Simple Mechanic

Simple Mechanic reporter

18/09/2023

"Pistons Rings and Connecting Rod installation to The Engine Block"

အင်ဂျင် block(ဘလောက်) နဲ့ ကောနက်တင်းရော့(connecting rod) ချိတ်ပုံအဆင့်ဆင့်ကို detail ကျကြီးတော့ မရိုက်လိုက်ရပေမယ့် ထည့်ပုံထည့်နည်း အဆင့်ဆင့်ကို ဗဟုသုတ အနေနဲ့မျှ ဝေပေးလိုက်ပါတယ်။

15/09/2023

"Engine Block Crankshaft installation"

Crankshaft installing ကို step by step အတွေ့အကြုံတွေနဲ့တူ ဖော်ပြပေးလိုက်ပါတယ်..

သိလိုသမျှ comment မာ ဆွေးနွေးနိုင်ပါတယ်ဗျ။

p.s piston နဲ့ ring ထည့်ပုံကိုလာ ဆက်လက်တင်ပေးပါအုံးမယ်

နောက်လဲ mechanical နဲ့ဆိုင်တာတွေ အတွေ့အကြုံတွေကို ဆက်လက်မျှဝေသွားပါအုံးမယ်။



05/06/2023

How Diesel Engine work with 4 storkes circle!

◇ ဒီဇယ် engine မီးပေါက်စဥ် 4 ချက်နဲ့ အလုပ်လုပ်ပုံ!



vedio source from youtube

Exhaust pipe က ထွက်တဲ့ မီးခိုးအရောင် ကို ကြည့်ပြီး အကြမ်းဖျင်း ပြသာနာကို ခန့်မှန်းနိုင်မယ့် နည်းလေးတွေ ဖြစ်ပါတယ်။photo s...
05/04/2023

Exhaust pipe က ထွက်တဲ့ မီးခိုးအရောင် ကို ကြည့်ပြီး အကြမ်းဖျင်း ပြသာနာကို ခန့်မှန်းနိုင်မယ့် နည်းလေးတွေ ဖြစ်ပါတယ်။

photo source from

"Importance of Facing" Page ကို ရပ်ထားတာ ကြာပြီဖြစ်လို့ ပြန်စတဲ့အနေနဲ့  Mechanical လောကမာ အရေးပါဆုံးထဲက တခုဖြစ်တဲ့ Facin...
15/03/2023

"Importance of Facing"

Page ကို ရပ်ထားတာ ကြာပြီဖြစ်လို့ ပြန်စတဲ့အနေနဲ့ Mechanical လောကမာ အရေးပါဆုံးထဲက တခုဖြစ်တဲ့ Facing(မျက်နှာပြင်) အကြောင်းကို sharing လုပ်ချင်ပါတယ်။
Fresh graduate , under graduate တော် တော်များက မျက်နှာပြင်ရဲ့ အရေးပါမှူကို သတိမမူမိကြတာ များပါတယ်။Engine တလုံးလုံးမာတင်မက head နဲ့ block ချိတ်ဆက်တဲ့ချိန်မာတောင်
မျက်နှာပြင်က အရေးပါလှပါတယ်။ထို့ကြောင့် မျက်နှာပြင်မချိတ်ဆက်ခင် မျက်နှာပြင် ညီညာမှူရှိမရှိ စစ်ဆေးကြရပါတယ်။ထိုနည်းတူ Engine oil case,Typing cover အစရှိသဖြင့် bearing တွေကအဆုံး မျက်နှာပြင်များကို စစ်ဆေးကြရပါတယ်။မဟုတ်ရင် facing မညီမညာမှုတွေကြားက Pressure leakage တွေဖြစ်လာနိုင်ပြီး လိုအပ်တဲ့ engine oil တွန်းအားတွေ မရရှိတာ အစရှိသကဲ့သို့ ပြသာနာတွေ ဖြစ်လာနိုင်ပါတယ်။မျက်နှာပြင်စစ်ဆေးပြီးနောက် bolt တွေရဲ့ တင်းအားက အရေးပါတဲ့ကဏ္ဠတခုဖြစ်လာပါတယ်။bolt တိုင်းကို တင်းအား တူညီစွာ ထားရှိရမာ ဖြစ်ပြီး ထိုမှသာ မျက်နှာပြင်တိုင်းကို ထိရောက်စွာ ကပ်ချိတ်နိုင်မာ ဖြစ်ပါတယ်။ Bolt nut ဆွဲတဲ့အကြောင်းကို ကြုံရင် အသေးစိတ်ရှင်းပြပါအုံးမယ်။အခုတော့ မျက်နှာပြင်(facing)အရေးပါပုံ အကြောင်း အနည်းငယ် တီးမိခေါက်မိလောက်ပြီလို့ ထင်ပါတယ်။

