Life Alphabet - ဘဝအက္ခရာ

Life Alphabet - ဘဝအက္ခရာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Life Alphabet - ဘဝအက္ခရာ, Video Creator, Yangon.

🔸သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ--🔸(၁)"စိမ်းလဲ့လဲ့ည လရိပ်သမ်း အချစ်နှုတ်ခမ်း အနမ်းတွေ ဖူးပွင့်ဖို့လေ--" ဆ...
04/10/2024

🔸သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ--🔸

(၁)

"စိမ်းလဲ့လဲ့ည လရိပ်သမ်း အချစ်နှုတ်ခမ်း အနမ်းတွေ ဖူးပွင့်ဖို့လေ--" ဆိုတဲ့ အဖွင့်စာသားနဲ့အတူ ခတ္တာသီချင်းဟာ ကိုနေဝင်းရဲ့ ဂန္ထဝင်မြောက် သီချင်း တပုဒ်ဖြစ်သလို ခိုင်ထူးရဲ့ Masterpiece တေးတပုဒ်လည်း ဖြစ်ပါတယ်။ "စိမ်းလဲ့လဲ့" ဆိုတဲ့အသုံးလေးလိုမျိုး "ဆွေးမြေ့မြေ့၊ နှောင်းခက်ခက်" ဆိုတဲ့ အသုံးတွေကိုလည်း သီချင်းထဲမှာ တွေ့ရပါတယ်။

(၂)

ဒီလိုစာလုံးတွေကိုရဖို့ ကိုနေဝင်းဟာ သူ့အနုပညာဝမ်းစာအတွက် မြန်မာစာပေကိုမွှေနှောက်လေ့လာပြီး ကြိုးစားရေးသားခဲ့တယ်လို့ဆိုပါတယ်။ ဒီအသုံးတွေဟာ ဂုဏ်အနေနဲ့ဆိုရင် တူညီတဲ့စကားလုံးတွေကိုဆင့်ဆင့်သုံးထားတာမို့ အနုပ္ပါသမဓုရတာဂုဏ်မြောက်ပါတယ်။ နေ့စဉ်သုံးစွဲ‌နေကြတဲ့ မြန်မာအသုံးတွေမှာလည်း ဒီလိုအသုံးတွေက "ကြိုးကြိုးစားစား၊ ရိုးရိုးသားသား၊ ပြင်းပြင်းထန်ထန်၊ သာသာယာယာ" စသဖြင့်ရှိပါတယ်။

(၃)

တူတဲ့စကားလုံးတွေကို ဆင့်ဆင့်ပြီးသုံးသွားတဲ့အခါ အဓိပ္ပါယ်ဟာ မူလအဓိပ္ပါယ်ထက် ပိုလေးနက်လာတာကို တွေ့ရပါတယ်။ ပြင်းထန်ဆိုတဲ့စကားလုံးထက် ပြင်းပြင်းထန်ထန် ဆိုတဲ့စကားက ပိုပြင်းထန်ပါတယ်။ ကလေးဆိုတဲ့အခေါ်ဝေါ်ထက် ကလေးလေး ဆိုတဲ့ အခေါ်ဝေါ်က ပိုပြီးချိုမြိန်တာကို တွေ့ရပါတယ်။

(၄)

"ခတ္တာ" ဟာ မြန်မာ့ရိုးရာ ၁၂ လရာသီဘွဲ့ကို အခြေခံပြီး ရာသီတွေ နက္ခတ်တွေနဲ့ ရေးဖွဲ့ထားတဲ့ သီချင်းဖြစ်ပါတယ်။ ရေးဖို့ဖြစ်လာပုံကလည်း တခါတုန်းက ကိုနေဝင်းဟာ ဆည်းလည်းလှိုက်သံ၊ သင်္ကြန်မိုး၊ ရိုးရိုးလေး၊ ဝတ်မှုံ တို့လို သီချင်းတွေကို ရေးသားခဲ့တဲ့ ကိုမောင်မောင် (အဉ္ဇလီ) နဲ့အတူ ဟင်္သာတကို သွားကြတယ်တဲ့။ ဟင်္သာတရောက်တော့ ဘုန်းကြီး ကျောင်း တကျောင်းမှာ မြန်မာ့ ၁၂ လရာသီဘွဲ့ကိုရေးထားတာတွေ့တယ်။ တွေ့တော့ ကိုမောင်မောင်က ကိုနေဝင်းစာအုပ်ထဲကို ကူးရေးပေးခဲ့တာတဲ့။ အဲဒီ ကနေ ခတ္တာရေးဖို့ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ် ။

