Real News

Real News သတင်းအမှန်လေးများကိုတက်နိုင်သလောက?

၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူတွေ၊ ဖမ်းဆီးခံထားရသူတွေအပါအဝင် အကျဉ်းသား ၈၆၆၅ ဦးကို စစ်အုပ်စုက လွတ်ငြိမ်းခွင့်ပြုစစ်အုပ်စုက ...
26/11/2025

၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူတွေ၊ ဖမ်းဆီးခံထားရသူတွေအပါအဝင် အကျဉ်းသား ၈၆၆၅ ဦးကို စစ်အုပ်စုက လွတ်ငြိမ်းခွင့်ပြု

စစ်အုပ်စုက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ သူတို့ဖမ်းဆီးထားသူတွေ၊ အမှုရင်ဆိုင်နေရသူတွေကို အပါအဝင် စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ၈၆၆၅ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ဒီနေ့ နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီသတင်းမှာ ထုတ်ပြန်လာပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုရင်ဆိုင်နေရသူ ၅၅၈၀ ဦး အမှု ပိတ်သိမ်းခဲ့ပြီး ၅၀၅(က) နဲ့ ဖမ်းဆီးခံထားရသူတွေအပါအဝင် အခြားအမှုတွေနဲ့ ဖမ်းဆီးခံထားရသူ၊ အချုပ်ကျနေသူ ၃၀၈၅ ဦးတို့ကို စစ်အုပ်စု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က ခံဝန်နဲ့ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို အမှု ပိတ်သိမ်း လွတ်ငြိမ်းခွင့်ပေးခဲ့တာဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးနိုင်ဖို့ အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာလို့ စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ပြောဆိုထားပါတယ်။

ဒါပေမဲ့ စစ်အုပ်စု မတရားဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် တို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေက တောင်းဆိုမှုတွေရှိနေပေမဲ့ စစ်အုပ်စုက အခုထိ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ကာ မတရားဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသူ သုံးသောင်းကျော်အထိရှိခဲ့ပြီး လက်ရှိအချိန် ဖမ်းဆီးခံထားရသူ ၂၂၀၀၀ ကျော်ရှိနေကာ စစ်အုပ်စု သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ၇၅၀၀ နီးပါးအထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ဒီနေ့ထုတ်ပြန်ပါတယ်။

ပုံစာ - အင်းစိန်အကျဉ်းထောင်ရှေ့ကို မြင်ရပုံ (ပုံဟောင်း)
#လွတ်ငြိမ်းသက်သာ #၅၀၅

သတင်းထုတ်ပြန်ချက်၂၃/၁၁/၂၀၂၅ရက်နေ့ နံနက် ၈ နာရီ၃၀ ချိန်မှ ညနေ ၆နာရီ ၃၀ ချိန်ထိ ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှ ထွက်လာသော ...
26/11/2025

