Smash

Smash For gamers, by gamers

20/10/2023

TI12 မှာအကောင်းဆုံးပုံစံတွေနဲ့ 100% Win-rate ကိုထိန်းထားနိုင်ဆဲ Team Spirit ‼

လက်ရှိကျင်းပလျက်ရှိတဲ့ Dota 2 လောကရဲ့အမြိုင်ဆိုင်ဆုံးပြိုင်ပွဲ The International 12 ကတော့အခုဆိုရင် Play-Offs အဆင့်ကိုရောက်ရှိလာပါပြီ။
TI12 ကိုယှဉ်ပြိုင်လျက်ရှိတဲ့အသင်းတွေထဲက အကောင်းဆုံးအသင်းတစ်သင်းကတော့ Group Stage မှာ Entity, 9pandas, EG, SMG နဲ့ Shopify Rebellion စတဲ့ပြိုင်ဘက်တိုင်းကို ၂-၀ နဲ့အနိုင်ရရှိခဲ့ပြီးလက်ရှိအချိန်အထိ 100% win-rate ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ Team Spirit ပဲဖြစ်ပါတယ်။
ဒီနေ့ညမှာတော့ Team Spirit အနေနဲ့ သူတို့ CIS region ရဲ့ Underdog အသင်းဖြစ်တဲ့ Virtus Pro နဲ့ Play-Offs Upper Bracket ပွဲစဉ်အဖြစ်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရှုံးပွဲမရှိစံချိန်ကိုပဲဆက်ထိန်းသွားနိုင်မလား? ဒါမှမဟုတ် Virtus Pro က Dark Horse အသင်းပီပီအနိုင်ရပြီး ဒုတိယ Team Spirit ဖြစ်သွားမလားဆိုတာကိုတော့ ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Dota 2 ကို အမိုက်စား Experience နဲ့ဆော့နိုင်မယ့် Viewsonic VX2728 Monitor အကြောင်းကို ဒီမှာလေ့လာလိုက်ပါ - https://www.viewsonic.com/mm/products/lcd/VX2728



For gamers, by gamers

11/10/2023

Tundra Esports ရဲ့ Partner ဖြစ်လာခဲ့တဲ့ ViewSonic Gaming ‼

TI11 ချန်ပီယံ Tundra Esports ကတော့အခုဆိုရင် နာမည်ကြီး ViewSonic Gaming နဲ့လက်တွဲလိုက်ပြီဆိုတဲ့အကြောင်းကိုကြေညာခဲ့ပါတယ်။
ဒါကတော့ လာမယ့်အောက်တိုဘာ (၁၂) ရက်နေ့မှာစတင်တော့မယ့် TI12 မတိုင်ခင် Major Announcement ဖြစ်သလို TI12 ကိုယှဉ်ပြိုင်ရမယ့် Tundra Esports အနေနဲ့ ViewSonic နဲ့ Partner ဖြစ်လာခဲ့တာက သူတို့ရဲ့ Performance တွေကိုပါ နောက်တစ် Level ပို့ပေးနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပါ။
ဒါ့အပြင် နာမည်ကြီး Player Topson လည်းပါဝင်လာခဲ့တဲ့ Tundra Esports အနေနဲ့ TI11 အနိုင်ရရှိပြီးနောက် TI12 ကိုပါထပ်မံအနိုင်ရရှိပြီး Back to Back Champion ဖြစ်လာမလားဆိုတာရင်ခုန်ရမှာဖြစ်သလို Topson အနေနဲ့လည်း ပထမဦးဆုံး 3 Times TI Winner ဖြစ်လာမလားဆိုတာကတော့ မကြာမီမှာကြည့်ရှုသွားရတော့မှာပဲဖြစ်ပါတယ်။
ဘော်ဒါတို့ရော TI12 မှာ Tundra ကိုအားပေးကြဖို့ Ready ပဲလား??

Tundra Esports' TI12 Roster
1. skiter
2. Topson
3. 33
4. Nine
5. Sneyking

Dota 2 ကို အမိုက်စား Experience နဲ့ဆော့နိုင်မယ့် Viewsonic VX2728 Monitor အကြောင်းကို ဒီမှာလေ့လာလိုက်ပါ - https://www.viewsonic.com/mm/products/lcd/VX2728



For gamers, by gamers

ASIAN GAMES မှာ ရွှေတံဆိပ်ဆုရယူနိုင်ခဲ့တဲ့ နာမည်ကြီး Team China ‼Dota 2 Player တော်တော်များများရဲ့ Idol တွေဖြစ်ကြတဲ့ Ame...
03/10/2023

ASIAN GAMES မှာ ရွှေတံဆိပ်ဆုရယူနိုင်ခဲ့တဲ့ နာမည်ကြီး Team China ‼

Dota 2 Player တော်တော်များများရဲ့ Idol တွေဖြစ်ကြတဲ့ Ame, Somnus, XinQ တို့ပါဝင်တဲ့ Team China ကတော့ သူတို့ရဲ့အိမ်ကွင်း Hangzhou မြို့မှာကျင်းပတဲ့ ၁၉ ကြိမ်မြောက် Asian Games မှာချန်ပီယံဖြစ်ခဲ့ပြီး ရွှေတံဆိပ်ဆုကိုဆွတ်ခူးနိုင်ခဲ့ပါပြီ။
သူတို့အနေနဲ့ ဆီမီးဖိုင်နယ်မှာ NothingToSay, xNova, JT- တို့ပါဝင်တဲ့ Team Malaysia ကို ၂-၁ ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပြီးနောက် Grand Final အဆင့်ကိုတက်လှမ်းလာခဲ့တာဖြစ်ပါတယ်။
Grand Final မှာလည်း Team Mongolia ကို Game 1 ရှုံးနိမ့်ခဲ့ပြီးနောက် Game 2 နဲ့ Game 3 ကို ခက်ခက်ခဲခဲပြန်အနိုင်ရအောင်ဆော့ပြီး ချန်ပီယံဖြစ်လာခဲ့တာပါ။
ဒါဟာ TI6 နောက်ပိုင်း International Dota 2 Scene မှာ Chinese အသင်းတွေအနေနဲ့ ကြီးမားတဲ့အောင်မြင်မှုပြန်လည်ရရှိခဲ့တာဖြစ်သလို Grand Final တိုင်းရှုံးနိမ့်နေကြ Ame အတွက်လည်း သူ့ရဲ့ Curse ကိုချေဖျက်နိုင်ခဲ့တဲ့ပွဲတစ်ပွဲလို့ဆိုရမှာဖြစ်ပါတယ်။
TI12 ကလည်းနောက်တစ်ပတ်ဆိုစတင်တော့မှာဖြစ်လို့ European အသင်းတွေလွှမ်းမိုးနေတဲ့ Dota 2 Scene မှာ Chinese အသင်းတွေတစ်ဖန်ပြန်လည် Comeback နိုင်မလားဆိုတာတော့ ကျွန်တော်တို့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Team China Asian Games Roster
1. Ame
2. Somnus
3. Chalice
4. XinQ
5. Fantasy

Congratulations Team China 🏆

Dota 2 ကို အမိုက်စား Experience နဲ့ဆော့နိုင်မယ့် Viewsonic VX2728 Monitor အကြောင်းကို ဒီမှာလေ့လာလိုက်ပါ - https://www.viewsonic.com/mm/products/lcd/VX2728



‼️ခက်ခက်ခဲခဲယှဉ်ပြိုင်ပြီး Grand Final တက်ခဲ့တဲ့ Burmese Ghouls ‼️Final Result : BG 3-2 FALCON( DEEP REVIEW by Smash ) G...
01/10/2023

