Pinky by Friendshipusa

Pinky by Friendshipusa Handbag Knowledge • Bag Care • Fashion Tips • Lifestyle

✨ ပရီမီယံဆန်တဲ့ အရောင်လေးနဲ့ စတိုင်ကျပြီး မိုက်နေစေဖိုအတွက် အမ်ကေ ရဲ့ Zoe Small Shoulder Bag ✨ကျစ်ကျစ်လစ်လစ်နဲ့ ဒီဇိုင်း...
08/09/2026

✨ ပရီမီယံဆန်တဲ့ အရောင်လေးနဲ့ စတိုင်ကျပြီး
မိုက်နေစေဖိုအတွက်
အမ်ကေ ရဲ့ Zoe Small Shoulder Bag ✨
ကျစ်ကျစ်လစ်လစ်နဲ့ ဒီဇိုင်းဆန်းလေးဖြစ်တာကြောင့် ပခုံးထက်မှာ လွယ်လိုက်တာနဲ့ Smart ကျပြီး
ထင်ပေါ်နေမှာ အသေအချာပါပဲရှင်... 😉❤️

အိတ်ရဲ့ အတိုင်းအတာလေးကတော့ -
📏 အလျား: ၉ လက်မ
📏 အမြင့်: ၄.၂၅ လက်မ
📏 အထူ: ၁.၇၅ လက်မ ရှိပါတယ်ရှင့်။

ခေတ်မှီဆန်းသစ်တဲ့ Look လေးနဲ့ ပွဲထွက်ချင်သူတွေအတွက် အပြတ်အသတ် ရွေးချယ်သင့်တဲ့ အိတ်လေးပါနော်! 👜✨

🌼 မိန်းကလေးတိုင်းအကြိုက်တွေ့တဲ့   Burgundyအရောင်လေး 👜 Large size လေးလည်းဖြစ် အကန့် ကလည်း သုံးကန့်တောင်ပါတာမို့ ပစ္စည်းမျ...
07/09/2026

🌼 မိန်းကလေးတိုင်းအကြိုက်တွေ့တဲ့ Burgundyအရောင်လေး 👜
Large size လေးလည်းဖြစ် အကန့် ကလည်း သုံးကန့်တောင်ပါတာမို့ ပစ္စည်းများများထည့်ချင်တဲ့ ချစ်မတွေအတွက် ဒါလေးရမယ်နော်ရှင့်
ကြိုးအရှည်လေးက ဖြုတ်လိုရပါတယ်ရှင့် လက်ကိုင်အိတ်လေးလိုလည်းသုံးလိုရတယ်နော်🧡ချစ်မတို.....
👜ပွဲပဲတက်တက် ရုံးပဲသွားသွား smart ကျနေစေမှာပါနော်...
အသေးစိတ်သိချင်တာလေးများရှိရင်
💌 cb ကနေ မေးလို့ရပါတယ်နော်

လွယ်လိုက်တာနဲ့ မိမိုက်သွားစေမယ့် အိတ်လေးပါရှင့် 🖤ပေါ့ပါးပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ လိုအပ်တာလေးတွေ ထည့်ဖို့ အဆင်ပြေတယ်နော...
06/09/2026

လွယ်လိုက်တာနဲ့ မိမိုက်သွားစေမယ့် အိတ်လေးပါရှင့် 🖤

ပေါ့ပါးပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ လိုအပ်တာလေးတွေ ထည့်ဖို့ အဆင်ပြေတယ်နော်။

အနက်ရောင်လေးမို့ အဝတ်အစားရွေးစရာမလိုဘဲ ဘယ်လိုဝတ်ဝတ် လိုက်ဖက်တယ်ရှင့်။

နေ့တိုင်းကိုင်ဖို့လည်းရ၊ ခရီးသွားရင်လည်း အသုံးဝင်တဲ့ အိတ်လေးပါနော်။

စိတ်ဝင်စားရင် 💌 chatbox ကနေအားမနာတမ်းမေး လို့ရပါတယ်ရှင့်

ခါးပတ်ဆိုတာလည်း outfit တစ်စုံလုံးကို ပိုသပ်ရပ်သွားအောင် လုပ်ပေးနိုင်တဲ့ accessory တစ်ခုနော်။ဒီလို Ratchet Belt ပုံစံလေးတ...
02/09/2026

ခါးပတ်ဆိုတာလည်း outfit တစ်စုံလုံးကို ပိုသပ်ရပ်သွားအောင် လုပ်ပေးနိုင်တဲ့ accessory တစ်ခုနော်။

ဒီလို Ratchet Belt ပုံစံလေးတွေကို ကြိုက်ရတဲ့အချက်က ရိုးရိုးခါးပတ်လို အပေါက်တွေလိုက်ရှာပြီး ပတ်စရာမလိုတာပါ။ Buckle အောက်က track လေးနဲ့ ကိုယ့်ခါးအတိုင်းအတာအဆင်ပြေသလောက် နည်းနည်းချင်း ညှိလို့ရတော့ ပတ်ထားတဲ့အချိန်မှာလည်း ပိုအဆင်ပြေတယ်။

