Lucky Charm

Lucky Charm Welcome to Treasureflix! 🎬✨

Let the entertainment begin! 🍿🎥

23/03/2025
10/10/2021
2021ရဲ့ ယုန်နဲ့လိပ်Version သစ်လေး ကြည့်ကြပါအုံးရှင်💜💜
10/09/2021

2021ရဲ့ ယုန်နဲ့လိပ်Version သစ်လေး ကြည့်ကြပါအုံးရှင်💜💜

ဒါလေး 1M ပြည့်ရင်
နောက် project တွေ
မျှော်လင့်လို့ရတယ်နော် ဟိဟိ

Kyi Pay Par 3.0 × Sh*tty Artworks
1M views project
Stream here : https://youtu.be/Y-bM-WfQoN0

If you want to ခေါင်မိုးဖာ directly:
https://t.me/sh*ttyartworks

Thrifting နှင့် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာအကျိူးကျေးဇူးများ လတ်တလောကာလတွေမှာ boycott လုပ်တာတွေ ငွေကုန်ကြေးကျချွေတာတွေနဲ့အတူ ...
24/08/2021

Thrifting နှင့် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာအကျိူးကျေးဇူးများ

လတ်တလောကာလတွေမှာ boycott လုပ်တာတွေ ငွေကုန်ကြေးကျချွေတာတွေနဲ့အတူ thrift culture ဟာလူငယ်တွေကြားမှာရေပန်းတော်တော်စားလာတာကိုတွေ့လာရပါတယ်။ ဘယ်လိုအကြောင်းမျိုးကြောင့် ရေပန်းစားလာပါစေဦး သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်ရော လူမှုပတ်၀န်းကျင်တိုးတက်မှုဖြစ်ခြင်းနေရာတွေမှာပါ ဒါဟာအရေးပါတဲ့နေရာကနေပါ၀င်ပေးနေတာလို့ပြောလို့ရပါတယ်။ ဘာကြောင့်ဒီလိုပြောလို့ရလဲဆိုတာကတော့ အောက်ကအချက်တွေကိုဖတ်ကြည့်ခြင်းဖြင့်သိနိုင်ပါတယ် ။

(1) အလွယ်တကူစွန့်ပစ်ပစ္စည်းမဖြစ်သွားတော့ခြင်း

ကျနော်တို့အများစုတွေးတတ်ကြတာဟာ အ၀တ်အစားတွေကို recycle လုပ်နိုင်တယ်ဆိုတာပါ။ ဒါပေမဲ့ ဒါဟာမှားယွင်းနေတဲ့အချက်ပါ။ recycle လုပ်လို့ရပါစေဦး ချုပ်ထားတဲ့ပုံစံတွေပလတ်စတစ်ပါ၀င်မှု ratio တွေအရခက်ခဲပါတယ်။ ဒါကြောင့်အများစုဟာအမှိုက်ပုံတွေမှာပဲ အဆုံးသတ်ကြရတော့တာပါပဲ။ Thrifting ရဲ့အဓိကအားသာချက်ကဒါတွေကိုကာကွယ်နိုင်တာပါ ။ အခုချိန်မှာလူတွေဟာ သူတို့အတွက်မလိုအပ်တော့တဲ့အ၀တ်အစားတွေကို လှူဒါန်းခြင်း Thrift ဆိုင်တွေကိုပြန်ရောင်းချခြင်းဖြင့် landfils ဖြစ်မလာအောင် အရင်ကထပ်ပိုပြီးလုပ်ဆောင်နေကြပါပြီ။

