Sandi's Insights

Sandi's Insights Sharing insights derived from my personal experiences. Talking about Marketing and her experience.

𝐈𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫 သုံးပြီး အရောင်းမတက်တာ ဘာကြောင့်လို့ထင်ပါသလဲ?သူများတွေ 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫  တွေ သုံးရင် ရောင်းအား တက်ပါတယ်။ ဒါပေမယ့် က...
07/07/2025

𝐈𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫 သုံးပြီး အရောင်းမတက်တာ ဘာကြောင့်လို့ထင်ပါသလဲ?

သူများတွေ 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫 တွေ သုံးရင် ရောင်းအား တက်ပါတယ်။ ဒါပေမယ့် ကိုယ့်ကျမှ ဘာလို့ ရောင်းအား မတက်တာလဲ? 𝐅𝐨𝐥𝐥𝐨𝐰𝐞𝐫 များတဲ့ 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫 သုံးတာပဲ ဒါပေမယ့် ရောင်းအားတစိမှ တက်မလာဘူး။
ဆိုပြီး မေးနေကြတဲ့ မေးခွန်းလေးတွေ တွေ့တာများလာလို့ ဒီနေ့ ဒီ 𝐜𝐨𝐧𝐭𝐞𝐧𝐭 လေးကို ရေးလိုက်ရပါတယ်။

𝐅𝐨𝐥𝐥𝐨𝐰𝐞𝐫 များတဲ့ 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫 သုံးတိုင်းရောင်းအားတက်နိုင်မလား?

အဖြေက တက်နိုင်ပါတယ် ။ ဒါပေမယ့် ဒီအချက်တွေကို သိဖို့ လိုက်နာဖို့ တော့လိုပါတယ်။

📌 တစ်ခုလောက်တော့ မေးချင်ပါတယ်။

𝐈𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫 တွေ သုံးပြရင် လူတွေက ဘာကြောင့် လိုက်သုံးတယ်လို့ ထင်ပါသလဲ?

🎯ယုံကြည်လို့ ။
🎯သူ့လို လှသွားမယ် ထင်လို့။
🎯ခေတ်မှီချင်လို့ ။
🎯ကိုယ်နဲ့ နီးစပ်လို့။

စတဲ့ အဖြေတွေ တန်းစီထွက်လာပါမယ်။ ဒါပေမယ့် အရင်ဆုံး လူတွေ လက်ခံတာက ယုံကြည်လို့ပါ။

ဒါကြောင့် ကိုယ်သုံးလိုက်တဲ့ 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫 (သို့) 𝐁𝐥𝐨𝐠𝐠𝐞𝐫 က ကိုယ့် 𝐭𝐚𝐫𝐠𝐞𝐭 𝐚𝐮𝐝𝐢𝐞𝐧𝐜𝐞 နဲ့ ကိုက်ညီမှု လိုက်ဖက်မှု နဲ့ သဟဇာတရှိမှု ဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ပိုက်ဆံ ဘယ်လောက်အများကြီး ပုံပေးပေး 𝐓𝐚𝐫𝐠𝐞𝐭 𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞 လွဲနေရင် သွားပြီလို့သာမှတ် ..

ဥပမာ - ကိုယ်က အသားဖြူစေတဲ့ lotion ရောင်းတာကို အသားညိုတဲ့ follower များတဲ့ influencer နဲ့ ကြော်ငြာတာမျိုး။

ကိုယ်က တန်ဖိုးကြီး ပစ္စည်းရောင်းတာကို စျေးပေါပေါပစ္စည်းတွေပဲ သုံးပြနေတဲ့ influencer နဲ့ ကြော်ငြာတာမျိုး။

Foreign Target ထားတဲ့ ကုန်ပစ္စည်းမျိုးကို နယ်ကလူတွေအကြိုက် ပစ္စည်းတွေသုံးပြနေတဲ့ influencer နဲ့ ကြော်ငြာတာမျိုး။