ဒီဇိုင်းကလည်း အရမ်းရှုပ်ရှုပ်ထွေးထွေးမဟုတ်ဘဲ ရိုးရိုးသန့်သန့်လေးဆိုတော့ jeans နဲ့ပတ်လည်းလိုက်တယ်၊ shirt နဲ့ trousers ဝတ်တဲ့နေ့မျိုးမှာလည်း သပ်သပ်ရပ်ရပ်လေး ဖြစ်သွားတယ်။ အမည်းရောင်လေးဆိုတော့ ဖိနပ်၊ နာရီ၊ အဝတ်အစားအရောင်တွေနဲ့ လိုက်ဖက်အောင် စဉ်းစားရတာလည်း မခက်ဘူး။

နောက်တစ်ခုသဘောကျတာက ခါးပတ်အရှည်ပိုနေရင် ကိုယ့်အရွယ်အစားနဲ့အညီ ဖြတ်ညှိလို့ရတာပါ။ Buckle ကိုဖြုတ်တပ်ရတာလည်း လွယ်တော့ နေ့တိုင်းသုံးဖို့ အဆင်ပြေတယ်။

တခါတလေ accessory က ရိုးရိုးလေးဖြစ်နေတာကပဲ အဝတ်အစားကို ပိုကြည့်ကောင်းစေတာမျိုးရှိတယ်။ ဒီလို belt လေးကတော့ အဲ့ဒီအမျိုးအစားထဲက တစ်ခုလို့ ပြောလို့ရမယ်။

💻 Laptop အိတ်ဆိုတာ ကွန်ပျူတာထည့်လို့ရရုံနဲ့ မပြီးဘူးနော်… နေ့တိုင်းသယ်ရတာ သက်တောင့်သက်သာရှိဖို့၊ ပစ္စည်းတွေ စနစ်တကျထားလိ...
31/08/2026

💻 Laptop အိတ်ဆိုတာ ကွန်ပျူတာထည့်လို့ရရုံနဲ့ မပြီးဘူးနော်… နေ့တိုင်းသယ်ရတာ သက်တောင့်သက်သာရှိဖို့၊ ပစ္စည်းတွေ စနစ်တကျထားလို့ရဖို့နဲ့ ခရီးသွားရင်လည်း အဆင်ပြေဖို့က ပိုအရေးကြီးပါတယ်။ 🖤

ဒီ Samsonite Slim Brief လေးက အပြင်ပန်းကြည့်ရင် ရိုးရိုးရှင်းရှင်း Black Design လေးမို့ အမျိုးသား/အမျိုးသမီး နှစ်ယောက်လုံး သုံးလို့အဆင်ပြေပြီး Office သွား၊ Meeting သွား၊ ကျောင်း/တက္ကသိုလ်သွား၊ Business Trip သွားတဲ့သူတွေအတွက် တော်တော်အသုံးတည့်တဲ့ပုံစံ လေးပါ။

✨ 17.3” အထိ Laptop ဆံ့ပါတယ်
ဆိုဒ်ကြီး Laptop သုံးတဲ့သူတွေအတွက်လည်း အဆင်ပြေပြီး Main Compartment ကို Padding အပြည့်ထည့်ထားတာ မို့ Laptop ကို ထိခိုက်မှုနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။ Tablet ထည့်ဖို့ သီးသန့်နေရာလည်း ပါသေးတယ်နော်။

📚 ပစ္စည်းတွေ ရောပြွမ်းမနေဘဲ စနစ်တကျထားလို့ရတာကို သဘောကျမိတယ်
အရှေ့ဘက် ဇစ်အိတ်ထဲမှာ ပစ္စည်းသေးသေးလေးတွေထည့်ဖို့ အကန့်တွေ၊ ဘောပင်ထည့်ဖို့နေရာတွေပါလို့ Charger, Cable, Mouse, Notebook, Pen စတာတွေကို လိုတဲ့အချိန် အလွယ်တကူယူလို့ရပါတယ်။

💪 အပြင်သားကို 1680 Denier Polyester နဲ့ပြုလုပ်ထားပြီး ရေစိုခံနိုင်မှုရှိအောင် Coating လုပ်ထားတာ မို့ နေ့စဉ်အသုံးအတွက် အကြမ်းခံတဲ့ဘက်ကလည်း စိတ်ချရပါတယ်။

ကိုင်ချင်ရင် လက်ကိုင်နဲ့ သယ်လို့ရသလို
👜 Shoulder Strap ကို ဖြုတ်/တပ်လုပ်လို့ရပြီး အရှည်လည်းချိန်လို့ရတယ်။ ပခုံးမနာအောင် Comfort Pad လေးပါသေးတာမို့ ပစ္စည်းများတဲ့နေ့တွေမှာ ပိုအသုံးဝင်ပါတယ်။

✈️ ခရီးသွားတဲ့သူတွေအတွက်တော့ နောက်ကျောဘက်က Travel Sleeve လေးက တော်တော်ကောင်းတယ်။ Suitcase လက်ကိုင်ပေါ် စွပ်တင်ထားလို့ရတာမို့ Airport မှာ Laptop အိတ်တစ်လုံး၊ Luggage တစ်လုံး ခွဲကိုင်နေရတာ သက်သာသွားမယ်နော်။

