MN Update News 2

Directions Contact the business

MN Update News 2 #သတင်းနှင့်ဗဟုသုတရဖွယ်သိမှတ်စရာအဖြာဖြာများကိုအချိန်နှင့်တပြေးညီတင်ပေးလျှက်ရှိပါသည်။

သတင်းနှင့်ဗဟုသုတသိမှတ်ဖွယ်ရာအဖြာဖြာ
MN Update News 2 ကို Telegramတွင်လည်းJionထားလို့ရပါပြီ

https://t.me/MNUpdateNews2

သက်ကြီးရွယ်အို လင်မယား၏ ကျပ်သိန်းရာချီတန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရသော်လည်း သူခိုး ဖုန်းမေ့ကျန်ခဲ့ရာမှ အမှုပေါ်ရှမ်းပ...
26/09/2026

သက်ကြီးရွယ်အို လင်မယား၏ ကျပ်သိန်းရာချီတန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရသော်လည်း သူခိုး ဖုန်းမေ့ကျန်ခဲ့ရာမှ အမှုပေါ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ထဲက အောင်ပန်းမြို့လေးမှာ သက်ကြီးရွယ်အို လင်မယားနှစ်ဦးအတွက် ရင်ကွဲပက်လက်ဖြစ်စရာ ဖောက်ထွင်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ကံတရားက မျက်နှာသာပေးချင်တော့ သူခိုးရဲ့ မထင်မှတ်ထားတဲ့ အလွဲကြီးတစ်ခုကြောင့် ၂၄ နာရီတောင် မကြာလိုက်ဘဲ အမှုမှန် ပေါ်ပေါက်သွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၂) ရက်နေ့ နေ့လယ်ပိုင်းမှာပါ။ အောင်ပန်းမြို့၊ ရေချိုကျေးရွာအုပ်စု၊ ဇောတိကျေးရွာမှာ နေထိုင်ကြတဲ့ အဘိုးနဲ့ အဘွားတို့ လင်မယားနှစ်ဦးဟာ အောင်ပန်းအပေါ်ဈေးကို ဈေးဝယ်ထွက်သွားခဲ့ကြပါတယ်။ ဈေးဝယ်ပြီး အိမ်ကို ပြန်ရောက်လာတဲ့အချိန်မှာတော့ အိမ်အနောက်ဘက်က ပြတင်းပေါက်တံခါးကြီး ပွင့်နေတာကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရပါတယ်။

အိမ်ထဲကို အပြေးအလွှား ဝင်ရောက်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ သူတို့ရဲ့ အိပ်ခန်းထဲမှာ သိမ်းဆည်းထားတဲ့ တန်ဖိုးငွေ ကျပ်သိန်း (၈၀) ခန့်ရှိ ရွှေဆွဲကြိုး (၁) ကုံး၊ တန်ဖိုး ကျပ် (၁၆) သိန်းခန့်ရှိ လက်စွပ် (၁) ကွင်း၊ Samsung အမျိုးအစား လက်ကိုင်ဖုန်း (၁) လုံးနဲ့ ငွေသား (၁၂) သိန်းကျပ်ခန့်တို့ အကုန်လုံး ခိုးယူခံလိုက်ရပြီဆိုတာကို သိလိုက်ရပါတယ်။ တစ်သက်စာ စုဆောင်းထားသမျှလေးတွေ ပါသွားတဲ့အတွက် ရင်ကျိုးစရာဖြစ်ခဲ့ရပေမယ့်၊ အခင်းဖြစ်ပွားရာ နေရာမှာ သူခိုးက အလောတကြီးနဲ့ သူ့ရဲ့ လက်ကိုင်ဖုန်းကို မေ့ကျန်ရစ်ခဲ့တာကနေ အလှည့်အပြောင်း ဖြစ်သွားခဲ့ပါတယ်။

ပစ္စည်းတွေ အခိုးခံရတဲ့ အိမ်ရှင်ဖြစ်သူက အောင်ပန်းနယ်မြေရဲစခန်းကို အမြန်သွားရောက် အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း သူခိုးမေ့ကျန်ခဲ့တဲ့ ဖုန်းကို သက်သေအဖြစ် အသုံးပြုပြီး ခြေရာခံလိုက်ရာမှာတော့ နောက်တစ်နေ့ စက်တင်ဘာလ (၂၃) ရက်နေ့ နေ့လယ်ပိုင်းမှာတင် ပြစ်မှုကျူးလွန်သူဖြစ်တဲ့ အောင်ပန်းမြို့၊ လွယ်မယ်ကျေးရွာနေ ချစ်စမ်းမောင် ဆိုသူကို အချိန်တိုအတွင်းမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။

သက်ကြီးရွယ်အိုတွေရဲ့ ပိုင်ဆိုင်မှုကို ဝင်ရောက်ခိုးယူခဲ့တဲ့ အဆိုပါ ကျူးလွန်သူ ချစ်စမ်းမောင်ကိုတော့ လက်ရှိမှာ အောင်ပန်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀ (လူနေအိမ်အတွင်း ခိုးယူမှု) နဲ့ အမှုဖွင့်ပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။

🚨🌧️ အရေးပေါ်သတင်း — ထိုင်းနိုင်ငံမှာ မိုးကြီးရေလျှံနေပြီး လမ်းမများ ရေဖုံးလွှမ်းစက်တင်ဘာ ၂၆၊ ၂၀၂၆ထိုင်းနိုင်ငံမှာ လက်ရှိ...
26/09/2026

🚨🌧️ အရေးပေါ်သတင်း — ထိုင်းနိုင်ငံမှာ မိုးကြီးရေလျှံနေပြီး လမ်းမများ ရေဖုံးလွှမ်း

စက်တင်ဘာ ၂၆၊ ၂၀၂၆
ထိုင်းနိုင်ငံမှာ လက်ရှိ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဘန်ကောက်မြို့အပါအဝင် ဒေသအများအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဘန်ကောက်မြို့အတွင်း လမ်းမကြီးအချို့မှာ မိုးကြီးရေလျှံမှုများကြောင့် ယာဉ်သွားလာမှုများ ခက်ခဲနေတဲ့အခြေအနေ ဖြစ်ပွါးနေပါတယ်။ စက်တင်ဘာ ၂၅ ရက်ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘန်ကောက်အတွင်း ၂၄ နာရီအတွင်း မိုးရေချိန် ၁၀၅.၅ မီလီမီတာအထိ ရောက်ရှိခဲ့ပြီး လမ်းမအများအပြား ရေဖုံးလွှမ်းခဲ့ပါတယ်။

🌧️ ယနေ့ စက်တင်ဘာ ၂၆ ရက်မှာလည်း ဘန်ကောက်နှင့် အနီးဝန်းကျင်ဒေသတွေမှာ မိုးသည်းထန်မှ အလွန်သည်းထန်တဲ့ မိုးအထိ ဆက်လက်ရွာသွန်းနေပါတယ်။ ထိုင်းမိုးလေဝသဌာနကလည်း ဘန်ကောက်အပါအဝင် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းအထက်ပိုင်းတို့မှာ မိုးကြီးနေကြောင်း ထုတ်ပြန်ထားပါတယ်။

⚠️ ရေကြီးနေတဲ့ လမ်းတွေမှာ ယာဉ်ငယ်တွေ သွားလာဖို့ ခက်ခဲနေပြီး မြေနိမ့်ပိုင်းနဲ့ တူးမြောင်း၊ မြစ်ချောင်းအနီးနေထိုင်သူတွေအနေနဲ့ ရေအခြေအနေကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။

🇹🇭 ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း မိုးကြီးရေလျှံနေသည့် ဒေသများတွင် မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ရှောင်ကြဉ်ကြရန် သတိပေးအပ်ပါတယ်။

#နေ့စဉ်သတင်း
#မိုးကြီးရေလျှံ #ထိုင်းသတင်း #အရေးပေါ်သတင်း

Cpg နဲ့ pgm သမား တွေ လာကူညီတောင်းကြတယ်..ဘယ်လို တိုင်ရမလဲ တဲ့..  သက်သေယူထားပါ..Dsi နှင့် (por por ngor )အဖွဲ့ တွေကို ရှေ့...
26/09/2026