‼️ခက်ခက်ခဲခဲယှဉ်ပြိုင်ပြီး Grand Final
တက်ခဲ့တဲ့ Burmese Ghouls ‼️
Final Result : BG 3-2 FALCON

( DEEP REVIEW by Smash )
Grand Final မတိုင်ခင် Super sunday
လေးမှာ ဘော်ဒါတို့ Breakfast အနေဲ့
အေးဆေးလေးဖတ်လို့ရအောင် တမင်
မနက်မှတင်လိုက်တာပါ ။ကဲ ကျွန်တော်နဲ့
တူတူတစ်ခေါက်ပြန်ခံစားလိုက်ရအောင်

GAME 1
BG : Angela,Frederin,Arlott,Rafela,Bruno
FCON : Barats,Mathilda,YZ,Irrithel, Mino
Falcon အနေနဲ့ meta မှာ အမြင့်ဆုံး Tier မှာရှိ
နေတဲ့ Mathilda ကိုရခဲ့တဲ့အပြင်
Barats လို အမာ jungle ကို Mino လို
healing&c.c ကောင်းတဲ့ tank support ကြီးနဲ့
ထွက်လာခဲ့သလို BG ကလဲ angela ကို mid
ထား Rafela နဲ့တွဲတဲ့ double support type ကို
tanky jungle Frederin ထုတ်လာပါတယ် ။
စထဲက Draft အားပြိုင်ကြတဲ့ပွဲဖြစ်တဲ့အတွက်
အတော်ကို ကြည့်ကောင်းခဲ့ပါတယ် ။
Durable ဆော့ကြတာမို့ Early ပိုင်းနဲ့ Mid Game
အစလောက်ထိကို အပြန်အလှန် Ganking တွေ
မှာ မပြတ်ခဲ့ကြသလို Objective အပိုင်းတွေမှာ
လဲ တူတူပဲဖြစ်ပြီး Hero kill က အစနည်းလို့
ပွဲက ဆောင်းတွင်းမှာရေခဲရေသောက်သလောက်
ကို အေးခဲ့ပါတယ် ။ အဆုံးအဖြတ် ဖြစ်သွားတာ
က BG NIKO ရဲ့ Retri ကောင်းလွန်းမှုကြောင့်
ဖြစ်ပြီး Lord 2 ကြိမ်လုံးရော Tower objective
တွေရော ရခဲ့လို့ map တစ်ခုလုံးကို စီးမိသွားရင်း
Second lord နဲ့ အတူပဲ ပွဲကိုအဆုံးသတ်ပေးခဲ့
လိုက်ပါတယ် ။

Game 2
FCON : Mathilda,Baxia,Ixia,
Uranus,Valentina
BG : Novaria , Nathan , Rafeala , Frederin ,
Arlott
ဒီတစ်ခေါက်မှာတော့ BG ရဲ့ confident pick လို့
ပြောလို့ရမယ့် Rafeala , Frederin , Arlott တို့ကိုပဲပြန်ယူခဲ့သလို Falcon ဘက်ကလဲ Tanky
Baxia jungle ကိုမှ Uranus , Mathila တို့လို
durable top tier hero တွေရခဲ့ပါတယ် ။
ပွဲစစချင်း Early ပိုင်းမှာ Falcon ရဲ့ lane cutting နဲ့ Jungle diving တွေကို အလူးအလဲခံခဲ့ရပြီး
၅မိနစ်ကျော်မှာတင် Jungler နှစ်ကောင် level 3 ဆင့်ကွာနေပါပြီ ။ Jungle area တွေနှောက်ခံရ
Turtle တွေပေးခဲ့ရပေမယ့် BG ဟာ Falcon ရဲ့
Sn*******ng တွေကို ကြံ့ကြံ့ခံခဲ့ပါတယ် ။
ဒီနေရာမှာ BG ဟာ တကယ်ချီးကျူးချင်စရာ
ဖြစ်ပြီး တချို့သောအသင်းတွေလို ပြာထွက်
သွားပြီး ကစားကွက်တည်လို့မရပဲ ခနနဲ့
တန်းEnd ခံရတာမျိုးမရှိပါဘူး ။
ဘယ်လိုပဲနိမ့်နေပါစေ မရရအောင်
ပြန်တည်ပြီး တစ်ဖက်ရဲ့ထိုးစစ်ကနေ အမှား
စောင့်ရင်း outplayed c.c ဖမ်းပြတာမျိုးတွေနဲ့
Network ကွာခြားမှုကို ဖြေးဖြေးဆီလျှော့ချ
ပစ်ခဲ့ပါတယ် ။ Early ထဲက အသာကြီးသာ
ခဲ့တဲ့ Falcon တို့ဟာ Third lord ကျမှသာ
Mega ၃လမ်းရခဲ့ပြီး ပွဲကို စီးထားနိုင်တာမျိုး
အားရလောက်အောင်မရှိပါဘူး ။
Stitch ရဲ့ Nathan နဲ့ Carbon ရဲ့ Arlott တို့
တစ်ကယ်အလုပ်လုပ်ပြခဲ့ပေမယ့် 4th Lord
Battle က အဆုံးအဖြတ်ဖြစ်ခဲ့ပြီး BG ဘက်က
၃ယောက်ကျသွားတာမို့ ဘယ်လိုမှတောင့်မခံ
နိုင်တော့ပဲရှုံးနိမ့်ခဲ့ရပါတယ် ။
BG ဟာ တော်ရုံ High Ground တက်တာ
လောက်ကို အေးဆေး defend ပြခဲ့သလို
နိမ့်နေတဲ့ကြားထဲက ဒီလောက်ထိတောင့်ပြ
ခဲ့တာကလဲ တကယ်တော်ပါတယ် ။