Branded တွေပဲ သုံးပုံရတဲ့ Influencer မျိုးကို တစ်ရာဖိုး ၃ ခု ပစ္စည်း (ဥပမာ ပေးတာပါ) သူတကယ့် လက်တွေ့ အပြင်မှာတောင် သုံးပုံ မပေါ်တဲ့ ပစ္စည်း ကောင်းကြောင်း ကြော်ငြာခိုင်းတာမျိုး။

နံမည်ပျက် ရှိထားတဲ့ influencer မျိုး ဥပမာ အပြောနဲ့ အလုပ်နဲ့ မညီတဲ့ သူမျိုး/ ယုံကြည်လို့ မရတဲ့ သူမျိုး။

ဒီလိုမျိုး လွဲမှားစွာ သုံးမိပြီဆိုတော့ လူတွေက ပိုက်ဆံ အကုန်အကျခံပြီး ၀ယ်သုံးကြည့်ဖို့ စိတ်မ၀င်စားပါဘူး video လေးက creative ဖြစ်လို့ ကြည့်ကောင်းရင် ကြည့်ရုံသာ ကြည့်ပြီး awareness တော့ အနည်းဆုံး ရမှာပေါ့။ video ကပါ creative မဖြစ်ဘဲ ရိုးအီနေရင်တော့ skip ခံရပြီသာမှတ်။

ဒီနေရာမှာ တခု ထပ်ဆောင်းပြောချင်တာက 𝐅𝐨𝐥𝐥𝐨𝐰𝐞𝐫 များတိုင်း နာမည်ကြီး သုံးတိုင်း အရောင်း မတက်ပါဘူးနော်။

𝐂𝐞𝐥𝐞𝐛𝐫𝐢𝐭𝐲 မဟုတ်ဘဲ 𝐢𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫 သုံးရတဲ့ ရည်ရွယ်ချက်ကိုက 𝐢𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞 လုပ်နိုင်လို့ပါ။ သူ 𝐢𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞 လုပ်နိုင်တဲ့ 𝐚𝐮𝐝𝐢𝐞𝐧𝐜𝐞 𝐭𝐲𝐩𝐞 နဲ့ ကိုယ့် 𝐭𝐚𝐫𝐠𝐞𝐭 𝐚𝐮𝐝𝐢𝐞𝐧𝐜𝐞 𝐭𝐲𝐩𝐞 တူမှ ရတာပါ။

ကျွန်မ အတွေ့အကြုံအရဆို Video က like တွေ share တွေ သိပ် မ hit ပဲ ရောင်းအားသယ်တဲ့ influencer မျိုးတွေ ရှိသလို။

Video က like တွေ share တွေ comment တွေ K ချီပြီး ရှိလည်း ရောင်းအား ထင်သလောက် မတက်တဲ့ influencer တွေလည်း ရှိပါတယ်။

**** အဲဒါကြောင့် ကိုယ့်ဘက်က ရောင်းရချင်တာလား? လူများများသိစေချင်တာလား? စတဲ့ ကိုယ့် ရည်ရွယ်ချက်က ဘာလဲဆိုတာကိုလည်း ကိုယ်ကိုတိုင်က သေသေချာချာ သိနားလည်ဖို့လိုပါတယ်။

အဓိက နံပါတ် ၁ အရေးကြီးဆုံးက ကိုယ်သုံးလိုက်တဲ့ influencer က ကိုယ့် target audience အကြိုက်ဖြစ်ရပါမယ်။ နောက် ကိုယ့်ပစ္စည်းနဲ့ 𝐫𝐞𝐥𝐚𝐭𝐢𝐯𝐞 ဖြစ်တဲ့ 𝐢𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 ဖြစ်တဲ့ 𝐜𝐫𝐞𝐚𝐭𝐢𝐯𝐞 ဖြစ်တဲ့ video မျိုးဆို နာမည် မကြီးလည်း ရောင်းအားတက်ပါတယ်ဆိုတဲ့ အကြောင်း သိန်းပေါင်းများစွာ ရင်းပြီးမှ ရလာတဲ့ ရွှေလို တန်ဖိုးရှိတဲ့ အတွေ့အကြုံ လေးကို စေတနာနဲ့ မျှ‌‌ေ၀ပေးလိုက်ရပါတယ်ရှင်။