(၅)

မဇ္ဈိမလှိုင်းအဖွဲ့သားတွေဟာ နက္ခတ်တွေကိုအခြေခံပြီး သီချင်းရေးတတ်တာကို တွေ့ရပါတယ်။ ခတ္တာ၊ ရေဝတီ တို့လို သီချင်းတွေပေါ့။ ခတ္တာသီချင်းကိုရေးတော့ နောက်ဆုံးအပိုဒ်ကိုရေးချိန် ဘောလ်ပင်မရှိလို့ ခဲတံနဲ့ပဲ ရေးခဲ့တယ်လို့ ကိုနေဝင်းက ဆိုပါတယ် ။ ပညာရှင်တွေအတွက်ကတော့ ခဲတံနဲ့ပဲရေး ရေး မီးသွေးခဲနဲ့ပဲ ရေး ရေး အဖိုးတန်တဲ့စာသားတွေ ဖြစ်လာတာပါပဲ။

(၆)

ခတ္တာသီချင်းကိုတွေ့တော့ ဦးခိုင်ထူးဟာ မယူရမနေနိုင်အောင်ထိ ကြိုက်သွားတယ်လို့ဆိုပါတယ်။ ဒါကြောင့် သူ့ရဲ့ပရိုဂျူဆာကို ကိုနေဝင်းပြောတဲ့ဈေးပေးလိုက်ပါ။ မဆစ်ပါနဲ့ဆိုပြီး ဝယ်သွားခဲ့တာလို့ ဆိုပါတယ်။ သူ့အတွက်လည်း အမြဲရှင်သန်နေမယ့် Living song ဂန္ထဝင်သီချင်းတပုဒ်ဖြစ်လာတာပါပဲ။

(၇)

ကိုနေဝင်းဟာ လွန်ခဲ့တဲ့ ၉ နှစ်လောက်က ဧရာဝတီသတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ သူ့ဘဝဇာတ်ကြောင်းကို ပြောပြထားတာတွေ့ရပါတယ်။ သူနဲ့နှစ်ရှည်လများချစ်ခဲ့ကြတဲ့ သူ့ချစ်သူက တနေ့မှာ သူ့ကိုစွန့်သွားခဲ့တယ်တဲ့။ ဘဝအာမခံချက်မရှိတဲ့ အနုပညာသမားမလို့ သူ့အသိုင်းဝိုင်းက သဘောမတူဘူးလို့ဆိုပါတယ်။ ဒါကြောင့် ကိုနေဝင်း ကို စွန့်ပြီး သူနဲ့တူညီတဲ့ လူတယောက်ရဲ့ရင်ခွင်ထဲကို ဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကြောင်း ဟာ ခတ္တာရဲ့ ဇာတ်ကြောင်းပါပဲ။

(၈)

စစ်ကိုင်းလမ်းသီချင်းမှာ ချစ်သူကိုသွားတွေ့တဲ့အကြောင်းလေးကို ကြည်နူးဖွယ်တွေ့ရသလို မောင့်လပြည့်ဝန်းသီချင်းမှာတော့ ချစ်သူက စွန့်ပစ်သွားခဲ့ပုံကို ကြေကွဲဖွယ် တွေ့ရပါတယ်။ နေမင်းပြုံးမယ့်နေ့ နဲ့ ခတ္တာမှာတော့ ပထမအချစ်နဲ့လွဲခဲ့အပြီး မြတ်နိုးရမယ့် ဒုတိယအချစ်နဲ့ ဆုံလာရပုံကို တွေ့ရပါတယ်။