Cpg နဲ့ pgm သမား တွေ လာကူညီတောင်းကြတယ်..ဘယ်လို တိုင်ရမလဲ တဲ့..
သက်သေယူထားပါ..Dsi နှင့် (por por ngor )အဖွဲ့ တွေကို ရှေ့နေ အဖွဲ့ အစည်းတွေ နဲ့ တိုင်ပင် ပြီး သက်သေတွေ စုထားပြီး တိုင်လို့ ရပါတယ်..
ကိုယ်ဘာသာ ငွေ ထည့်ပြီး ကိုယ်ရူံးရင် ကိုယ်ကြိတ်ခံ သူတွေ ကို တော့ လွတ်ထားလိုက်ပါ..(ကိုယ်ငွေနဲ့ ကိုယ်ခံ ကြိတ်ပြီး ခံသူတွေက အပြစ်မရှိပါ)
မသိသူတွေ ကို လိုက်မြူဆွယ်.onlineပေါ်မှာ ဆရာကြီးလိူလို တကယ့် ဘီလီယံနာ တွေတောင် အားကျ ပြီး သူတိူ့ စကားကို နားထောင်ပြီး အားကျရမဲ့ အကွက်တွေ နဲ့ တကယ့်စီးပွားရေး ပညာရှင်လိိုလိုကောင်တွေ. ဘုမသိ ဘမသိ မရှိ မဲ့ ရှိမဲ့ နဲ့ ပါသွားသူတွေ မရှိ ဆင်းရဲသားတွေ အများစု ခံရသူတွေ ... မြူဆွယ်ကောင်တွေ မဝင်ဝင်အောင် စည်းရုံး လှုပ်ဆော်သူတွေ ကို ထိရောက်စွာ ဝိူင်းဝန်းတိုင်လို့ ရပါတယ်...နောက်ဆို ဒီလို ပေါ်တင် ကြားဖြန့် လူပ်လျှင် ဒီလို ခံရတယ် ဆိုတာ မှတ်လောက်သားလောက် ရှိအောင် ဂျင်းထဲ ကို ဝိုင်းထည့်လို့ရပါတယ်..
မြူဆွယ်ကောင်တွေ လိုင်းပေါ်မှာ ပွနေသူတွေကို အပြစ်ပေးမဲ့ အပိုင်းပါ..
လာမေးသမား များနေတယ်..cpg pgm တွေ ငွေထပ်ထည့် ရလားတဲ့.. လုံးဝ မထည့်ပါနဲ့...
Bonus ကြီးကြီးတွေ ငွေထပ်ထည့်လျှင် ငွေအကုန် ပြန်ထုတ်ရပြီလို့ မက်လုံးတွေ ပေးလျှင် လူံးဝ ဆက်မထည့်ပါနဲ့..
မိမိငွေပြန်ရဖို့ ငွေထပ်ထည့်ရမယ်ဆိုလျှင်... ငွေဘဲ့ ရူံးခံ လိုက်ပါ..လုံးဝ ထပ်မထည့်ပါနဲ့လို့.. ကျွန်တော် အမုန်းခံ ပြီး ပြောရပါစေ..
နောက်အပတ် ကြာသပတေး နေ့ကျလျှင် ထုတ်ပေးမယ်.. ဘယ်နေ့ ကျလျှင် ဘယ်ပွဲ ဆိုတာ လူံးဝ မယုံပါနဲ့.
အဲဒီ ပွဲ ကြီး ကိူ အကြောင်းပြပြီး...သောကြာနေ့ အသေးသမား တွေ နဲ့ နေ့စားခ လေး တွေ ထုတ်ပေးပြ ပြီး..
အမောက်ကြီး သမား တွေ ကို bonus နဲ့ မက်လူံးတွေ ထပ်ဆင့်ပေးပြီး..မိမိ ဘဏ်နဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး ငွေ အကူန် ထုတ်ပေးပါမယ်လို့ ပြောလာလျှင်..ပြောတဲ့ နုတ် သီး ကို နာနာ ရိုက်လိုက်ပါ..ဖြန့်အုန်းဟ လို့..
စိတ်မပူ ကြနဲ့ နာမလိူ လို့ တိုက်ခိုက်နေတယ်..ဆက်ထည့်လိူ့ ပြောလာလျှင်..နူတ်သီးကို ကိုင်ပြီး... မင့်ရော်မလား မင့်တာဝန်ခံမလား.. ဖြတ်ရိုက်...
ကြားဖြန့်အားပေးကောင်တွေ ..သူများကွန်မင့် အောက်မှာ အာလိုက်ချောင်တဲ့ ကောင်တွေ.. ကိုယ်ဖြစ်လျှင် ကိုယ်မခံ ဘဲ့ လိုက်မြှောက်ပေး.. သူများကို ဘဝ ပျက်အောင် လုပ်ပြီး ငွေထည့်ခိုင်းသူတွေ ကို...ထောင်ဒဏ်
10နှစ်အထက်နဲ့ သက်တကျွန်း ခံရစေချင်လျှင်..
သက်သေအခိုင်မာ စုထားကြ..
နောက်အပတ်ကျလျှင်ထုတ်ရမယ်..တာဝန်ယူတယ်ပြောတဲ့ကောင်တွေ.. တာဝန်ခံမလား ပေါ်တင်မေး..
ဖြန့်က ဖြန့် သွားနေပြီတောင်...သူတို့ က ထပ် ဖြန့်ဖို​့ ဆွယ်ကောင်းတဲ့ ကောင်တွေ ကို နူတ်သီး နာနာရိုက်...ဖြန့်အုန်းဟ...
ကိုယ်မြန်မာ လူမျ်ိုးတွေ.. ခံရမယ်ဆို တာ ကို အချက်အလက်နဲ့ ပြောပြလည်း..ကိုယ့်လူမျိူး တွေ ရဲ့ ရိုးသား မူ ကို အသုံးချပြီး..ဘာသာရေး အရောင်ပြ ပရဟိတ အရောင်ပြ နဲ့ သိမ့်ခံရတဲ့ ဂျင်းက ပိုကြီးကြောင်း pgm နဲ့ cpg က သက်သေဘဲ့..




#ကြားဖြန့်
#အမုန်းခံငပဲ

ယခု နောက်ဆုံး ဗျူဟာက bonus ဆိုတဲ့ လုံးဝ သုံးလ်ို့ မရ တဲ့ ကိန်းဂဏာန်း တွေ များများ ထည့်ပေးလိုက်တယ်.သူတို့ တွေ ဘဝ စိတ်ချမ်...
26/09/2026