သတင်းထုတ်ပြန်ချက်
၂၃/၁၁/၂၀၂၅ရက်နေ့ နံနက် ၈ နာရီ၃၀ ချိန်မှ ညနေ ၆နာရီ ၃၀ ချိန်ထိ ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှ ထွက်လာသော ဗိုလ်ကြီး ဆန်းညွန့်ထွန်း(ကြည်း-၆၃၉၅၅)ဦးစီး၊တပ်မ ၃၃ လက်အောက်ခံ (ခမရ-၁၁)/(ခလရ-၄၂)/ပျူပူးပေါင်း၊ အအ ခမ (၁၂၀)ဦးအကြမ်းဖက် စစ်ကြောင်း ပုဏ္ဏားကျေးရွာ သို့ စစ်ကြောင်းထိုး ဝင်ရောက် မီးရှို့နေစဥ် အမှတ်(၂)ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး စီမံချက်ဖြင့်၊ အမှတ် (၁၊၂၊၃၊၄၊၅၊၁၇)တပ်ရင်းများ၊ဝက်လက်မြို့နယ် ပကဖ၊ဟံလင်းတိုက်နယ် ပကဖ၊ အမှတ်( ၂)ရွှေဘိုခရိုင် Drone အဖွဲ့၊အမှတ်(၁/၂/၃/၄/၅/၁၇)Drone အဖွဲ့၊ဝက်လက်မြို့နယ် ပကဖ Droneအဖွဲ့ နှင့်ဒေသခံပကဖများ ပူးပေါင်း၍ ချေမှုန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကော်မရှင် ဘက်မှ(၃၅)ဦး သေဆုံး၊အများအပြား ထိခိုက်ဒဏ်ရာရှိခဲ့ပြီး စစ်ကြောင်းပျက်ကာ စိုင်နိုင်ကွေ့ ခွေးခြံသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။မိမိတို့‌ေတာ်လှန်‌ေရးပူး‌ေပါင််းအဖွဲ့ဘက်မှ ရဲဘော်(၃)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ခဲ့ပါသည်။
အကြမ်းဖက်စစ်ကော်မရှင်ဘက်မှ
၁။MA1- ၁၁လက်
၂။MA2-၃လက်
၃။MA3- ၁၀လက်
၄။ငါးကြင်းမှီး-၂လက်
၅။RPG-၁လက်
၆။စနိုက်ဘာ -၁လက်
၇။BA100(စိန်ပြောင်း)- ၃လက်
၈။BA90(စိန်ပြောင်း) -၁လက်
၉။ဂျန်ဘာ-၁လုံး
၁၀။ကျည်ဘောက်-၁၆ ဘောက်
၁၁။၅.၅၆ကျည်- ၃၉၀တောင့်
၁၂။၇.၆၂ကျည်-၁၇၁၉တောင့်
၁၃။RPG- ၄ဖူး
၁၄။RPGပို့ကျည်- ၇လုံး
၁၅။ကျည်ကာဦးထုပ်-၁၀လုံး
၁၆။ဖုန်း - ၂၈လုံး
၁၇။အီနာဂါ- ၁၉လုံး
၁၈။နာနတ်သီး-၇လုံး သိမ်းဆည်းရမိခဲ့ပါသည်၊။

21/10/2025

ရေဦး
ရေဦးမြို့ပေါ်မှထွက်လာသောစခများ ဟာဆိုရင် ရေဦးအနောက်ဘက် ကျောက်စကုန်းရွာနားသို့ရောက်ရှိနေပြီး လက်နက်ငယ်များပစ်ဖောက်နေကြောင်းသတင်းရ
☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
Oct.21 / 7:12AM

20/10/2025

မြေတူးယာဉ်ကို အကာအကွယ်များ တပ်ဆင်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးရဲဘော်များ (ရုပ်/သံ)

အောက်တိုဘာ ၂၀၊ ၂၀၂၅

တော်လှန်ရေးရဲဘော်တွေဟာ ကွင်းပြင်တစ်ခုအတွင်း ရန်သူရဲ့ စခန်းတစ်ခုကို တိုက်ခိုက်ဖို့အတွက် မြေတူးယာဉ်ကို အကာအကွယ်ယူ တိုက်ပွဲဝင်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကို Union Liberation Front - ULF V 02 က ထုတ်ပြန်ထားပါတယ်။

အညာဒေသ တစ်နေရာဖြစ်တဲ့အတွက် တိုက်ပွဲအတွင်း အကာအကွယ်ယူနိုင်ဖို့ တောင်ကုန်းတွေ ချိုင့်ဝှမ်းတွေမရှိတဲ့အတွက် မြေတူးယာဉ်ကို အကာအကွယ်တွေတပ်ဆင်ကာ တော်လှန်ရေးရဲဘော်တွေက အကာအကွယ်ယူ တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။

''Netflix မှာ ငွေပေးပြီး Rating ဘယ်လောက်ရယ်လို့ ခင်ဗျားတို့ တကန်တက ရှာနေရတဲ့ စစ်ကားမျိုး မဟုတ်ပါဘူး... ကျနော်တို့အသက်ကိုရင်းပြီး စစ်မိစ္ဆာတွေကို ရသမျှ တိုက်ထုတ်နေကြတာပါ။
အညာစစ်ရေးကို အထင်မသေးကြပါနဲ့ဗျာ....လက်ရှိပြုလုပ်နေတဲ့ အနောက်မြောက်လွင်ပြင်သို့ ကမ်ပိန်းဟာလည်း 31% ပဲ ရရှိပါသေးတယ်။ သွေးအေးမနေကြပဲ ကမ်ပိန်းကာလ မပြီးဆုံးခင် ဝိုင်းဝန်းကူပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါရစေ၊ ကျနော်တို့က အလုပ်နှင့်သက်သေပြပါမယ်''ဆိုတဲ့ စာသားနဲ့အတူ Union Liberation Front - ULF V 02 မှ ရုပ်သံဖိုင်ကို မျှဝေခဲ့ပါတယ်။