နောက်လည်း Mechanicalနဲ့ဆိုင်တာတွေ ဆက်လက်မျှဝေသွားပါအုံးမယ်။



photo source from internet

မထင်ထားတဲ့ကြန့်ကြာမှုတွေက "သဘာ" ကို မွေးထုတ်ပေးကြပါတယ်။ XD
14/09/2022

မထင်ထားတဲ့ကြန့်ကြာမှုတွေက "သဘာ" ကို မွေးထုတ်ပေးကြပါတယ်။ XD

" Inspection And Micrometer" ဒီတခါမှာတော့ ရပ်ထားတာ ကြာပြီဖြစ်တဲ့ ဒီ sharing ကို ပြန်လည်စတင်တော့မာ ဖြစ်ပါတယ်။ပြန်စတဲ့အနေတ...
12/07/2022

" Inspection And Micrometer"

ဒီတခါမှာတော့ ရပ်ထားတာ ကြာပြီဖြစ်တဲ့ ဒီ sharing ကို ပြန်လည်စတင်တော့မာ ဖြစ်ပါတယ်။ပြန်စတဲ့အနေတဲ့ Engine ပြန်လည်ပြုပြင်ခြင်း အပိုင်းမာ အရေးပါဆုံး ဖြစ်တဲ့ တိုင်းထွာခြင်းအကြောင်းကို အနည်းငယ်ပြောပြချင်ပါတယ်။တိုင်းထွာတယ်တာ ပြန်သုံးလို့ ရမရ ဆုံးဖြတ်မယ့်သဘောဖြစ်ပါတယ်။တိုင်းတာမှုအနေနဲ့ Engine block(Housing),Piston, Crankshaft စသည်သဖြင့် တိုင်းထွာရပါတယ်။ဘာကို တိုင်းတာသလဲဆိုတာကို အကျယ်တဖွင့်ရှင်းပြရရင် လုံးပတ်ကို တိုင်းတာဖြစ်ပါတယ်။ဥပမာ Connecting rod နဲ့ Crankshaft ဆက်တဲ့နေရာမာ အသုံးပြုပါများလေလေ ပွတ်တိုက်မှုကြောင့် ပုံစံပျက်လာတာ ပါးလာတာတွေရှိတတ်ပါတယ်။ဒါ့ကြောင့် Crankshaft ရဲ့ Piston နဲ့ချိတ်ဆက်တဲ့နေရာကို standard size အတိုင်းရှိမရှိ စစ်ဆေးပေးရပါတယ်။ကျန်တဲ့လိုအပ်တဲ့နေရာတွေကိုလည်း ထို့အတူစစ်ဆေးရမာဖြစ်ပါတယ်။ စစ်ဆေးရာမာ ကျွန်တော်တို့ micrometers တွေကို အသုံးပြုကြပါတယ်။အသုံးပြုတဲ့ micrometers အချို့ကို ပြပေးထားပါတယ်။ထို micrometer တွေရဲ့ အသေးစိတ်ကိုတော့ နောက်မှ ထပ်ရှင်းပြပါအုံးမယ်။

နောက်လည်း Mechanical နဲ့ဆိုင်တာတွေ ထပ်မံမျှဝေသွားပါအုံးမယ်။

Photo source from internet

ဒီတခါမှာ​တော့ Mitsubishi ဂျပန်မီးစက်တစ်လုံး နှိုးမရ​တော့လို့သွား​ရောက်စစ်​​ဆေးခဲ့ပါတယ်။ အ​ဖြေက​တော့ engine head ​ရေလိုင်...
13/12/2021

ဒီတခါမှာ​တော့ Mitsubishi ဂျပန်မီးစက်တစ်လုံး နှိုးမရ​တော့လို့သွား​ရောက်စစ်​​ဆေးခဲ့ပါတယ်။ အ​ဖြေက​တော့ engine head ​ရေလိုင်း Gasket ​ပေါက်ပြီး ​ရေလိုင်းက​နေ Chamber ထဲ​ရော ​နေရာစုံ ​ရေ​တွေဝင်သွားတာပါဖြစ်ပါတယ်။Typic ​တွေလည်း ​တော်​တော်ဟ​နေတာဖြစ်လို့ အ​ပေါ်ခြမ်းကိုင်ပြီး ပြန်လည်တပ်ဆင်​ပေးခဲ့ပါတယ် ။​ပြောပြချင်တာက​တော့ engine တလုံးကို စစ်ရင်' ဆီ ​လေ မီး' ဆိုတာကို အဓိက ထားပြီး တဆင့်ချင်းဆီ ​အ​ဖြေကို ​ရောက်​အောင် သွားတာဘဲ ဖြစ်ပါတယ်။(ဥပမာ ဆီဆို ဆီနဲ့ပက်သက်တာ​​​တွေ oil pump oil filter etc , ​လေဆို air cleaner , မီးဆို heat plug အဲ့လိုမျိုး စစ်သွားပြီး အ​​ဖြေကိုရှာကြရပါတယ်)။