ယခု နောက်ဆုံး ဗျူဟာက bonus ဆိုတဲ့ လုံးဝ သုံးလ်ို့ မရ တဲ့ ကိန်းဂဏာန်း တွေ များများ ထည့်ပေးလိုက်တယ်.သူတို့ တွေ ဘဝ စိတ်ချမ်းသာအောင်..ငွေထုတ်မဲ့ ရက် မရောက်ခင် စိတ်ချမ်းသာ ဘဝင်တွေ မြင့်ဖို့ အကွက်တွေ ရွေ့ထားလိုက်တယ်..စိတ်ချမ်းသာမဲ့ ထုတ်ပြန် ချက် တွေ တကွက်ချင်း ဆောင့်ထည့်လိုက်တယ်..
ဆောင့်ထည့် ခံထားရတော့ ငြိမ်သွားတယ်..ပညာရှင် တသိုက်..
တကွက်ထပ်ပြတယ်..pgm ကြားဖြန့် app ကို ဘဏ်နဲ့ ချိတ်ဆက်ရပြီတဲ့ ငွေ စိတ်ကြိုက်ထုတ်ရပြီတဲ့..
ဒေါ်လာ 1သောင်းတောင် မကုန်တဲ့ pgm ကြားဖြန့် app အစုတ် ကို ဘယ် ဗဟိုဘဏ်က ခွင့်ပြုချက်နဲ့ ခွင့်ပြုတာ လဲ? ဘဏ်နဲ့ ချိတ်ဆက်ထားတယ် ပြောတဲ့ ပါးစပ် ကို
နှားရင်းကို ဆွဲ နူတ်သီး ကို ဖြတ်ရိုက်..ကိုကိုပဲ ရိုက်ခိုင်းတယ်​ပြော..ဂျင်းသိမ့်ရင် ပိပိ သိမ့်လို့သာပြော..
ငွေကြေး စီးဆင်းမူ ဆိုင်ရာ တရားဝင် app တွေဆ်ိုလျှင် true money လို ဗဟိုဘဏ် ခွင့်ပြုချက် နဲ့ app ကို တရားဝင် ပစ်စပို့ ရှိမှ ဖွင့်ပြီး..ဘဏ်နဲ့ ချ်ိတ်ဆက် မူ က
တရားဝင် ငွေကြေးစီးဆင်းမူ ဖြစ်တဲ့အတွက် ..ငွေက ထွက်ချင်တိုင်း ထွက် ဝင်ချင်တိုင်းဝင်... ယောက်ခမ အိမ် မဟုတ်ဘူး..
ကြားဖြန့် တွေ သုံးတဲ့ စိတ်ဗေဒ ပညာ ရပ်မှာ
Social engineering ပညာရပ်ကို အဓိက သုံးတာ တွေ့ရတယ်..အရမ်းကြောက်စရာကောင်းတယ်..သူတို့ရဲ့ ဦးနှောက်တွေကို hack တာ မဟုတ်ဘူး..သူတို့ ရဲ့ ခံစားချက်တွေကို hack ခံရတာ..
လိမ်မှန်း သိကြတယ် သူတိူ့ ကိုယ် သူတို့ သိနေတယ်..
လွန်ဆန် မနိုင်ဘူး..ကိုယ်ပိုင် ဆူံး ဖြတ် ချက် နဲ့ ပြတ်သား မနိုင်ဘူး..တယောက်တည်း တွေးနေလျှင်
ငါ ကို လိမ်နေပြီလား..မလိမ်သေးဘူးလား တွေဝေ ဆဲ ဖြစ်နေလျှင်..pgm ဂျင်းသိမ့်မဲ့ စာတစောင် ထွက်လိုက်တာနဲ့.. တော်သေးတယ် မလိမ်ပါဘူးဟ လို့..စိတ်ခံစားမူ တွေ ပျောက်ပြီး..ဖြန့်ဆီက ထွက်တဲ့ စကားတိုင်း အော်အေ မှန်တယ်လို့ အလွယ်တကူ လက်ခံလိုက်တယ်...
ကိုယ်ပိုင် အသိစိတ်နဲ့ လိမ်နေတယ်ထင်တယ်လို​့ သူတို့ အတွေး တခါ တလေ ဝင်ပေမဲ့..ငပိန်း သသိုက် အပြန်အလှန် အားပေးအားမြှောက်လုပ်လိုက်တော့..
ကိုယ်ပ်ိုင် အသိစိတ်ပျောက်ပြီး psycho ဝင်ပြီး..
မလိမ်ပါဘူး ထပ်ထည့်ကွ လို့.. မတရား လောဘ တွေ ဝင်ပြီး ငွေ ပုံအောလိုက်ကြတယ်..
နောင်တ ဆိုတာ လူတွေက နောက်မှ ရတတ်ကြတော့.
ဘယ်သူ ဘာပြောပြော.. ဦးနှောက်ထဲ မဝင်တော့ဘဲ့..
ကိုက်ဟေ့ လို့ ပြောလိုက်တာနဲ့..ကိုက်တာ ဘဲ့ သိတော့တယ်..
လူဆိုတာ အသိစိတ် ပျောက်သွားလျှင်...ဝင်ငွေ ရတာ နဲ့ ကိူက်တာ နှစ်ခု ဘဲ့ သိတော့တယ်...သတ်တဝါ ထဲမှာ
လူက အမြင့်ဆူံး.. အတွေးခေါ် တခု ပိုရမယ်...
အာဝု တောင်..စားမဲ့ ချိန်.. ကိုက်မဲ့ အချိန် သိပေမဲ့..
ကျေးဇူးရှင်ကိူ တော့ အမြှီးလေး နပ်ပြီး ကျေးဇူးတရားကို ပြကြသေးတာ..
ဘာဖြစ်လို့ 1ဘတ် လည်းမရ ဆဲခံရ..အမုန်းခံ ပြီး ရေးပေးနေတာ တောင်..
စားတာ နဲ့ အိပ်တာ နှစ်ခု ဘဲ့ သိပြီး သခင်မှန်း မသိ
အမြှီးလေး တောင် မနှပ်ပြ ဘဲ့..ကိုက်ဖို့ ဘဲ့ စိတ်အား ထက်သန်နေလျှင်တော့...ကိုယ်ဖြစ်ရင် ကိူယ်ခံကြဟေ့..
ဒါပေမဲ့ နောက်လူ တွေ ဆက်မထည့်အောင်တော့ သိသလောက် မျှဝေ ရပါမယ်..
နောက်အပတ် 29ရက် ပြောတဲ့ကောင်တွေ မှတ်ထားနော်..နူတ်သီး ကို နာနာရိုက်..
29 ရက် မပြောနဲ့ 29သက်တောင် ရဖို့ ဆိုတာ မမျှော်လင့်နဲ့.. 29ရက်နေ့သာ ဘဏ်နဲ့ ချိတ်ဆက်ပြီး လူတွေ အကုန်လူံး ငွေထုတ်ပေးခဲ့ သည် ရှိသော်..
မဟာချိုင်စင်ထန်း မှာ လူအုပ်ကြားမှာ လည်စင်းခံမယ်... ကိုယ်ပြောတဲ့ စကား ကိုယ်တာဝန်ယူတယ်..ကြိုက်သလိူ သာ လုပ်..
အေ တာဝန် ယူပါတယ် ဆို တဲ့ ကောင်တော့ ထွက်ခဲ့ ဖိူ့ လိုတယ်..




#ကြားဖြန့်တ်ိုက်ဖျက်ရေး
#အမုန်းခံလူသားကိုကိုပဲ

PGM ထဲ မှာ လုပ်နေတဲ့ သူတွေ နစ်မျိူးရှိတယ်..လောဘ ရလို မူ တခုကြောင့်.. ကိုယ်တိူင် ကြားဖြန့် အားပေးမှန်း မသ်ိဘဲ့ လုပ်နေသူ(င...
26/09/2026

PGM ထဲ မှာ လုပ်နေတဲ့ သူတွေ နစ်မျိူးရှိတယ်..လောဘ ရလို မူ တခုကြောင့်..
ကိုယ်တိူင် ကြားဖြန့် အားပေးမှန်း မသ်ိဘဲ့ လုပ်နေသူ(ငပ်ိန်းတွေ) နဲ့..
တချို့က ကိုယ်တိုင်ကြားဖြန့် အားပေးမှန်းလည်းသိတယ်.. ငါက ရှေ့က လူ ဖြစ်တဲ့ အတွက် ငါကြိုထုတ်ထားမယ်..ငါ မရူံး ဆူံးအောင်လို့ ခံယူထားပြီး လုပ်နေသူ...(လူလည်တွေ ငပိန်း မဟုတ် လူလည် စာတတ်ပေတတ် စီးပွားရေး ပညာရှင်တွေ)
PGM ကြားဖြန့် ဂိူဏ်းက ပေးတဲ့ ငွေ မဟုတ်မှန်း သိတယ်... vedio ကြည့်လိူ​့ ငွေ မဝင်တာ မှန်းလည်း သိနေတယ်.. တရားမဝင် အဖွဲ့ စည်း တရား မဝင် ငွေကြေး စီးဆင်းမူ usdt နဲ့ ခြေယာ ဖျောက်ထားမှန်းလည်းသိနေတယ်.. ကျွန်တော် fb မှာ တရား ဝင် အချက်အလက် တိကျ နဲ့ တရားဝင် ချပြထားတော့.. သူတို့ ကို ကျွန်တော် က တ်ိုက်ခိုက်တဲ့ ပူံစံ ပူံဖော် လာတယ်..(မသိလျှင် သူတို့ ကိူယ်သူတိူ့ အီလွန်မစ် တွေ ဇူကာဘတ် တွေ များထင်နေလားမသ်ိ..ကမ်ဘာ့ သူဌေး ကြီးထက်တောင် အားကျရမဲ့ အကွက်တွေ)
စာအရမ်းရှည်သွားမှာစိူးလို့....ok
ဝင်ထားမိ ပြီ ဆက်မလုပ်ချင်တော့ဘူး.. နောက်လူ တွေ ထိခိုက်မှာ ကြောက်လို့
ကိုယ်ချင်းစာ စိတ်ရှိပြီး ကြားဖြန့် ကို အားမပေး တဲ့ သူတွေ အတွက် ကျွန်တော် အကြံညာဏ်လေး ပေးပါရစေ..
( GV1) အဆင့် 11000 ဘတ် ထည့်ထားသူတွေ
သူတိူ့ ရဲ့ ဝင်ငွေ က တရက် ကို Vedio 12 ပုဒ် ကြည့်ရပါမယ်..Vedio တပုဒ် က ကြာချိန် 10စက်ကန့် တောင်မရှိဘူး..1 ပုဒ် ကြည့်တိုင်း ဝင်ငွေ 30 ဘတ် ရပါမည်..

အားပါးပါး ကမ်ဘာ့ နံပါတ် 1 ဘီလီယံ နာတောင် အားကျ မဲ့ ဝင်ငွေ မျိုး...

မိမိငွေ 11000 ဘတ် ရင်းထားလျှင် 1ရက်ကို 360 ဘတ်ရတယ်..ထိုင်းအလုပ်တရက် ဝင်ငွေ မိုက်နေပြီ..
တပတ်မှာ 4ရက် ဝင်ငွေ ပေးတယ်..1440 ဘတ်ရပြီ..

နေ့တိုင်း 360 ဘတ်ထုတ်ရလား? No ပါ..ဒါဆို 1ပတ် ပြည့်လို့ 1440 ဘတ် ထုတ်ရလား ဆို လည်း No ပါဘဲ့..

Ok စနစ် တကျ ဆွဲ ဆန့်ထားတာ လေး လောဘ သား တွေ အတွက် အစာ သေးသေးလေး ချ ထားတဲ့ အကွက်..

တပတ်မှာ တကြိမ် ထုတ် ခွင့် ရှိတယ်..တကယ်လည်းပေး တယ်..ထုတ်ခွင့်ရှိတဲ့ ငွေ ပမာဏ က ဇယားမှာပြထားတယ်..

အနည်းဆူံး 150 ဘတ် 500 ဘတ် 2000 ဘတ် 5000 ဘတ် 15000 ဘတ် 30000 ဘတ် 100000 ဘတ် 500000 ဘတ်... ဇယား ကွက် မှာ ပြထားတဲ့ ပမာ ဏ ကို တကြိမ် ဘဲ့ ထုတ်ခွင့် ရှိတယ်..