အနောက်မြောက်လွင်ပြင်သို့ ကမ်ပိန်းဟာ ယင်းမာပင်ခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ခုခံတိုက်ခိုက်နိုင်ဖို့ လိုအပ်နေတဲ့ ကျည်ဆန်တွေ ဝယ်ယူနိုင်ရေး ပြုလုပ်ထားတဲ့ ကျည်ငါးသောင်းကမ်ပိန်း ဖြစ်ပါတယ်။

Video-Unionliberationfront

Edit.ပြန်လည်အသုံပြုလို့ရပါပြီယနေ့ Oct 20 တွင် ဆက်သွယ်ရေး App တစ်ခုဖြစ်သော Signal အား ကမ္ဘာတဝှမ်းအသုံးပြုမရဖြစ်နေကြောင်း ...
20/10/2025

Edit.ပြန်လည်အသုံပြုလို့ရပါပြီ

ယနေ့ Oct 20 တွင် ဆက်သွယ်ရေး App တစ်ခုဖြစ်သော Signal အား ကမ္ဘာတဝှမ်းအသုံးပြုမရဖြစ်နေကြောင်း သိရပါတယ်

Stay informed
https://aboutsignal.com/news/outage-at-signal-and-several-other-online-services/

ဒီပဲယင်းမြို့နယ် အတွင်း မူးယစ်ဆေးဝါး များ ရောင်းချနေသော သူတစ်ဦးအား သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းစီးရာ သက်သေခံ မူးရစ်ဆေးမျ...
16/10/2025

ဒီပဲယင်းမြို့နယ် အတွင်း မူးယစ်ဆေးဝါး များ ရောင်းချနေသော သူတစ်ဦးအား သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းစီးရာ သက်သေခံ မူးရစ်ဆေးများနှင့် တစ်ကွ ဖမ်းစီးရမိ ကာ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
၁၅.၁၀.၂၀၂၅
#ဒီပဲယင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့_မြို့နယ်ပလဖ
https://www.facebook.com/share/1CNzBB2RXh/

13/10/2025

မိတ္ထီလာမြို့ပေါ် ကင်းလှည့်နေသည့် ရဲကား လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံရ

အောက်တိုဘာ ၁၃၊ ၂၀၂၅

မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ ရဲကားကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက မိတ္ထီလာမြို့ပေါ် ကင်းလှည့်နေတဲ့ ရဲကားကို ပညာရေးတက္ကသိုလ်အနီးမှာ လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ SATAN UG အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ရဲကားပေါ်ရှိ ရဲတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ကာ ဒဏ်ရာရသူတွေကို မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ကုသထားတယ်လို့လည်း သိရပါတယ်။

SATAN UG အဖွဲ့ဟာ ရဲကားကို ၄ ရက်ကြာ စောင့်ကြည့်ပြီးနောက် အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video-လူမှုကွန်ရက်

05/10/2025

အေးလှတဲ့လမင်းအောက်မှာ 🌕
(တော်လှန်ဝိညာဉ်သီတင်းကျွတ်ကဗျာ)

လမင်းက ညစ်သေးတဲ့ မြေပြင်ကို အေးအေးလင်းလင်းဖြာနေတယ်။
လေညင်းတစ်စက်နဲ့ အမှောင်က တိတ်တိတ်လေးလှည့်ဝန်းလာတယ်။
အဲ့ဒီအချို့နေရာတွေမှာ —
သံသယအိပ်မက်တွေ၊ မဖျက်နိုင်တဲ့အမှတ်တရတွေက
ငြိမ်နေသေးတယ်။