𝐁𝐨𝐧𝐮𝐬 𝐩𝐨𝐢𝐧𝐭 𝐨𝐟 𝐯𝐢𝐞𝐰: ခု ပြောင်းလဲလာတဲ့ အခြေအနေအရ Facebook မှာ influencer နဲ့ သုံးမယ်ဆို အရင်လို organic post တွေလောက်နဲ့ အလုပ် မဖြစ်တော့တာမို့ ဘယ် influencer သုံးသုံး Boost ဖို့ အကြံပေးပါရစေရှင့်။

တကယ်လို့ Tik Tok မှာသာဆို boost စရာမလိုဘဲ အပေါ်က အချက်တွေသာ လိုက်နာရုံနဲ့ effective ဖြစ်တဲ့ sale impact မျိုးရနိုင်တယ်ဆိုတဲ့အကြောင်း
နောက်တစ်ခုက ဒီ့ထက်မက အရောင်းသယ်ချင်တယ်ဆို Promotion campaign ပါ တွဲလုပ်သင့်တဲ့ အကြောင်း ထပ်ဆောင်းပြောရင်း လူကြီးမင်းများအားလုံး စီးပွားရေးများ ဒီရေအလားတိုးတက် အောင်မြင် အဆင်ပြေကြ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ 🙏

နောက်ထပ် ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ... သိန်းထောင်ပေါင်းများစွာ အကုန်အကျခံ ကြော်ငြာတွေရိုက်ပြီး ရောင်းအားမတက်တာ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းလေးလည်း ရေးပေးသွားပါဦးမယ်ရှင် ... 🧡

Client အလို ကို လိုက်သင့်လား ?ကျွန်မ ကြုံဖူးတွေ့ဖူးတဲ့ တကယ့် ဝါရင့် Professional သမားစစ်စစ် တွေကတော့ Client အလိုကို မလို...
23/04/2025

Client အလို ကို လိုက်သင့်လား ?

ကျွန်မ ကြုံဖူးတွေ့ဖူးတဲ့ တကယ့် ဝါရင့် Professional သမားစစ်စစ် တွေကတော့ Client အလိုကို မလိုက်တတ်ကြပါဘူး ဘာလို့ ဆိုတော့ သူ့ကိုယ်သူ ယုံကြည်မှု လေးစားမှု အတွေ့အကြုံနဲ့ တာ၀န်ယူမှု တာ၀န်ခံမှု့ အပြည့်ရှိလို့ ပါ။
Client ကို အလိုမလိုက်ရဲတဲ့ သတ္တိကလည်း လူတိုင်းမှာ မရှိပါဘူး။ အဲ့ သတ္တိဆိုတာကလည်း ဗဟုသုတနဲ့ အတွေ့အကြုံက စကားပြောပါတယ်။

ကျွန်မကတော့ Client အလိုကို မလိုက်ခြင်းအားဖြင့် Brand Image ကို ကောင်းအောင် ကူညီခဲ့ ဖူး ပါ တယ်။ လက်လှမ်းမှီသလောက်လည်း ကူညီနေဦးမှာ ဖြစ်ပါတယ်။ ကျွန်မ အသိမိတ်ဆွေတွေ ထဲမှာ Client အလိုလိုက်လို့ လွဲချော် သွားတာတွေ ထိရောက်သင့် သလောက် မထိရောက်တာတွေ လည်း ကြုံ ဖူးပါတယ်။

ဥပမာ ထား စေချင်လို့ ဒီ အတွေ့အကြုံလေးကို sharing လုပ်ပေးလိုက်ရပါတယ်။

ဒီ ပြသာနာလေးက ရိုးရှင်းပါတယ် Brand image အရင် မတည်ဆောက်ဘဲ Sale step ကို မျှော်လင့် လိုက်မိလို့ပါ ..