အပေါ်မှာ 11000 ငွေရင်းထားသူ တွေ 1ပတ်ပြည့်လို့ ငွေထုတ်မယ် ဆိုလျှင်.. 1440 ဘတ် ဝင်လာလို့ ပြန်ထုတ် လျှင် 500 ဘတ် ထုတ်မလား 2000 ဘတ် ထုတ်မလား တကြိမ်ဘဲ့ ထုတ်ခွင့် ရှိမယ်..
2000 ဘတ် ထုတ်ချင်လျှင် 1440 ဘဲ့ ရှိတဲ့ အတွက် ထုတ်မရ ပြန်ဘူး...1440 ဘဲ့ ရှိတဲ့ အတွက် 500ဘတ် ဘဲ့ ထုတ်ရင်လည်း 940 လက်ကျန် အရမ်းများလိူ့

2000 ဘတ် ပြည့်ချင်လို့ တပတ် ထပ်စောင့်လိုက်တယ်..
မိုက်တယ် ကစားကွက် လေး မက်လူံး နဲ့ အချ်ိန် ကို တဖန် ဆွဲ ဆန့်လ်ိုက်တယ်..

နောက်တပတ် 1440 ဘတ်ထပ်ရတယ်..အရင်လက်ကျန် 1440+1440 =2880 ဘတ် ရသွားလို့ ထုတ်မယ်ဆိုလည်း မရပြန်ဘူး..ဇယား ကွက် ထဲ မှာ ပါတဲ့ 2000 ဘတ်ဘဲ့ ထုတ်ခွင့်ရှိတယ်..2000 တကြိမ် 500 တကြိမ် ထုတ်ချင်တယ်ဆိုလည်း မရ ပြန်ဘူး..

ဒါဆို 2000 ဘတ်ရလို့ 880 ဘတ်ထားမယ်ဆို လည်း
တကယ်ပေးနေတယ် နမြောလို့ ဆို တဲ့ လောဘ မက်လူံး လေးနဲ့ ဆွဲ ဆန့် ထားတော့

နောက်အပတ် 3ပတ်မြောက် ထပ်ရင်းလိုက်တယ်..
အလုပ်က Vedio လေးကြည့်ရုံ ဘဲ့ ဆို တော့..
မိမိ လုပ်နေတဲ့ အလုပ်တောင် တန်ဖိူး မရှိ​တော့ဘူး.
သိနောက်ကျလိူက်တာ ကွာ ဆို တဲ့ မန်တွေ လောဘ ယမက် တွေ ဖုံးလွမ်းလာ တော့ ဒီတံဆိပ် အင်ကျီ လေးက
သူတို့ ရဲ့ ကျေးဇူး ရှင်ကြီးလို့ ဖြစ်လာ ကြတယ်..(ကိုကို ပဲ ဆို တဲ့ ကောင်ကြောင့် ငါ့တို့ ရဲ့ စားဂွင် တွေ ပျက်ပြီ ဆို ပြီး ငပိန်းသသိုက် လူတွေ စု ကြ..ဝိုင်းကိုက်ကြ)

ဘယ်သူ ဘာပြောပြော နားမဝင်တော့ဘူး..သူတို့ ကို နာမလို ဖြစ်လို့.. အတန်းရှင်းရှာတယ်.အလုပ်မရှိ ကိူင်မရှိ သူတို့ သူဌေး ဖြစ်နေလို့ နာမလို ဖြစ်တာ တွေ
အပေါ်က လူ တွေ က တလူံး ချင်းရိုက်သွင်းလာတယ်..

တကယ်ခံရဖူး တဲ့ သူတွေ အတိတ်တွေမှာကြုံခဲ့ဖူးတဲ့ အတွေ့ ကြူံ ဘယ်လို ဝေ မျှ ဝေ မျှ..

သူတိူ့ အမြင်မကြည်တော့ဘူး..နောက်ဆူံး ပထမ ရင်းထားတဲ့သူ တွေ ငွေပူံအောထားတဲ့ သူတွေ
ကြားဖြန့်အားပေးမှန်း သိသိနဲ ဂုတ်သွေးစုတ်သူတွေက

သူတို့ ကုမ်မဏီက တရားဝင် ပြီး အာမခံ တဲ့ အကြောင်း ကို ဘယ်သူ မှ ထွက်မပြောဘဲ့...

စနစ်ကျ ထောက်ပြ သူတွေ က နာမလိုသူတွေ လို့ ပုံဖော်ပြီး..ရူံးခံ နိူင်တဲ့ ပမာဏ ကိူ ထည့်..ရူံးလည်း ဘာမှ မဖြစ်ဘူး..online ဆိုတာ 50% 50.. ယခုနောက်ပိုင်း
သူ တို့ ကိုယ် သူတို့လည်း သိတယ်..onlineပေါ်ကို မတင်ကြနဲ့ မကြွားကြနဲ့ အသိပေးလာ ကြတယ်..app ဖျက်ချ ခံ ထိတတ်တယ်လို့..

အောက်လမ်းစျေးကွက် အဖြစ် ပစ်မှတ်ထားပြီး ပုံဖော် ဖို့ ကြိူးစားလာတယ်..

စကားအဆူံးသတ်မယ် အရမ်းရှည်နေတဲ့ အတွက်..
PGM ကို ဝင်ထားမိ ပြီး ကိုယ်ချင်းစာစိတ် အပြည့်ရှိသူတွေ ကိုယ်လို သူများမခံ ရအောင် နောက်လူ ဆီက ရမှ စားရမဲ့ ငွေကို မစားရက်တဲ့ နှလူံးသား လှပိုင်ရှင် ကို အကြံညာဏ် ပေးပါရစေ... နောင်တ ရနေသူ တွေအတွက်
No.1
မိမိကို လာခေါ် သူတွေ အသံ ဖမ်းထားကြ..မြူဆွယ်သူ တွေ မဝင် ဝင်လာ အောင် မက်လူံး ပေးသူ တွေ..
စာ သွားအပြန်ရေးထားတာတွေ သက်သေ ယူထားကြပါ..

No.2 ငွေကြေးစီးဆင်းမူ ကို သက်သေယူထားကြပါ..
မိမိထည့်ပေးတဲ့ငွေ ဘဏ်နံပါတ် ကို မှတ်ထားကြပါ..
PGM ငွေတွေဆို လူံးဝ အဝင် မခံပါနဲ့..နောက်ဖြစ်လာမဲ့ ပြသနာ တိုင်း အဓိက ငွေလက်ခံသူ တာဝန်ခံရပါမယ်..

No.3 ကြားဖြန့်အားပေးတာ..vedio ဖိုင်တွေ ကို ရသလောက် သက်သေယူထားကြပါ...

မသိလို့ PGM လုပ်ထားမိလို့ နောင်တ ရပြီး ဆက်မလုပ်ချင်တဲ့ သူ နှလုံးသား လှပြီး ကိုယ်ကျိူးမကြည့်သူတွေ အတွက်..
Vedio သက်သေ သိမ်းထားကြ
လိမ်လည်မူ ပုဒ်မ (341) ရိုးရိုးလိမ်လည်တာ.လှည့်ဖြားပြီး .ငွေလိမ်လည်တာ ဆိုလျှင် ထောင် 3နစ်ရှိပါတယ်..

ပုဒ်မ (343) လူအများရဲ့ အရှေ့မှာ စည်းရုံးလုံဆော်ပြီး ငွေလိမ်တာ online က လိမ်တာ အပြင်မှာ လိမ်တာ အကုန်အကြူံးဝင်တယ် ထောင်ဒဏ် 5 နှစ်

လူအများက တရားဝိုင်းစွဲ ရင် အာမခံလူံးဝ မရ တဲ့အမူ ပါ...အမူကြီးပါတယ်..

နောက်ထပ်လာပြီ..အားပေးအားမြောက်သူတွေ သိသ်ိနဲ့ လုပ်နေသူ တွေ
Fb comment တွေ အကုန် သိမ်းထားကြ..သက်သေ အနေ နဲ့ ပရိုဖိုင် အစစ်တွေ ဆို တရားစွဲလို့ ရတယ်

သူတိူ့ ရဲ့ ဖုန်းနံပါတ် ရှိရင် သက်သေအနေ နဲ့ သိမ်းထားကြ...
ပုဒ်မ 84 နဲ့ 86မှာ အဓိက လိမ်လည် သူနဲ့ အမူ တူတူ ကျ နိူင်ပါတယ်..ဥပမာ အဓိက လူ မမိ လျှင် မိမိက အဓိက တရားခံ ဖြစ်သွားမယ်..

အပေါ်က vedio ထဲ က ခေါင်းဆောင်တွေ က သင်ပေးနေတာ တွေ စိတ်ဝင်စား အောင် စည်းရူံးလာတွေဟာ

လိမ်ဖို့ သင်ပေး လမ်းညွန် နေတဲ့ အတွက်...
ပုဒ်မ (341/86) ဒါမှ မဟုတ် ပုဒ်မ (343/ 84)အရ

လူအများဝိုင်းတိူင်လျှင် ထောင်ဒဏ် 3နှစ်မှ 5နစ်ထိ ကျခံ နိူင်ပါတယ်..

တကယ်လိမ်ဖ်ို့ vdeio သက်သေ တွေ ယူထားလျှင်
မလိမ်သေးဘူး လိမ်ဖို့ တရားဝင် လုပ်ငန်း အပေါ် စည်းရူံး နေလျှင်တောင် ထောင်ဒဏ် 3နစ် မဟုတ်မမှန် သိသ်ိနဲ့ လိမ်မှန်း သိပေမဲ့ ကိုယ်ကျိူးအတွက် onlineက ဆက်လုပ်နေသူတွေ ထပ်တိူး အမူ ပုဒ်မ 14အရ ထပ်တိူး ထောင်ဒဏ် 5 နစ်...