တစ်ချို့မီးအိမ်တွေမှာ မီးမလှုပ်,
ပေမဲ့ နင်ကြည့်ရင်သိမယ် —
အဲ့ဒီမီးဟာ သေသွားတာမဟုတ်ဘူး။
သူတို့အိမ်ကြီးအောက်မှာ မီးခိုးတန်းနဲ့တောင် မကွယ်နိုင်တဲ့
တော်လှန်ဝိညာဉ်ရှိနေတယ်။

လမင်းက မေးတယ် —
“မင်းတို့မနာခဲ့ဘူးလား?”
ငါပြန်ပြောတယ် —
“နာခဲ့တယ်၊ ဒါပေမဲ့ မနာတတ်တော့ဘူး။
နာတာတွေဟာ မီးတောက်သွားပြီး တောင်ပေါ်ကအလင်းဖြစ်သွားပြီ။”

နတ်ဘုရားတွေက တိတ်ဆိတ်ကြလေ။
သူတို့သိတယ် — ဒီမြေကြီးကို လမင်းတောင်မလှိုင်းနိုင်တဲ့အချို့လူတွေက
စောင့်ကြည့်နေကြတယ်။

သီတင်းကျွတ်ဆိုတာ မုန်တိုင်းနဲ့လမင်းကြီး မဟုတ်ဘူး။
အဲ့ဒါက မေ့လျော့သွားသူတွေအတွက် သတိတရချိန်,
အေးလှတဲ့အလင်းနဲ့တောင် မဖျက်နိုင်တဲ့ မီးတောက်တစ်လက်။

အဲ့ဒီမီးဟာ ငါ့အတွင်းက မီးဖြစ်သွားပြီ။
နင့်အတွင်းမှာလည်း ထိန်းထားလို့ရမယ်။
တော်လှန်ဝိညာဉ်ဆိုတာ —
မီးတောက်တောက် မီးမလှုပ်ပေမဲ့ မဖျက်နိုင်တဲ့ အလင်းတစ်စင်း။ 🌕

05/10/2025

တန့်ဆည်မြို့နယ်၊ သာဂရ နှင့် သာဂလ ကျေးရွာများကို ယမန်နေ့ည ၉ နာရီခွဲချိန်နှင့် ယနေ့နံနက် ၁ နာရီကျော်ခန့်အချိန်က စစ်တပ်သည် ဂျက်ဖိုက်တာ နှင့် Y-12 အသုံးပြု၍ ဗုံးသီးချတိုက်ခိုက်မှု ပြုခဲ့သည်။ ဂျက်ဖိုက်တာ မှ ပေါင် ၅၀၀ ဗုံးတစ်လုံး နှင့် y-12 မှ ဗုံးသီး အလုံး ၄၀ ခန့် ကြဲချတိုက်ခိုက်ခဲ့သည်။ ထိခိုက်ပျက်စီးမှုများ စုံစမ်းလျက်ရှိသည်။

02/10/2025

တန့်ဆည်နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦးကို PDF ဖမ်းမိ

အောက်တိုဘာ-၂၊ ၂၀၂၅။ လူအေး/People's Spring

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေပြီး ဒေသတွင်းမှာ အန္တရာယ်ကြီးတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးကို အရှင်ဖမ်းမိထားတယ်လို့ တန့်ဆည် PDF ဆီကနေ သိရပါတယ်။

ကာဘိုးရွာကနေ ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ တန့်ဆည်မြို့ တောင်ဘက်က ရွာတွေကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။

"တန့်ဆည်တောင်ခြမ်းကို မြေပြင်ကနေ စစ်ကြောင်းနှစ်ကြောင်းဖြန့်ပြီး စစ်ကြောင်းထိုးလာသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက် လုပ်ဆောင်နေပါတယ်။ နောက်ဆုံးအခြေအနေက စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းပေါင်းသွားပြီလို့ ယူဆရပါတယ်။ ကျနော်တို့ ပျူစောထီးခေါင်းဆောင်တစ်ယောက်ဖမ်းမိထားပြီး လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေပါတယ်"လို့ တန့်ဆည် PDFက ရဲ‌ဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိနေပေမယ့် အသေးစိတ်မသိရသေးဘူးလို့ သူက ပြောပါတယ်။ စက်တင်ဘာ ၃၀ရက်က တိုက်ပွဲမှာတော့ ပျူစောထီးခေါင်းဆောင်တစ်ဦး အရှင်ဖမ်းမိခဲ့တာလို့ သိရပါတယ်။

