
18/07/2022
သင့်ရဲ့ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ခွန်အားဖြစ်စေတဲ့ အသီးအနှံများ................
ရေဓာတ်ခမ်းခြောက်ခြင်းဟာ အရေပြားပြသနာများ၊ ခေါင်းကိုက်ခြင်းနဲ့ ကြွက်သားများကြွက်တက်ခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် ခန္ဓာကိုယ်တွင် ရေဓာတ်ပြည့်ဝနေဖို့က အရမ်းကိုအရေးကြီးပါတယ်။ ဒါပေမယ့် ရိုးရိုးရေသောက်တာက လိုအပ်တဲ့ရေပမာဏကို ထိန်းထားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းတော့ မဟုတ်ပါဘူး။ ရေဓာတ်ပြည့်ဝပြီး အရသာရှိတဲ့ အသီးအနှံတွေစားသုံးရင်းလည်း သင့်ရဲ့ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝအောင် ထိန်းထားနိုင်ပါတယ်။
-သရက်သီး
သရက်သီးတွင် ရေဓာတ် 83% ပါဝင်ပြီး potassium, vitamin A, beta-carotene, နဲ့ vitamin C တို့မြင့်မားစွာပါဝင်တာကြောင့် သင့်ရဲ့ခန္ဓာကိုယ်ကို အဟာရပြည့်ဝေစေပါတယ်။
-ဘလူးဘယ်ရီ
ဘလူးဘယ်ရီတွင် ရေဓာတ် 84% ပါဝင်တာ ဖြစ်ပါတယ်။ နောက်ပြီး ဘလူးဘယ်ရီတွင် potassium, vitamin A, vitamin K, နဲ့ phosphorus တို့ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်ပါတယ်။
-နာနတ်သီး
နာနတ်သီးတွင် potassium, magnesium, vitamin C, folate, နဲ့ vitamin A စတဲ့ဓာတ်သတ္တုတွေ ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ် 86% အထိ ပါဝင်တာပါ။
-လိမ္မော်သီး
လိမ္မော်သီးတွင် ရေဓာတ် 88% အထိပါဝင်ပြီး fiber, potassium, vitamin C, နဲ့ ရောဂါကိုတိုက်ဖျက်ပေးတဲ့ antioxidants တို့ကြွယ်ဝစွာ ပါဝင်နေပါတယ်။
-သခွားမွှေးသီး
သခွားမွှေးသီးတွင် ရေဓာတ် 90% အထိပါဝင်ကာ အမျှင်ဓာတ်နဲ့ vitamin A ဓာတ်မြင့်မားစွာပါဝင်နေပြီး ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။
- စတော်ဘယ်ရီ
စတော်ဘယ်ရီ fiber, antioxidants, vitamin C, folate, နဲ့ manganese ဓာတ်တို့ကြွယ်ဝစွာပါဝင်ကာ ရေဓာတ် 91% ပါဝင်ပါတယ်။
-ဖရဲသီး
ရေဓာတ်မြင့်မားစွာပါဝင်တဲ့ အသီးအနှံထဲမှာ ဖရဲသီးကိုချန်ထားခဲ့လို့ မရပါဘူး။ ဖရဲသီးတွင် ရေဓာတ် 92% ပါဝင်နေပြီး vitamin A, vitamin C, magnesium, powerful antioxidants, နဲ့ lycopene ဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။