23/09/2026
ဘဝကြီးက ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာဘဲ လမ်းပျောက်နေသလို ခံစားရတဲ့အခါ…"Welcome to the real world! It sucks, but you’re gonna love it!" ဆိုတဲ့ စကားလေးနဲ့အတူ ကိုယ်တွေဘဝထဲကို အဖော်အဖြစ် ရောက်ရှိလာခဲ့တာ ၃၂ နှစ်တောင် ရှိခဲ့ပါပြီ။တကယ်တော့ Friends Series က ဟာသဇာတ်လမ်းတွဲတစ်ခုသက်သက် မဟုတ်ပါဘူး။ အသက် ၂၀ ကျော် ၃၀ အရွယ် လူငယ်ဘဝရဲ့ အကူးအပြောင်းကာလမှာ လူတိုင်းနီးပါး ကြုံရတတ်တဲ့ အထီးကျန်မှု၊ စိတ်ဓာတ်ကျမှု၊ ကိုယ့်ဘဝကိုယ် ဘာလုပ်ရမှန်းမသိ ဖြစ်မှုနဲ့ ရုန်းကန်ရမှုတွေကို ဇာတ်ကောင်ခြောက်ယောက်ရဲ့ ဘဝတွေကနေတစ်ဆင့် တကယ့်လက်တွေ့ဘဝအတိုင်း ချပြသွားခဲ့တဲ့ series တစ်ခုပါ။
ကော်ဖီဆိုင်မှာ စားပွဲထိုးလုပ်ရင်း ဘဝကို သုညကနေ ပြန်စခဲ့ရတဲ့ Rachel ၊ ဝါသနာမပါတဲ့ ရုံးအလုပ်ထဲမှာ ပိတ်မိနေပြီး ဘဝမှာ ဘာလုပ်ချင်မှန်းတောင် မသိတော့တဲ့ Chandler ၊ မင်းသားတစ်ယောက်ဖြစ်ဖို့ ရုန်းကန်ရင်း အကြိမ်ကြိမ် အရွေးမခံရလို့ စိတ်ဓာတ်ကျခဲ့ရတဲ့ Joey ၊ သူတို့ကိုကြည့်ရင်း တစ်ခါတလေ "ငါတစ်ယောက်တည်း ဒီလိုဖြစ်နေတာ မဟုတ်ပါလား" ဆိုပြီး တွေးမိပါသေးတယ်
နောက်ပြီး ဒီဇာတ်လမ်းထဲမှာ လက်တွေ့ဆန်တဲ့ Love life မျိုးစုံကိုလည်း တွေ့ရမှာပါ ချစ်မိတိုင်း Happy Ending မဖြစ်တာမျိုးတွေ ၊ ချစ်ပေမယ့် Timing မကိုက်တာ ၊ အရမ်းချစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် မသင့်တော်တော့လို့ ဒါမှမဟုတ် ရှေ့ဆက်မသွားနိုင်တော့လို့ နာကျင်စွာနဲ့ လွှတ်ပေးခဲ့ရတာမျိုးတွေကအစ တကယ့်အပြင်ကအတိုင်းပါပဲ ။ Ross နဲ့ Rachel တို့လို ချစ်ပေမယ့် အတ္တတွေ၊ အထင်လွဲမှုတွေ၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြား "We were on a break!" လို့ အော်ဟစ်ရင်း ပြတ်လိုက်တွဲလိုက် ဖြစ်နေတဲ့ အချစ်ရေးလည်း မြင်ရမှာဖြစ်ပြီးတော့ Chandler နဲ့ Monica တို့လို သူငယ်ချင်းတွေအဖြစ်ကနေ အပြန်အလှန် နားလည်ပေးနိုင်ပြီး အဆုံးမှာ စိတ်အချရဆုံး အိမ်ထောင်ဖက်ကောင်းတွေ ဖြစ်လာတဲ့ အချစ်မျိုးလည်း မြင်ရမှာပါ
ဒါပေမဲ့ Admin Friends ကို ခဏခဏပြန်ကြည့်တာက Love story တွေကြောင့် မဟုတ်ပဲ Friendship ကြောင့်ပါ။ ဒီ လူ ၆ ယောက်က စရိုက်မတူ၊ အတွေးမတူ၊ နေထိုင်ဖြတ်သန်းပုံချင်းလည်းမတူနဲ့ အမြဲ တစ်ယောက်နဲ့တစ်ယောက် စိတ်တိုလိုက်၊ ငြင်းလိုက်၊ ရန်တွေဖြစ်လိုက်နဲ့ မရိုးရပါဘူး။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် လိုအပ်လာပြီဆိုရင်တော့ အရာရာဘေးချိတ်ထားပြီး အတူတူရှိပေးကြတာကို တစ်ကယ် သဘောကျတာပါ သူတို့ခြောက်ယောက် ထိုင်နေကျ Central Perk ကော်ဖီဆိုင်ဆိုလည်း ကိုယ်သွားထိုင်နေကျ ဆိုင်လိုပါပဲ စိတ်ထဲမှာတောင် ရင်းနှီးနေပါပြီ
ဘဝမှာ လမ်းပျောက်နေတဲ့နေ့တွေ
အလုပ်အဆင်မပြေတဲ့နေ့တွေ
Relationship ကြောင့် စိတ်ညစ်နေတဲ့ညတွေ
သူငယ်ချင်းတွေကို လွမ်းမိတဲ့အချိန်တွေ
ဘယ်သူမှ ကိုယ့်အနားမှာမရှိဘူးလို့ ခံစားရတဲ့အချိန်တွေမှာ… Friends ကို ဖွင့်ကြည့်လိုက်ရုံနဲ့ အရင်ကတည်းက ကိုယ့်ကိုစောင့်နေခဲ့တဲ့ သူငယ်ချင်းဟောင်းတွေဆီ ပြန်ရောက်သွားသလို ခံစားရပါတယ် အဲ့ဒါကြောင့်ပဲ Friends က လူတော်တော်များများအတွက် Comfort Show တစ်ခု ဖြစ်လာတာထင်ပါတယ် ပြီးတော့ ဒီ series ရဲ့ အမှတ်တရ scene တွေထဲမှာ...