Game 3
FCON : Mathilda,Baxia,YZ,Karrie , Kadita
BG : Martis,Ruby,Arlott,Ixia,Angela
( ဒီကာလဟာ Support & durable meta ဖြစ်တာကြောင့် နှစ်သင်းလုံးဟာ
များသောအားဖြင့် ဒီ Hero တွေကိုပဲ လွတ်တာနဲ့
သူဦးသူယူ ကိုယ်ဦးကိုယ်ယူပုံစံဖြစ်နေပါတယ် ။ တခြားသောပွဲစဉ်တွေမှာလဲ ဒါမျိုးတွေပဲများပါတယ် ။ Falcon ကတော့ တစ်ချို့သော pick
လေးတွေပြောင်းတတ်တာမျိုးရှိပေမယ့် BG ကတော့ သူတို့အတွက် ယုံကြည်မှုအားကောင်း
မယ့် Heroတွေကိုသာ အဓိကထား Pick ပါတယ် ) ပွဲစဉ်တိုင်း draft တွေကမျှပါတယ်
ကဲ ….. ဆက်ပြောလိုက်ရအောင်
Early ပိုင်းထဲက Buff စုံတာနဲ့ အပြန်အလှန်
ချကြရင်း သူမှောက်ကိုယ်မှောက်ပါပဲ ။
Jungle area တွေ lane cutting တွေကို
နှစ်သင်းလုံး ဂရုစိုက်ကြပြီမို့ ပွဲက Game 1
လိုပဲ အေးပြန်ပါတယ် ။ Turtle / Tower
ပိုင်းမှာတော့ နှစ်သင်းလုံး အလုပ်လုပ်ကြပေမယ့်
Falcon က နှာတဖျားလေးသာနေခဲ့ပါတယ် ။
Lord battle တွေမှာတော့ Niko ရဲ့ retri ဟာ
ပွဲစဉ်တိုင်းလိုလိုမှာ In pressure တွေကြားထဲက
တော်တော်ကောင်းအောင် ပေါက်ပြနိုင်ခဲ့ပြီး အနာဂတ်မှာပိုမိုတောက်ပလာဦးမယ့်
Jungler တစ်ယောက် ဖြစ်လာဦးမှာပါ။
ဒီပွဲမှာလဲ BG ဘက်က အနိမ့်ဖြစ်နေပေမယ့်လဲ
High Ground Def တွေကိုထပ်ပြခဲ့ပြန်ပြီး
Falcon ရဲ့ ပွဲကိုအပိုင်စီးထားနိုင်သလိုလို
မစီးထားနိုင်သလိုလို မမဆောင်း error
ဖြစ်ဖြစ်နေတဲ့အချက်ကပဲ ဒုက္ခပေးသွား
ခဲ့တာပါ ။ အရေးပါတဲ့ 2nd , 3rd lord တွေရ
Mega ၃လမ်းရတာတောင်မှ သေချာမဖြတ်
နိုင်မယ့် ပျော်ပျော်ပါးပါး မော်တော်ကား
လုပ်နေရင်းကနေ စိတ်ရှည်သည်းခံတဲ့
BG တို့ comeback point တွေ တဆတဆ
ရှာတွေ့လာခဲ့ပါတယ် ။ 4 th lord battle မှာ
Ruby ရဲ့ Ult+Flicker နဲ့ Arlott final slash
Stitch ရဲ့ Ixia ပစ်ချက်တွေအောက်မှာ
Falcon ဘက်က ၃ကောင်ပေးခဲ့ရပေမယ့်
ရှင်နေသေးတဲ့ FayYan ရဲ့ Baxia က သူ့ရဲ့
မာဂုဏ်သုံးပြီး Lord ရအောင်ယူပြနိုင်ခဲ့လို့
သက်သာရာရခဲ့ပါတယ် ။ အဆုံးအဖြတ်
ဖြစ်ခဲ့တာက 5th lord battle ဖြစ်ပြီး
Niko retri တစ်ပေါက်ကိုမကျော်နိုင်ခဲ့ရင်းကနေ
၂ကောင်ပေးဆပ်ခဲ့ရသလို lord နဲ့တက်လာချိန်မှာ 5 vs 3 အနေအထားမို့ ဘယ်လိုမှ
မတတ်နိုင်တော့ပါဘူး ။ ဒီ Game 3 ဟာ
Local ပွဲတွေထဲမှာ အကောင်းဆုံးပွဲစဉ်တွေထဲက
တစ်ပွဲဖြစ်လာခဲ့ပြီး ဖျော်ဖြေမှုရသအစုံ
အနိမ့်အမြင့်အစုံတို့ကို မြင်ခဲ့ရတာကြောင့်
ကြည့်ရှူသူတွေအဖို့ အတန်ကြီးတန်ပါတယ် ။

Game 4
BG : Mathila,YZ,Brody, Lylia , Akai
FCON : Baxia,Novaria,Grock,Beatrix,Franco
Falcon တို့ကတော့ ဒီပွဲအခြေနေမဟန်ရင်
တာ့တာပြရပြီမို့ ဖိအားတွေများနေမလား
တွေးခဲ့ပေမယ့် တစ်ကယ်တမ်းမှာ အသာစီး
ရယူနိုင်ခဲ့ပါတယ် ။ Early ပိုင်းအသာစီးရခဲ့ပေ
မယ့် Mid Game ကိုတော့ BG က ပြန်စိုးမိုး
ခဲ့ပြန်ပါတယ် ။ နှစ်ဖက်အပြန်အလှန်ချကြသလို
ဒီနှစ်သင်းဆော့ပေါက်က ကလန်ဒါကျသလို
အေးတစ်ခါပူတစ်လှည့် နဲ့မို့ နည်းနည်းလေး
ရယ်ချင်စရာပါ ။ ဒီတစ်ခေါက်မှာတော့
Retri ကောင်းလှပါချည်ရဲ့ဆိုတဲ့ NIKO ဟာ
Objective ယှဉ်လုလို့ကောင်းတဲ့ Akai ကြီး
နဲ့ ပွဲထွက်လာတာကို Falcon က Franco လို
Single target stun ပုံစံနဲ့ရိုးရိုးလေးပဲ
ဖြေရှင်းပြခဲ့တဲ့ တကယ်ကိုမိုက်ပါတယ် ။
Toe to Toe ယှဉ်ချနိုင်ကြတဲ့ဒီပွဲရဲ့ အဆုံးအဖြတ်
ဟာ 2nd lord ကို Royal Milk ရဲ့ Grock ကြီး
အတင်းဝင်လုံးပြီး ဗမာလိုကြီးယူချလိုက်တာကနေ Mega ၂လမ်း ၊ 3rd lord ကို ခြုံထဲကနေ
Out of vision အနေအထားနဲ့ Jex Novaria က
ရအောင်ယူနိုင်ခဲ့ပြီး ဒီ lord နဲ့ အတက်မှာတော့
Stitch ကို Beatrix + Novaria ရဲ့ Double
Sniper စာမိသွားတာကြောင့် Defend ဖို့
ခက်ခဲသွားပြီး Falcon ရဲ့ Game 5 ထိ ခေါ်တာ
ခံလိုက်ရပါတော့တယ် ။

Game 5
FCON : Novaria,Bruno,Xborg,Edith,Frederin
BG : Terizla,Baxia,Irrithel,Faramis,Ruby
ဒီပွဲကတော့ Falcon တို့ သတိကြီးကြီးလွတ်သွားတယ်လို့ပြောလို့ရပြီး Healer မပါတဲ့ သူတို့
draft ကို BG ကို Faramis death immune နဲ့
အဖြေထုတ်သွားခဲ့ပြီး ပွဲချိန်ကြာလာလေ
Falcon ဘက်က ဘယ်လောက်အားထုတ်ထုတ်
BG တို့ကို မပြတ်တော့ပါဘူး ။ ဒီ Death immune အားနဲ့ အတင်းလိုက်ဆိုင်လိုက်
Falcon ရဲ့ထိုးစစ်ကို ပြန်ကာပြလိုက် လုပ်ပြ
နေခဲ့ပြီး Falcon ကိုယ်တိုင်က BG နဲ့မတိုင်ခင်
Ai နဲ့လဲ Best of 5 ၅ပွဲပြည့်ဆော့ခဲ့ရတာကြောင့်
စိတ်မကောင်းစွာနဲ့ပဲ တဖြေးဖြေးလုံးပါးပါးခဲ့ရ
ပါတယ် ။ Early ပိုင်းထဲက Objective တွေပေးရ
Hero kill တွေပေးရ နဲ့ ဖြစ်နေခဲ့ပြီး TEMPO
အမြင့်ဆုံးဖြစ်ရမယ့်ပွဲမှာမှ 2nd lord လောက်နဲ့
ပွဲပြီးသွားခဲ့ရပါတယ် ။
Crowd control နှစ်ကောင်ဖြစ်တဲ့ Ruby နဲ့ Terizla တို့ နှစ်ကောင်လုံး အလုပ်လုပ်သေချာ
လုပ်ပြခဲ့သလို Faramis ရဲ့ Death Immune ကြီး
ကလဲရှိနေသေးတာကြောင့် ထင်သလိုမဖြစ်ခဲ့တဲ့
နောက်မှာ Falcon တို့ရဲ့ M5 အိပ်မက်တစ်ခန်း
ရပ်ခဲ့ပြီး BG တို့ကတော့ Grand Final မှာ
Mythic Seal နဲ့ မကြေပွဲနွှဲရပါတော့မယ် ။

