Sarr Sarr - စားစား

Sarr Sarr - စားစား Food Vlog / Blogger

23/08/2024

မိုးအေးတဲ့နေ့လေးမှာ ခေါက်ဆွဲချဥ်စပ် နဲ့ ကြာဆံမီးတောက်ဆွဲကြမယ် 🤩🤤

#စားစား

21/08/2024

အားလုံးပဲ မင်္ဂလာပါ 👋👋

" Sarr Sarr - စားစား " Page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ။

ဒီနေ့မှာတော့ စားစားတို့ကတော့ နေ့လယ်ခင်း ဗိုက်ဆာဆာနဲ့ ကွေ့သယိုသုပ် နဲ့ အထောင်းတွေ မှာပြီး စားပြသွားမှာပဲ ဖြစ်ပါတယ် ။

နောက်ထပ် video တွေလည်း အဆက်မပြတ် တင်သွားပေးဦးမှာမို့ Sarr Sarr - စားစား Page လေးကို Like & Follow လေး လုပ်ဖို့မမေ့ကြပါနဲ့နော် 🤗🤩

#စားစား

23/04/2024

🤤✔ အစားအသောက်ကောင်းတွေ စားရတာလည်း ကြိုက်တယ်။
📸 ဓာတ်ပုံလှလှလေးတွေ ရိုက်ရတာလည်း ကြိုက်တဲ့သူ ဆိုရင်တော့ ဒီ " Meet You There at Chinatown " ဆိုတဲ့ ဆိုင်လေးကို လာခဲ့ဖို့ စားစားတို့က Recommend ပေးပါတယ်နော် ။

📸 ဆိုင်ရဲ့ Decoration လေးက တော်တော်လှတယ်။ ပြီးတော့ သူ့ဆိုင်ရဲ့ အပေါ်ထပ်မှာက အေးအေးဆေးဆေးစကားပြောချင်တဲ့သူတွေ / စာအုပ်ဖတ်ချင်တဲ့သူတွေအတွက်လုံးဝ အဆင်ပြေပြီး ရှယ် Chill လို့ရမယ့် နေရာလေးပါ ရှိတယ်နော်။

Decoration လှရုံတင်မက အစားအသောက်တွေက စားလို့ကောင်းပြီး Desserts တွေကလည်း ကိုယ်တွေရဲ့အကြိုက်မလို့ ရှယ်ကြိတ်ခဲ့ကြပါတယ်။ ဆိုင်ကဖွင့်တာလည်း မကြာသေးတော့ စားစား ရဲ့ ပရိသတ်တွေကိုလည်း စားကြည့်ကြဖို့ ဒီ Videoလေးကနေ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်...🤗😍

ားစား

03/04/2024

✨ ဒီနေ့မှာတော့ စားစားက အရည်အသွေးမြင့် ပင်လယ်စာတွေ အစုံရတဲ့ Coast ကနေ ငါးအူမြင်း‌ခြောက် ၊ ငါးကွန်းရှပ်ဥ နဲ့ သီဟိုရ်စေ့တို့ကို မှာပြီးချက်စားပြထားပါတယ်နော် ။

Coast မှာက အသင့်စား အစားအသောက်တွေကို ပြည်တွင်းတင်မဟုတ်ဘဲ ထိုင်းနဲ့စင်္ကာပူကိုပါ တင်သွင်းတာမလို့ အိမ်လွမ်းနေတဲ့ ပြည်ပရောက်သူငယ်ချင်းတို့လည်း မှာယူစားသောက်နိုင်ပါတယ်။

ပင်လယ်စာရဲ့ အရသာစစ်စစ်ကို စားချင်တယ်ဆိုရင်တော့ >>>>> https://www.facebook.com/profile.php?id=61554489674851&mibextid=ZbWKwL
(ဒီ Page Link လေးကနေ မှာယူလို့ရပါတယ်နော် ) ။

ားးစား

25/03/2024

✨🤩 ဒီနေ့မှာတော့ စားစားအဖွဲ့ကဗိုက်ဆာဆာနဲ့ ရုံးမှာရှိတဲ့ Spicy Noodles ပဲ လုပ်စားဖြစ်ကြတဲ့ Video လေးကို တင်ပေးလိုက်ပါပြီနော် ။

ဘယ်လိုတွေလုပ်စားကြပြီးရှယ်ကြိတ်ခဲ့လဲဆိုတာကိုတော့ Video လေးကိုစောင့်မျှော်ကြည့်ရှူအားပေးကြပါဦးနော် 🤗🤩