Ross က ဆိုဖာကြီးကို လှေကားကနေ သယ်ရင်း "Pivot! Pivot! Pivot!" လို့ အော်နေတဲ့ scene
Monica ခေါင်းထဲ ကြက်ဆင်ကြီးစွပ်ပြီး ကနေတဲ့အချိန် Chandler တစ်ယောက် ရယ်နေရင်းနဲ့ ပထမဆုံးအကြိမ် "I love you" လို့ ပြောမိသွားတဲ့ အခိုက်အတန့်
Rachel နဲ့ Monica တို့ အခန်းမပြောင်းပေးချင်လို့ အပြိုင်အဆိုင် ဉာဏ်စမ်းဖြေရင်း Chandler နဲ့ Joey တို့ ဘဲကြီးစီးပြီး အောင်ပွဲခံ ဝင်လာတဲ့ အခန်း
Phoebe တစ်ယောက် Monica နဲ့ Chandler တို့ ခိုးတွဲနေတာကို ပြတင်းပေါက်ကနေ လှမ်းမြင်သွားပြီး "My eyes! My eyes!" ဆိုပြီး အော်တဲ့ အခန်း
ပြီးတော့ နောက်ဆုံး episode မှာ သူတို့အားလုံး apartment ရဲ့ သော့လေးတွေကို ချန်ထားခဲ့ပြီး ဗလာကျင်းနေတဲ့ အခန်းထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတဲ့ scene...
ဇာတ်ဝင်ခန်းတိုင်းက ကိုယ့်အမှတ်တရတွေလိုပါပဲ
Rachel ရဲ့ ဘဝကိုကြည့်ရင်း မလိုချင်တဲ့ အချစ်ရေးကို ထားခဲ့ပြီး ကိုယ့်ဘဝကို ပြန်စခဲ့တဲ့အချိန်တွေကို သတိရတယ်
Chandler လို ကိုယ်မလုပ်ချင်တဲ့ အလုပ်တစ်ခုထဲမှာ ပိတ်မိနေဖူးတာကို သတိရတယ်
Joey ရဲ့ အကြိမ်ကြိမ် အရွေးမခံရပေမယ့် ဆက်ကြိုးစားနေမှုကိုကြည့်ရင်း ကိုယ်လည်း မအောင်မြင်တဲ့အချိန်တွေမှာ လက်မလျှော့ဖို့ သတိရတယ်
Ross နဲ့ Rachel ကိုကြည့်ရင်း ကိုယ့်ရဲ့ အချစ်ရေးမှာလုပ်မိခဲ့တဲ့ အမှားတွေကို ပြန်သတိရတယ်
Monica နဲ့ Chandler ကိုကြည့်ရင်း တကယ်တော့ အချစ်ဆိုတာ Perfect Person ကိုရှာတာထက် ကိုယ့်ရဲ့ မပြည့်စုံမှုတွေကို နားလည်ပေးနိုင်တဲ့သူနဲ့ တွေ့တာ ပိုအရေးကြီးတယ်ဆိုတာ နားလည်မိသွားတယ်
Phoebe ကိုကြည့်ရင်း ကိုယ့်ရဲ့ Weird ဖြစ်နေတဲ့ အပိုင်းတွေကိုတောင် ကိုယ်တိုင်လက်ခံနိုင်ဖို့ သတိရတယ်
Friends series က Adminအတွက်တော့ "ငါတစ်ယောက်ထဲ မဟုတ်ဘူး " ဆိုတဲ့ feeling ပေးနိုင်တဲ့ တစ်ခုထဲသော series ပါ ။ စိတ်ညစ်တဲ့နေ့တိုင်း ပြန်ဖွင့်ကြည့်တယ် ပျင်းလာရင်လည်း သူတို့တလွဲလုပ်တာတွေကြည့်ပြီးရီတယ် ပြီးတော့ အရင်က မခံစားခဲ့မိတဲ့ scene တွေဆို အသက်ရွယ်ရ
လာမှသဘောပေါက်လာတာတွေရှိတယ် အဲ့ဒါကြောင့် Friends ဟာ series တစ်ခုထက်အများကြီးပိုပါတယ်
Friends ကြည့်ချင်ရင် ကနေကြည့်လို့ရပါတယ် #နက်ဖလစ် လိုအပ်ရင်လည်း အချိန်မရွေး page မှာစုံစမ်းနိုင်ပါတယ်နော်
Friends
First aired: September 22, 1994
Final episode: May 6, 2004
Total seasons: 10
Total episodes: 236