ဒီပွဲစဉ်ကြီးကို ခြုံကြည့်ရရင် နှစ်သင်းလုံးဟာ
အကြိတ်အနယ်နဲ့ သူတင်ကိုယ်တင်ချမလား ၊
အကဲစမ်းပြီး နည်းဗျူဟာကျကျချဉ်းကပ်မလား
စတဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ဖျော်ဖြေမှုရသအစုံ
ပေးနိုင်တဲ့ပွဲစဉ်ကြီးဖြစ်ခဲ့တာကြောင့် ဒီနှစ်သင်း
ဟာလဲ ကြိမ်းသေပေါက် လာမယ့်ပြိုင်ပွဲတွေ
တိုင်းရဲ့ ချန်ပီယံလောင်းစစ်စစ်တွေအဖြစ်
လက်မှတ်ဖြတ်ထားနိုင်လိုက်ပါပြီ ။
ထပ်ပိုးပြောစရာရှိတာက နှစ်ဖက်အသင်းရဲ့
fan တွေကလဲ တခြားအသင်း fan တွေထပ်
ပိုပြီးသင့်သင့်မြတ်မြတ်ရှိတာကြောင့်
ပွဲချိန်တွင်း recall ပြတာတွေ ပွဲအပြီး NiKO
လေတိုက်တာတွေအပေါ် sensitive သိပ်မဖြစ်
ကြတာမျိုးတွေ့ရတဲ့အတွက် rare moment
တစ်ခုအဖြစ် အသိအမှတ်ပြုပါတယ်ဗျားး ။
သို့သော်လည်း ကလေးအဖေတို့ရဲ့ Mythic Seal
နဲ့ယှဉ်ရင် level တစ်ဆင့်လောက် ပါးပါးလေး
နိမ့်သေးသယောင် ခံစားနေရသေးတာကြောင့်
ဒီသံသယတွေကို BG တို့ ချိုးဖျက်အဆုံးသတ်
သွားနိုင်မလား ယနေ့မှာ ရင်ခုန်စွာစောင့်ကြည့်
သွားရမှာဖြစ်ပါတယ် ။

နောက်ဆုံးရ Esports သတင်းတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်စေဖို့အတွက် Smash ကို ယခုပဲ Follow ထားလိုက်ပါ 👈



‼️အပြန်အလှန်တွေနဲ့ကြည့်ကောင်းခဲ့ပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့ Falcon ‼️Falcon 3-2 Ai Game 1 မှာ အထလေးနေသယောင်ဖြစ်နေတဲ...
30/09/2023

‼️အပြန်အလှန်တွေနဲ့ကြည့်ကောင်းခဲ့ပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့ Falcon ‼️

Falcon 3-2 Ai

Game 1 မှာ အထလေးနေသယောင်ဖြစ်နေတဲ့
Ai ကို Falcon တို့ ပွဲစထဲကလိုက်နင်းတာပါ ။
ရုတ်တရက်ဆိုသလို ဆိုင်ရင်းနဲ့ Hero Kill အမြောက်အများ ပေးလိုက်ရတဲ့အတွက်
Ai ကစားပုံတည်မရဖြစ်သွားပြီး Late Game
အစပိုင်းနဲ့တင် falcon တို့ပွဲဖြတ်နိုင်ခဲ့ပါတယ် ။

Ai ပြန်နိုင်ခဲ့တဲ့ Game 2 နဲ့ 4 ကိုကြည့်ရင်
Alita ထောင်သွားတဲ့အခါ ဘာမဆိုဖြစ်သွား
ခဲ့ရပြီး Ai တို့ စိတ်ကြိုက်ကစားကွက်ပုံဖော်
နိုင်ခဲ့ပါတယ် ။ ကျွန်တော်ရှေ့မှာ သုံးသပ်ပြခဲ့
သလိုပဲ late game မှာ High Ground တက်ဆိုင်
ရာမှာ အားနည်းချက်ရှိသလို လျှပ်တပြတ်
ဆုံးဖြတ်ရတဲ့ battle တွေမှာ ပြတ်ပြတ်သားသား
မရှိနိုင်ခဲ့တဲ့ Ai အနေနဲ့ Game 3 မှာဆို ကိုယ်သာ
နေရက်နဲ့ကို ရှုံးခဲ့ရပြီး Game 5 မှာဆိုလဲ
Jex ရဲ့ Chou ရဲ့ Target aiming နဲ့
Milk , PX7 တို့ရဲ့ uranus-angel super durable
တွဲလုံးတွေအောက်မှာ ယှဉ်ချရင်း နိမ့်မှန်းမသိ
နိမ့်ခဲ့ရတာပါ ။

ဒီနေ့ပွဲ ရှုံးနိမ့်မှုကြောင့် Ai ဟာ M5 qualifier ပွဲ
ကြီးမှ နှုတ်ဆက်ထွက်ခွါခဲ့ရပြီး FALCON ကတော့ နောက်တစ်ဆင့် Lower Bracket Final
အဖြစ် BG နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး MSC အပြီးနောက်တစ်ကြိမ် မြန်မာကိုယ်စားပြုခွင့် အိပ်မက်ကို ဆက်လက်အသက်သွင်းနိုင်ပြီဖြစ်ပါတယ် ။

နောက်ဆုံးရ Esports သတင်းတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်စေဖို့အတွက် Smash ကို ယခုပဲ Follow ထားလိုက်ပါ 👈


‼️ အကြိတ်အနယ်ရှိဦးမယ့် Ai vs Falcon ပွဲစဉ် ပွဲကြိုသုံးသပ်ချက် ‼️မင်္ဂလာပါ Smash Media မှ ကြိုဆိုပါတယ် ။ Ai နဲ့ Falcon တိ...
30/09/2023

‼️ အကြိတ်အနယ်ရှိဦးမယ့် Ai vs Falcon ပွဲစဉ်
ပွဲကြိုသုံးသပ်ချက် ‼️

မင်္ဂလာပါ Smash Media မှ ကြိုဆိုပါတယ် ။
Ai နဲ့ Falcon တို့ဟာ Lower bracket အနေနဲ့
Wrecking Crew နဲ့ 9K MG တို့ကို အနိုင်ယူ
ခဲ့ပြီးနောက် Lower Bracket Semi Final
အဖြစ်တွေ့ဆုံပါပြီ ။ မြန်မာနိုင်ငံရဲ့ fan base
အတောင့်ဆုံး နဲ့ အကောင်းဆုံးအသင်းတွေ
ဖြစ်ကြတဲ့ Ai vs Falcon တို့ရဲ့ ဒီတွေ့ဆုံမှုမှာ
ဘယ်လိုတွေမြင်ရနိုင်မလဲ ကျွန်တော်တို့
တစ်ချက်လောက် ချဉ်းကပ်သုံးသပ်ကြည့်ရအောင်