(၉)

ဝါဆိုလရဲ့ရာသီပန်းဟာ ပုန်းညက်ဖြစ်ပြီး ဝါခေါင်လရဲ့ ရာသီပန်းကတော့ ခတ္တာဖြစ်ပါတယ်။ ဝါခေါင်လရဲ့ ရာသီက သိဟ်ရာသီဖြစ်ပြီး နက္ခတ်ကတော့ သရဝဏ် နက္ခတ်ဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် မဆုံခဲ့ရတဲ့ ပထမအချစ်ကိုတော့ ကုန်လွန် သွားတဲ့ ဝါဆိုလက ပုန်းညက်ပန်းကလေးနဲ့ တင်စားခဲ့ပြီး ဒုတိယအချစ်ကိုတော့ ရောက်ရှိနေတဲ့ ဝါခေါင် လ ရဲ့ ခတ္တာပန်းလေးနဲ့ တင်စားခဲ့ပါတယ်။

(၁၀)

"ဝါဆိုပန်း မင်းလွင်ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့" ဆိုတဲ့စာသားထဲက မင်းလွင်ဆိုတာ မြူခိုးတွေကို ဆိုလိုတာမဟုတ်ပါဘူးတဲ့။ ပုံမှန်ဆိုရင် မင်းလွင်ဆိုတာ မြူခိုးတွေကိုခေါ်တာပါ။ ဒါပေမယ့် ဒီနေရာမှာတော့ "မင်းပျို မင်းလွင်" ဆိုတဲ့စကားကနေ ယူတာပါတဲ့။ လွင်ဆိုတာ သစ်လွင်တယ် အဦးဆုံး ပထမဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။ ပထမအချစ်ဖြစ်တဲ့ ပုန်းညက်လေးဟာ သူ့အတွက်တော့ အချစ်ဦးပေါ့။ ပုညက်လေးလိုလည်း ဖြူစင်တယ်။ သန့်ရှင်းတယ်တဲ့။ အင်တာဗျူးထဲမှာ ကိုနေဝင်းက ခုလိုပြောပြခဲ့ပါတယ်။

(၁၁)

"ဒီဝါဆိုပန်းရဲ့ ပုန်းညက်လေးက ကျွန်တော့်အတွက်ကတော့ သူက ဘယ်လောက်ပဲ စိမ်းကားစိမ်းကားသွားသွား ကျွန်တော့်အတွက်ကတော့ သူ့ကိုပထမဆုံးမြင်တွေ့ခဲ့တဲ့နေ့မှာ ကျွန်တော်မြင်တွေ့ခဲ့တဲ့အတိုင်း ပဲ မြင်တယ်။ အရမ်းသန့်စင်တယ်။ အရမ်းဖြူစင်တယ်။ အရမ်းချစ်ရာကောင်းတယ်"

"ပုန်းညက်။ ဒီပုန်းညက်က နွမ်းပြီး ကြွေသွားပြီ။ သူ့ကို တခါပြန်ပြီး လန်းဆန်းလာအောင် ဘာမှလုပ်လို့ မရတော့ဘူး"

(၁၂)

ဒါက ဧရာဝတီနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။ ပုန်းညက်ပန်းလေးက စွန့်ပစ်သွားတဲ့နောက်ပိုင်း အသည်းကို မြားစူးဝင်သလိုမျိုး ဆွေးမြေ့ နေအောင် ခံစားခဲ့ရတယ်။ ဘဝတွေ ကြေမွ သွားခဲ့ရတယ်။ ဒါပေမယ့် ဒီဝေဒနာတွေကို ရင်မှာထွေးပွေ့ပြီး နေသွားလို့လည်း မဖြစ်ဘူး။ ရှေ့ဆက်ရမယ့် ဘဝတွေရှိသေးတယ်။ အိပ်မက်တွေ ကျန်နေသေးတယ်။ ဒါကြောင့် နှောင်းခဲ့တဲ့အတိတ်ကိုမေ့ပစ်ပြီး ရှေ့ဆက်ဖို့ (Move on ဖို့) ကြိုးစားတော့မယ်။