Design ကလည်း ထူထူကြီးမဟုတ်ဘဲ Slim & Professional Look လေးဆိုတော့ Suit ဝတ်တဲ့အချိန်၊ Office Shirt + Pant၊ Polo + Chino လို Smart Casual Outfit တွေနဲ့တောင် လိုက်ဖက်ပါတယ်။ 🖤

Laptop ကြီးလည်းဆံ့ရမယ်၊ အကြမ်းလည်းခံရမယ်၊ အကန့်လည်းစုံရမယ်၊ ခရီးသွားရင်လည်း သက်တောင့်သက်သာဖြစ်ရမယ်ဆိုတဲ့သူတွေအတွက် — အလှထက် အသုံးဝင်မှုကို တကယ်ဦးစားပေးထားတဲ့ Laptop Bag လေးပါရှင့်။ 💻✨

တချို့ဖိနပ်လေးတွေက မြင်လိုက်တာနဲ့ ရာသီဥတုအေးအေးလေး၊ ပေါ့ပေါ့ပါးပါး Outfit လေးတွေ၊ နွေရာသီ Vibe လေးတွေ ကို တန်းသတိရစေတယ်န...
30/08/2026

တချို့ဖိနပ်လေးတွေက မြင်လိုက်တာနဲ့ ရာသီဥတုအေးအေးလေး၊ ပေါ့ပေါ့ပါးပါး Outfit လေးတွေ၊ နွေရာသီ Vibe လေးတွေ ကို တန်းသတိရစေတယ်နော် 💙🌼

ဒီဖိနပ်လေးကလည်း အဲဒီလိုပဲပါ။
အပြာနုနုအရောင်လေးပေါ်မှာ ပန်းပွင့်ဖြူဖြူလေးတွေပါတာ ကြောင့် ကြည့်လိုက်တာနဲ့ လန်းဆန်းသန့်ရှင်းပြီး မိန်းကလေးဆန်တဲ့ Feel လေးကိုပေးတယ်။ အရောင်စပ်ထားပုံကလည်း မပြင်းမထန်ဘဲ နူးနူးညံ့ညံ့လေးမို့ ဝတ်လိုက်တဲ့ Outfit ကို ပိုပြီးချစ်စရာကောင်းသွားစေပါတယ် ✨

ဒီလို Flip-Flop Design လေးတွေက အလှတင်မဟုတ်ဘဲ အသုံးတည့်တာ ကိုလည်း သဘောကျမိတယ်။
ပေါ့ပေါ့ပါးပါး ဝတ်ထွက်ချင်တဲ့နေ့တွေ၊ အပြင်ခဏသွားတဲ့အချိန်၊ စျေးသွားတဲ့အချိန်၊ ကမ်းခြေ/ရေကူးကန်ဘက်သွားတဲ့အချိန်မျိုးတွေမှာ အလွယ်တကူစီးလို့ရတယ်။ အထူးသဖြင့် Platform ပုံစံအနည်းငယ်မြင့်တဲ့ Sole လေးဖြစ်လို့ ရိုးရိုးပါးပါးညှပ်ဖိနပ်ထက် နည်းနည်းပိုပြီး Shape လည်းလှသလို စီးထားတဲ့အခါ ခြေထောက်ပုံစံလေးကိုလည်း ပိုလှစေတယ်နော်။

အဝတ်အစားတွဲရတာလည်း မခက်ပါဘူးရှင့်။
အဖြူရောင် Dress လေးတွေ၊ Jean Short လေးတွေ၊ Denim Pants လေးတွေ၊ Skirt အဖြူ/အပြာ Tone လေးတွေ နဲ့ အရမ်းလိုက်ပါတယ်။
Beach Style, Resort Style, Casual Weekend Style လေးတွေ ကြိုက်တဲ့သူတွေအတွက် အထူးသင့်တော်မယ့် ဖိနပ်လေးပါ 🌊☁️

တချို့အရာတွေက ကိုယ်ဝတ်တဲ့နေ့ရဲ့ Mood ကိုတောင် ပြောင်းပေးနိုင်တယ်နော်။
ဒီဖိနပ်လေးကတော့ စီးလိုက်တာနဲ့ ပေါ့ပါးပြီး လန်းဆန်းသွားမယ့် Feel လေး ပေးတဲ့အပြင် Outfit တစ်စုံလုံးကိုလည်း Soft & Sweet Look လေးဖြစ်စေမယ့် Item လေးတစ်ခုပါ 💙

အလွန်အကျွံ မျက်စိကျအောင်မဟုတ်ဘဲ
အေးအေးချမ်းချမ်းနဲ့ ချစ်စရာကောင်းတဲ့ ဖိနပ်လေး ရှာနေတဲ့သူတွေအတွက်တော့ ဒီဇိုင်းလေးက တကယ်ကြည့်ကောင်းပြီး စီးရလွယ်မယ့် ပုံစံလေးပါနော် 🌼👡