Branding အဆင့်ကိုကျော်ပြီး ချက်ချင်းကြီး Sale ရဖို့ အတော်ခက်ပါလိမ့်မယ် ..

Brand ခိုင်တဲ့ အခါ sale က တရိပ်ရိပ် တက်လာပါလိမ့်မယ်။
ထပ်ပြောပါမယ် Branding ကောင်းတဲ့ အခါ sale က တရိပ်ရိပ် တက်လာပါလိမ့်မယ်။

အထူးသဖြင့် ခုလို scam တွေ များတဲ့ ခေတ်ထဲမှာ Branding အဆင့်ကို ကျော်လို့ မရတော့ပါဘူး ..

ကိုယ်က service ပေးတဲ့ company ပဲ ဖြစ်ဖြစ် product ရောင်းတဲ့ company ပဲ ဖြစ်ဖြစ် Trust ကို အရင်တည်ဆောက်ရပါမယ်။ Trust တခု တည်ဆောက်ဖို့ အချိန် အတိုင်းအတာ တခုလည်း လိုပါတယ်။

ဒီအဆင့်တွေကို စိတ်မရှည်ပဲ ကျော်ခွပြီး ခု ပစ္စည်းထုတ် ခု ရောင်းရဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။

သင်ကိုယ်တိုင်ကရော ကိုယ်မသိတဲ့ သူဆို စကားပြောချင်ပါ့မလား ?

ကိုယ်မသိတဲ့ ပစ္စည်းကို ပိုက်ဆံပေး၀ယ်သုံးချင်ပါ့မလား ?

𝐁𝐨𝐧𝐮𝐬 𝐩𝐨𝐢𝐧𝐭 𝐨𝐟 𝐯𝐢𝐞𝐰: အရမ်းခေါင်းမာတဲ့ လုပ်ငန်းရှင်များနဲ့လည်း ကြုံတွေ့ဖူးပါတယ် အဲ့လို ကြုံတွေ့လာတဲ့ အခါ ကိုယ့်အနေနဲ့ အကျိုးသင့် အကြောင်းသင့် ပြောပြပြီး ဒီလိုလုပ်ရင် ဒီလို ဖြစ်မယ် ဒီလို လုပ်ရင် ဒီလို ဖြစ်မယ် ဆိုတဲ့ အကျိုးအကြောင်းအရင် ရှင်းပြစေချင်ပါတယ်။

လုပ်တာ မလုပ်တာကတော့ သူ့ရွေးချယ်မှု ဖြစ်သွားပါပြီ။
လုပ်ငန်းရှင်တွေ အနေနဲ့လည်း ကိုယ့်လုပ်ငန်းတိုးတက်ဖို့ အတွက်ဆို ကိုယ်ပြောသမျှ အင်း လုပ်နေတဲ့ သူမျိုးနဲ့ဆို ရေရှည် အဆင်ပြေ ပါ့မလားဆိုတာ စဉ်းစားသင့်ပါတယ်။

Client အလို ဒီအတိုင်း လိုက် လိုက်တာထက် client လိုချင်တာကို သိအောင်လုပ်ပြီး ဖြစ်သင့် ဖြစ်ထိုက်တာကို တိုင်ပင် ဆွေးနွေးညှိုနှိုင်း လုပ်ဆောင်ခြင်း အားဖြင့် စီးပွားရေးများ တိုးတက် အဆင်ပြေ အောင်မြင်ကြပါစေရှင် ... 💌

Address

Yangon

Opening Hours

Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959988569012

Website

Alerts

Be the first to know and let us send you an email when Sandi's Insights posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share