အကြံပေးချင်တာ မကြာမှီ လာမည်...အဖွဲ့ စည်းတွေကို အခုကတည်းက ဆက်သွယ်ထားကြတော့..

မီဒီယာ တွေ အဖွဲ့ စည်းတွေ ဆိုတာ.. ဖြစ်ပြီးမှ သတင်းတွေ အပြန်အလှန် တင်ကြတာ..မဖြစ်ခင် ဘယ်သူမှ အမုန်းခံ ပြီး မတင်ကြပါ...

ကျွန်တော့် အမုန်းခံ ပြီး တင်လို့
Comment မှ လာဆဲ မဲ့ အစား ကျွန်တော် ရေးတဲ့ သက်သေ အချက်အလက်အမှားပါတွေ လာထောက်ပြပါ...ရိုင်းစိုင်း ဆဲဆို မူ က အဖြေမဟုတ်ပါ​ကြောင်း..

ထပ်ဆင့် အမုန်းခံ ကိူကို ပဲ

ြားဖြန့်တိုက်ဖျက်ကြမယ်

ပြည်တွင်း စက်သုံးဆီဈေးနှုန်း တစ်ရက်ထဲ ၁၅ ရာခိုင်နှုန်း ရုတ်တရက် ခုန်တက်၉၂၊ ၉၅ အမျိုးအစား အောက်တိန်းဓာတ်ဆီစျေး အမြင့်ဆုံး...
26/09/2026

ပြည်တွင်း စက်သုံးဆီဈေးနှုန်း တစ်ရက်ထဲ ၁၅ ရာခိုင်နှုန်း ရုတ်တရက် ခုန်တက်
၉၂၊ ၉၅ အမျိုးအစား အောက်တိန်းဓာတ်ဆီစျေး အမြင့်ဆုံးတက်ခဲ့ပြီး ၁၆ ရာခိုင်နှုန်းကျော်အထိ တက်ခဲ့။
RFA Burmese
2026.09.25

ရန်ကုန်မြို့ ၊ သာကေတမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်မြို့ ၊ သာကေတမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့က တွေ့ရစဉ် (RFA)
ပြည်တွင်းစက်သုံးဆီစျေးနှုန်းဟာ စက်တင်ဘာ ၂၅ ရက်နေ့မှာ ၁၅ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းကျော်အထိ တစ်ရက်ထဲ ရုတ်တရက်ခုန်တက်သွားပါတယ်။ စက်တင်ဘာလဆန်းကစလို့ သုံးပတ်ကျော်အတွင်း တစ်လီတာကို ကျပ် ၁၀၀ ကျော်သာ မြင့်တက်ခဲ့ပြီး ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်သာ ရှိခဲ့ပေမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ တစ်ရက်တည်း ကျပ် ၇၀၀ ကျော်အထိ ရုတ်တရက် ခုန်တက်သွားတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ စက်တင်ဘာလ ၂၅ ရက် လက်လီတစ်လီတာဈေးနှုန်းတွေအနေနဲ့ ဓာတ်ဆီအောက်တိန်း ၉၂ (92 Ron) အမျိုးအစားက ၄,၄၅၀ ကျပ် နဲ့ ၁၆.၃၄ ရာခိုင်နှုန်း၊ ဓာတ်ဆီအောက်တိန်း ၉၅ (95 Ron) အမျိုးအစားက ၄,၆၀၀ ကျပ် နဲ့ ၁၆.၄၆ ရာခိုင်နှုန်း၊ ဒီဇယ်စျေးက တစ်လီတာ ၄,၇၉၀ ကျပ် ၁၅.၄၂ ရာခိုင်နှုန်းတွေတက်ခဲ့ပြီး ပရီမီယံဒီဇယ် ၅,၇၉၅ ကျပ်နဲ့ ၁၃.၇၅ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ က 92 Ron ၃,၈၂၅ ကျပ်၊ 95 Ron ၃,၉၅၀ ကျပ်၊ ဒီဇယ် ၄,၁၅၀ ကျပ်နဲ့ ပရီမီယံဒီဇယ် ၅,၀၅၀ ကျပ် ဖြစ်တာကြောင့် တစ်ရက်အတွင်း တစ်လီတာကို ၆၂၅ ကျပ်ကနေ ၇၄၅ ကျပ်အထိ ခုန်တက်သွားတာပါ။

စက်တင်ဘာလ ၁ ရက်နေ့က 92 Ron ၃,၇၁၀ ကျပ်၊ 95 Ron ၃,၈၁၅ ကျပ်၊ ဒီဇယ် ၄,၂၄၀ ကျပ်နဲ့ ပရီမီယံဒီဇယ် ၅,၁၄၀ ကျပ် ရှိခဲ့ပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၁ ရက်ကနေ ၂၄ ရက်အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း 92 Ron နဲ့ 95 Ron က တစ်လီတာကို ၁၁၅ ကျပ်နဲ့ ၁၃၅ ကျပ်သာ မြင့်တက်ခဲ့ပြီး ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ကတော့ ၉၀ ကျပ်စီ ကျဆင်းခဲ့ပါတယ်။

လက်ရှိ ဈေးနှုန်းတွေ ရုတ်တရက်မြင့်တက်လာတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ စစ်တပ်ခန့်အစိုးရရဲ့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

စက်သုံးဆီဈေး ရုတ်တရက်မြင့်တက်လာတာကြောင့် ယာဉ်စီးခတွေကို အရင်ထက် တိုးတောင်းရတာရှိသလို ခရီးသည်တွေလည်း မစီးနိုင်တော့ဘူးလို့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“ဆီဈေးတက်တော့ ကားခတွေ တက်တယ်။ တက်တဲ့အတွက် သူတို့ မစီးနိုင်ဘူး။ အဲဒီလိုတက်တော့ မကိုက်ဘူးပေါ့။ ရပ်ပေါ့။ ရပ်ပြီးတော့ ခရီးသည်နဲ့ နည်းနည်း ဈေးပြောတောင်းရတာပေါ့။ ခရီးသည်တွေကလည်း မစီးနိုင်ဘူး။ အခုဆိုရင် တစ်မနက်လုံးတောင်မှ စီးတဲ့သူက ဘာမှမရသေးဘူး။ ၁၈,၀၀၀ ပဲ ရသေးတယ်။ ခရီးသည်က ပါးသွားပြီ။ အရေးအကြောင်းမရှိဘဲနဲ့ မစီးကြတော့ဘူး”

လက်ရှိ စက်သုံးဆီဈေးနှုန်းတွေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်လာသလို ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာမှာကိုလည်း စိုးရိမ်နေတယ်လို့ အဲဒီယာဉ်မောင်းက ပြောပါတယ်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က ကျေးလက်ဒေသတချို့မှာ ဓာတ်ဆီအောက်တိန်း ၉၂ (92 Ron) တစ်လီတာကို ၇,၅၀၀ ကျပ်အထိ ပေးဝယ်သုံးစွဲနေရတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ ဒေသတွေမှာတော့ 92 Ron တစ်လီတာကို ကျပ် ၁၅၀၀၀ ခန့် စျေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က စစ်တပ်ခန့်အစိုးရအကြီးအကဲ ဦးမင်းအောင်လှိုင်နဲ့ တိုင်းမ် (Time) မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေက ထုတ်ပြန်ရာမှာ အမေရိကန်ပြည်ထောင်စုက ဦးဆောင်အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှု (sanctions) တွေကြောင့် စီးပွားရေးကဏ္ဍမှာ ထိခိုက်မှုတွေရှိနေတာကို ဝန်ခံပြောဆိုခဲ့ပြီး ဘဏ်စနစ်နဲ့ ငွေကြေးလွှဲပြောင်းမှု ကန့်သတ်ချက်တွေ၊ ကုန်ပစ္စည်းတင်သွင်းဖို့ခက်ခဲ့တာတွေကို ဝန်ခံပြောဆိုထားပါတယ်။ အမေရိကန်ပိတ်ဆို့ အရေးယူမှုတွေထဲမှာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် စစ်အာဏာပိုင်တွေရဲ့ နိုင်ငံခြားငွေ ဝင်ပေါက်တွေကို အဓိက အရေးယူထားပါတယ်။

စစ်တပ်ခန့်အစိုးရကတော့ စက်သုံးဆီတွေကို နှစ်စဉ်ပြည်ပက တင်သွင်းနေရပြီး နိုင်ငံခြားငွေ အများအပြား သုံးစွဲနေရတာကြောင့် စက်သုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေး နည်းလမ်းရှာဖွေမယ်လို့ နိုင်ငံပိုင်သတင်းစာ တွေကတဆင့် ထုတ်ပြန်ပြောဆိုထားပါတယ်။

အယ်လ်နီညို လာပြီ။ ဘာတွေ ပြင်ထားကြလဲ(အတွေးအမြင်ဆောင်းပါး)ထိုင်းနိုင်ငံဟာ အယ်လ်နီညို (El Niño) ဖြစ်စဉ်‌ကို ကြိုတင်ကာကွယ်န်...
26/09/2026