Ai အနေနဲ့ Wrecking Crew နဲ့ တွေ့ဆုံတဲ့နေရာမှာ
Game 1 မှာ WC တို့ High Ground သေချာ
တောင့်ထားနိုင်တဲ့အတွက် ပွဲချိန် မိနစ် ၃၀ လောက်
နီးပါးကြာခဲ့ရပါတယ် ။ Game 2 မှာတော့
mid game timing မှာ တိတိကျကျ
sn*******ng နိုင်ခဲ့တာကြောင့် သက်တောင့်
သက်သာ အနိုင်ယူနိုင်ခဲ့ပါတယ် ။ ဒီပွဲအပြင်
ရှေ့မှာ BG နဲ့ တွေ့ဆုံမှုတို့ကို ချိန်ထိုးကြည့်ရင်
Ai အနေနဲ့ Early နဲ့ mid game timing တွေမှာ
အသာစီးသေချာရမှသာ အသင်းက သာတတ်
သလို တစ်ဖက်က High Ground ကျစ်ကျစ်
လျစ်လျစ်ရှိရင် End ဖို့ ခက်တတ်တာမျိုး ၊
တစ်ဖက်ရဲ့ aggressive outplayed ပြရင်
အနည်းငယ် ပြာတတ်တာမျိုး စတဲ့ အားနည်း
ချက်လေးတွေ ရှိနေတတ်ပါတယ် ။
ပရိသတ်ကိုယ်တိုင်ကလဲ အာ့တာလေးတွေကို
အားမရတာဖြစ်ပြီး PVNDV ၊ REXX နဲ့ NIGHT တို့ပေါင်းပြီး သေချာလေး stick ပေးလိုက်ရင်
အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် ။ အပေါ်က
အချက်တွေက ယခုနောက်ပိုင်းပွဲစဉ်တွေမှာ
လက်ရည်တူအသင်းကြီးချင်းတွေ့တဲ့အခါမှသာ
ဖြစ်တတ်တာဖြစ်ပြီး ကျန်အသင်းတွေနဲ့ဆိုရင်
တော့ ဘာမှပြောစရာမလိုအောင်ကို ဖိဖိစီးစီး
ကစားနိုင်တာမျိုးမို့ အကျယ်တဝင့်မပြောတော့ပါဘူး ကောင်းကွက်ထပ် အဆိုးတွေပဲ ဦးတည်
ပြောရတာလဲဆိုတော့ သူတို့ roster က
Trend Esports ခေတ်ထဲက လက်တွဲလာခဲ့
ကြသူတွေမို့ ဘယ်လိုဘယ်လောက်ကောင်းပြ
ခဲ့တယ်ဆိုတာ ရင်းနှီးပြီးသားမို့ အကောင်းထပ်
ဆိုးချက်ပြစ်ချက်လေးတွေလဲ ရှိနေတတ်တာကို
ထောက်ပြချင်တဲ့သဘောပါ ။ Ai အနေနဲ့
Battle set up တစ်ခုချင်းစီကို ဒီထပ်ပိုပြီး
တည်ငြိမ်စေဖို့ ပြင်ဆင်ရမှာဖြစ်ပြီး တစ်ဖက်ရဲ့
ထိုးစစ်တွေ ကြုံလာရင်လဲ သေချာပိုပြီး
ခုခံဖို့ကိုပြင်ဆင်နိုင်ရင် အဆင်ပြေပါပြီ ။
( Ai အဖြစ်က ကလေးတစ်ယောက်
စာတကယ်တော်ပေမယ့် သျှမ်းတတ်တာမျိုး
ဆိုသလိုနဲ့ဆင်ပါတယ် )

Falcon အကြောင်းကိုပြောမယ်ဆို
Coach NyoChaw ကိုစပြောရမှာပဲ ။
အသင်းတော်တော်များများမှာ တွေ့ရတတ်တဲ့
ဒီ line up ဒီ အထာဆိုတဲ့ပုံစံကြီးကို ချိုးဖျက်ပြီး
အသင်းသားတိုင်းကို ပွဲထွက်ကစားစေတာပါ ။
ဒီအချက်ဟာ ကြည့်ရသူတွေအတွက်
တစ်မျိုးဆန်းစေသလို ပြိုင်ဘက်တွေအနေနဲ့လဲ
draft နဲ့ playstyle ကို ခန့်မှန်းရခက်စေပါတယ် ။အတွေ့အကြုံရင့် offlaner ROYAL MILK နဲ့
Gold lane Beni ကို ပုံသေတည်ပြီး Mid နှစ်တွဲနဲ့
Jungler နှစ်ယောက်ကို လှည့်ပတ်မွှေပြီး
ချိန်းချိန်းပြီးဆော့စေတာမျိုးပါ ။
Player တွေ အနေနဲ့လဲ individual နဲ့ chemistry
ကောင်းတာထပ် စာရွက်ပေါ်က strategy ကို
လက်တွေ့မှာ အံကိုက်ဝင်အောင်ဆော့နိုင်တာကို
တကယ်ချီးကျူးဖို့ကောင်းပါတယ် ။
Fenix ကနေ စတည်လာပြီး Falcon ဖြစ်လာ
တဲ့ထိ strong လာတာလဲ ဒီအချက်ကြောင့်
အဓိကပါပါတယ် ။ လက်ရှိချိန်မှာ
Big Game Super Star တွေပါတဲ့ mythic seal
ကို toe to toe ယှဉ်နိုင်ခဲ့ပြီး outplayed
တွေကြောင့်သာ ရှုံးနိမ့်ခဲ့ရတာပါ ။
Falcon အနေနဲ့ တစ်ဖက်က individual
ကောင်းတဲ့ ကစားပုံတွေနဲ့တွေ့လာရင်
အသာစီးမရတာမျိုး ခနခနဖြစ်တတ်တာက
အဓိကပြဿနာလိုဖြစ်နေပါတယ် ။
Late Game စွဲဆော့တာမျိုးမှာလဲ အရမ်း
အားရဖို့ကောင်းတာမျိုး သိပ်မရှိတာမျိုး
ကြောင့် Early နဲ့ Mid ထဲက ပွဲကိုစီးဖို့
ကြိုးစားပါလိမ့်မယ် ။

နှစ်သင်းလုံးအနေနဲ့ အားသာချက် အားနည်းချက် အသီးသီးရှိနေသလို
ဘုံတူညီတဲ့အချက်လေးတွေလဲရှိနေပါသေးတယ် ။ ဒါကြောင့် မျှော်လင့်ရမှာက
အကြိတ်အနယ်ချတဲ့ပွဲကြမ်းဖြစ်ရင်ဖြစ်
မဖြစ်ရင် တစ်ဖက်နဲ့တစ်ဖက် အမှားစောင့်ရင်းနဲ့ပဲဆော့ကြမှာမို့ Hero kill တွေ အများကြီးမြင်ရဖို့မရှိနိုင်တော့ပါဘူး ။ Falcon ဘက်ကပဲ
Battle စဖွင့်မယ်လို့လဲ တွေးမိနေပြန်ပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ဘာမဆိုဖြစ်သွားနိုင်တဲ့
Esports တို့ရဲ့ထုံးစံအတိုင်း ကျွန်တော်တို့
ဘယ်လိုပဲခန့်မှန်းသုံးသပ်နေပါစေ
ပွဲပြီးမှသာ လက်ခုပ်သေချာတီးနိုင်မယ့်ပွဲစဉ်မို့
ဘော်ဒါတို့ အနေနဲ့ မိမိတို့အသင်းရဲ့ ပွဲစဉ်ကို
အဆိပ်အတောက်ကင်းကင်းနဲ့ ကြည့်ရှု
အားပေးဖို့ ထပ်လောင်းတိုက်တွန်းရင်း
နားပါရစေ ။ ဒီပွဲစဉ်ရဲ့ အနိုင်ရအသင်းဟာ
Lower Bracket Final အဖြစ် Burmese Ghouls
နဲ့ BO5 ဆော့ကစားသွားရမှာဖြစ်ပါတယ် ။

နောက်ဆုံးရ Esports သတင်းတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်စေဖို့အတွက် Smash ကို ယခုပဲ Follow ထားလိုက်ပါ 👈


‼️ပြတ်သားတဲ့အနိုင်ရလဒ်နဲ့ Grand Final တက်သွားတဲ့ mythic seal ‼️Mythic seal 3-0 Burmese Ghoulsမင်္ဂလာညချမ်းလေးပါ ဘော်ဒါတိ...
29/09/2023