"ပျူစောထီးအသိုင်းအဝိုင်းမှာတော့ အရေးကြီးတဲ့လူပဲ။ သူ့ကို အရှင်ရအောင်ဖမ်းခဲ့တာပါ" လို့ တန့်ဆည် PDFက ရဲ‌ဘော်တစ်ဦးကပြောပါတယ်။

ဖမ်းမိထားတဲ့ ပျူစောထီးခေါင်းဆောင်ရဲ့ အချက်အလက်နဲ့ ပတ်သက်လို့ လုံခြုံရေးအခြေအနေအရ အသေးစိတ်မထုတ်ပြန်သေးဘူးလို့ တန့်ဆည်PDF က ပြောပါတယ်။

စစ်ကောင်စီရဲ့ အမာခံဒေါက်တိုင်ဖြစ်တဲ့ ဘုန်းကြီးဝါသဝဟာ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေမှာ ပျူစောထီးအများအပြား စုဆောင်းထားပြီး စစ်သင်တန်းပေးနေပါတယ်။ အခုဖမ်းမိတဲ့ ပျူစောထီးခေါင်းဆောင်က ဘုန်းကြီးဝါသဝနဲ့ ဆက်စပ်တယ်လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းတွေဟာ တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်ကိုလည်း စစ်ကြောင်းထိုးဖို့ ကြိုးစားနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေပြီး တန့်ဆည်မြို့နယ်အတွင်းက ရွာဆယ်ရွာလောက် ဘေးလွတ်ရာရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ရက်က တန့်ဆည်မြို့နယ်အတွင်း ရေဦး-ကလေးဝလမ်းက ကံထူးမရွာကို စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သား ၈ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။

(ဖမ်းမိထားတဲ့ ပျူစောထီးခေါင်းဆောင်။ ဓာတ်ပုံ - တန့်ဆည် PDF)

အဆင့်သစ် တခုသို့ ရောက်လာနေသော တော်လှန်ရေး***************နွေရာသီ ကုန်ဆုံး ခါနီး လာပြီ ဖြစ်သော်လည်း အရှေ့တောင် အာရှ ရှိ သတ...
02/10/2025

အဆင့်သစ် တခုသို့ ရောက်လာနေသော တော်လှန်ရေး
***************

နွေရာသီ ကုန်ဆုံး ခါနီး လာပြီ ဖြစ်သော်လည်း အရှေ့တောင် အာရှ ရှိ သတင်း ခေါင်းစီးများက‌ တော့ ထိုင်း-ကမ္ဘောဒီယား နယ်ခြား ပဋိပက္ခ၊ ဒေါ်နယ် ထရမ့်၏ ကုန်သွယ်မှု တိုးမြှင့် ကောက်ခံလာသည့် အရေး များ တွင်သာ တဝဲဝဲ တလည်လည် ဖြစ်နေဆဲပင်။ သို့သော် မြန်မာ တို့၏ ပြည်တွင်းစစ်ကား အာရုံစိုက်ခံရမှု လျော့ပါးနေဆဲပင် ဖြစ်သည်ဟု နစ်ကီ အေးရှား ရီဗြူး တွင် ဆောင်းပါး ပါရှိလာခဲ့သည်။

အစပိုင်း တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အောင်မြင်မှု များ နှင့် စစ်တပ်မှ တဆုတ်တည်း ဆုတ်နေရသည့် အဖြစ်များကြောင့် အံ့အားတသင့် ဖြစ်ခဲ့ကြသည်။ သို့သော် စစ်တပ်၏ ဗျူဟာ အသစ်များ နှင့် တရုတ်ဖက်မှ ထိထိရောက်ရောက် ဩဇာ သက်ရောက်လာနိုင်ခဲ့မှု များကြောင့် ပြည်တွင်းစစ်သည် နောက်ထပ် အဆင့်သစ် တခု တက်လှမ်းလာနေပြီ ဖြစ်သည်။