"Timing and Type"ဒီတခါမာ​တော့ Engine ရဲ့ အ​ရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ Timing အ​ကြောင်း အကျဥ်းချုပ်ပြောပြချင်ပါတယ်။ Timing...
06/10/2021

"Timing and Type"

ဒီတခါမာ​တော့ Engine ရဲ့ အ​ရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ Timing အ​ကြောင်း အကျဥ်းချုပ်ပြောပြချင်ပါတယ်။ Timing လို့​ပြောတဲ့​​နေရာမာ အ​ရေးကြီးတဲ့ မီး​ပေါက်စဥ် (firing order)ကို ​မေ့ထားလို့မရပါဘူး။Combustion Chamber ထဲမာ မီး​ပေါက်ကွဲဖို့အတွက် Disel engine ကို ဥပမာအ​နေနဲ့ ​​ပြောရရင် ဆီ ​လေ မီး ဆိုပြီး ၃မျိုးလိုပါတယ်။ တိကျတဲ့အချိန်မာ ဆီကို Nozzle က​နေ ပစ်​ပေးကပြီး heat plug က​နေ မီးပွင့်​ပေးကမာဖြစ်ပါတယ်။ဒါ​တွေအကုန်လုံးကို​တော့ engine ရဲ့ တဖက်မာ ထိန်းချုပ်ထားပါတယ်။အဲ့မာ Type အတွက် နည်းနည်း ​ပြောပြချင်ပါတယ်။ Belt type နဲ့ Pinion type ဆိုပြီး ၂မျိုးရှိပါတယ်။ခြားနားချက်​ပြောရမယ်ဆိုရင် belt type မာ Camshaft က Overhead Cam ဖြစ်ပြီး​တော့ Penium type မာ​တော့ Camshaft က Engine Block ထဲမာ ဖြစ်ပါတယ်(ဒီအ​ကြောင်း​တွေကို ​နောက်တခါ အ​သေးစိတ်ရှင်းပြ​ပေးပါ့မယ်)။Timing အ​​ကြောင်းပြန်ဆက်ကရင် Timing ချိန်ဖို့အတွက် Belt သို့ Pinion ကိုယ်စီမာ အမှတ်အသား​တွေပါပြီးသားပါ။ ပြန်တပ်ရင် ထိုအမှတ်​​တွေနဲ့ ပြန်တပ်နိုင်ပါတယ်။ဒါမဲ့ တချို့ အမှတ်မပါတဲ့ဟာ​တွေ ကိုယ့်ဘာသာဆင်ချင်တဲ့ဟာ​တွေဆိုရင်​တော့ Firing order က အဓိက ​ကျောရိုးဖြစ်မာ အ​သေအချာပါဘဲ(Firing order နဲ့ Timing ချိန်တဲ့အ​ကြောင်းကိုလဲ ​နောက်အ​သေးစိတ်ရှင်းပြပါအုံးမယ်)။ဒါ​တွေက​တော့ ​Timing အ​ကြောင်းအကျဥ်းချုပ်ဖြစ်ပါတယ်။မြင်လိုက်ရင် နည်းနည်းပါးပါးသိတယ်ဆိုတဲ့ အ​တွေး​လေးရသွားရင်ကို ​ကျေနပ်အားရရပါတယ်။

​နောက်လည်း Mechanical နဲ့ပက်သက်တာ​တွေကို ​ဝေမျှသွားပါအုံးမယ်။

စိတ်ကြိုက်ဝယ်ပါ လမ်းလယ်​မာ ထိုးရပ်​ပေးပါ့မယ်🤣Crd soure Mechanic and Car Memes
01/10/2021

