29/04/2022
ကျဆုံး သတင်းတွေ၊ ဖမ်းဆီး သတင်းတွေက အမြဲလိုရှိနေတာပါ။ လိုင်းပေါ် လုံးဝ တက်မလာဘဲ ကျဆုံး၊ ဖမ်းဆီး ခံလိုက်ရတဲ့ UG တွေ၊ STF တွေ လည်း အများကြီးမှ အများကြီးပါ။
ကိုယ်လက်အင်္ဂါ စွန့်လွှတ်ထားရတဲ့သူတွေလည်း ရှိနေပါတယ်။
အမြဲ ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ် ...
▪️တော်လှန်ရေး မှာ ပါဝင်နေသူအားလုံးဟာ မမိသေးလို့ လွတ်နေတဲ့သူနဲ့ မသေ သေးလို့ ရှင်နေတဲ့သူတွေကြီးပါပဲ။
အားလုံးဟာ အသက်၊ ဘဝ ဘယ်အချိန်မဆို ပေးလိုက်ရနိုင်တဲ့သူတွေပါ။
⁉️ အဲဒီတော့ ကျဆုံး/ ဖမ်းဆီး ခံထားရတဲ့သူတွေ၊ အခု လက်ရှိ အသက်၊ ဘဝ ပေး တော်လှန်နေတဲ့သူတွေ ပေးဆပ် ထားတာ ဘာအတွက်လဲ ဆိုတာ ကိုပဲ လေးလေးနက်နက် စဥ်းစားစေချင်ပါတယ်။
တော်လှန်ရေး အောင်မြင်ဖို့၊ ဓမ္မက နိုင််ပြီး ခွင့်တူညီမျှ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ပါ။
နိုင်မှ ပေးဆပ်ထားရသမျှ တန်မှာပါ ... ။ မဟုတ်ရင် ဒီအသက် တွေက အလကား သေပေးလိုက်ရသလို ဖြစ်မှာပါ။
သေပြီးမှ ကြေကွဲပြတာမျိုး လုံးဝ သဘောမကျပါဘူး။
▪️UG တွေ၊ STF တွေ၊ ထောက်ပို့တွေ စတဲ့ frontline ကလူတွေ အသက်ပေးပြီး လုပ်နေနိုင်ကြတုန်းမှာ ...
ကိုယ့်ကိုယ်ကိုယ် "ဓမ္မဘက် ခိုင်ခိုင်မာမာရပ်တည်တဲ့သူလို့" ခံယူရင် နောက်ကနေ အချိန်နဲ့ အမျှ
⁉️ တော်လှန်ရေး အတွက် ငါ တကယ် လက်တွေ့ ဘာကူမလဲ? ဆိုတာ စဥ်းစားပြီး ကိုယ်နိုင်သမျှ လုပ်ပေးဖို့က အဓိကပါ။
တော်လှန်ရေးအတွက် သိန်း ထောင်ချီ ရှာပေးနေတဲ့ Clicker Community ဆိုရင် လူ သုံးသောင်း လောက်နဲ့ လည်ပတ်နေရတယ်။
တကယ်တမ်း C2D, P2D, Shoot & Support, Tha Din ... စတဲ့ community အကြီးတွေတောင် နေ့စဥ် ချော့လိုက်၊ တောင်းပန်လိုက်နဲ့ အသည်းအသန် ခရီးဆက်နေကြရတာ။
စစ်ကိုင်း မှာ ရွာတွေက ကုန်သလောက် ဖြစ်နေပြီ၊ မီးမရ အင်တာနက် မရ၊ စစ်တပ် ဝင်လာရင် အသတ်ခံရ၊ ပြေးရ နဲ့ အိမ်လည်း မရှိ၊ ရွာလည်း မရှိ ဖြစ်နေကြပြီ။
လူသန်း ၅၀ နေတဲ့ နိုင်ငံမှာ လွယ်လွယ်လေး ပါဝင်လို့ ရတဲ့ click တာဟာ လူ သောင်းဂဏန်းပဲရှိတာ တကယ်တော့ အင်မတန် ရှက်စရာ ကောင်းပါတယ်။
▪️ငါကတော့ ငါ့အလုပ်၊ ငါ့စီးပွားရေး ပဲ လုပ်မယ်။ တော်လှန်ရေး က သူများ လုပ်လိမ့်မယ် ဆိုတဲ့ အတွေးမျိုး ထက်၊ ကိုယ်အားချိန် ကိုယ်နားချိန် လေးမှာ နိုင်သမျှ click ပေးမယ် ဆိုတာမျိုး လူသိန်းချီ၊ လူသန်းချီမှာ အတွေးရှိခဲ့ရင် တော်လှန်ရေးက အခုထက် ပိုအားကောင်း လာပါလိမ့်မယ်။
Bond ဆိုရင်လည်း လူသန်း ၅၀ ရှိတဲ့ နိုင်ငံမှာ သန်း ၅၀ ထား (တကယ်တမ်း သန်း ၅၀ လည်း မရသေးပါဘူး) တစ်ယောက် တစ်ဒေါ်လာ နှုန်းလောက် ဝယ်သလို ဖြစ်နေပါတယ်။
ရေသာခိုပြီး မဆိုင်သလို နေတဲ့သူတွေ ဘယ်လောက်များနေလဲ? ပြောချင်တာပါ။
▪️PDF/ LDF တွေ လှူကြပါ ဆိုရင်လည်း Fund Raiser တွေဆို ရှက်လာကြပြီ။ အမြဲ လှူတာ ဒီလူ၊ ဒီလူ တွေပဲ ဖြစ်နေတော့ အားနာရလွန်းလို့။
တကယ်တော့ အာဏာရှင်လက်အောက် ရောက်သွားကတည်းက အရင်လို တိုးတက်ကောင်းမွန်တဲ့ ဘဝ တွေ အကုန်ဟာ မရှိတော့ပါဘူး။
ဒါပေမယ့် အချို့လည်း အခုထိ မီးပျက်တဲ့ ဒုက္ခလောက်ကို ညည်းရင်း လမ်းဆုံးနေကြပါတယ်။
▪️အာဏာရှင်အောက်မှာသာ ဆက်နေရရင် မီးပျက်တာလောက် ကနေ ဒီထက် အဆပေါင်းများစွာ ဆိုးတဲ့ ဒုက္ခတွေ လာတော့မှာပါ။
မအလ ကိုဆဲလိုက်၊ မီးပျက်တာလေး ညည်းလိုက် နဲ့ဟာ ကိုယ့်စိတ်ကိုယ် အာသာဖြေနေတာပါ။ တကယ် လက်တွေ့ဘာအကျိုးမှ မှ မရှိတာ။
ဒီစာဟာ အပြစ်တင်တယ် ဆိုတာထက် လေးလေးနက်နက် တွေးစေချင်တာပါ။
▪️တော်လှန်ရေး မှာ တကယ် လက်တွေ့(တကယ် လက်တွေ့) အကျိုးရှိအောင် ကူလို့ရတဲ့ လမ်းကြောင်းမှန် တွေ အများကြီး ရှိနေပါပြီ။
သေမှ ဝမ်းနည်းပြတာထက် "တော်လှန်ရေးကို နေ့စဥ် ငါ ဘာကူနိုင်မလဲ" ဆိုပြီး လက်တွေ့ကူစေချင်တာပါ ... ။
ကူရင် ကူသလောက် အကျိုးရှိတဲ့ အချိန်ကာလလည်း ဖြစ်နေပါပြီ။
Crd