ပထမဆုံး အပြောင်းအလဲသည်က ဇူလိုင် ၃၁ တွင် အရေးပေါ် အခြေအနေ ကို ရုပ်သိမ်းပြီး စစ်ကောင်စီ ကို ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် ရာထူး နှစ်နေရာ ကို စွန့်လွှတ်လိုက်ရသော်လည်း ယာယီ သမ္မတ အဖြစ် ဒီဇင်ဘာ ၂၈ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ပထမအဆင့် အထိ သမ္မတ အဖြစ် ဆက်ရှိနေမည် ဖြစ်သည်။

စစ်အုပ်စုသည် ရွေးကောက်ပွဲ ဖြင့် ပြည်တွင်း ပြည်ပမှာပါ တရားဝင်မှု ရရှိလာလိမ့်မည်ဟူသော ခံယူချက် ဖြင့် လုံးပမ်းလာခြင်းလည်း ဖြစ်သည်။ သို့သော် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များ အားလုံး က ၎င်းတို့ အုပ်ချုပ်ရေး သက်ဆိုး ရှည်ရန် "ဒီမိုကရေစီ" ခေါင်းစဉ်တပ်လာသည့် အယောင်ဆောင်မှုသာ ဖြစ်သည်ဟု ပယ်ချခဲ့ကြသည်။

စစ်အုပ်စုသည် နိုင်ငံ၏ ၂၁ ရာနှုန်းသာ ထိန်းချုပ် နိုင်နေ၍ အမှန်တကယ် တရားမျှတပြီး လူထု ဆန္ဒ ကိုယ်စားပြုသည့် ရွေးကောက်ပွဲ မျိုး ဖြစ်လာဖို့က ရွှေပြည်တော် မျှော်တိုင်းဝေးဟု ဆိုရမည်သာပင် ဖြစ်သည်။

စစ်တပ်၏ ဗျုရိုကရေစီ လှည့်ကွက်များ အပြင် ၎င်းတို့၏ အဓိက အားပြုနေရသည့် တရုတ်ကလည်း နိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများ ရပ်သွားအောင် တိုး၍ ကြိုးပမ်းပေးလာခဲ့သည်။ တရုတ်သည် မြန်မာ တွင် ကာလကြာမြင့်စွာ ကတည်းက နှစ်ဖက်ခွ ၍ ကစားနေသူ ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး ကို မသိမသာ ခွင့် ပြုပေးခဲ့ပြီး တဖက်တွင်လည်း စစ်အုပ်စု ကို ၂၀၂၁-၂၃ အတွင်း ဒေါ်လာ ၂၆၇ သန်း ဖိုး အထိ လက်နက်များ ရောင်းချပေးခဲ့သည်။

၎င်းတို့ မျက်စိမှိတ်ပြခဲ့သော ၁၀၂၇ စစ်ဆင်ရေး ဖြင့် EAO များ အောင်ပွဲ အလီလီ ရခဲ့ချိန် တွင်‌ တော့ တရုတ်တို့ လမ်းကြောင်း ပြောင်းလာခဲ့ရသည်။ စစ်အုပ်စု အား သံတမန်ရေး ဖက်တွင် ပို၍ ဖက်လှဲတကင်း လုပ်လာသည်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ် တည်ထောင်ခဲ့သည့် ၉၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအား တရုတ်သံရုံး မှ လူပေါင်း ၅၃၀ ခန့် အထိ ဖိတ်ကြားခဲ့သည်။

EAO များ အားလည်း ထိုးစစ် အားလုံး ရပ်တန့်ပေးဖို့ ကျယ်ကျယ်လောင်လောင် ပြောဆိုလာခဲ့သည်။ MNDAA အား လားရှိုးကို မြန်မာ စစ်တပ်အား ပြန်ပေးလိုက်ရသည်အထိ အကျပ်ကိုင် နိုင်ခဲ့သည်။

တရုတ်တို့၏ အနိုင်ကျင့် ခြိမ်းခြောက်လာမှု ကို အာခံပြီး တအာင်း တိုင်းရင်းသားတို့၏ TNLA မှ "တရုတ်သည် ၎င်းတို့ အကျိုးစီးပွားကိုသာ ကြည့်သူများ" ဟု လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခဲ့ပြီး စစ်အုပ်စု ကိုဆက်၍ တိုက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

