27/03/2020
👧 မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင် (78) ချက်ထဲက သင် ဘယ်နှချက် လုပ်နိုင်သလဲ 👨
💓💓💓💓💓💓💓💓💑
၁။ facebook password ကို သူမကို ပြောပြပါ...
၂။ သူမကို မရက်စက်ပါနဲ့...
၃။ စိတ်ထိခိုက်အောင် မလုပ်ပါနဲ့...
၄။ သူမကို အနိုင်မကျင့်ပါနဲ့...
၅။ မညာပါနဲ့...
၆။ မရိုက်ပါနဲ့...
၇။ တစ်ခုခုနဲ့ကောက်ပေါက်တာမျိုး မလုပ်ပါနဲ့..
၈။ သူမဖုန်းကို မချပစ်ပါနဲ့....
၉။ အသံကျယ်နဲ့ အော်ပြီး သူမကို စကားမပြောပါနဲ့...
၁၀။ သူမ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့...
၁၁။ သူမအတွက် အနှောင့်အယှက်ဖြစ်မဲ့အရာတွေ သူမနဲ့အတူ မရှိပါစေနဲ့...
၁၂။ မလုပ်ချင်တဲ့ အရာကို အတင်းမခိုင်းပါနဲ့...
၁၃။ ရည်းစားဟောင်း မိန်းကလေးနဲ့သူမကို နှိုင်းပြီး မပြောဆိုပါနဲ့...
၁၄။ မလုပ်တတ်တဲ့အရာကို အပြစ်မပြောပါနဲ့...
၁၅။ သူမ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစာတွေကို မကျွေးပါနဲ့...
၁၆။ တခြားတစ်ယောက်က သူမထက် ပိုတော် ပိုကောင်းတယ်လို့ မပြောပါနဲ့...
၁၇။ အေးတဲ့ ရာသီမှာ သူမရဲ့လက်ကလေးတွေကို နွေးထွေးစွာ ဆုပ်ကိုင်ထားပေးပါ...
၁၈။ လမ်းသွားတဲ့အချိန်မှာ သူမလက်ကို မြဲမြဲကိုင်ထားပါ... မလွှတ်လိုက်ပါနဲ့...
၁၉။ လမ်းကူးတဲ့အခါ... သူမလက်ကို တင်းကြပ်စွာ ကိုင်ထားပေးပါ...
၂၀။ သူမနဲ့အတူတူ စျေး၀ယ်ထွက်တဲ့အခါ ပင်ပန်းလိုက်တာလို့ မပြောပါနဲ့...
၂၁။ စျေး၀ယ်ထွက်ရင် ပစ္စည်းကူသယ်ပေးပါ...
၂၂။ အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရ လက်ဆောင်ပေးပါ...
၂၃။ သူမ ဆာလောင်တဲ့အခါ... သူမနဲ့အတူတူ စားသောက်ပေးပါ...
၂၄။ ရန်ဖြစ်ရင် အရင်ဆုံး တောင်းပန်ပါ....
၂၅။ သူမ ကလေးဆန်တဲ့အခါ အဖော်ပြုပေးပါ...
၂၆။ နေမကောင်းတဲ့အခါ သတိတရ ဆေးတိုက်ပါ...
၂၇။ သူမ ဖုန်းဆက်ရင် ဆက်ဆက် ကိုင်ပါ...
၂၈။ နေမကောင်းတဲ့အခါ သူမဘေးမှာ နေပေးပါ...
၂၉။ ၀မ်းနည်းစရာနဲ့သူမကြုံတဲ့အခါ... နှစ်သိမ့်ပေးပါ
၃၀။ သူမ ငိုတဲ့အခါ... နွေးထွေးစွာ ဖက်ထားပါ..
၃၁။ သူမ မွေးနေ့ရောက်တဲ့ အခါ.. ပထမဆုံး သူမကို ပျော်ရွှင်စေသူ ဖြစ်ပါစေ...
၃၂။ သူမကို ပြောတဲ့အတိုင်း ကတိတည်ပါ...
၃၃။ ဟန်းဖုန်းကို သူမကို ကြည့်ခွင့်ပေးပါ...
၃၄။ ကိစ္စရှိလို့ သူမ ခေါ်တဲ့အခါ... သွားနိုင်အောင် ကြိုးစားပါ...
၃၅။ ညဘက် ဖုန်းပိတ်မထားပါနဲ့...
၃၆။နေ့တိုင်း သူမကို ဖုန်းဆက်ပေးပါ....
၃၇။ online ပေါ်ရောက်တဲ့အခါ... သူမ ရှိမရှိ အရင်သတိပြုပါ...
၃၈။ တနေရာကို သူမ တစ်ယောက်ထဲ သွားတဲ့အခါ... သူမကို ဖုန်းဆက်ပြီး သတိထားသွားဖို့ ပြောဆိုပါ...
၃၉။ သူမ ကြိုက်ရင် ၀ယ်ပါစေ...
၄၀။ သူမကို သေချာစောင့်ရှောက်ပါ... နေမကောင်း မဖြစ်ပါစေနဲ့..
၄၁။ သူမရဲ့ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် စာရင်းထဲမှာ နံပါတ် ၁ ရှိပါစေ....