(၁၃)

အရင်လူဖျက်ဆီးခဲ့တဲ့ အချစ်တွေကို ပြင်တော့မယ်။ ဟိုအရင်ကြေကွဲခဲ့တဲ့အတိတ်တွေကို နှင်ပစ်တော့မယ်။ အချစ်အတွက် တဖန်မွေးဖွားတော့မယ်။ ဒါပေမယ့် ကြေမွခဲ့ရတဲ့ ဝေဒနာတွေက ကြီးလွန်းတယ် ။ ဘယ်လိုကျော်လွှားရမှန်းမသိဘူး။ ဒါကြောင့် လူမစွမ်းသာတဲ့အတွက် နတ်မစေချင်တဲ့သဘောအနေနဲ့ ဝါခေါင်လရဲ့ သရဝဏ်နက္ခတ်ကို တိုင်တည်ပြီး အကူ ညီ တောင်းလိုက်တယ်။ "သရဝဏ် ကူလှည့်အုန်း"တဲ့။ ကြင်နာမယ့် အသက်ရှိတဲ့အရပ်ကို ညွှန်ပါအုန်းတဲ့။

(၁၄)

သူ့ရင်ထဲမှာ ဝါခေါင်လလည်းရောက်နေပြီ။ သိဟ် ရာသီ ကလည်း ကျနေပြီ။ သရဝဏ်နက္ခတ်နဲ့လည်း ယှဉ်နေပြီ။ ခတ္တာလေးပွင့်ဖို့အတွက် အကြောင်းတွေ စုံနေပြီ။ ဒုတိယအချစ်ဖြစ်တဲ့ ဒီခတ္တာလေးကိုတော့ ဘဝတသက်တာလုံး သစ္စာမြဲသွားချင်တယ်။ အရင်လိုမျိုးတွေ မဝေးချင်တော့ဘူး။ ဒါကြောင့် ခတ္တာလေးကို သူ့ဘဝထဲ ဖိတ်ခေါ်လိုက်တော့တယ်။

"သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ---"


ဘုန်းလှိုင် (၂၄.၉.၂၀၂၄)
ထံမှ ပြန်လည်ကူးယူဖော်ပြပါသည်။


YouTube က ကိုနေဝင်းရဲ့ချန်နယ်ကို ဝင်ရောက်ကြည့်ရှုပြီး နားဆင်နိုင်ပါတယ်။
https://www.youtube.com//



Life Alphabet - ဘဝအက္ခရာ

ယနေ့ ရမည်းသင်းမြို့နယ်၊သပြေပင်ရွာမှာ ရင်နင့်စရာဖြစ်ရပ်ပါတညလုံး ရေထဲမကျအောင်ကိုယ့်သမီးကို မထားတဲ့ဖခင်ရဲ့စိတ်ဓာတ်ကတော့ လေး...
16/09/2024

ယနေ့ ရမည်းသင်းမြို့နယ်၊သပြေပင်ရွာမှာ ရင်နင့်စရာဖြစ်ရပ်ပါ

တညလုံး ရေထဲမကျအောင်ကိုယ့်သမီးကို မထားတဲ့ဖခင်ရဲ့စိတ်ဓာတ်ကတော့ လေးစားစရာကောင်းပေမယ်။
မရှိရှာတော့ပါဘူး... 😢😢😢

ရေကြီးရေလျှံမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေနဲ့ သတိပြုလိုက်နာရမယ့် အချက်တွေကို ပြန်လည်မျှဝေလိုက်ရပါတ...
16/09/2024

ရေကြီးရေလျှံမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေနဲ့ သတိပြုလိုက်နာရမယ့် အချက်တွေကို ပြန်လည်မျှဝေလိုက်ရပါတယ်

ကိုးကား - World Health Organization


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Life Alphabet - ဘဝအက္ခရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category