တချို့အိတ်တွေက Brand Name ကြီးလို့ သဘောကျတာမဟုတ်ဘဲ… ကိုယ်တိုင်မြင်လိုက်၊ ကိုင်ကြည့်လိုက်တာနဲ့ အရည်အသွေးကြောင့် မိတ်ဆက်ချ...
15/08/2026

တချို့အိတ်တွေက Brand Name ကြီးလို့ သဘောကျတာမဟုတ်ဘဲ… ကိုယ်တိုင်မြင်လိုက်၊ ကိုင်ကြည့်လိုက်တာနဲ့ အရည်အသွေးကြောင့် မိတ်ဆက်ချင်သွားတာမျိုး ရှိတယ်နော် ✨

ဒီအိတ်လေးကလည်း အဲဒီလိုပါပဲ။
နာမည်ကြီး Brand တစ်ခုတော့ မဟုတ်ပါဘူး… ဒါပေမယ့် အိတ်လေးကို အနီးကပ်ကြည့်လိုက်ရင် အသေးစိတ်လုပ်ထားပုံနဲ့ Finishing လေးတွေက တကယ်လှတယ် 💎

အိတ်တစ်လုံးလုံးကို ရောင်စုံကျောက်လေးတွေနဲ့ စီထားပြီး ရွှေရောင် Metal Detail လေးတွေနဲ့ တွဲထားတော့ အဝေးကကြည့်ရင်တောင် တောက်တောက်ပပနဲ့ ပေါ်လွင်နေတယ်။ နီးနီးကပ်ကပ်ကြည့်လေ ကျောက်လေးတွေရဲ့ အရောင်စပ်ထားပုံ၊ အရွယ်အစားမတူတာလေးတွေ အချိုးကျကျ စီထားပုံက ပိုပြီးသဘောကျစရာကောင်းလေပါပဲ ❤️💚💙✨

ဒီလိုအိတ်လေးမျိုးက နေ့တိုင်းသယ်တဲ့ Everyday Bag ထက် ဝတ်စုံတစ်စုံလုံးကို ပိုပြည့်စုံသွားအောင် ဖြည့်ပေးတဲ့ Statement Bag လေးလို့ ပြောရင် ပိုမှန်မယ်ထင်တယ်။

အနက်ရောင် Dress လေးနဲ့ တွဲလိုက်ရင် အိတ်လေးက Highlight ဖြစ်သွားမယ် 🖤
အဖြူ၊ နို့နှစ်၊ Beige လို ရိုးရိုး Outfit တွေနဲ့ဆိုလည်း အိတ်တစ်လုံးတည်းနဲ့ Look က ချက်ချင်းထလာမယ်။
ညစာစားပွဲ၊ Party၊ Wedding၊ Birthday Dinner လို အနည်းငယ် Dress Up လုပ်ချင်တဲ့အချိန်တွေမှာတော့ အရမ်းလိုက်ဖက်မယ့်ပုံစံလေးပါ ✨

ကြိုးလေးက Gold Chain ဖြစ်လို့ ပုခုံးလွယ်ထားရင်လည်း Jewelry တစ်ခုထပ်ဝတ်ထားသလို ခံစားရပြီး အိတ်ရဲ့ ရောင်စုံကျောက်လေးတွေနဲ့လည်း အရမ်းလိုက်ပါတယ်။

တစ်ခါတလေ နာမည်ကြီး Brand ဖြစ်မှ ကောင်းတာမဟုတ်ဘူးနော်။
ကိုင်ကြည့်လိုက်တဲ့အခါ Material, Detail, Finishing နဲ့ အသုံးပြုထားတဲ့ Hardware လေးတွေ သဘောကျစရာကောင်းရင် ကိုယ်ပေးရတဲ့တန်ဖိုးနဲ့ တကယ်ထိုက်တန်တဲ့ အိတ်တစ်လုံး ဖြစ်နိုင်ပါတယ်။

ဒီအိတ်လေးကတော့ ကျွန်မအမြင်မှာ
“Brand Name ထက် အိတ်ကိုယ်တိုင်ရဲ့ လှပမှုနဲ့ Quality ကြောင့် မိတ်ဆက်ချင်တဲ့ အိတ်လေး” ပါရှင့် 💎👜✨

ရိုးရိုးအိတ်တွေရှိပြီးသား၊ အခါအားလျော်စွာ ပေါ်ပေါ်လွင်လွင် လွယ်ချင်တဲ့ အိတ်လေးတစ်လုံး ထပ်လိုနေတယ်ဆိုရင် ဒီလို Design မျိုးလေးက Wardrobe ထဲမှာ ရှိထားရကျိုးနပ်မယ့် Style လေးပါနော် 💕

ပုဝါလေးတစ်ထည်က Outfit တစ်စုံလုံးကို ဒီလောက်တောင် ပြောင်းပေးနိုင်လားဆိုတာ ဒီ CK Logo Reversible ပုဝါလေးကိုကြည့်ရင် သိသာတယ...
12/08/2026

