Tech Hub

Tech Hub This is a one stop technology news page to provide the latest technology news from many sources. We

အဆင့်မြင့် Galaxy AI လုပ်ဆောင်ချက်တွေနဲ့ Flagship စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ခံစားနိုင်မယ့် Samsung Galaxy S25 FE ...
08/11/2025

အဆင့်မြင့် Galaxy AI လုပ်ဆောင်ချက်တွေနဲ့ Flagship စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ခံစားနိုင်မယ့် Samsung Galaxy S25 FE စမတ်ဖုန်းအသစ်

Samsung Electronics ကနေ Galaxy S25 FE စမတ်ဖုန်းအသစ်ကို Galaxy S25 စမတ်ဖုန်း Series ရဲ့ မော်ဒယ်အသစ်တစ်ခုအနေနဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ အထူးခံစားခွင့်လက်ဆောင်တွေနဲ့အတူ အတန်ဆုံး စျေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် One UI 8 နဲ့ Galaxy AI လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့ Galaxy S25 FE ဟာ ဘက်စုံသုံးနိုင်မယ့်စွမ်းဆောင်ရည်နဲ့ AI အဖော်မွန်ကောင်းတစ်ခု ဖြစ်လာမှာပါ။

တီထွင်ဖန်တီးမှု အသစ်တွေကို ဖွင့်ဟပြနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်တဲ့အတွက် Galaxy S25 FE မှာ Generative Edit နဲ့ Instant Slow-mo တို့ကဲ့သို့ စွမ်းဆောင်ရည်မြင့် AI Editing Tools တွေ ပါဝင်လာပါတယ်။ AI နည်းပညာဖြင့် ထောက်ပံ့ထားတဲ့ ProVisual Engine နဲ့အတူ 12MP ထိ အဆင့်မြှင့်တင်ပေးထားတဲ့ ရှေ့ကင်မရာကြောင့် ပိုမိုကောင်းမွန်တဲ့ Selfie ဓာတ်ပုံများကိုလည်း ရိုက်ကူးနိုင်စေမှာပါ။ ၁၀% မက ပိုမိုကြီးမားလာတဲ့ V***r Chamber ပါဝင်လာတာကြောင့် ချောမွေ့သွက်လက်တဲ့ လုပ်ဆောင်နိုင်စွမ်းကို ပေးစွမ်းနိုင်မှာဖြစ်ပြီး 4,900 mAh ဘက်ထရီ နဲ့ အတူ 45W အထိ ထောက်ပံ့ပေးထားတဲ့ Wired Charging စနစ်ကြောင့် ကြာရှည်စွာ အားအသုံးခံသလို လျှင်မြန်စွာလည်း အားပြန်လည်သွင်းနိုင်စေမှာဖြစ်ပါတယ်။ အဆိုပါစွမ်းဆောင်ရည်မြင့်လုပ်ဆောင်ချက်တွေပါဝင်ပြီး ထူးခြားလှပတဲ့ ဒီဇီုင်းနဲ့ ထွက်ရှိလာတဲ့ Galaxy S25 FE ကို Os Update ၇ကြိမ်နဲ့ Security Updates ကို ၇ နှစ်အထိ ပေးသွားမယ့်အပြင် iP68 Water and Dust Restistance နဲ့ ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ကာကွယ်ပေးထားတဲ့အတွက် ကြာရှည်ခံပြီး စိတ်ချစွာ အသုံးပြုနိုင်မှာပါ။

“Galaxy S25 FE စမတ်ဖုန်းအသစ်ဟာ Galaxy AI Ecosystem ကို ပိုမိုကျယ်ပြန့်လာစေတဲ့နေရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ပိုမိုကောင်းမွန်ပြီး သုံးစွဲသူနဲ့ ကိုက်ညီအောင် ဖန်တီးပေးနိုင်တဲ့ AI သုံးစွဲမှုအတွေ့အကြုံနဲ့ ​AI နည်းပညာထည့်သွင်းပေးထားတဲ့ ဓာတ်ပုံရိုက်ကူးမူနဲ့ ပြုပြင်မှု လုပ်ဆောင်ချက်တွေကြောင့် ပိုမိုများပြားတဲ့ သုံးစွဲသူတွေဆီ ပိုမိုအဆင်ပြေချောမွေ့တဲ့နေ့စဉ်ဘဝနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ပေးစွမ်းနိုင်သွားမှာ ဖြစ်ပါတယ်။“ လို့ Samsung Electronics ရဲ့ Executive Vice President နှင့် Head of Customer Experience Office, Mobile experience Business ဖြစ်သူ Jay Kim က ပြောကြားခဲ့ပါတယ်။