‼️ပြတ်သားတဲ့အနိုင်ရလဒ်နဲ့ Grand Final
တက်သွားတဲ့ mythic seal ‼️
Mythic seal 3-0 Burmese Ghouls

မင်္ဂလာညချမ်းလေးပါ ဘော်ဒါတို့ရေ
Big Game Player ဆိုတာမျိုး ကြားဖူးကြတယ်
ဟုတ် ?? အသင်းအရေးကြီးတဲ့ချိန် နိုင်ဖို့လိုတဲ့ချိန်
အလွယ်ပြောရရင် ပွဲကြီးတိုးတဲ့လူတွေပေါ့ ။
ဒီလိုလူတွေက အသင်းလိုက်ကော တစ်ဦးချင်းရော
စွမ်းဆောင်ရည်အတော်ကောင်းတတ်ကြပါတယ် ။

ဒီ 3-0 ပွဲကိုကြည့်ရင် လူငယ်လက်စွာတဲ့အသင်း နဲ့
Super Star player တွေ ပါတဲ့အသင်းနဲ့ ကြားက
ကွာခြားချက်ကို တွေ့ရတော့တာပဲ ။
နည်းပြနဲ့ကစားသမားတွေပေါင်းရင် ပြည်တွင်း
အောင်မြင်မှုဖလား ဆယ်ခုကျော် နဲ့ ပြည်ပအောင်
မြင်မှု achievement တွေ တစ်ပြုံကြီး ရှိနေတဲ့
ကစားသမားတွေ ပါဝင်တဲ့ Mythic Seal ဟာ
game တစ်ခုချင်းစီတိုင်းကို
သမ္ဘာ ဝါ တစ်ဦးချင်းစွမ်းဆောင်ရည် အပြည့်နဲ့
ဆော့ပြသွားခဲ့ပြီး ဒါတွေကပဲ ပွဲစဉ်တိုင်းရဲ့
အဆုံးအဖြတ်ဖြစ်လာခဲ့ပါတယ် ။

တစ်ဖက်က BG ကိုကြည့်ရင် စုဖွဲ့မှုကောင်းတယ် ၊
တစ်ဦးချင်းလဲကောင်းတယ် ဆိုပေမယ့်
Mythic Seal ရဲ့ ကစားသမားတွေထပ် တစ်ဆင့်
နိမ့်နေသေးသလိုဖြစ်နေတာကြောင့်ပဲ ဒီလို
ပြတ်သားခဲ့ရတာပါ ။ အကောင်းဘက်ကကြည့်ရင်
ပရိသတ်ရင်ထဲစွဲပြီးသား star player တွေခေတ်
အလွန်မှာ BG ဟာ ပြည်တွင်း ပြည်ပ အောင်မြင်မှု
တွေဆီ အနီးစပ်ဆုံးအနေနဲ့ စတင်တံခါးခေါက်
နိုင်မယ့် အလားအလာ အကောင်းဆုံး အသင်း
တစ်သင်းအဖြစ် ထပ်မံမြင်တွေ့ရတာကတော့
MLBB မြန်မာ community အတွက် ဝမ်းမြောက်
စရာ တစ်ခုဖြစ်ပါတယ် ။

" Congratulations Mythic Seal အချိန်တန်တော့လဲ
ရွှေဘက ရွှေဘပါပဲ " ဆိုတဲ့စကားနဲ့ ဂုဏ်ပြုပရစေ
BG ကတော့ lower bracket final အဖြစ်
Ai vs Falcon ပွဲရဲ့အနိုင်ရတဲ့အသင်းနဲ့ ဆော့ရမှာဖြစ်
ပါတယ် ။

နောက်ဆုံးရ Esports သတင်းတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်စေဖို့အတွက် Smash ကို ယခုပဲ Follow ထားလိုက်ပါ 👈


‼️အကြမ်းစားနှစ်သင်း Ai vs Falcon တွေ့ပါပြီ ‼️Ai 2-0 Wrecking CrewFalcon 2-0 9K MG Ai နဲ့ Falcon နှစ်သင်းလုံးဟာ direct in...
29/09/2023

‼️အကြမ်းစားနှစ်သင်း Ai vs Falcon တွေ့ပါပြီ ‼️

Ai 2-0 Wrecking Crew
Falcon 2-0 9K MG

Ai နဲ့ Falcon နှစ်သင်းလုံးဟာ direct invited
အသင်းကြီးတွေပီပီ တစ်ဖက်အသင်းအပေါ်ကို
ဖိဖိစီးစီး နဲ့ ကျစ်လျစ်တဲ့ အသင်းလိုက်
ကစားပုံတွေနဲ့အတူ အနိုင်ယူနိုင်ခဲ့ပြီး
2-0 ဆိုတဲ့ ပြတ်သားတဲ့ရလဒ်တွေကို ပုံဖော်နိုင်
ခဲ့ပါတယ် ။ ဒါကြောင့် နောက်တစ်ဆင့်
Lower bracket semi final အဖြစ် ဒီနှစ်သင်း
တွေ့ဆုံမှာဖြစ်သလို fan base အများဆုံးနဲ့
အကောင်းဆုံးအသင်းတွေဖြစ်တဲ့ ဒီနှစ်သင်းထဲက နိုင်တဲ့တစ်သင်းကပဲ နောက်တစ်ဆင့်ကို
တက်နိုင်မှာဖြစ်လို့ မနက်ဖြန်မှာ ကျွန်တော်တို့
ပရိသတ်တွေအတွက် ဘယ်အသင်းကများ
ကတ္တီပါလမ်းခွဲ ဖြစ်သွားနိုင်မလဲဆိုတာ
ဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ် ။

( လက်ရှိမှာတော့ BG vs Mythic Seal ပွဲစဉ်ဟာလဲ နည်းပညာအခက်အခဲအချို့ကြောင့် စတင်ဖို့
အနည်းငယ်လေးကြာပါဦးမယ်လို့ သိရပါတယ် )

နောက်ဆုံးရ Esports သတင်းတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်စေဖို့အတွက် Smash ကို ယခုပဲ Follow ထားလိုက်ပါ 👈


‼️M5 MM Qualifier Play-off ယခုစနေပါပြီ ‼️မင်္ဂလာပါ Smash media မှ ကြိုဆိုပါတယ် ။ ဒီကနေ့မှာတော့ M5 အတွက် မြန်မာကိုယ်စားပြ...
29/09/2023

‼️M5 MM Qualifier Play-off ယခုစနေပါပြီ ‼️

မင်္ဂလာပါ Smash media မှ ကြိုဆိုပါတယ် ။
ဒီကနေ့မှာတော့ M5 အတွက် မြန်မာကိုယ်စားပြုခွင့်
ဘယ်အသင်းရသွားမလဲဆိုတာ စတင်အဖြေရှာကြ
မယ့် Day 1 စပါပြီ ။
( ၁၂ ခွဲဆိုပေမယ့် Technical Issue များကြောင့်
ခုထိ စဖို့ အဆင်မပြေသေးတာလို့ ကြားရပါတယ် )

Lower Bracket Match 1 - Ai vs Wrecking Crew
Lower Bracket March 2 - Falcon vs 9K MG နဲ့
နိုင်တာနဲ့ Grand Final ကို တန်းရောက်မယ့်
Upper Bracket Burmese Ghouls vs Mythic Seal
စတဲ့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ် ။