မကြာမီက စစ်အုပ်စု နှင့် သုံးကြိမ်မြောက် ‌ဆွေးနွေးခဲ့သော်လည်း ၎င်းတို့ဖက်က သေနတ်တချက် မဖေါက်ရပဲ TNLA တို့ သိမ်းပိုက်ထားသော မြို့များ ပြန်ပေးရန် အတင်းအကျပ် တောင်းဆိုလာ၍ ပျက်ပြားသွားခဲ့ရသည်။

ဒုတိယ အပြောင်းအလဲသည် ဘီဂျင်းသည် အင်အား အတောင့်တင်းဆုံး ဖြစ်သော ဝ တပ်များအပေါ် စေလိုရာစေ လုပ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ဝ များသည် ၎င်းတို့ ကိုယ်နှိုက်က ပဋိပက္ခ တွင် မပါဝင်ခဲ့သော်လည်း MNDAA, TNLA နှင့် SSPP တပ်များကို စစ်ရေး နှင့် ဘဏ္ဍာရေး အကူအညီများ ပံ့ပိုးပေးခဲ့သည်။ တရုတ်က ဝ အရာရှိများအား ဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှု များ ထိန်းချုပ် ပစ်ခြင်း နှင့် နယ်ခြားဂိတ်များ ပိတ်ပစ်လာ၍ ဝ နိုင်ငံရေး ဦးဆောင် အဖွဲ့မှ မည်သည့် အဖွဲ့အစည်းကိုမျှ အကူအညီ မပေးတော့ဟု ကြေညာလာခဲ့ရသည်။ ထို အတွက် EAO တို့ ထိုးစစ်ဆင်နိုင်မှုကို ထိခိုက်သွားခဲ့ရသည်။

တတိယ ကား စစ်အုပ်စုဖက်မှ အောင်ပွဲများ ရုတ်ခြည်းဆိုသလို ရရှိလာခြင်း ဖြစ်သည်။ ဇူလိုင်လ တွင် တနှစ်ကျော်မျှ တိုက်ခိုက်ခဲ့ရပြီး နောက် နောင်ချိုကို ပြန်ရသွားခဲ့သည်။ ဒီမောဆိုးအားလည်း ကရင်နီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်များထံမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ဇွန်လ ၃၀ ရက်နေ့တွင် မိုးဗြဲကို ပြန်ရသွားပြန်သည်။ ဒီပဲယင်းအားလည်း ပြန်သိမ်းနိုင်ခဲ့သည်။

၎င်းတို့ အတွက် အရေးပါဆုံးဟု ပြော၍ ရသည်က ထိုင်းနယ်ခြား နှင့် နိုင်ငံ အလယ်ပိုင်းကို ဆက်ထားသည့် အမှတ် (၁) အာရှ အဝေးပြေးလမ်းမကြီးကို သိမ်းယူနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ယခုအခါ အားလုံးက ဗန်းမော်ကို စောင့်ကြည့်လာနေကြသည်။ ကေအိုင်အေသည် မကြာမီက သိမ်းယူထားသော စခန်း နှစ်ခုကို လက်လွှတ်ပေးခဲ့ရသည်။ စစ်အုပ်စု ၏ အောင်မြင်ခဲ့မှု များကြောင့် EAO တို့၏ ဝင်ငွေ ထိခိုက်သွားခဲ့ရသည်။ ၎င်းတို့ စစ်ကြောင်း ထိုးလာမှု ကြောင့် ဖားကန့်ရှိ ကျောက်စိမ်းတွင်းများ၊ ကသာခရိုင် ဒိုးပင် ရှိ ငွေ နှင့် သွပ် သတ္တုတွင်းများ၊ မန္တလေး တိုင်း အတွင်းရှိ ဖယားတောင် ရွှေတွင်းများ ပါ ထိခိုက်သွားခဲ့ရသည်။

