
23/03/2025
💠 #ရေသကျည်းပင် or #ညံပင်
💠 ဒီအပင်ကို ရေသကျည်းခေါ်ပါတယ်၊ အများစုကတော့ ညံပင်လို့လည်း ခေါ်ကြတယ်။
💠 ရေသကျည်းပင်ဟာ ဆေးဖက်လည်းဝင်ပါတယ်။
💠 အသုံးဝင်ပုံ- အာနိသင်
မြန်မာဆေးကျမ်းများ အလို အရ ရေသကျည်း အမြစ်သည် ပူ၏။ ခါး၏။ ဝမ်းဗိုက် တင်းရောင်ခြင်းကို ပျောက်စေ၏။ ရောဂါပိုး တို့ကို နိုင်နင်း၏။ အအေးပပ်ခြင်း၊ သရက်ရွက် ရောင်ခြင်းတို့မှ ကင်းဝေးအောင် ပြုနိုင်၏။ အခေါက်သည် တွန့်ရှုံ့ စေတတ်၏။ ဓာတ်သက် စေ၏။ အစေ့သည် ကျောက်ကြီး ရောဂါကို ကာကွယ် နိုင်၏။ အရွက်သည်အေး၏။ ကိုယ်လက် ဖောရောင်နာ၊မျက်စိနာ၊အဆိပ်သင့် နာတို့ကို နိုင်၏။
💠 အသုံးပြုပုံ
💠 အမြစ်
၁။ အမြစ်ကို အကျိတ် ရောဂါ၊ အဖျားရောဂါ၊ အနာပေါက် ရောဂါ၊ဆီးချိုရောဂါ၊ သွေးမကောင်း ၍ကိုယ်ပေါ်တွင် အဖြူ အနီ ကွက်များ ပေါ်ခြင်းနှင့် လည်ချောင်း ရောဂါ တို့အတွက် ဆေးဖော်စပ် အသုံးပြု၏။
၂။ ကင်းဆိပ် ဖြေဆေး အဖြစ်လည်း သုံး၏။
💠 အခေါက်
၁။ အခေါက် ကြိတ်ညှစ်ရည်ကို အရေပြား ရောဂါရှိသူများအား တိုက်ကျွေးခြင်း၊ အစေ့ကို သွေး၍ လိမ်းကျံပေး ခြင်းပြုရ၏။
အစေ့
၁။ အနာဟောင်း၊ အနာဆွေး များပေါ်တွင် အစေ့ကို သွေးလိမ်းပေး ခြင်းဖြင့် အသားနု တက်၍ ပျောက်ကင်း စေသည်။
၂။ အစေ့ကို မီးယပ်သွေး မှန်ဆေး၊အသည်းရောင်၊အဆုတ်ရောင် ရောဂါ ကုဆေး အဖြစ်လည်း ဖော်စပ် သုံး၏။
အရွက်
၁။ အရွက်ကို အဆိပ်သင့် ခြင်းနှင့် ကိုယ်လက် ဖောရောင်သော အနာ၊ မျက်စိနာ များအတွက် အသုံးပြု ရ၏။
၂။ ရွက်နု များကို ဟင်းချို ချက်သောက်ခြင်း၊ ရေနွေး ဖြော၍ တို့မြှုပ်စားခြင်း၊ အချဉ် တည်၍ စားခြင်း၊ သုပ်စား ၊ကြော်စား ခြင်းဖြင့် သားသည် အမေများ နို့ရည်ကို များစေ၍ နို့ချောင်း ပိတ်ခြင်းကို ကာကွယ်ပေး ပြီး နို့ရည်ကို အထူး သန့်စင် စေ၏။
၃။ အဆစ်ရောင် ရောဂါ၊ ကိုယ်လက် ကိုက်ခဲသော ရောဂါ များအတွက် အရွက်ကို ပြုတ်သောက် ရ၏။
၄။ အရွက်ခြောက်ကို အမှုန့်ပြု၍ ပျားရည် သို့မဟုတ် အရက်ချို များဖြင့် ရောစပ် သောက်သုံးသော် အင်အားကို ပြည့်ဖြိုး စေ၏။
၅။ ရေသကျည်း ရွက်ကြိတ်ညှစ်ရည် ကို မျက်စိ၌ ခတ်ပေးသော် အဖျားပျောက်၏။
💠 ရေသကျည်းပင် or ညံပင်
💠 ဒီအပင်ကို ရေသကျည်းခေါ်ပါတယ်၊ အများစုကတော့ ညံပင်လို့လည်း ခေါ်ကြတယ်။
💠 မျိုးစု အမည်ထိတူညီပြီး မျိုးစိတ်သာကွဲတာမို့ ညံလို့ ခေါ်တာကလည်း သဘာဝကျလှပါတယ်။ ဒါပေမဲ့ အရွက် အပွင့်က သေချာကြည့်ရင် ကွဲပြား လှပါတယ်။
💠 ဇာတိမြေ မတ္တရာပြန်တဲ့လမ်းတလျောက်လုံးရဲ့ ဝဲယာမှာ ရေသကျည်းပန်းတွေ ဝါထိန်လို့နေတယ်၊ သူက အစုလိုက်ပေါက်တတ်သော အလေ့အထရှိတာမို့ တစုတဝေးထဲ တွေ့ရတတ်ပါတယ်။
💠 အချို့လယ်ကွင်းစပ်မှာတော့ ပိုပြီးနူးညံ့ကာ အပင်အရွယ်အစားငယ်က အပွင့်သေးသော ညံပင် Sesbania javanica လေးတွေတွေ့ရတယ်၊ ပါလာသော phone Camera နဲ့ ပုံတွေရိုက်ယူရတယ်၊ December လကုန်လောက်အထိတော့ ရေသကျည်းပန်းတွေ ဝေနေရော့မယ်။