အယ်လ်နီညို လာပြီ။ ဘာတွေ ပြင်ထားကြလဲ

(အတွေးအမြင်ဆောင်းပါး)

ထိုင်းနိုင်ငံဟာ အယ်လ်နီညို (El Niño) ဖြစ်စဉ်‌ကို ကြိုတင်ကာကွယ်န်ိုင်ဖို့အတွက် အရန်ဆန် ၃၀ ရာခိုင်နှုန်းနဲ့ စားအုန်းဆီကို ၂၀ ရာခိုင်နှုန်း တိုးဖို့ ပြင်ဆင်ထားတယ် လို့ ဖတ်လိုက်ရပါတယ်။

ကမ္ဘာတဝှမ်းမှာလည်း ယခင်ကာလတွေထက် ပိုပြီး ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်ကို ကြုံကြရတော့မယ် လို့ ပညာရှင်တွေ သတိပေးနေကြပါပြီ။

ဒီရက်ထဲမှာလည်း Climate Impact Lab ကနေ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကမ္ဘာတဝှမ်းမှာ အပူဒါဏ်တွေနဲ့ ဆက်စပ်ပြီး လူ လေးသိန်းခွဲကျော် သေဆုံးမယ် လို့ ခန့်မှန်းထားပါတယ်။

ယင်းထဲမှာ မြန်မာနိုင်ငံမှာလည်း အပူချိမ်ပြင်းထန်မှုကြောင့် လူပေါင်း ၁၂၀၀ အထိ သေဆုံးနိုင်ခြေရှိတယ် လို့ ဖော်ပြထားပါတယ်။

‌ဆိုတော့ အယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ အပြင်းထန်ဆုံး ခံစားကြရတော့မှာပါ။

အယ်လ်နီညို ဖြစ်စဉ်ကြောင့် တဖက်မှာ အပူချိန် မြင့်တက်လာတာ ခံစားရမှာ ဖြစ်သလို တဖက်မှာလည်း မီုးကြီး၊ ရေကြီးတာ သိသိသာသ ကြုံရနိုင်ပါတယ်။

ကမ္ဘာ့တဝှမ်းမှာလည်း ပညာရှင်တွေ အကူအညီနဲ့ ကြိုတင်ပြင်ဆင်ကြသလို စားနှပ်ရိက္ခာ၊ ရေတွေ စုဆောင်းနေတာလည်း လုပ်ကြပါတယ်။

အယ်လ်နီညို (El Niño) ဖြစ်စဉ် ပြင်းထန်မှုကြောင့် အာဆီယံနိုင်ငံတွေမှာ နိုဝင်ဘာလအထိ အပူချိန် မြင့်တက်လာနိုင်ပြီး အပူဒဏ်ခံရတာ၊ ရေသုံးစွဲမှုမြင့်တက်တာ၊ လျှပ်စစ်သုံးစွဲမှုတက်တာ၊ အလုပ်သမား ထုတ်လုပ်နိုင်စွမ်းကျတာ၊ မွေးမြူရေးတိရစ္ဆာန် ထုတ်လုပ်မှု လျော့ကျတာတွေ ကြုံရနိုင်ပါတယ်။

အဓိက ပြသာနာတခုက စားနှပ်ရိက္ခာဈေးတွေ မြင့်တက်လာနိုင်တာ ဖြစ်ပြီး တခြားစီးပွားရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုထက် ပိုဆိုးဝါးနိုင်သလို ဆန်၊ ပြောင်း၊ ဂျုံ၊ စားဆီ‌တွေ အဓိက ဈေးပိုတက်လာနိုင်ပါတယ်။

မိုးခေါင်ရေရှား ဖြစ်လာနိုင်တာကြောင့် မလေးရှားနိုင်ငံမှာဆို ရေကို အထူးအလေးထား စောင့်ကြည့်ပြင်ဆင်နေပါတယ်။

အင်ဒိုနီးရှားမှာဆိုရင်လည်း တောမီးတွေ လောင်ကျွမ်းမှု မြင့်တက်လာနေပြီး လေထုညစ်ညမ်းမှုဟာ စင်္ကာပူအထိပါ လက်ရှိ ရိုတ်ခတ်ထားခဲ့တာပါ။

ထိုင်းနိုင်ငံကတော့ အရန်ဆန်ကို ၃၀ ရာခိုင်နှုန်း ၊ စားဆီကို ၂၀ ရာခိုင်နှုန်း တိုးဖို့ ပြင်ဆင်ထားပါတယ်။ ဒါအပြင် ပြောင်းနဲ့ ပီလောပီနံတွေကိုလည်း စောင့်ကြည့်နေပါတယ်။

ဖီလစ်ပိုင်ကတော့ ဆန်တင်သွင်းမှုကို တိုးမြင့်ထားပြီး နောက်ထပ် စိုက်ပျိုးရေးကဏ္ဍကိုပါ တိုးမြင့်နေပါတယ်။ မြန်မာဟာ ဖီလစ်ပိုင်ကို ယခုနှစ်အတွင်း ဆန်အများကြီး တင်ပို့ထားတာဟာ ဒီဖြစ်စဉ်ကြောင့်ပါ။

ဆိုတော့ အာဆီယံမှာ အယ်လ်နီညို ဖြစ်စဉ်ကြောင့် အပူချိန် မြင့်မားလာမယ်။မိုးခေါင်ရေရှားပြီး ခြောက်သွေ့ကာလ ရှည်ကြာလာမယ်။ ဒါက ရေလှောင်တာ လျော့ကျနိုင်ပြီး စိုက်ပျိုးရေးကဏ္ဍအတွက် ရေအခတ်အခဲ ရှိလာနိုင်တယ်။

ဆိုတော့ ဆန်၊ပြောင်း၊ ဂျုံ၊ ပြောင်း စတဲ့ စိုက်ပျိုးသီးနှံတွေ အထွက်နှုန်းလျော့ကျသွားနိုင်တယ်။

ဒါဆိုရင် အစားအသောက်တွေ တိုးဝယ်ရမှာမို့ ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်။ ကုန်ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာနိုင်ပါတယ်။ ပူပြင်းခြောက်သွေ့တာကြောင့် တောမီးလောင်တာလည်း ပိုများလာနိုင်ပါတယ်။ဒါဆို လေထုညစ်ညမ်းမှု မြင့်တက်လာနိုင်တယ်။

(မြန်မာနိုင်ငံမှာကော ဘာတွေ ဖြစ်လာနိုင်မလဲ)

အယ်လ်နီညို ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာလည်း အပူချိန်တွေ မြင့်တက်လာမယ် လို့ ခန့်မှန်းထားကြပါတယ်။

ဆိုတော့ အပူကြောင့် လူသေဆုံးတာ ၁၂၀၀ ဦးအထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

၂၀၂၆ ခုနှစ် အောက်တိုဘာလကနေ နိုဝင်ဘာလအထိ အပူချိန်မြင့်တက်မှုနဲ့အတူ ဆောင်းသီးနှံ စိုက်ပျိုးမှုအပေါ် သိသိသာသာ အကျိုးသက်ရောက်လာမှာပါ။

ရေရှားတာ မြင့်တက်လာနိုင်တာကြောင့် စက်သုံးဆီလိုအပ်ချက် မြင့်တက်လာမှာ ဖြစ်သလို စက်တင်ဘာလ ၂၅ ရက်‌‌နေ့မှာ စက်သုံးဆီဈေးတွေက တလီတာကို ကျပ် ၆၂၅ ကနေ ၇၄၅ ကျပ်အထိ မြင့်တက်သွားပါတယ်။

‌ဒါအပြင် တောင်သူတွေ စက်သုံးဆီဝယ်မရမှု၊ မြေဩဇာဈေးကြီးမှုတွေ၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ၊ အလုပ်သမားခတွေကြောင့် ဆောင်းသီးနှံ အထွက်နှုန်း ကျဆင်းနိုင်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာပြည်မှာ စိုက်ပျိုးသီးနှံတွေ စိုက်ပျိုးထုတ်လုပ်ဖို့ ပြင်ဆင်ပေးနေတာ မရှိသေးပါဘူး။

ရေတွေ စဉ်ဆက်မပြတ် လွတ်ပေးနိုင်ဖို့၊ ရေစုတ်၊ ထွန်ယက်ဖို့ စက်သုံးဆီ အလုံအလောက် မချပေးသေးတာ ဆောင်းသီးနှံအတွက် စိုးရိမ်စရာပါ။

ဆောင်းသီးနှံဆိုတာ အဓိက မီးဖိုချောင်သုံးသီးနှံတွေ၊ ပဲ၊နှမ်း၊ပြောင်း၊ အာလူး၊ ကြက်သွန်နီ၊ဖြူ၊ မုန်လာ၊ မုန့်ညင်း၊ နေကြာ၊ ဟင်းသီးဟင်းရွက်မျိုးစုံ အများဆုံး စိုက်ပျိုးတာမို့ အပူချိန်မြင့်တာ၊ ရေအလုံအလောက်မရတာနဲ့တင် အထွက်နှုန်း ထိုးကျသွားမှာပါ။