ပုဝါလေးတစ်ထည်က Outfit တစ်စုံလုံးကို ဒီလောက်တောင် ပြောင်းပေးနိုင်လားဆိုတာ ဒီ CK Logo Reversible ပုဝါလေးကိုကြည့်ရင် သိသာတယ်နော် 💗✨

အရောင်က Pink Tone လေးမို့ မျက်နှာလည်းလင်းသလို ဝတ်ထားတဲ့ Outfit ကိုပါ ပိုပြီး နူးနူးညံ့ညံ့၊ Feminine ဆန်ဆန် ဖြစ်သွားစေတယ်။ CK Logo Pattern လေးတွေ အပြည့်ပါတာကလည်း ရိုးရိုးပုဝါတစ်ထည်ထက် Fashion Accessory တစ်ခုလို ပိုပြီးပေါ်လွင်စေတယ် 🌸

အထူးသဖြင့် Reversible Design လေးဖြစ်လို့ တစ်ဖက်တစ်မျိုး ပြောင်းပတ်လို့ရတာကို သဘောကျတယ်။ Outfit အရောင်ပေါ်မူတည်ပြီး Logo Pattern ဘက်ကို ပိုထုတ်ပတ်လို့ရသလို Plain Pink ဘက်ကို ပိုပေါ်အောင် ပတ်လိုက်ရင်လည်း Look တစ်မျိုးပြောင်းသွားတယ်နော်။ တစ်ထည်တည်းနဲ့ Styling အမျိုးမျိုး ကစားလို့ရတာလေး 💕

အရွယ်အစားလည်း 27” x 72” ဆိုတော့ လည်ပင်းပတ်ရုံတင်မဟုတ်ဘဲ ပုခုံးပေါ် Shawl လိုခြုံလို့လည်းရ၊ အေးအေးလေးရှိတဲ့ Office၊ Restaurant၊ ခရီးသွားတဲ့အချိန်မျိုးမှာပါ ထည့်ယူသွားလို့ အရမ်းအသုံးတည့်တယ်။

ဝတ်စုံတွဲရလည်း မခက်ပါဘူးရှင့်။
Black Dress + Pink Scarf ဆိုရင် မိန်းကလေးဆန်ဆန် Elegant Look လေးရပြီး 🖤💗
White Shirt + Jean နဲ့ဆို Casual Chic ဆန်တယ်။
နို့နှစ်၊ Beige၊ Gray၊ Black လို Neutral Color Outfit တွေနဲ့ဆိုလည်း ဒီ Pink လေးက Highlight ဖြစ်ပြီး တစ်စုံလုံးကို ပိုပြီးအသက်ဝင်သွားစေတယ် ✨

တခါတလေ Outfit အသစ်တွေ အများကြီးဝယ်စရာမလိုပါဘူး…
ပုဝါလေးတစ်ထည်ကို ပတ်ပုံပြောင်း၊ ခြုံပုံပြောင်းလိုက်တာနဲ့ ကိုယ့်အဝတ်အစားဟောင်းလေးတောင် Look အသစ်တစ်မျိုး ဖြစ်သွားနိုင်တယ်နော် 🥰

အလှလည်းရ၊ အေးတဲ့အချိန်လည်း အသုံးဝင်၊ Outfit အမျိုးမျိုးနဲ့လည်း လွယ်လွယ်ကူကူတွဲလို့ရတဲ့ ပုဝါလေးဆိုတော့ Fashion ကြိုက်တဲ့မိန်းကလေးတိုင်း Wardrobe ထဲမှာ တစ်ထည်လောက်ရှိထားရင် တကယ်အသုံးဝင်မယ့် Accessories လေးပါရှင့် 💗🧣

ခါးပတ်ဆိုတာ ဘောင်းဘီမကျအောင် ပတ်ထားဖို့တင်မဟုတ်ဘူးနော်… Outfit တစ်စုံလုံးရဲ့ အမြင်ကိုပါ ပြောင်းပေးနိုင်တဲ့ ဖက်ရှင်တစ်ခုပ...
11/08/2026

ခါးပတ်ဆိုတာ ဘောင်းဘီမကျအောင် ပတ်ထားဖို့တင်မဟုတ်ဘူးနော်… Outfit တစ်စုံလုံးရဲ့ အမြင်ကိုပါ ပြောင်းပေးနိုင်တဲ့ ဖက်ရှင်တစ်ခုပါ။ 😎

Highland Quick Release Belt လေးက မြင်တာနဲ့ သာမန်ခါးပတ်ပုံစံနဲ့ နည်းနည်းကွာတယ်။ ခါးပတ်ကြိုးအနက်ရောင်နဲ့ Metal Buckle Design ကိုတွဲထားလို့ Sporty ဆန်ဆန်၊ Tactical ဆန်ဆန်၊ ခပ်မိုက်မိုက် Look လေးရပါတယ်။ 🖤

အကြိုက်ဆုံးအချက်ကတော့ Quick Release Buckle လေးပါ။ နေ့တိုင်း အဝတ်အစားလဲဝတ်ရတဲ့အခါ ခါးပတ်ဖြုတ်/တပ်လုပ်ရတာ မြန်ပြီး အဆင်ပြေတယ်။ ခရီးသွားတဲ့အချိန်၊ Outdoor သွားတဲ့အချိန်၊ အလုပ်သွားတဲ့အချိန်မျိုးတွေမှာလည်း သုံးရလွယ်တဲ့ပုံစံလေးပါ။