Galaxy S25 FE စမတ်ဖုန်းအသစ်ကို Navy၊ Icyblue နဲ့ Jetblack စတဲ့ ပရီမီယမ်ဆန်ပြီး လှပတဲ့အရောင်များနဲ့ ရရှိနိုင်မှာဖြစ်ပြီး အောက်ပါဈေးနှုန်းများနဲ့ နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်သလို Samsung ရဲ့ တရားဝင် eStore လင့်ခ် (https://estoremyanmar.com/) မှတစ်ဆင့်လည်း နှစ်သက်ရာ အရောင်၊ Memory စသည်တို့ကို ရွေးချယ်ပြီး လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Galaxy S25 FE (8/256GB) – ၃,၀၆၀,၀၀၀ ကျပ် (နိုဝင်ဘာလ ၂၁ ရက်နေ့မတိုင်ခင် ဝယ်ယူလျှင် Cashback ၂၀၀,၀၀၀ ကျပ် ပေးအပ်သွားမှာဖြစ်လို့ ၂,၈၆၀,၀၀၀ ကျပ် နဲ့ ရရှိနိုင်မှာပါ။)
Galaxy S25 FE (8/128GB) – ၂,၆၆၅,၀၀၀ ကျပ် (နိုဝင်ဘာလ ၂၁ ရက်နေ့မတိုင်ခင် ဝယ်ယူလျှင် Cashback ၈၉,၀၀၀ ကျပ် ပေးအပ်သွားမှာဖြစ်လို့ ၂,၅၈၀,၀၀၀ ကျပ် နဲ့ ရရှိနိုင်မှာပါ။)

အသစ်ထွက်ရှိထားတဲ့ Galaxy S25 FE ကို ဝယ်ယူရင် အောက်ပါ အထူးခံစားခွင့်နဲ့တွေကိုလည်း ရရှိနိုင်ဦးမှာပါ။
မတော်တဆဖြစ်ပြီး ဖုန်းမှန်ကွဲပျက်စီးခြင်း လဲလှယ်မှုအတွက် ၂ သိန်းခွဲအထိ တန်ဖိုးရှိတဲ့ Samsung Care+ ဝန်ဆောင်မှုကို ဝယ်ယူတဲ့နေ့မှ ၁၈ လအထိ ခံစားခွင့် ၁ ကြိမ်ကိုလည်း ရရှိသွားနိုင်မှာပါ။
အရစ်ကျ အစီအစဉ် အနေနဲ့လည်း AYA Pay ရဲ့ Buy Now Pay Later (သို့) Rent 2 Own အစီအစဥ်များနဲ့ ချိတ်ဆက်ပြီး လစဉ် ၂၅၀,၀၀၀ ကျပ် အရစ်ကျပေးသွင်းပြီး (၁၂) လအရစ်ကျ ဝယ်ယူသွားနိုင်မှာဖြစ်ပါတယ်။
ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအတွက် Operator Bundle ဒေတာလက်ဆောင်အနေနဲ့ ဒေတာ 8GB အထိကို (၆) ကြိမ် အခမဲ့ ခံစားခွင့်ရရှိသွားနိုင်မှာပါ။

Galaxy S25 FE စမတ်ဖုန်းအသစ် အပါအဝင် Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်သစ်များနဲ့ပတ်သတ်ပြီး အသေးစိတ် ထပ်မံသိရှိလိုရင်တော့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Showroom များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများ၊ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာ ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။

Genshin Impact ဆော့တဲ့သူတွေအတွက် သတင်းကောင်း KBZPay ကနေ Genesis Crystal တွေ ဝယ်ပြီး Character တွေ pull လို့ရပြီနော် 🥲🥲🥲တ...
08/11/2025

Genshin Impact ဆော့တဲ့သူတွေအတွက် သတင်းကောင်း KBZPay ကနေ Genesis Crystal တွေ ဝယ်ပြီး Character တွေ pull လို့ရပြီနော် 🥲🥲🥲

တခြား Hoyoverse ဂိမ်းတွေပါရအောင်လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့လို့

ွေရ

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး...
07/11/2025

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

ဆန်းသစ်တီထွင်မှုတွေနဲ့ နည်းပညာလောကမှာ ဦးဆောင်နေတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ Samsung Electronic ကို စတင်တည်ထောင်ခဲ့တာ ယခု ၂၀၂၅ ခုနှစ်မှာဆိုရင်တော့ (၅၆) နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။ Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် အနေနဲ့ မြန်မာနိုင်ငံက Samsung ချစ်သူတွေအတွက် Samsung eStore မှာသာ ရနိုင်မယ့် အထူးသီးသန့် အခွင့်အရေးတစ်ခုဖြစ်တဲ့ လျှော့ဈေးတွေအများကြီး ရမယ့် Samsung Week ပရိုမိုးရှင်းအစီအစဉ်ကို နိုဝင်ဘာလ (၁၄) ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိပါတယ်။

Samsung Week ပရိုမိုးရှင်း ကာလကိုတော့ နိုဝင်ဘာလ (၁) ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ (၁၄) ရက်နေ့အထိ တိုးမြှင့်ပေးထားတာဖြစ်ပါတယ်။ (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးထားတဲ့ Samsung ထုတ်ကုန်တွေကို ပရိုမိုးရှင်း ကာလအတွင်း Samsung ရဲ့ တရားဝင် eStore လင့်ခ် (https://estoremyanmar.com/) ကနေပဲ ဝယ်ယူနိုင်မှာဖြစ်ပြီး ပစ္စည်းလက်ကျန်ရှိသလောက်ပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အထူးသီးသန့် လျှော့စျေးတွေ ပေးနေတဲ့ Samsung ထုတ်ကုန်များမှာတော့ Samsung ရဲ့ စွမ်းဆောင်ရည်မြင့် Flagship စမတ်ဖုန်းများ၊ Galaxy A Series စမတ်ဖုန်းများ၊ တက်ဘလက်များအပြင် Wearable ထုတ်ကုန်များလည်း ပါဝင်ပါသေးတယ်။

