ​မြေ​ပေါ်မှာ ကမ္ဘာကြီးနဲ့ လူသား​တွေကို
ကုစား​ပေးဖို့၊အကျိုးပြုဖို့ နဲ့
ကိုယ်တိုင် သိမြင် သင်ယူ ခံစားတတ်ဖို့ပဲ ဖြစ်ပါတယ် ။

26 / 6 / 2025





26/06/2025

Chosen Ones တို့
ရေစက်ပဌာန်းဆက် တို့
လူဖြစ်ရတာ ကံကောင်းတယ်တို့ ပြောနေတဲ့ သူတွေအတွက် စပါယ်ရှယ်

ထုံးစံအတိုင်း ရိုးရာမပျက်။လက်ဖက်ရည်ကျစိမ့်၂ခွက်ကော်ပြန့်စိမ်း ၂ ပွဲ။ တပွဲက ငါ့အတွက်။နောက်တပွဲကအသက်တမျှချစ်ရသော ငါ့အတွက်ဘ...
26/06/2025

ထုံးစံအတိုင်း ရိုးရာမပျက်။

လက်ဖက်ရည်ကျစိမ့်၂ခွက်
ကော်ပြန့်စိမ်း ၂ ပွဲ။

တပွဲက ငါ့အတွက်။

နောက်တပွဲက
အသက်တမျှချစ်ရသော
ငါ့အတွက်ဘဲ။

ပုံ
အိုဆိုင်းရစ်

အိပ်ယာနိုးထဲက အလုပ်တွေနဲ့ပျားတုတ်နေပါတယ်ဆိုမှသူငယ်ချင်း (ချော်ကီးကားတိုက်သေမဲ့သူငယ်ချင်း) လာမွှေလို့ဆိုင်ကယ်ကြီးနဲ့ စောက...
26/06/2025

အိပ်ယာနိုးထဲက အလုပ်တွေနဲ့ပျားတုတ်နေပါတယ်ဆိုမှ

သူငယ်ချင်း (ချော်ကီးကားတိုက်သေမဲ့သူငယ်ချင်း) လာမွှေလို့

ဆိုင်ကယ်ကြီးနဲ့ စောက်သားတွေမဲပြီး မြို့အဝင်က ဘုရားကို ရောက်သွားပါတယ်။

ဘုရားနာမည်က ထာဝရငြိမ်းချမ်းရေးဘုရားတဲ့။
ဘယ်ခေတ်က တည်ထားလဲအောက်ကပုံသာ ကြည့်တော့။
ဘုရားတခုလုံး ဒေါင်းတွေကြီးဘဲ။

ဘုရားနာမည်နဲ့လိုက်အောင်

ကမ္ဘာကြီးထာဝရငြိမ်းချမ်းဖို့ လူသားတွေ မျိုးတုန်းပါစေလို့

သားသားချစ်တဲ့သူတွေအားလုံးအတွက် ဆုတောင်းပေးခဲ့လိုက်ပါတယ်ဗျ။

ပုံ
အိုဆိုင်းရစ်

Address

Yangon

Alerts

Be the first to know and let us send you an email when Osiris အိုဆိုင်းရစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Osiris အိုဆိုင်းရစ်:

Share