💠 ရေသကျည်းပင်များဟာ ပဲမျိုးရင်း Fabaceae ထဲမှာ ပါ၀င်ပြီး မျိုးစုအမည်က Sesbenia ဖြစ်ပါတယ်။ လူသိများလှသော ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ Sesbania grandiflora နဲ့ genus name အတူတူဖြစ်တယ်။ ဒီအပင်တွေက တွေက ရေစပ်စပ်နေရာမျိုးကို အလွန် နှစ်သက်တတ်ပြီး ပင်စည် များစွာ နဲ့ အစုလိုက်ပေါက်သော အလေ့ရှိပါတယ်၊ အပင်က small tree ဆိုသော်လည်း ပင်ပျော့ ခြုံပင်ကြီး small arborescent trees တပင်သာဖြစ်ပါတယ်၊ အမြင့် က ၃ မီတာခန့်ရှိပြီး ရေမြေလိုက်လို့ ၃မီတာထက် ပိုပြီး မြင့်မားကြတယ်။
💠 အရွက်တွေကငှက်မွှေးရွက်ပေါင်း pinnately compound များဖြစ်ကြတယ်။ ရွက်မွှာ အရေအတွက် 20-40 pairs စုံလောက်ရှိပြီး ပုံစံက linear oblong leaflets ဖြစ်တယ်။ ပန်းခိုင်က axillay pendulous racemes ဖြစ်ပြီး တောက်ပသော အဝါရောင် ပဲပန်းပုံစံအပွင့် ၂ ပွင့်ကနေ ၁၅ ပွင့်အထိ ရှိကြတယ်။ အဝါရောင် standard ပွင့်ချပ်ထဲမှာ purple or brown streaks အညိုရောင် ရှိနေတတ်ပါတယ်။
💠 ထူးခြားတာက တွဲလျားကျနေသော ဆလင်ဒါပုံစံ subcylindrical, straight or slightly curved အသီးတောင့်များဖြစ်တယ်။ တခါတရံ တပေကျော်ပြီး အစေ့ ၅၀ ခန့်ထိပါတယ်။
💠 ရေသကျည်းပင်များကို India မှာ အသုံးပြုခဲ့ကြောင်းအထောက်အထား သမိုင်းရှိခဲ့တယ်။ မူလပထမက အစိမ်းရောင်မြေဩဇာလုပ်ရာမှာ ရေသကျည်းကိုသုံးခဲ့ကြတယ်။ နောက်ပိုင်း အပင်ကို အစိတ်အပိုင်းများအဖြစ် ဖြတ်တောက်ပြီး တိရိစ္ဆာန်အစားအစာ အဖြစ် ကျွေးမွေးခဲ့ကြတယ်။ ဒီအပင်ပေါက်လာရင် မထွန်ယက် မစိုက်ပျိုးဘဲထားသော ဖုန်းဆိုးမြေများတောင် မြေ၏အရည်အသွေး အရည်အသွေးကိုကောင်းလာစေတယ်။
💠 southern and east Africa အရပ်တွေမှာ တော့ ဒီအပင်တွေကို မြေဆီလွှာကောင်းစေဖို့ အဓိကထားပြီး စိုက်ပျိုးခဲ့ကြတယ်။ ဒီအပင်တွေကြောင့် သီးနှံထွက်နှုံးတွေကို သိသိသာသာ တိုးတက်လာစေတယ်။ ပြောင်း ပဲအမျိုးမျိုး ဝါပင် နဲ့ အချို့သော စိုက်ခင်းတွေကိုအကျိုးပြုတယ်။ ကြွေကျလာသော အရွက်တွေက အလွန်ကောင်းသော သစ်ရွက်ဆွေးမြေဩဇာဖြစ်လာစေတယ်။ အရွက်များဟာ ကျွဲနွား တိရစ္ဆာန်နဲ့ သိုးများအတွက် အကောင်းဆုံး ပရိုတင်း အရင်း အမြစ်များဖြစ်စေပြီး အကိုင်းအခက်အရွက်များကျွေးမွေးလျှင် ကျွဲနွားများ ဝဖြိုးကျန်းမာစေနိုင်တယ်။
💠 Nitrogen ကို fix လုပ်နိုင်သော သဘာ၀ အရိုင်းပင် တပင်ဖြစ်လို့ စိုက်ပျိုး ရေးမှာ အရေးပါလှပါတယ်။
💠 ဗီယက်နန် နိုင်ငံမှာတော့ ရေသကျည်း အပွင့်များကို ခူးယူပြီး ဒေသဟင်းလျာအနေဖြင့် ချက်ပြုတ်စားသောက်ကြတယ်။ကျနော်တို့ဆီမှာတော့ ကင်ညာလို နိုင်ငံမျိုးမဟုတ်လို့ ဒီအပင်တွေကို သိပ်ပြီးတန်ဖိုးထားလေ့မရှိပါဘူး။
Dr. သက်နိုင်ဦး
မုံရွာတက္ကသိုလ်
crd
#မူရင်းရေးသားသူအား Credit ပေးပါတယ်