ဒါအပြင် ရာသီဥတု ပူပြင်းလာတာကြောင့် မွေးမြူရေးကဏ္ဍအပေါ်မှာပါ အကျိုးသက်ရောက်နိုင်ပြီး ကြက်ဥအထွက်နှုန်းလျော့တာ၊ အသားအထွက်နှုန်း လျော့ကျနိုင်ပါတယ်။

ငါးဆိုလည်း အပူချိန်မြင့်တက်တာကြောင့် အကောင်ရေ လျော့ကျတာ သေဆုံးတာ၊ အသားတိုးနှုန်း လျော့ကျတာ ဖြစ်လာမှာပါ။

အကျိုးဆက်အနေနဲ့ လာမယ့် နွေဦးမှာ သီးနှံဈေးတွေ အသားငါး၊ ကြက်ဥဈေး မြင့်တက်လာမှာမို့ ရန်ကုန်၊ မန္တလေးတို့လို မြို့ပြတွေ ကုန်ဈေးနှုန်း ကြီးလာပါမယ်။

ဒါအပြင် မြို့ပြတွေမှာ ရေရှားပါးမှု စံချိန်တင်လာနိုင်ပါတယ်။ မြေအောက်ရေ အဓိက သုံးစွဲနေတဲ့ ရန်ကုန်လို မြို့တွေမှာ မြေအောက်ရေ အလွန်အကျွံ သုံးစွဲမှုကြောင့် ရေငန်စိမ့်ဝင်တာ မြင့်တက်လာနိုင်ပါတယ်။ ဒီအချက်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ တပုံကြီးပါ။

နောက်တချက် အရေးအကြီးဆုံးက လျှပ်စစ်မီးရရှိမှုပါ။ အခုနောက်ပိုင်း System Breakdown ဆိုပြီး မီးအပြတ်များလာပါတယ်။ဘာကြောင့်လည်းဆို အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပိုပူလာပြီး လျှပ်စစ်မီးသုံးစွဲတာ မြင့်တက်လာပါတယ်။

နေရာစုံကနေ သုံးနေတော့ ဝန်မနိုင်တော့ပဲ တနိုင်ငံလုံး မီးပျက်တာ ကြုံလာနေကြရတာပါ။ ဒါအပြင် ဆောင်း၊နွေမှာ ရေခမ်းမှာမို့ ရေအားလျှပ်စစ်တွေ လျော့ကျပါမယ်။

သဘာဝဓါတ်ငွေ့ကလည်း ဈေးကြီး၊ အကုန်မထုတ်နိုင်သေးလို့ လာမယ့် ဆောင်းရာသီ၊ နွေရာသီ ပူပြင်းချိန်မှာ မီးအပြတ်များပါမယ်။

ဒါအပြင် မြို့ပြအပူချိန်မြင့်တက်မှု၊ ကာဗွန်အထုတ်များတာကြောင့် အပူရှပ်ပြီး သေဆုံးသူတွေ များပြားနိုင်ပါတယ်။

အထူးသဖြင့် သက်ကြီး‌ရွယ်အိုတွေပါ။

ရေမကြာခဏ သောက်ပေးဖို့ လိုသလို အသက်ရှုဝအောင် မကြာခဏ ပြင်ထားပေးသင့်ပါတယ်။

မြို့ပြက သက်ကြီးရွယ်အိုတွေ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ၊ ပြင်သင့်တာ ပြင်ထားသင့်ပါတယ်။

နောက်တချက် ရေသန့် ရှားပါးမှုနဲ့ မလုံလောက်မှု ပြသာနာ ကြီးထွားလာနိုင်ပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေသန့်လိုအပ်ချက် မြင့်မားနိုင်သလို ပို့သူနဲ့ ဝယ်သူ အချိုးအစားအရ ရေရရှိနိုင်မှု နည်းပါးလာနိုင်ပါတယ်။

ဒါက မြို့ပြ အထပ်မြင့်နေသူတွေ ကြုံလာရမယ့် အရာဖြစ်ပြီး ကြိုပြင်ဆင်ထားသင့်တဲ့ ပြသာနာပါ။

နောက်တခုက အပူချိန် မြင့်မားမှု၊ မီးမကြာခဏ ပြတ်တာကြောင့် မြို့ပြတွေမှာ မီးလောင်တာ စံချိန်တင်လာနိုင်ပါတယ်။

ဆိုတော့ တိုက်ခန်းနေသူတွေ အထူးသတိပြုရမယ့် အရာ ဖြစ်ပြီး မီးဘေးကြိုတင်ကာကွယ်ထားဖို့ လိုပါတယ်။ မီးပြတ်ရင် ချက်ပြုတ်တာ၊ အားသွင်းတာ ခလုပ် ဖွင့်ထားတာတွေ အကုန် ဖြုက်ထားသင့်ပါတယ်။

ပြောရရင် အယ်လ်နီညိုကြောင့် ဆောင်းသီးနှံကစလို့ နွေစပါးအထိ အထွက်နှုန်းထိုးကျပါမယ်။ စက်သုံးဆီ အလုံအလောက် မရမှုကလည်း ပိုဆီုးစေပါမယ်။

ဆိုတော့ သီးနှံအထွက် လျော့ကျရင် သေချာပေါက် ဆန်၊ပဲ၊ ပြောင်းဈေးတွေ တက်လာပါမယ်။ စားဖိုချောင်သီးနှံတွေ ဈေးမြင့်တက်လာပါမယ်။

စားသောက်ကုန်ဈေးတက်လာရင် အိမ်ထောင်စု စာရိတ်တွေ တိုးလာနိုင်ပါတယ်။

ဘယ်လောက်ထိ တက်မယ် ခန့်မှန်းရ ခတ်ပေမယ့် နွေရာသီမှာ ၂၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ပါတယ်။

ဆိုတော့ ဝင်ငွေနဲ့ ကုန်ဈေးနှုန်းကွာဟချက် ပိုကြီးထွားလာနိုင်ပါတယ်။

ဆင်းရဲတဲ့ နိုင်ငံ၊ ငွေကြေးဖောင်းပွလွန်းတဲ့ နိုင်ငံ၊ ထုတ်ကုန်တွေ ထိုးကျလာတဲ့ နိုင်ငံ၊ သွင်းကုန်ရှားလာတဲ့ နိုင်ငံဟာ အယ်လ်နီညိုက ပိုပြီး ထိခိုက်အောင် ဖန်တီးပေး‌မယ့် သဘောပါ။

ဆိုတော့ အပူချိန်မြင့်တက်လာတာ၊ မိုးခေါင်ရေရှားတာ၊ သီးနှံအထွက်နှုန်းလျော့ကျတာတွေက ကြုံလာရမယ့် အခြေအနေ ဖြစ်ပေမယ့် စစ်အုပ်စုက ကြိုတင် ပြင်နိုင်ခြင်း မရှိသေးပါဘူး။

တောင်သူတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တချို့ စိတ်ပူနေကြပေမယ့် စစ်အုပ်စုကတော့ လေသံတွေ ပစ်ပြီး အလုပ်မလုပ်ပဲ နေကြဆဲ ဖြစ်ပါတယ်။

စီးပွားရေးကျဆင်းလာမှု၊ ဝင်ငွေနည်းပါးလားမှုနဲ့အတူ ဝယ်ယူနိုင်စွမ်းကျလာချိန်မှာ အယ်လ်နီညိုကာ တောင်သူကော၊ စားသုံးသူကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။

စစ်အုပ်စုကတော့ ထုံးစံအတိုင်း လျှပ်စစ်မီးသုံးတာ လျော့ကျဖို့၊ စက်သုံးဆီသုံးတာ လျော့ကျဖို့၊ စားသုံးဆီ စားတာ လျော့ကျဖို့ ပြောရကနေ ထမင်းစားတာ လျော့ကျဖို့၊ စိုက်ပျိုးရေးသီးနှံ စားတာ လျော့ကျဖို့၊ အသားငါး စားတာ လျော့ကျဖို့ပဲ လေသံ ပစ်နေမှာ ဖြစ်ပါတယ်။

လက်ရှိ အယ်လ်နီညိုဟာ ဖြစ်ဖူးသမျှထဲမှာ အပြင်းထန်ဆုံး ဖြစ်မယ် လို့ ခန့်မှန်းထားကြသလို ဖြစ်လည်း ဖြစ်လာနေပါပြီ။

ပိုလည်း ပူတာ ခံစားနေကြရသလို တဖက်မှာလည်း ရာသီဥတု ဖောက်ပြန်တာ သိသိသာသာ ခံစားနေရပါတယ်။ ထို့အတူ အယ်လ်နီညို ဖြစ်စဉ်နဲ့ အတူ တချို့နေရာတွေမှာ အချိန်အခါမဟုက် မိုးကြီးတာ၊ ရေကြီးတာတွေလည်း ကြုံရနိုင်ပါတယ်။

အယ်လ်နီညို ဆိုတာနဲ့ အပူချိန်မြင့်တက်မယ်လို့ပဲ တထစ်ချ သတ်မှတ်လို့ မရပါ။
တချို့နေရာတွေမှာ ပိုပူမယ်။ တချို့နေရာတွေမှာ ပိုအေး၊ မိုးရွာတာ ပိုပြင်းထန်ပါမယ်။