16/03/2024

စားစားတို့ကတော့ မန္တလေးကိုရောက်တုန်း " Pâtisserie Story " ဆိုင်ရဲ့ ၁နှစ်ပြည့်လေးနဲ့ကြုံလို့ ဝင်ဆွဲဖြစ်ခဲ့ပါတယ် ။

Pâtisserie Story ဆိုင်မှာ အမျိုးအစားစုံပြီး နူးညံ့တဲ့ Croissant, Messy Bun, Swiss Roll တွေနဲ့ ဒိုးနပ်အမျိုးအစား အစုံ ရှိပါတယ်။ သောက်စရာအတွက်တော့ ကော်ဖီနဲ့ အအေးလည်း ရနိုင်ပါတယ်နော်

ဆိုင်ရဲ့တည်နေရာလေးကတော့ - 80th Street , Between 27th and 28th Street , The Capital Mall ( 3rd Floor ) မှာပဲဖြစ်ပါတယ် ။

ားးစား

💸 လတစ်ဝက်ကျိုးလို့ လစာကလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်နေရှာပါပြီ။TGIF ကို nightout ဖို့နေနေသာသာ ဆိုင်မှာညစာဝယ်စားရမှာတောင်...
15/03/2024

💸 လတစ်ဝက်ကျိုးလို့ လစာကလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်နေရှာပါပြီ။

TGIF ကို nightout ဖို့နေနေသာသာ ဆိုင်မှာညစာဝယ်စားရမှာတောင် “နှမြောတသ” (၃)ကြိမ် ရေရွတ်နေရပြီလေ။

🤥 “စုဆောင်းချွေတာတော့မယ်”လို့ မတည်သောကတိတွေ ချမှတ်နေပြန်တဲ့ သူငယ်ချင်းတို့အတွက် စားစားကတော့ သောကြာနေ့လေးမှာ ဘတ်ဂျက်ချွေတာပြီးစားနိုင်ဖို့ ‘အစိမ်းကြော်’ ချက်နည်းလေးနဲ့ ပါရမီဖြည့်ပေးလိုက်မယ်နော်။

‘အစိမ်းကြော်’ မှာ ပါဝင်တဲ့ပစ္စည်းတွေကတော့
✅ ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်အစုံ (မုန်လာဥနီ၊ ပဲတောင့်ရှည်၊ ဂေါ်ဖီ၊ ငရုတ်ပွ၊ မှို စသည်ဖြင့်)
✅ ဆီ
✅ ကြက်သွန်ဖြူ နုတ်နုတ်စဉ်း
✅ ပဲငံပြာရည် (အကြည်)
✅ ဆား
✅ အရသာမှုန့်တို့နဲ့အတူ
တွဲဖက်စားနိုင်ဖို့ ထမင်းဖြူတို့ လိုအပ်ပါလိမ့်မယ်။

👩🏻‍🍳 ဒီလို အမယ်လည်းမများ၊ ချက်နည်းလည်းမခက်တဲ့ ‘အစိမ်းကြော်’ ကို ပုံထဲ steps လေးတွေအတိုင်း လွယ်လွယ်ကူကူလိုက်ချက်ရင်း မာစတာချက်ကြီးတွေ လုပ်လိုက်ကြတော့နော်။

ဒါတင်မကသေးဘဲ ‘အစိမ်းကြော်’လေးကို စားစားရဲ့ Food Vlog တွေ ကြည့်ရင်း စာလိုက်ရင်တော့ ပိုပြီးပြည့်စုံတဲ့ ဘတ်ဂျက်ဆန်ဆန် သောကြာနေ့လေးကို ပျော်ပျော်ကြီးဆင်နွှဲနိုင်ပြီပေါ့…💚

#စားစား ားစား

📢📢မားကတ်တင်းဆင်းဖို့ အကူအညီ လိုရင် "စားစား" အဖွဲ့ကို ဆက်သွယ်လို့ရပါပြီ!🏬🛒လူကြီးမင်းတို့ရဲ့ ဆိုင်ကိုလူသိများစေဖို့၊ ဝယ်သူ...
04/03/2024

📢📢မားကတ်တင်းဆင်းဖို့ အကူအညီ လိုရင် "စားစား" အဖွဲ့ကို ဆက်သွယ်လို့ရပါပြီ!

🏬🛒လူကြီးမင်းတို့ရဲ့ ဆိုင်ကိုလူသိများစေဖို့၊ ဝယ်သူတွေ ဝိုင်းဝိုင်းလည်နေစေဖို့ ၊ ရောင်းလို့လက်မလည် ဘဲ "နောက်နေ့တော့ ပိုပြီး ချက်ရတော့မယ်" "ပြင်ဆင်ရတော့မယ်"လို့ အတွေးပီတိတွေဖြာနိုင်စေဖို့ မားကတ်တင်းဆင်းဖို့လိုရင် "စားစား" တို့အဖွဲ့ရှိနေပါပြီနော်....!

