06/01/2023
အမှတ် ၆၂ YAK-130 တိုက်ခိုက်ရေးမှ ပိုင်းလော့များ၏ လျှို့ဝှက် အမည် များကို ယက္ခ မှ စစ်မင်း ဟု ပြောင်းလဲ၊ တိုက်လေယာဉ် အတက်အဆင်း သတင်း များပေါက်ကြားသဖြင့် တိုက်လေယာဉ်ဖြင့် စစ်ဆင်ရေးများကို နေပြည်တော်အေလာ လေတပ်သို့ ပြောင်းရွှေ့ထားရ
January -6
တပ်မတော်(လေ)မှ စစ်ကိုင်း၊ မကွေး၊ ပဲခူးကဲ့သို့သော တိုင်းဒေသကြီးများကို အဆက်မပြတ် ဗုံးကျဲပေးနေသည့် အမှတ် ၆၂ Yak-130 တိုက်ခိုက်ရေးလေယာဉ်အုပ်စုမှ ပိုင်းလော့များ၏ လျှို့ဝှက်အမည်များကို ယက္ခမှ စစ်မင်းသို့ ပြောင်းလဲလိုက်ရသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ Yak-130 လေယာဉ်မှူးများ၏ အမည်များကို ယက္ခဟု ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှို့ဝှက် အမိန့်စာပေါက်ကြားခဲ့သဖြင့် ယက္ခ အမည်ဝှက်များကို စစ်မင်းအမည်ဝှက်အဖြစ် ပြောင်းလဲလိုက်ရသည်။
ထို့ပြင် တံတားဦးလေတပ်၊ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ Yak-130 မှ ပိုင်းလော့များကို ယခင်က မှော်ဘီသို့ စစ်ဆင်ရေးအဖြစ် လအလိုက် အလှည့်တာဝန်ရွှေ့ပြောင်းထမ်းဆောင်းခိုင်းရာမှ ယခုရက်ပိုင်းအတွင်း မှော်ဘီအစား နေပြည်တော်၊ အေလာသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခိုင်းရသည်။
"အခုက ဗျူဟာပြောင်းတယ် အရင် စစ်ဆင်ရေးအတွက် မှော်ဘီလေတပ်ကို ၃လ ၁ ကြိမ် သွားရတာ။ Yak-130 အဖွဲ့ ၆၂ အုပ်က။ အခုတော့ စစ်ဆင်ရေး ၃ လ ၁ ကြိမ်ကို အလှည့်ကျကို နေပြည်တော်၊ အေလာကို စစ်ဆင်ရေး ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခိုင်းတယ်။
မှော်ဘီမသွားရတော့ဘူး။ မှော်ဘီကို စိတ်မချတော့ဘူး။ အခုက တံတားဦးကနေ တိုက်ရိုက် စစ်ဆင်ရေးနေရာကို မသွားဘူး။ ဒီဘက်က လေယာဉ်တက်တာနဲ့ သတင်းပေါက်နေလို့ဆိုပြီး အေလာဘက်ကို ဝင်ပြီးမှ စစ်ဆင်ရေးနေရာကိုသွားတယ်။ အပြန်လည်းတိုက်ရိုက်ပြန်မလာဘူး။ အေလာကို ဝင်ပြီးမှ ပြန်လာတယ်" လို့ အမှတ်(၆၂)အုပ်မှာ Technician အရာရှိတစ်ဦးမှ ဆိုပါတယ်။
တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးမှာ-ဗိုလ်မှူး ရဲဇော်နိုင်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ လူပေါင်းရာချီသေဆုံးခဲ့သော လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို တိုက်ခိုက်ဆောင်ရွက်နိုင်ခဲ့သော စစ်လေယာဉ်မောင်းပိုင်းလော့ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးအဖွဲ့မှဖြစ်သည်။