တကယ်လို့ ရာသီဖောက်ပြန်မှုတွေကြောင့် အပူချိန် မြင့်တက်လာမှုက နိုင်ငံရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုကိုတောင် ပြောင်းလဲသွားစေနိုင်ပါတယ်။

#အယ်လ်နီညို #အပူချိန် #ပူပြင်းလာမှု #ရာသီဥတု #စီးပွားရေး #စိုက်ပျိုးရေး #သီးနှံအထွက်နှုန်း #မြန်မာ #ကျန်းမာရေး

🚨 WOW! 🇺🇸 Trump က ဒီနေ့ ကုလသမဂ္ဂမှာ ကျူးဘားရဲ့ ကွန်မြူနစ်အစိုးရကို တိုက်ရိုက်ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။အဲဒီအချိန်...
26/09/2026

🚨 WOW! 🇺🇸 Trump က ဒီနေ့ ကုလသမဂ္ဂမှာ ကျူးဘားရဲ့ ကွန်မြူနစ်အစိုးရကို တိုက်ရိုက်ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ကျူးဘားကိုယ်စားလှယ်အဖွဲ့ထဲက တချို့ကတော့… နားမထောင်နိုင်တော့ဘဲ ထိုင်ခုံကနေထပြီး ခန်းမထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။ 😆👋🏻

Trump က အရင်ဆုံး အမေရိကန်ရဲ့ အိမ်နီးချင်းဒေသမှာ နိုင်ငံခြားရန်ဘက်တွေက အမေရိကန်ကို ခြိမ်းခြောက်နိုင်မယ့် နေရာတစ်ခု ဖြစ်လာတာကို “လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး” လို့ သတိပေးခဲ့ပါတယ်။

ပြီးတော့ Havana ကို တိုက်ရိုက်လှည့်ပြီး ကျူးဘားကို—

“လုံးဝ ကျရှုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ အရင်ကထက်တောင် ပိုမိုဆိုးရွားစွာ ကျရှုံးနေပြီ။ နောက်ဆုံးတော့ ပြိုလဲသွားမယ်”

လို့ ပြောကြားခဲ့ပါတယ်။

Trump က အဲဒီမှာတင် မရပ်ဘဲ ကျူးဘားအစိုးရဟာ နှစ်ပေါင်းများစွာ အမေရိကန်နိုင်ငံအတွင်းရှိ လက်ဝဲဝါဒီနဲ့ ကွန်မြူနစ်အဖွဲ့အစည်းတွေကို ဆက်သွယ်ပူးပေါင်းခဲ့တယ်လို့ စွပ်စွဲပြီး Communist Party USA၊ Antifa နဲ့ Democratic Socialists of America တို့ကိုပါ အမည်တပ် ပြောကြားခဲ့ပါတယ်။

🔥 Trump ပြောနေတုန်းမှာပဲ ကျူးဘားကိုယ်စားလှယ်အဖွဲ့ဝင်တချို့က ကုလသမဂ္ဂခန်းမထဲကနေ ထပြီး ထွက်ခွာသွားခဲ့ကြပါတယ်။ (Reuters)

နောက်ဆုံးမှာ Trump က သူ့ရဲ့ သတင်းစကားကို ဒီလို ပြတ်ပြတ်သားသား အဆုံးသတ်ခဲ့ပါတယ်—

🇺🇸 “ကွန်မြူနစ်ဝါဒက အမေရိကန်နိုင်ငံကို ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး။ ဒါပေမယ့် လွတ်လပ်မှုကတော့ ကျူးဘားနိုင်ငံကို ရောက်လာမှာပါ။”

🇨🇺🔥 ဒီစကားကတော့ ကျူးဘားကိုယ်စားလှယ်တွေအတွက် ကုလသမဂ္ဂအစည်းအဝေးကို ဒီနေ့ ဒီလောက်နဲ့ပဲ အဆုံးသတ်ဖို့ လုံလောက်သွားပုံပါပဲ။ 😆👋🏻




စမ်းချောင်း ကားပါကင်ကိစ္စ စကားများရာကနေဖြစ်တဲ့ လူသတ်မှုပေမယ့် သတ်တဲ့သူဘက်က စိတ်မကောင်းဖြစ်ရတဲ့ ဖြစ်ရပ်Democratic Press /...
25/09/2026

စမ်းချောင်း ကားပါကင်ကိစ္စ စကားများရာကနေဖြစ်တဲ့ လူသတ်မှုပေမယ့် သတ်တဲ့သူဘက်က စိတ်မကောင်းဖြစ်ရတဲ့ ဖြစ်ရပ်

Democratic Press / ၂၀၂၆ စက်တင်ဘာ ၂၅

စမ်းချောင်းမြို့နယ် သရက်တောလမ်းထိပ်၊ ဗဟိုလမ်းပေါ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က ကားပါကင်ကိစ္စ အချင်းများရာကနေ လူသတ်မှု ဖြစ်ပွားခဲ့ပြီး လူသတ်မှုကျူးလွန်သူဘက်ကနေ ဒေသခံများက စိတ်မကောင်း ဖြစ်နေရကြောင်း သိရသည်။

အမျိုးသမီးတစ်ဦးက တက္ကစီသမားတစ်ဦးကို ဓားနှင့်ထိုးသတ်လိုက်ခြင်းဖြစ်သော်လည်း အဆိုပါဓားမှာ တက္ကစီသမား ကိုင်ဆောင်လာသည့် ဓားဖြစ်သည်။

“ကားကို အပေါက်ပိတ်ရပ်လို့ ပြောကြတာကို မကြောနပ်လို့ ပြန်လာပြီး ရိုက်တာ”ဟု အဆိုပါရပ်ကွက်သားတစ်ဦးက ဆိုသည်။

ပထမတကြိမ်တွင် ဆန်ဆိုင်၊ ဆံပင်ညှပ်ဆိုင်များ ရှိသည့်နေရာတွင် ကားပိတ်ရပ်ထားသဖြင့် ဆန်ဆိုင်မှ ဝန်ထမ်းတစ်ဦးနှင့် ဆံပင်ညှပ်ဆိုင်မှ အမျိုးသမီးကြီးတစ်ဦးက ထွက်ပြောရာမှ ခွန်းကြီးခွန်းငယ် စကားများကြပြီး ရပ်ကွက်မှ ဝိုင်းဖြန်ဖြေကြကြောင်း

ဒုတိယတကြိမ်တွင်လည်း အဆိုပါတက္ကစီသမားသည် လမ်းထဲမှာ အရက်သောက်ဖော်သောက်ဖက် ဆိုက်ကားသမားများနှင့် ကွမ်းယာဆိုင်တွင် ထိုင်ပြီး ဆံပင်ညှပ်ဆိုင်မှ အမျိုးသမီးကြီးကို စောင်းချိတ် ပြောဆိုရာမှ ထပ်မံစကား များခဲ့ကြောင်း

ထို့နောက်တွင် ဆံပင်ညှပ်ဆိုင်မှ သားအမိ သုံးယောက် လမ်းထိပ်ထွက်ချိန်တွင် အဆိုပါ တက္ကစီသမားမှ စတင် ချောင်းရိုက်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရသူများက ဆိုသည်။

“အန်တီဆို တခေါင်းလုံးသွေးတွေ၊ သူ့သမီးအကြီးဆိုလဲ ဝင်ဆွဲတာကို ရိုက်တာ၊ ထိုးတာ သွေးတွေ ချင်းချင်းရဲ၊ အဲမှာ ဘာနဲ့ ပြန်ထိုးလိုက်လဲ မသိဘူး”ဟု မျက်မြင်တွေ့လိုက်ရသူ တစ်ဦးက ဆိုသည်။

လက်နက်ယူလာကာ တမင်ရန်ရှာပြီး ရိုက်နှက်ထိုးသတ်ခဲ့သည်ကို ယောက်ျားနှင့် မိန်းမကြား ခွန်အားမမျှသ‌ဖြင့် ရုန်းကန်ထိုးနှက်ကြရင်း ဖြစ်သွားကြကြောင်း ဒေသခံများက ပြောသော်လည်း လက်ရှိအချိန်တွင် တက္ကစီသမားမှာ သေသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“အဲဒီလမ်းထိပ်က အရက်သမား၊ ဆိုက်ကားသမားတွေပါ ဖယ်ခိုင်းရမှာ။ တချိန်လုံး အဖွဲ့ကျပြီး မြှောက်ပေးနေတာ”ဟု အမျိုးသမီးတစ်ဦးက ဆိုသည်။

သို့ဖြစ်ရာ အသက်အန္တရာယ်အထိ ရန်ရှာတိုက်ခိုက်ခံရသော အမျိုးသမီးများကို လူသတ်မှုနှင့် အရေးယူခံရမည်ကို ပတ်ဝန်းကျင်က စိတ်မကောင်းဖြစ်ပြီး စိုးရိမ်နေကြသည်။

25/09/2026

Address

Yangon

Website

Alerts

Be the first to know and let us send you an email when MN Update News 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MN Update News 2:

Shortcuts

Share