29/05/2025
အိန္ဒိယအလှမယ် Rachel မှ ဖွင့်ဟ❗
" နောက်ထပ် Miss Grandပွဲကို Joinချင်သူ လာပြိုင်မယ့်သူတွေသိအောင် ဒီအဖွဲ့အစည်းရဲ့နောက်ကွယ်စည်းမျဉ်းတွေကို ဖွင့်ဟမယ် ၊ ကျွန်မဒီပွဲကိုမပြိုင်ခင်က ဒီMGI အဖွဲ့အစည်းနဲ့ ပတ်သတ်ပီး မကောင်းတာတွေကို ဘယ်သူမှ ငါ့ကိုကြိုအသိမပေးခဲ့ကြဘူး ဒါကြောင့် MGI 2024 ကို joinခဲ့မိတယ် ၊ ငါ Crownရပီးသွားတော့ ကျွန်မထင်သလိုမဟုတ်ခဲ့ဘူး စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေပဲရလာတယ် ၊ လူအများကင်မရာရှေ့မှာသာ ငါ့ကိုလှလှပပနေခိုင်းတယ် နောက်ကွယ်မှာအဲ့လိုမဟုတ်ဖူး
ပြိုင်ပွဲကာလမှာတုန်းက ကျွန်မကို ကျွန်မနိုင်ငံက ပိုက်ဆံVoteဘာလို့ မပေးကြတာလဲလို့လည်း မေးတယ် ၊ MGI နဲ့ တွဲလုပ်ဖို့ ဘယ်သူနဲ့မှကို မသင့်တော်တာ ၊ ကျွန်မထင်ထားသလို ဘာအကျိုးရလာဒ်မှမရှိတာ Winner ဖြစ်တာတောင် ထောက်ပံ့ကြေးတွေမပေးဘူး အခြေခံနေထိုင်စရာတွေလည်း မပေးဘူး ၊ Winnerရပီးချိန်တော့ အခန်းကျဉ်းဟိုတယ်တစ်ခုမှာ ထားတယ် ၊ အခန်းကကျဉ်းတော့ ကျွန်မပါလာတဲ့ လက်ကစ်အိတ်တွေတောင် ဖွင့်မရဘူး အဲ့မှာ တစ်လကျော်ထိနေခဲ့ရတယ် ၊ ပီးတော့ ဘန်ကောက်ကနေသွားရင် ၁နာရီခွဲကျော်ထိကြာတဲ့ မြို့ပြင်နေရာတစ်ခုကို ပို့တယ် အဲ့မှာနေရတယ် ၊ အဲ့မှာ ကားလည်းမထားပေးဘူး ကျွန်မစားဖို့တောင် ကိုယ့်ဟာကိုချက်ပြုတ်ရတယ် လုပ်စရာရှိမှအဖွဲ့စည်းကခေါ်တယ် မရှိရင်အဲ့မှာပဲနေရတယ် ၊ ကျွန်မစားဖို့ အသီးတွေဖြည့်ပေးဖို့ တောင်းဆိုကြည့်ပေမယ့် မလုပ်ပေးဖူး ,
အဲ့မှာနေစဉ် သုံးစရာမရှိ ကျွန်မရသင့်တဲ့ Winnerဆုကြေးငွေ မရသေးဘူးလားလို့ ဒဲ့မေးခဲ့ရတယ် , သူတို့ပြောတာက Winnerတစ်ယောက်ရဲ့ တာဝန်ထမ်းဆောင်ချိန်ကာလအကုန်ပီးမှ ပေးမှာလို့ပြောတယ် , ဒီကိစကို ပွဲပြိုင်စက မပြောထားဘူး , Winner ဖြစ်ပီးမှ ဒီစာချုပ်ကို တွေ့ရတယ် , လစာပဲပေးတယ် အာ့ကလည်းနဲနဲလေးပဲ မလုံလောက်ဖူး , အာ့လည်း နိုဝင်ဘာလပဲ ပေးတာ ,အဲ့နောက် ဘယ်လမှမပေးတော့ဘူး အရမ်းရှက်စရာကောင်းတယ်
ကျွန်မနေတဲ့ဆီလာကြရင် အဖွဲ့စည်းကလူတွေက ကျွန်မခန္ဓာကိုယ်ကိုကြည့်ပီး ဟိုနေရာအဆီချ ဒီနေရာအဆီချ ဆ်ုပီး အသားကိုလက်နဲ့ကိုင်ပီး ပြောတယ်၊ ရှက်စရာအရမ်းကောင်းခဲ့တယ် ၊ MGIကနေ ကျွန်မကို ဘယ်သူမှစာမပို့ကြတဲ့နေ့တွေ အများကြီးပဲ ၊ လုပ်စရာမရှိရင် ဘယ်သူမှမဆက်သွယ်ဖူး ၊ Fanတွေက လှုပ်ရှားမှုတွေမတင်လို့ ပြောကြတယ် တကယ်တမ်းတော့ ပွဲတက်တွေလည်း ရက်အကြာကြီးနေမှတစ်ကြိမ်ရှိတာ ဘယ်သူက ကျမနေတဲ့နေရာဆီ ကင်မရာလာရိုက်ကြမှာလဲ ၊ အဖွဲ့စည်းက ကင်မရာရှေ့ပဲလှအောင်နေခိုင်းတာ ဒါက လူထုကိုသတင်းမှားပီး ပေးနေသလိုခံစားရတယ် ၊ MGI က အကျင့်စရိုက်တွေရော တစ်ခြားအရာတွေအကုန်က အဆိပ်တောက်တွေချည်းပဲ , နောက်ဆုံး ရဲဆီသာ သွားလိုက်ချင်တယ် ဒါမယ့် ကျွန်မမှာ ဘာသက်သေမှကို မရှိတာ ကျွန်မခံစားနေရတာ ကျွန်မပဲသိတာ , အရမ်းခံရခက်တယ်
စေတနာဖြင့် ဖော်ပြချက် NKK 💪