စိတ်ကြိုက်ဝယ်ပါ လမ်းလယ်​မာ ထိုးရပ်​ပေးပါ့မယ်🤣

Crd soure Mechanic and Car Memes

ဒီတခါမာ​တော့ Mechanical ​ကျောင်းသား​တွေ မသိသ​လောက်မရှိတဲ့ software ​တွေ ဖြစ်တဲ့ Autocad နဲ့ Solidwork software installat...
24/09/2021

ဒီတခါမာ​တော့ Mechanical ​ကျောင်းသား​တွေ မသိသ​လောက်မရှိတဲ့ software ​တွေ ဖြစ်တဲ့ Autocad နဲ့ Solidwork software installation file ​တွေကို ​ဝေမျှ​ပေးသွားပါမယ်။အကုန် Crack version ဖြစ်တဲ့အတွက် install လုပ်ရင် microsoft defender , anti virus နဲ့ အင်တာနက် တို့ကို ပိတ်ထားသင့်ပါတယ်။

Autocad : https://www.facebook.com/groups/3085993624766609/permalink/4501290959903528/

SolidWorks :
https://www.facebook.com/groups/3085993624766609/permalink/4506948346004456/

Piston Rings And Rings CompressorCombustion Chamber ထဲမာ ​pistonက လေကို ကျစ်တဲ့အခါ ပိုမို လုံပြီး ကျစ်အား​ကောင်း​စေဖို့အ...
22/09/2021

Piston Rings And Rings Compressor

Combustion Chamber ထဲမာ ​pistonက လေကို ကျစ်တဲ့အခါ ပိုမို လုံပြီး ကျစ်အား​ကောင်း​စေဖို့အတွက် ကဏ္ဠမာ rings ​တွေက ပါဝင်လာပါတယ်။ ပုံမှန် အ​နေနဲ့ piston တလုံးမာ rings ၃ကွင်းပါရှိပြီး ပထမဆုံး piston head နဲ့အကပ်ဆုံး rings ကို​​ Compression ring လို့​ခေါ်ပါတယ်။ ကျစ်​နေတဲ့အချိန် ring ဟာ ကျယ်လာပြီး Engine Sleeve နဲ့ piston ကြား clearence နည်း​အောင်လုပ်​ပေးခြင်းဖြင့် ကျစ်အား​ပို​​ကောင်း​​အောင် ပံ့ပိုး​ပေးပါတယ်။ တတိယ ring ကို oil ring လို့​ခေါ်ပြီး ​အင်ဂျင်ဝုင်​တွေကို chamber ထဲမ​ရောက်​အောင် ကာ​ပေးတာ ဖြစ်ပါတယ်။ ဒုတိယring က​တော့ ၂ဖက်လုံးအတွက် အရံဖြစ်ပါတယ်။ ဆီခြစ်လို့လည်း​ခေါ်ကြပါတယ်။ fisrt ring မလုံ​တော့ရင် Second ring အလုပ်လုပ်​ပေးပြီး တတိယ ring က ကျွံလာတဲ့ ဆီတွေကို ခြစ်ချ​ပေးပါတယ်။Rings ကဏ္ဠက အ​ရေးပါပြီး ring ​တွေတပ်ရင် ring plier ကို အသုံးပြုကြပါတယ်။ကျိုးသွားရင် တစ်​ချောင်းထဲ ပြန်ဝယ်မရဘဲ အစုံလိုက်တစုံလုံးပြန်ဝယ်ရတဲ့အတွက် သတိထားကိုင်တွယ်ဖို့​​တော့လိုအပ်ပါတယ်။Ringထည့်ပြီးသား piston ကို engine sleeve ထဲထည့်မယ့်ချိန်ကျရင်​တော့ Ring Compressor ဆိုတဲ့ ကရိယာကို အသုံးပြုကြပါတယ်။ Rings ​တွေ ကဏ္ဠဟာလည်း အ​ရေးကြီးပြီး rings ​တွေပျက်တယ်ဆိုရင်​တော့ ပြင်ပ လက္ခဏာ​တွေအ​နေနဲ့ မီးခိုး အဖြူ​ရောင်ထွက်တာတို့ speed ကျသွားတာတို့ ဖြစ်လာတတ်ပါတယ်။အင်ဂျင်ဝိုင်​တွေ Chamber ထဲမာ လိုက်​ပေါက်ကွဲကုန်တာ​ကြောင့်ပါ။ဒါက​တော့ rings ​တွေအ​ကြောင်း အကျဥ်းချုပ်ဖြစ်ပါတယ်။

​နောက်လဲ mechanical နဲ့ပက်သက်တဲ့ သိသင့်တာ​တွေ ​​ဝေမျှသွားပါအုံးမယ်။

Photo source from internet

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Simple Mechanic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share