သတိထားမိလား ပွဲကြိုသုံးသပ်ချက်တွေ ကစားပုံ
တွေအရင်လို တစ်ပွဲချင်းစီ မရေးပြတော့တာ ။
မြန်မာအသင်းတွေဟာ strong ပါတယ် ။ သူ့နည်း
သူ့ဟန်နဲ့ကို မဖြစ်နိုင်ဘူးထင်တာတွေ ပြည်တွင်း
ရော ပြည်ပမှာပါ လုပ်ပြတတ်သလို လူငယ်ကစား
သမားတွေ ပိုများလာတဲ့ ဒီလို ပြိုင်ပွဲမျိုးကိုတော့
ကျွန်တော့အနေနဲ့ ဘယ်ပွဲစဉ်ပဲဖြစ်ဖြစ် ပွဲပြီးမှပဲ
လက်ခုပ်တီးမှာဖြစ်ပါတယ် ။ ဒါကြောင့် ပွဲစဉ်
တွေအားလုံးကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ
အပြည့်စောင့်ကြည့်သွားရမှာဖြစ်ပါတယ် ။

(တစ်ချိန်ထဲမှာ ယှဉ်ပြိုင်နေတဲ့ Echo vs BLCK တို့
ပွဲစဉ်မှာ Echo က hero kill ၁၂ ကောင်လောက် ကွာ
နေရာကနေ နိုင်သွားပြန်ပါတယ် 😂 that ECHO )

နောက်ဆုံးရ Esports သတင်းတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်စေဖို့အတွက် Smash ကို ယခုပဲ Follow ထားလိုက်ပါ 👈


‼️တစ်ပတ်တာ Hot အဖြစ်ဆုံးသတင်းများစုစည်းတင်ဆက်မှု ‼️မင်္ဂလာပါ Smash media မှ ကြိုဆိုပါတယ် ။ ကဲ … ဒီရက်ပိုင်းအတွင်း ဘာတွေထ...
28/09/2023

‼️တစ်ပတ်တာ Hot အဖြစ်ဆုံးသတင်းများ
စုစည်းတင်ဆက်မှု ‼️

မင်္ဂလာပါ Smash media မှ ကြိုဆိုပါတယ် ။
ကဲ … ဒီရက်ပိုင်းအတွင်း ဘာတွေထူးလဲ
ဘာသတင်းတွေရှိနေမလဲဆိုတာ တူတူကြည့်
လိုက်ရအောင်ဗျာ ။ Hot အဖြစ်ဆုံး
သတင်းတွေကို တစုတစည်းထဲ ကျစ်ကျစ်
လေးတင်ဆက်ပေးလိုက်ပါတယ် ။

(1) BG's new assistant coach DJ
ပြည်ပထွက်ကစားမှု အဆင်မပြေဖြစ်ခဲ့တဲ့ DJ
အနေနဲ့ အခုချိန်မှာတော့ Burmese Ghouls ရဲ့
Assistant Coach ဖြစ်လာခဲ့ပါပြီ ။ MPL MY နဲ့
Moontoon တို့ ဆုံးဖြတ်ချက်ထဲအသက်သာဆုံး
ဖြစ်ခဲ့တဲ့ DJ ဟာ တကယ်ဆို အချိန် ၃ လစောင့်
စရာမလိုပဲ တခြားအသင်းဆီကို သွားလို့ရနေပါပြီ ။ ဒါဆို ခု M5 qualifier မှာ ဘာလို့ တရားဝင် drafting phase မှာ ဝင်မပါတာလဲဆို M5 qualifier အတွက် ကစားသမား ၊ နည်းပြစာရင်း
တွေက အစောကြီးကြိုပေးရတဲ့အတွက်
DJ က အရောက်နောက်ကျလို့
မပါဖြစ်တာလို့ ပြောလို့ရပါတယ် ။

(2) ပြိုင်ဘက် ၇သင်းလုံးကို နိုင်ထားတဲ့ ECHO
MPL PH မှာတော့ Farmer League ဖြစ်နေပြီ
လား ထင်ရလောက်အောင် ECHO က
လက်စောင်းထက်နေပါတယ် ။ Total 8 သင်း၊
ပြိုင်ဘက်၇သင်း ရှိတာမှာ ၇သင်းလုံးကို
အနိုင်ယူခဲ့တဲ့ ECHO ဟာ အင်ဒိုရဲ့ aggressive
အထာ ၊ ဖိလစ်ပိုင်ရဲ့ ညက်ညောခြင်း နှစ်မျိုး
လုံးကို ပေါင်းစပ်ပြီးဆော့နိုင်/ဆော့ပြတဲ့အသင်း
ဖြစ်နေတာကြောင့် ECHO မြန်မာပြည်လာတဲ့အခါ ဘာဆေးတွေများစားထားလို့လဲ ဆိုပြီး
စိတ်ပါရင်မေးဖြစ်အောင်မေးလိုက်ပါဦး ပရိသတ်ရေ

(3) အကြီးစားပြင်ဆင်မှုလုပ်သွားမယ့် AE
Play off မတက်တဲ့အပြင် ခါတိုင်း MPL ID မှာ
ကြမ်းတိုက်နေကြ အသင်းတွေရဲ့ ကျော်တက်မှု
တွေခံလိုက်ရတဲ့နောက် AE ရဲ့ CEO အနေနဲ့
အကြီးစားပြင်ဆင်မှုတွေ လုပ်သွားမယ်လို့
ဆိုပါတယ် ။ Roster / Coach အစုံကို ဘယ်မျက်နှာမှမထောက်ပဲ ချိန်းမယ်လို့ပြောပုံအရ
ဒေါသထွက် စိတ်ပျက်နေပုံရပြီး တစ်လက်ဆထဲမှာ MDL က အသင်းဖြစ်တဲ့ AE X အနေနဲ့လဲ
Group stage မကျော်ခဲ့တာမို့ လာမဲ့ကာလ
တွေမှာ အသင်းကြီးရော အသင်းငယ်ရောမှာ
ကြီးကြီးမားမားပြောင်းလဲမှုတွေ မြင်ကိုမြင်ရ
တော့မှာဖြစ်သလို Fancy ဆန်တဲ့ကစားပုံထပ်
Direct ကျတဲ့ ကစားပုံတွေဆီ ပြန်လည်
ရောက်ရှိလာဖို့ မျှော်လင့်မိပါတယ် ။

(4) RRQ ဆီ R7 တစ်ကယ်ပြန်လာတော့မှာလား
လက်ကောက်ဝတ်ဒဏ် ရှိလို့ဆိုပြီး အချိန်ကြာ
မြင့်စွာ အနားယူနေတဲ့ offlaner R7 ကတော့
RRQ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲကို TV ကြီးနဲ့
ကြည့်ရင်း ကြိတ်မနိုင်ခဲမရ ခုံကထလာတာကို
သူ့ကိုယ်ပိုင် ig acc မှာ တင်ခဲ့ပါတယ် ။
Caption ကလဲ အချိန်တန်ပြီလားဆန်တဲ့
အရေးအသားဖြစ်တာကြောင့် သို့လောသို့လော
တွေ ဖြစ်နေပါတယ် ။ BANANA ဘယ်လောက်
ကောင်းအောင်ဆော့ပြပြ R7 လောက် ပိုမချစ်
နိုင်သေးတဲ့ RRQ Kingdom ကတော့ R7
Comeback ကို အမျှော်ကြီးမျှော်နေပြီပဲဖြစ်ပါတယ် ။ နောက်ထပ် ကပ်တိုးသတင်းလေးအနေနဲ့
Albert ဟာ Game livestream တစ်ခုမှာ
အသင်းဟောင်းကို ပြန်လာချင်ကြောင်း ပြောခဲ့
သလို RRQ CEO ကလဲ live မှာ ONIC ပြန်
ရောင်းရင် albertt ကို ပြန်ဝယ်ချင်ကြောင်း
ပြောဆိုခဲ့ပါတယ် ။ ဒါပေမယ့်လဲ contract တွေ
တစ်သီကြီးနဲ့ သွားရတဲ့ကိစ္စတွေမို့
ပါးစပ်ပြောတွေက လေထိုးလေလျော် လောက်ပဲ
မို့ သတင်းအဖြစ် သီးသန့်မဖော်ပြပေးတော့တာ
ဖြစ်ပါတယ် ။