ခါးပတ်ကြိုးက Woven Webbing Style ဖြစ်လို့ နေ့စဉ်သုံးဖို့ သင့်တော်ပြီး ပုံမှန် Leather Belt တွေလို ခေါက်ရာ၊ ကွေးရာတွေ မြင်ရတဲ့ပုံစံမဟုတ်ဘူး။ Buckle လေးကလည်း Metal Look ဖြစ်လို့ ခပ်ခန့်ခန့်နဲ့ အကြမ်းခံတဲ့ခံစားချက်မျိုး ပေးတယ်။ 💪

ဒီခါးပတ်လေးက အထူးသဖြင့်
Jean Pants + T-shirt 👖,
Cargo Pants + Polo / T-shirt,
Jogger Pants + Sneaker 👟,
Jean Shirt + Jean Pants,
ဒါမှမဟုတ် Outdoor Style ဝတ်တဲ့သူတွေနဲ့ အရမ်းလိုက်ပါတယ်။

အရောင်အနက်လေးမို့ အဝတ်အစားအရောင်ရွေးလည်း မခက်ဘူး။ အနက်၊ မီးခိုး၊ ခါကီ၊ အပြာ Jean အရောင်တွေနဲ့ တွဲလိုက်ရင် သန့်သန့်ရှင်းရှင်းနဲ့ စမတ်ကျတဲ့ စတိုင်လေးရတယ်။ ✨

အရမ်းအနုအရွခါးပတ်မျိုး မကြိုက်ဘဲ အသုံးလည်းတည့်၊ ကြည့်လည်းမိုက်၊ နေ့တိုင်းပတ်လို့ရတဲ့ ခါးပတ်တစ်ချောင်း ရှာနေတဲ့သူတွေအတွက်တော့ ဒီဒဇိုင်းလေးက တော်တော်အသုံးဝင်မယ့်ပုံစံပါနော်။ 🖤👌

👜 ဒီပစ္စည်း (၇) မျိုး အိတ်ထဲမှာ ရှိနေလားရှင့်?အပြင်သွားမယ်ဆိုရင် အိတ်တစ်လုံးကတော့ မပါမဖြစ်ပါပဲနော်။ ဖုန်း၊ ပိုက်ဆံအိတ်၊ ...
20/07/2026

👜 ဒီပစ္စည်း (၇) မျိုး အိတ်ထဲမှာ ရှိနေလားရှင့်?

အပြင်သွားမယ်ဆိုရင် အိတ်တစ်လုံးကတော့ မပါမဖြစ်ပါပဲနော်။ ဖုန်း၊ ပိုက်ဆံအိတ်၊ သော့၊ အလှပြင်ပစ္စည်းနဲ့ နေ့စဉ်လိုအပ်တာလေးတွေကို အိတ်ထဲထည့်ပြီး သွားလာရတာ အရမ်းအဆင်ပြေပါတယ်။

ဒါပေမဲ့ ကိုယ်သုံးနေတဲ့အိတ်ကို တစ်ခါလောက် ဖွင့်ပြီး သေချာကြည့်ဖူးလားရှင့်။ တစ်ခါတလေမှာ မလိုအပ်တော့တဲ့ ပစ္စည်းတွေ၊ မေ့ပြီး ထည့်ထားမိတဲ့ ပစ္စည်းတွေ၊ အိတ်ကို ပျက်စီးစေနိုင်တဲ့ ပစ္စည်းတွေ အများကြီး စုပုံနေတတ်ပါတယ်။

အိတ်က အကြောင်းမဲ့ လေးနေတယ်၊ အထဲမှာ အနံ့တစ်မျိုးထွက်နေတယ်၊ လိုချင်တဲ့ပစ္စည်းကို ချက်ချင်းရှာမတွေ့ဘူးဆိုရင် အိတ်ထဲကို ရှင်းလင်းဖို့ အချိန်ရောက်နေပါပြီနော်။

ဒီနေ့တော့ အိတ်အတွင်းမှာ အချိန်ကြာကြာ မထားသင့်တဲ့ ပစ္စည်း (၇) မျိုးအကြောင်း အတူတူ ပြောကြည့်ရအောင်ရှင့်။

၁။ သက်တမ်းကုန်နေတဲ့ ဆေးဝါးများ

ခေါင်းကိုက်ဆေး၊ အစာအိမ်ဆေး၊ မူးဝေဆေးလို အရေးပေါ်သုံးဖို့ ဆေးလေးတွေ အိတ်ထဲ ဆောင်ထားတာက အဆင်ပြေပါတယ်။ ဒါပေမဲ့ ဆေးတွေကို အိတ်ထဲမှာ အချိန်အကြာကြီး ထားမိတာတော့ မကောင်းပါဘူး။