(2) လှူဒါန်းနိုင်ခြင်း

Thrift တွေကို၀ယ်ယူ ၀တ်ဆင်ခြင်းတွေဟာ ဒေသတွင်း လူမှုဘဝတွေတိုးတက်ခြင်းကိုအထောက်ကူအများကြီးပြုနိုင်ပါတယ်။ ဆိုလိုတာက ကျနော်တို့၀တ်ဆင်ဖို့အတွက်အသုံးချလိုက်တဲ့ငွေတွေဟာ ကမ္ဘာကြီးရဲ့သဘာ၀အရင်းမြစ်တွေဖြုန်းတီးနေတယ်လို့ပြောကောင်းပြောလို့ရလောက်မဲ့ company တွေရဲ့အမြတ်ငွေမဖြစ်သွားပဲ ဒေသတွင်းလှုပ်ရှားနေတဲ့ပရဟိတအဖွဲ့အစည်းတွေအတွက် fund ငွေဖြစ်သွားပြီး လူမှုပတ်၀န်းကျင်တိုးတက်ဖို့အတွက် ပိုပြီးလုပ်ဆောင်နိုင်စေတာပါ။

(3) Carbon Footprint လျှော့ချနိုင်ခြင်း

ကျနော်တို့အများစုဟာcarbon footprint တွေလျှော့ချနိုင်ဖို့ ကိုယ်ပိုင်ကားအသုံးမပြုဘဲ လမ်းပိုလျှောက်မယ် bike သုံးမယ် Air-con လျှော့သုံးမယ် အပင်ပိုစိုက်မယ် ဒီလိုမျိုးတွေတွေးကြမှာပါ ။ ရိုးရိုးလေးပါပဲ ။ ကျနော်တို့တွေ thrift တွေပိုအသုံးပြုခြင်းဖြင့် carbon footprint တွေကိုအတိုင်းတာတခုထိ အားထုတ်စရာသိပ်မလိုပဲ လျှော့ချနိုင်မှာပါ။

(4) ရေချိုအသုံးချမှုလျှော့ချနိုင်ခြင်း

လက်ရှိလူတွေအသုံးပြုမှုများတဲ့ အ၀တ်အစားတော်တော်များများက inorganic တွေဖြစ်ပြီးတော့ သူတို့ကို ထုတ်လုပ်တဲ့ process တိုင်းမှာ ရေချိုအမြောက်အမြားအသုံးပြုနေရတာပါ။ အထူးသဖြင့် chemical ဆိုးဆေးတွေပျော်၀င်ထားတဲ့ရေတွေဟာ သောက်သုံးလို့မရသလို စွန့်ပစ်ရင်လဲ ရေသယံဇာတကိုအကြီးအကျယ် ထိခိုက်စေနိုင်ပါတယ် ။ ကျနော်တို့အနေနဲ့ thrift တွေအသုံးပြုခြင်းဖြင့် ရေချိုအလေအလွင့်ဖြစ်မှုကိုအတတ်နိုင်ဆုံးထိန်းသိမ်းကာကွယ်နိုင်မှာဖြစ်ပါတယ်။

(5) ဓာတုညစ်ညမ်းမှုလျော့ချနိုင်ခြင်း

အ၀တ်အစားထုတ်လုပ်တဲ့ အဆင့်တွေဆီပြန်သွားရအောင်ပါ။ လူတွေ substain ဖြစ်တယ်လို့ယူဆကြတဲ့ ချည်ထည်ထုတ်လုပ်ခြင်းဆိုပါစို့ ။ ထုတ်လုပ်မှုအဆင့်တိုင်းအတွက် တန်နဲ့ချီတဲ့ရေချိုပမာဏကိုအသုံးပြုရသလို အဲ့ကထွက်လာတဲ့ရေတွေဟာ ရေထုညစ်ညမ်းမှုကိုသာမကပဲ မြေဆီလွှာတွင်းအက်ဆစ်ပမာဏ
တိုးစေတဲ့ အကျိုးဆက်တွေအထိ ဖြစ်နိုင်ပါတယ်။ဒါကြောင့် thrift ထည်တွေ ၀တ်ဆင်ခြင်းဟာ အ၀တ်အစားအသစ်တွေထုတ်လုပ်တဲ့အခါ အသုံးပြုရတဲ့ chemical တွေကြောင့်ဖြစ်ပေါ်လာမဲ့ pollution တွေကိုအများကြီးလျှော့ချပေးနိုင်ပါတယ်။

goes to Youth_Environmental_Network
Ref:google

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lucky Charm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lucky Charm:

Share