၄၂။ သူမနဲ့စိတ်တူကိုယ်တူ ရှိပါစေ...
၄၃။ သူမ မက်ဆေ့ခ်ျ ပို့ရင် ချက်ခြင်း ပြန်ပါ....
၄၄။ သူငယ်ချင်းတွေရဲ့ ရှေ့မှာ သူမကို မျက်နှာသာပေးပါ...
၄၅။ လမ်းအတူတူ သွားတဲ့အခါ သူမရဲ့ဘယ်ဘက်မှာ နေပေးပါ...
၄၆။ ချစ်သူသက်တမ်း ဘယ်လောက် ကြာပါစေ... အချစ်တွေ အမြဲ သစ်လွင် လန်းဆန်းနေပါစေ...
၄၇။ အန္တရာယ်ရှိရင် သူမကို မခိုင်းပါနဲ့...
၄၈။ မိုးရွာရင်... သူမကို ထီးဆောင်းပေးပါ...
၄၉။ သူမရဲ့ အကြိုက်ကို မှတ်ထားပေးပါ...
၅၀။ ပျော်ရွှင်တဲ့အခါ သူမနဲ့အတူ မျှဝေခံစားပါ...
၅၁။ ၀မ်းနည်းးးစရာရှိရင် သူမကို အသိပေး တိုင်ပင်ပြောဆိုပါ...
၅၂။ သူငယ်ချင်းအားလုံးကို သူမနဲ့ မိတ်ဆက်ပေးပါ...
၅၃။ သူမကို ရယ်မောပျော်ရွှင်အောင် ထားပါ...
၅၄။ ပြောတဲ့အတိုင်း လုပ်ပါ...
၅၅။ တတ်နိုင်ရင် ဟင်းချက်သင်ပြီး သူမကို ကျွေးပါ....
၅၆။ သူမကို ယုံကြည်ပေးပါ...
၅၇။ အမြင်သဘောထားချင်း မကြာမကြာ ဖလှယ်ပါ
၅၈။ သူမအိပ်တဲ့အခါ စောင်ခြုံပြီး နွေးထွေးအောင် လုပ်ပေးပါ....
၅၉။ သူမရဲ့ အတိတ်ကို နားလည်ပေးပါ...
၆၀။ သူမအတွက် လုံခြုံမှုရှိပါစေ...
၆၂။ သူမစိတ်ဆိုးတဲ့အခါ ပျော်ရွှင်အောင် နှစ်သိမ့်ပြောဆိုပါ...
၆၃။ သူမ အလိုရှိတာကို အတတ်နိုင်ဆုံး ကြိုးစားပေးပါ...
၆၄။ ချိန်းတွေ့တဲ့အခါ.. သူမထက် စောရောက်ပါစေ...
၆၅။ ချိန်းတွေ့တဲ့နေရာမှာ သူမကို စောင့်ရတာ အရမ်းကြာလို့ ပြန်သွားတာမျိုး မလုပ်ပါနဲ့...
၆၆။ သူမနဲ့အတူတူ အဖော်ပြု လည်ပတ်ပေးတဲ့အခါ... အချိန်မရှိဘူးလို့ မပြောပါနဲ့... သူမ သွားချင်တဲ့နေရာကို ရွေးချယ်ပါစေ...
၆၇။ အချိန်တိုင်း သူမကို သတိရ ပါစေ....
၆၈။ တခြားမိန်းကလေး တစ်ယောက်ကို ၃ စက္ကန့်ထက် ပိုမကြည့်ပါနဲ့... မကြည့်တာ အကောင်းဆုံးပါပဲ...
၆၉။ အိမ်ပြန်တဲ့အခါ သူမကို အိမ်၀အထိ လိုက်ပို့ပေးပါ...
သူမ အိမ်ပေါ်ရောက်မှ ပြန်ပါ...
၇၀။ အိမ်ပြန်ပို့ပေးတဲ့အခါ ကောင်းသောညပါလို့ နှုတ်ဆက်ဖို့ မမေ့ပါနဲ့...
၇၁။ သူမလုပ်တဲ့အရာကို ကူညီလုပ်ပေးပါ... သပ်သပ်ရပ်ရပ် ကူညီ လုပ်ဆောင်ပေးပါ...
၇၂။ စားကောင်းတဲ့ အစာကို သူမကို ကျွေးဖို့ သတိရပါ...
၇၃။ မနက်အိပ်ရာထဖို့ သူမကို နှိုးပေးပါ...
၇၄။ မနက်စာ ၀ယ်ကျွေးပါ...
၇၅။ သူမ အိပ်ရာထခဲ့ရင် သွားတိုက် မျက်နှာသစ်ဖို့အဆင်သင့် ပြင်ထားပေးပါ...
၇၆။ သူမ အိပ်ရာမထချင်ဘူးဆိုရင်... မနက်စာကို ကိုယ်တိုင် ခွံ့ကျွေးပါ...
၇၇။ဘ၀မှာ သူမကို အရေးကြီးဆုံး နေရာမှာထားပါ...
၇၈။ သူမဟာ သင့်ကြောင့် ကံအကောင်းဆုံး မိန်းကလေး ဖြစ်ပါစေ...
ကဲ သင်ကော ဒီအထဲက ဘယ်နှချက်လုပ်နိုင်ပီလည်း…