အိတ်ကို ကားထဲထားတာ၊ နေပူထဲသယ်သွားတာ၊ အပူချိန်အပြောင်းအလဲများတာတွေကြောင့် ဆေးတွေရဲ့ အရည်အသွေး ထိခိုက်နိုင်ပါတယ်။ သက်တမ်းကုန်နေတဲ့ ဆေးဆိုရင်တော့ လုံးဝမသုံးသင့်ပါဘူးနော်။

အိတ်ထဲ ဆေးဆောင်ထားတတ်သူဆိုရင် အနည်းဆုံး တစ်လတစ်ခါလောက် သက်တမ်းနဲ့ ထုပ်ပိုးမှုကို ပြန်စစ်ပေးပါနော်။

၂။ စိုစွတ်နေတဲ့ ပုဝါနဲ့ အဝတ်အစားများ

မိုးမိထားတဲ့ ပုဝါ၊ လက်သုတ်ပုဝါ၊ အားကစားလုပ်ပြီး ဝတ်ထားတဲ့ အဝတ်အစားတွေကို အိတ်ထဲ ပစ်ထည့်ထားပြီး မေ့နေတတ်ကြပါတယ်။

စိုစွတ်နေတဲ့ပစ္စည်းတွေကို လေမဝင်တဲ့ အိတ်အတွင်းမှာ အချိန်ကြာကြာထားလိုက်ရင် အနံ့ဆိုးထွက်လာနိုင်သလို ဘက်တီးရီးယားနဲ့ မှိုတွေပါ ပေါက်ပွားနိုင်ပါတယ်။ အိတ်အတွင်းသားမှာ အစွန်းအထင်းတွေ ဖြစ်လာပြီး သားရေအိတ်ဆိုရင် ပိုပြီး ပျက်စီးလွယ်ပါတယ်။

မဖြစ်မနေ ထည့်ရမယ်ဆိုရင် ပလတ်စတစ်အိတ် ဒါမှမဟုတ် ရေစိုခံအိတ်လေးထဲ သီးသန့်ထည့်ထားပြီး အိမ်ရောက်တာနဲ့ ချက်ချင်းထုတ်ထားပါနော်။

၃။ မလိုအပ်တော့တဲ့ စာရွက်စာတမ်းဟောင်းများ

စျေးဝယ်ဖြတ်ပိုင်းတွေ၊ ဘေလ်ဟောင်းတွေ၊ ကြော်ငြာစာရွက်တွေ၊ ကားပါကင်လက်မှတ်တွေကို အိတ်ထဲပစ်ထည့်ထားပြီး မရှင်းဖြစ်တာ လူတိုင်းလိုလို ကြုံဖူးကြမှာပါ။

စာရွက်လေးတစ်ရွက်ချင်းဆိုရင် ပေါ့ပေမယ့် များလာတဲ့အခါ အိတ်က လေးလာပါတယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေပါ ရောသွားရင် လိုအပ်တဲ့အချိန်မှာ ရှာရခက်နိုင်ပါတယ်။

ငွေရှင်းဖြတ်ပိုင်းထဲမှာ ကိုယ်ရေးအချက်အလက်တွေ ပါနိုင်တာကြောင့် မလိုအပ်တော့ရင် သေချာဖျက်ဆီးပြီးမှ စွန့်ပစ်တာ ပိုကောင်းပါတယ်။

၄။ ပေါက်ထွက်လွယ်တဲ့ အရည်ဘူးများ

ရေဘူး၊ အလှပြင်ရည်၊ လက်သန့်ဆေးရည်၊ ရေမွှေးနဲ့ ဆီဘူးတွေကို အဖုံးမလုံဘဲ အိတ်ထဲထည့်မိရင် အိတ်တစ်လုံးလုံး ရွှဲသွားနိုင်ပါတယ်။

အထူးသဖြင့် အိတ်ထဲမှာ ဖုန်း၊ နားကြပ်၊ အားသွင်းဘက်ထရီ၊ စာရွက်စာတမ်း ဒါမှမဟုတ် လက်ပ်တော့ပါနေရင် ပျက်စီးမှုက ပိုများနိုင်ပါတယ်။

အရည်ဘူးထည့်မယ်ဆိုရင် အဖုံးပိတ်မပိတ် သေချာစစ်ပါ။ ဖြစ်နိုင်ရင် အရည်ဘူးတွေကို ဇစ်ပါတဲ့ ပလတ်စတစ်အိတ်လေးထဲ သီးသန့်ထည့်ထားတာ စိတ်ချရပါတယ်။

၅။ စားလက်စ အစားအစာများ

မုန့်၊ ချောကလက်၊ သကြားလုံးနဲ့ ကလေးတွေ စားလက်စ သရေစာတွေကို အိတ်ထဲ ထည့်ထားပြီး မေ့နေတတ်ပါတယ်။

အစားအစာအကြွင်းအကျန်နဲ့ မုန့်မှုန့်လေးတွေက အိတ်အောက်ခြေမှာ ကျန်နေမယ်ဆိုရင် ပုရွက်ဆိတ်နဲ့ ပိုးမွှားတွေ ဝင်လာနိုင်ပါတယ်။ အစားအစာအဆီနဲ့ အရောင်တွေ စွန်းသွားရင် အိတ်အတွင်းသားကို သန့်ရှင်းရလည်း ခက်ပါတယ်။