✨ စားသောက်ဆိုင်‌ အသစ်များ၊
✨ မုန့် ‌အရောင်းဆိုင်များအတွက် Honest Review လေးတွေ ပေးစေချင်တယ်ဆိုရင်တော့
☎️ ဖုန်းနံပါတ် 09785825002 ထံကို အသေးစိတ် စုံစမ်း မေးမြန်းနိုင်ပါတယ်။

🎥 Concept မျိုးစုံနဲ့ Quality Food Blog တွေကို လုပ်ငန်းရှင်များအတွက် ရိုက်ကူးဖန်တီးပေးဖို့ "စားစား" မှ ကြိုဆိုနေပါမယ်...💛

#စားစား

02/03/2024

မာလာဟင်းဆိုတာနဲ့ မန္တလေးမှာ " တမ်းတမာလာဟင်း " ကတော့ လူကြိုက်အများဆုံးဆိုင်တွေထဲက တစ်ဆိုင်ဖြစ်တာမို့လို့ စားစားတို့ကတော့ ရောက်တုန်းလေး သွားစားဖြစ်ခဲ့ပါတယ် 🤩

သူ့ဆိုင်မှာ အကင်တွေလဲစုံသလို ငါးသံပုရာကလဲရှယ်ပဲ အနှစ်ကို ထမင်းနဲ့စားရတာကြိုက်တဲ့သူတွေအတွက်ဆို တော်တော် အဆင်ပြေတယ် ၊ ပြီးတော့ အဲ့ဆိုင်က Sauce လေးကသူတို့ကိုယ်တိုင် ဖျော်စပ်ထားပြီး ချဥ်စပ်လေးမို့ အအီပြေစေပါတယ် ။

ဆိုင်လိပ်စာလေးကတော့ - ၇၁/၇၂ကြား ၃၆လမ်းမှာရှိတဲ့ တမ်းတမာလာဟင်း ဆိုင်လေးပဲဖြစ်ပါတယ် ။

ားစား

🙌 တရုတ်တန်းဆီကို ချီတက်ပြီး တွာကိုးထမင်း အခမဲ့ စားသုံးခွင့် ရရှိသွားသူတွေ ထွက်ပေါ်လာပါပြီ။🥳 Congratulations!!🤗 ကံထူးရှင်...
29/02/2024

🙌 တရုတ်တန်းဆီကို ချီတက်ပြီး တွာကိုးထမင်း အခမဲ့ စားသုံးခွင့် ရရှိသွားသူတွေ ထွက်ပေါ်လာပါပြီ။
🥳 Congratulations!!

🤗 ကံထူးရှင်တွေက (၃) လပိုင်းကုန်အထိ ဒီပိုစ့်လေးနဲ့ မိမိရဲ့ Facebook Account ကို ပြပြီး သွားရောက် သုံးဆောင်လို့ ရပါတယ်။

😉 ဒီတစ်ခေါက် ကံထူးရှင်မဖြစ်သွားလို့ ဝမ်းမနည်းပါနဲ့။ နောက်ထပ် စားသောက်ဆိုင်တွေနဲ့ စားစားက Campaign လေးတွေ ဖန်တီးပေးသွားဦးမှာမလို့ အခွင့်အရေး ရှိပါသေးတယ်နော်။

🙏 ပါဝင်ပေးခဲ့သူ တစ်ဦးစီကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အရသာရှိတဲ့ အစားအသောက်တွေနဲ့အတူ အမြဲတမ်း ပြုံးပျော်နိုင်ကြပါစေရှင့်…🧡

ားစား

26/02/2024

ဒီနေ့ စားစားကတော့ BakeHouse ကနေ Europen BBQ Pork Spare Ribs Set နဲ့ Boneless Roasted Chicken Thigh ကို မှာပြီးတော့ ရှယ်စားပြထားပါတယ် 🤩🤗

ဘာပဲစားစား ရှယ်မှကြိုက်တဲ့သူ / Sauce ကောင်းကောင်းနဲ့ တွဲစားတတ်တဲ့သူတွေအတွက်ကတော့ BakeHouse ရဲ့ Page လေးကို အမြန်ဆုံး Hiလိုက်ပြီး မှာစားကြည့်ကြဖို့ Recommend ပေးပါရစေရှင့် 🤩✔

ားစား

Address

Bahan Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959785825002

Website

Alerts

Be the first to know and let us send you an email when Sarr Sarr - စားစား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sarr Sarr - စားစား:

Share