18/10/2025
❗️Account Disabled ဘာကြောင့်ဖြစ်ရတာလဲ?❗️
📌ခုရက်ပိုင်း Account တွေ Disabled ဖြစ်နေတာတွေ
ခဏခဏတွေ့နေရတယ် ၊ အသိတွေထဲမှာရော
တစ်ယောက်ပြီးတစ်ယောက် ထိနေတာတွေ့ရတယ်။
ဟိုးအရင်တည်းကသုံးလာပြီးမှ ခုကျမှ Account တွေ
ပျက်တာ ၊ပြန်သုံးမရတာမျိုးတွေဖြစ်ရင် အရမ်း
အလုပ်ရူပ်၊ စိတ်ရူပ်ရတယ်။ Bussiness လုပ်နေတဲ့
Accountsတွေဆို ဝင်ငွေတွေရော ၊ မိတ်ဆွေ၊
ဖောက်သည်တွေပါဆုံးရှုံးရတယ်။
🔺ဘာကြောင့် October လမှာအဖြစ်များလာတာလဲ။
❇️ အခုအချိန် (Oct 2025 လောက်) မှာ Facebook
Account Disabled ဖြစ်တာအများကြီးတွေ့ရတယ်။
အကြောင်းအရင်းက မကြာသေးခင်က
Facebook (Meta) က security system နဲ့ policy
update အသစ်များလုပ်နေတာကြောင့် ဖြစ်တာပါ။
♻️Security Updated ♻️
Meta က အခုနောက်ပိုင်း AI နဲ့ automated system
အသစ်သုံးပြီး
အကောင့်တွေကို fake / suspicious behavior နဲ့
အတူတူသုံးတာတွေကို detect လုပ်တယ်။
👉 ပိုပြီး sensitive ဖြစ်တာကတော့
• Profile name မတူတာ (real name မဟုတ်တာ)
• Profile photo မပါတာ (သို့) AI-generated ပုံသုံးတာ
• အတူတူအချက်အလက်နဲ့ မျိုးစုံအကောင့်ဖွင့်တာ
ဥပမာ - အရင်က ဖွင့်ထားတဲ့ နာမည်ရော Profile ရော
တူနေရင်ကို Auto disabled ဖြစ်ပြီး ID check
လုပ်တာ၊ Selfile ပုံတောင်းတာမျိုးတွေလုပ်ပါတယ်။
တစ်ချို့တွေဆို Account တွေနှစ်ခုသုံးခုဖွင့်ထားပြီး
နာမည်ရော ၊ Profileပုံတွေရောတူနေရင်လည်း ကျပါ
တယ်။
♻️ADS Account / Business related violation♻️
အကောင့်တွေထဲမှာ page / Ad Account /
TikTok Shop link / သုံးတဲ့သူတွေထဲမှာ
• Ad policy မလိုက်နာတာမျိုး
• Boost / Ad ထဲမှာ trademark word သုံးတာ
• Commerce policy ကိုဖောက်ဖျက်တာ
ဆိုတာကြောင့် Meta system က auto disable
လုပ်တတ်ပါတယ်။
♻️Spam Detection ♻️
အခု AI က spam posting / repeated comment /
friend request ကိုတစ်နေ့တည်းမှာအကြိမ်
အရေအတွက်များစွာ Add တာတွေကို Botလို့မှတ်ပီး
Account ကျန်ိုင်ပါတယ်။
👉 အထူးသဖြင့် phone number, link, promotion
word (“click”, “free”, “discount”, “order now”) စတဲ့
ဟာတွေကို ခဏခဏသုံးလို့ရှိရင် Spam ဖြစ်တယ်ဆို
ပြီး ပြဿနာဖြစ်လာနိုင်တာကြောင့် မလိုအပ်ရင်
ခဏခဏထည့်တာမျိုးမလုပ်ပါနဲ့။
♻️ Verification system error ♻️
ဒါကတော့ ဇူဇူတို့ဘက်က မှားပြီး ဘာမလုပ်ပဲနေရင်း
Account ကို Disabled လုပ်ပစ်တာမျိုးလည်းတွေ့ဖူး
ပါတယ်။အချို့အကောင့်တွေမှာတော့ Facebook AI
မှား detect လုပ်တာရှိတတ်ပါတယ်။
တစ်ခုပြောရရင် system glitch ဖြစ်နိုင်ပါတယ်။
အဲ့တာမျိုးဆိုရင် “Request Review” လုပ်ပြီး selfie
ID verify ပေးရင် ပြန်ဖွင့်ပေးတာတွေရှိတယ်။
🔺Account ကိုတော်ရုံ Log ကျတာ၊ disabled
ဖြစ်တာ၊ Hacked ခံရတာ မျိုးတွေ မဖြစ်အောင်
Account security ကို သေချာလုပ်ထားပြီး၊
ID တင်တာ ၊ Bluemark ဝယ်သုံးတာ မျိုးတွေ
လုပ်ထားရင် Account ကျတာမျိုးတွေလည်းတော်ရုံ
မရှိတော့ပါဘူး။
📌bluemark ✅ကို ဝယ်သုံးချင်ရင် Pro Target မှာ
လည်း ရနေပြီနော်။ သုံးနေတဲ့ Account ကိုလျှောက်
ချင်တာပဲ ဖြစ်ဖြစ်၊ Bluemark ရှိပြီးသား Account ကို
လိုချင်တာပဲဖြစ်ဖြစ် Messenger မှာလာပြောလို့ရပါ
တယ်။
❗️စာကြွင်း : Vpn တွေ နိုင်ငံ ခဏခဏပြောင်းတာ၊
Account ကိုခဏခဏ ချိန်းပြီးသုံးတာမျိုးတွေလည်း
ခုရက်တွေမှာ အကျများနေလို့ သတိနဲ့သုံးကြပါ❗️
ျတာ