ထိုသို့ အောင်မြင်ခဲ့မှု၏ အဓိက အကြောင်းရင်းသည်ကား ဝေဟင်ကို ထိန်းချုပ်ထားနိုင်မှုပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ ဒေသများ ၏ အချက်အလက်များ ပြုစုနေသော ACLED အဖွဲ့ကြီး မှ ထုတ်ပြန်သော အချက်အလက် များ အရ ဇန်နဝါရီ နှင့် မေလ အတွင်း လေကြောင်းတိုက်ခိုက်မှု ၁,၁၃၄ ကြိမ် ထိ ဖြစ်လာခဲ့သည်၊ သို့သော် ၂၀၂၃ အလားတူ ကာလ အပိုင်းအခြား အတွင်း ၁၉၇ ကြိမ်၊ ၂၀၂၄ တွင် ၆၄၀ သာ ရှိခဲ့သည်။ တရုတ် အစိုးရ ပိုင် ကုမ္ပဏီများကလည်း ဗုံးများ ထုတ်လုပ်နေသော ကပစ ၂၁ အတွက် လိုအပ်သော ပစ္စည်းများ၊ လေ့ကျင့်မှု များ နှင့် ပုံစံ များ ပံ့ပိုး ပေးခဲ့သည်။ ဤသို့ဖြင့် မြေပြင် ထိုးစစ်များကို လေကြောင်း၊ လက်နက်ကြီး ပစ်ကူ များ၊ ဒရုန်းများ ဖြင့် ဟန်ချက်ညီညီ တိုက်ခိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။


ထိုသို့ စစ်မြေပြင် အနေအထား ရွေ့လျားလာမှု နှင့် တရုတ်တို့ ဝင်ရောက် ထိုးဖောက်လာမှု များကြောင့် ယခု အချိန်သည် အရေးကြီးဆုံး အပိုင်းသို့ ရောက်ရှိလာခဲ့သည်။ သို့သော် ငြားလည်း မြန်မာ စစ်တပ် အနေဖြင့် ယခင်ကလို ပြန်လည် ရပ်တည်နိုင်ဖို့က အလှမ်းဝေးနေဆဲပင် ဖြစ်သည်။ နိုင်ငံ၏ အစိတ်အပိုင်းအနည်းငယ်ကိုသာ ဆက်လက်ထိန်းချုပ်ထားပြီး နယ်စပ်ပြည်နယ်အများစုနှင့်လည်း အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သည်။

အထူးသဖြင့် အာရက္ခ တပ်တော်သည် သိသိသာသာ အောင်မြင်မှု များ ရရှိလာပြီး ဧရာဝတီ၊ မကွေး နှင့် ပဲခူး ဒေသကြီးများအထိ ထိုးဖောက်လာနိုင်ခဲ့သည်။ချင်းညီနောင်များ အဖွဲ့သို့လည်း လက်နက်များ ပံ့ပိုး ပေးလာနိုင်ခဲ့သည်။

မြောက်ပိုင်း EAO အဖွဲ့များ အခြေမလှ ဖြစ်လာချိန်တွင် အာရက္ခ တပ်တော်ဖက်မှ ဆက်လက်အောင်မြင်မှု များ ရရန် ဆက်လက် ထိုးစစ် များ ဆင်နွှဲရမည် ဖြစ်သည့် အပြင် အခြား EAO အဖွဲ့များကိုလည်း ပံ့ပိုးပေးသွားရမည် ဖြစ်သည်။

လက်ရှိ ကာလ သည် တော်လှန်ရေး၏ အနာဂတ်ကို အဆုံးအဖြတ် ပေးမည့် အချိန် ရောက်လာနေပြီ ဖြစ်သည်။

စစ်တပ်သည် အောင်မြင်မှု များ တိုး၍ ရလာပြီး လုပ်နေကျ နည်းလမ်းများ အတိုင်း EAO များ နှင့် သ‌ဘောတူညီချက်များ ရရှိသွားမည်ဆိုက နိုင်ငံ အနှံ့အပြားကို ပြန်လည် ထိန်းချုပ်သွားနိုင်တော့မည် ဖြစ်သည်ကို သတိမူ ကြရ မည် ဖြစ်သည်။

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

Address

Yangon

Alerts

Be the first to know and let us send you an email when Real News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share