(5) MPL ID Regular season MVP အတွက်
vote လို့ရနေပါပြီ ။
MPL ID ရဲ့ group stage ပွဲစဉ်တွေ အားလုံး
ပြီးဆုံးတဲ့နောက်မှာ award တွေအတွက်
ဆန်ကာတင်စာရင်းတွေ ထွက်ပေါ်လာပါပြီ။
အာ့ထဲမှာမှ ကျွန်တော်တို့မြန်မာ့ဂုဏ်ဆောင်
NAOMI အနေနဲ့ Regular Season MVP ,
First team roamer နဲ့ Rising star သုံးမျိုးမှာ
Nominee ဖြစ်ပါတယ် ။ ဒါကြောင့် ပုံမှာပါတဲ့
QR ကို scan ဖတ် link ထဲဝင် မိမိ gmail ဖြည့်
ပြီး voting လုပ်ရင်း NAOMI ကို ကျွန်တော်တို့
လက်နဲ့ ဆုတစ်ခုလောက်ဖြစ်ဖြစ် ပေးနိုင်ဖို့
Voting လေးတွေနဲ့ ဝိုင်းကြိုးစားပေးလိုက်ရအောင်ဗျာ

(6) MLBB scenes ထဲ China အသင်းတွေဝင်လာတော့မလား ။
နောက်ဆုံးသတင်းအနေနဲ့ MLBB ပြိုင်ပွဲတွေဆီ
China အသင်းတွေ လာနိုင်ချေရှိနေပြီ ဆိုတာလေး ပြောပြချင်ပါတယ် ။ Moontoon ကိုယ်တိုင်က China အခြေစိုက်ဆိုပေမယ့်
သူ့နိုင်ငံမှာတော့ ဆော့ကစားခွင့်ပိတ်ထားခဲ့ပြီး
လွန်ခဲ့တဲ့ လအနည်းငယ်ကမှသာ Beta
verison ထုတ်ခွင့်ပြုခဲ့တာပါ ။ ဒါဟာလဲ MLBB
ရဲ့ မားကတ်တအားကြီးမားလာတာကြောင့်လဲ
ပါကောင်းပါပါလိမ့်မယ် ။ Game အသီးသီးမှာ
တအားတော်ကြတဲ့ China နိုင်ငံသားတွေ
ဖြစ်တာနဲ့အညီ China အခြေစိုက်
ဂိမ်းမှာ အင်ဒို ၊ ဖိလစ်ပိုင်တွေ ကြီးစိုးနေမှုကို
အဆုံးသတ်တော့မလား စိတ်ဝင်စားဖို့ကောင်းနေပါတယ် ။ MLBB official page မှာ china စာနဲ့
နှုတ်ခွန်းဆက် post တင်ခဲ့မှု ၊ ယခုနှစ်
M5 Qualifier ကို ထပ်ပိုးအနေနဲ့
wildcard region လုပ်ပေးခဲ့မှုမှာ နောက်ဆုံး
region ကို ယခုထိ ထုတ်ဖော်ပြခြင်းမရှိသေးမှု
တွေကလဲ ဒီ ဖြစ်နိုင်ချေတွေကို ပိုပြီး
အားကောင်းစေခဲ့ပါတယ် ။ ဘာနေနေပါ တကယ်သာ China အသင်းတွေပါလာမယ်
ဆိုရင်တော့ အရင့်ရင် ပွဲတွေကထပ် ပိုမြိုင်ပြီး
ကြည့်ကောင်းလာမှာတော့ အမှန်ပဲ ဖြစ်ပါတယ် ။

နောက်ဆုံးရ Esports သတင်းတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်စေဖို့အတွက် Smash ကို ယခုပဲ Follow ထားလိုက်ပါ 👈


25/09/2023

‼️ BG vs Ai special recap ‼️

မှတ်မိကြရဲ့လားဗျ တစ်ပတ်ပဲရှိပါသေးတယ် 🥹
ဒီနှစ်သင်း ထ်ပ်တိုက်တွေ့ဆုံမှုမှာတော့
ကြည့်ရှူသူအပေါင်းကို ရသမျိုးစုံပေးစွမ်း
နိုင်ခဲ့တာကြောင့် တူတူ တစ်ခေါက်လောက်ပြန်
ကြည့်လိုက်ရအောင် ။

Dreamleague Season 21 ချန်ပီယံဖြစ်လာခဲ့တဲ့ Team Spirit ‼Riyadh Master ပြိုင်ပွဲမှာဘယ်သူမှမထင်မှတ်ပဲချန်ပီယံဖြစ်ခဲ့တဲ့ Te...
25/09/2023

Dreamleague Season 21 ချန်ပီယံဖြစ်လာခဲ့တဲ့ Team Spirit ‼

Riyadh Master ပြိုင်ပွဲမှာဘယ်သူမှမထင်မှတ်ပဲချန်ပီယံဖြစ်ခဲ့တဲ့ Team Spirit ကတော့အခုဆိုရင် နောက်ထပ် Tournament တစ်ခုဖြစ်တဲ့ Dreamleague Season 21 ကိုပါထပ်မံအနိုင်ရခဲ့ပါပြီ။

Team Spirit အနေနဲ့ Group Stage မှာပုံစံကောင်းတွေပြသခဲ့တဲ့အပြင် Play-Offs မှာလည်းအမှားအယွင်းမရှိပဲ Upper Bracket ကနေ Grand Final ကိုတက်ရောက်လာခဲ့တာပါ။
ဒါ့အပြင် Grand Final မှာလည်း Arteezy တို့ရဲ့ Shopify Rebellion ကို 3-0 ဆိုတဲ့ရလဒ်နဲ့ ပြတ်ပြတ်သားသားအနိုင်ရခဲ့ပြီး ချန်ပီယံဆုကိုထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့အောင်မြင်မှုမှာတော့ ထုံးစံအတိုင်း Carry Player 'YATORO' က အခရာကျခဲ့ပြီး 'Collapse' ရဲ့မထင်ရင်မထင်သလို ထ Carry တဲ့တစ်ပေါက်နဲ့ Midlaner 'Larl' ရဲ့အသင်းနဲ့တဖြည်းဖြည်းအံဝင်လာတဲ့ကစားပုံကလည်း Team Spirit ကို ပို Strong တဲ့အသင်းတစ်သင်းဖြစ်လာစေတာပါ။

လာမယ့်အောက်တိုဘာလမှာကျင်းပတော့မယ့် TI12 အရမ်းနီးကပ်လာချိန်မှာ ဒီပွဲရဲ့အောင်မြင်မှုက TI10 ချန်ပီယံ Team Spirit အတွက်တွန်းအားဖြစ်လာပြီး OG ခေတ်အလွန် 2 Times TI Champion အသင်းနောက်တစ်သင်းထွက်ပေါ်လာမလားဆိုတာတော့ ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Congratulations Team Spirit 🏆

Dota 2 ကို အမိုက်စား Experience နဲ့ဆော့နိုင်မယ့် Viewsonic VX2728 Monitor အကြောင်းကို ဒီမှာလေ့လာလိုက်ပါ - https://www.viewsonic.com/mm/products/lcd/VX2728



Address

Yangon

Telephone

+959966704727

Website

Alerts

Be the first to know and let us send you an email when Smash posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Smash:

Share