အစားအစာထည့်သယ်မယ်ဆိုရင် လုံခြုံစွာပိတ်နိုင်တဲ့ ဘူးထဲထည့်ပြီး အိမ်ပြန်ရောက်တာနဲ့ ချက်ချင်းထုတ်ထားပါနော်။

၆။ စုပုံနေတဲ့ အကြွေစေ့များ

အကြွေစေ့တစ်စေ့၊ နှစ်စေ့က ပေါ့ပေမယ့် အိတ်အောက်ခြေမှာ အများကြီး စုပုံလာရင် အိတ်က သိသိသာသာ လေးလာပါတယ်။

အကြွေစေ့တွေက အိတ်အတွင်းသားကို ပွတ်တိုက်စေနိုင်သလို ဖုန်းနဲ့ မျက်မှန်လို ပစ္စည်းတွေကိုလည်း ခြစ်မိနိုင်ပါတယ်။ လိုအပ်တဲ့အချိန်မှာ ရှာမတွေ့ဘဲ အိတ်ထဲ တရှဲရှဲအသံထွက်နေတာလည်း စိတ်ရှုပ်စရာပါပဲနော်။

အကြွေစေ့တွေကို သီးသန့် အကြွေစေ့အိတ်လေးထဲ ထည့်ထားတာ ဒါမှမဟုတ် အိမ်ရောက်တိုင်း စုဘူးထဲ ပြောင်းထည့်တာ အကောင်းဆုံးပါ။

၇။ ရှုပ်ထွေးနေတဲ့ အားသွင်းကြိုးများ

အားသွင်းကြိုး၊ နားကြပ်ကြိုးနဲ့ တခြားကြိုးတွေကို အိတ်ထဲ ဒီအတိုင်း ပစ်ထည့်ထားရင် တစ်ခုနဲ့တစ်ခု ရစ်ပတ်ပြီး ကျိုးပဲ့လွယ်ပါတယ်။

ကြိုးအဆက်နေရာတွေက ကွေးနေတာများလာရင် အတွင်းကြိုးပြတ်ပြီး အားသွင်းမရတော့တာမျိုး ဖြစ်တတ်ပါတယ်။ ကြိုးတွေက တခြားပစ္စည်းတွေနဲ့ ငြိပြီး အိတ်အတွင်းမှာလည်း ပိုရှုပ်စေပါတယ်။

ကြိုးလေးတွေကို သေချာခေါက်ပြီး ကြိုးစည်းလေးနဲ့ စည်းထားတာ၊ ဒါမှမဟုတ် သီးသန့်ပစ္စည်းထည့်အိတ်လေး သုံးတာက ပိုစနစ်ကျပါတယ်။

အိတ်လေးကို ပုံမှန်ရှင်းပေးကြရအောင်

အိတ်တစ်လုံးက ပစ္စည်းထည့်ဖို့အတွက်ပဲ မဟုတ်ပါဘူး။ ကိုယ့်ရဲ့နေ့စဉ်အကျင့်နဲ့ စနစ်တကျရှိမှုကိုလည်း တစ်စိတ်တစ်ပိုင်း ပြသပေးနေပါတယ်။

အိတ်ထဲမှာ မလိုအပ်တဲ့ ပစ္စည်းတွေ များနေမယ်ဆိုရင် အိတ်က လေးလာမယ်၊ ပုံပျက်လွယ်မယ်၊ သန့်ရှင်းဖို့ခက်လာမယ်။ လိုချင်တဲ့ပစ္စည်းကိုလည်း အရေးပေါ်အချိန်မှာ ချက်ချင်းရှာမတွေ့နိုင်ပါဘူး။

ဒါကြောင့် တစ်ပတ်တစ်ခါ ဒါမှမဟုတ် နှစ်ပတ်တစ်ခါလောက် ကိုယ့်အိတ်ထဲက ပစ္စည်းတွေကို အကုန်ထုတ်ပြီး စစ်ဆေးရှင်းလင်းပေးပါနော်။ မလိုအပ်တာတွေ ဖယ်ထုတ်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို နေရာတကျ ပြန်ထည့်ပေးရုံနဲ့ အိတ်လေးလည်း ပေါ့ပါးသွားပြီး သုံးရတာ ပိုအဆင်ပြေသွားပါလိမ့်မယ်။

ချစ်တို့ရဲ့အိတ်ထဲမှာလည်း ထည့်ထားပြီး မေ့နေတတ်တဲ့ ပစ္စည်းမျိုး ရှိသေးလားရှင့်။ အိတ်ထဲမှာ လုံးဝမထားသင့်ဘူးလို့ ထင်တဲ့ တခြားပစ္စည်းလေးတွေရှိရင် မှတ်ချက်မှာ မျှဝေပေးခဲ့ကြပါဦးနော်။ 👜✨

Address

Yangon
91762

Telephone

+9595125155

Alerts

Be the first to know and let us send you an email when Pinky by Friendshipusa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share