Samsung Week ပရိုမိုးရှင်းကာလမှာ Galaxy A06 5G ကို ဝယ်ယူမယ်ဆိုရင် Galaxy Fit3 ပေါ်မှာ (၅၆) ရာခိုင်နှုန်း လျှော့စျေးရနိုင်မှာဖြစ်တဲ့အတွက် Galaxy A06 5G (4/64 GB) နဲ့ Galaxy Fit3 တို့ကို ပူးတွဲဝယ်ယူပြီး ပရိုမိုးရှင်းစျေးနှုန်း ၇၂၇,၃၆၀ ကျပ် ထဲနဲ့ ရရှိနိုင်မှာပါ။ [ပုံမှန်စျေးနှုန်း Galaxy A06 5G (4/64 GB) ၆၀၉,၀၀၀ ကျပ်၊ Galaxy Fit3 - ၂၆၉,၀၀၀ ကျပ်]

Samsung ရဲ့ Flagship စမတ်ဖုန်းတွေကိုလည်း အောက်ပါ Samsung Week ပရိုမိုးရှင်းစျေးနှုန်းတွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။
Galaxy Z Flip5 (8/256 GB) - ၃,၇၅၄,၈၀၀ ကျပ် [ပုံမှန် စျေးနှုန်း - ၄,၁၅၉,၀၀၀ ကျပ်]
Galaxy S24+ (12/256 GB) - ၃,၆၉၆,၀၀၀ ကျပ် [ပုံမှန် စျေးနှုန်း - ၅,၁၀၉,၀၀၀ ကျပ်]
Galaxy S24 (8/512 GB) - ၃,၀၄၅,၀၀၀ ကျပ် [ပုံမှန် စျေးနှုန်း - ၄,၈၁၉,၀၀၀ ကျပ်]
Galaxy S24 (8/256 GB) - ၃,၀၄၅,၀၀၀ ကျပ် [ပုံမှန် စျေးနှုန်း - ၄,၂၀၉,၀၀၀ ကျပ်]

Samsung ရဲ့ တက်ဘလက်တွေကိုတော့ အောက်ပါ အထူးပရိုမိုးရှင်းစျေးနှုန်းတွေနဲ့ ရရှိနိုင်မှာပါ။
Galaxy Tab S10 Ultra (12/256 GB) - ၅,၀၄၉,၄၅၀ ကျပ် [ပုံမှန် စျေးနှုန်း - ၆,၀၅၃,၀၀၀ ကျပ်]
Galaxy Tab S9 Ultra (12/256 GB) - ၅,၀၇၁,၅၀၀ ကျပ် [ပုံမှန် စျေးနှုန်း - ၆,၃၀၉,၀၀၀ ကျပ်]
Galaxy Tab S9+ (12/256 GB) - ၄,၃၁၇,၃၉၀ ကျပ် [ပုံမှန် စျေးနှုန်း - ၅,၃၇၅,၀၀၀ ကျပ်]
Galaxy Tab A8 (4/64 GB) - ၁,၁၂၄,၅၅၀ ကျပ် [ပုံမှန် စျေးနှုန်း - ၁,၁၅၉,၀၀၀ ကျပ်]
Galaxy Tab A7 Lite (3/32 GB) - ၆၇၉,၁၄၀ ကျပ် [ပုံမှန် စျေးနှုန်း - ၆၉၅,၀၀၀ ကျပ်]

Samsung Wearable ထုတ်ကုန်များကို Samsung Week ပရိုမိုးရှင်းကာလမှာ ဝယ်ယူရရှိနိုင်မယ့် အထူးလျှော့စျေးများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Galaxy Watch 6 Classic (47mm) - ၁,၃၂၇,၂၀၀ ကျပ် [ပုံမှန် စျေးနှုန်း - ၁,၈၀၉,၀၀၀ ကျပ်]
Galaxy Watch 6 (44mm) - ၁,၀၂၀,၆၀၀ ကျပ် [ပုံမှန် စျေးနှုန်း - ၁,၃၃၉,၀၀၀ ကျပ်]
Galaxy Watch 6 (40mm) - ၉၂၄,၀၀၀ ကျပ် [ပုံမှန် စျေးနှုန်း - ၁,၂၆၅,၀၀၀ ကျပ်]
Galaxy Fit3 - ၁၈၀,၆၀၀ ကျပ် [ပုံမှန် စျေးနှုန်း - ၂၆၉,၀၀၀ ကျပ်]
Galaxy Buds FE - ၂၈၅,၆၀၀ ကျပ် [ပုံမှန် စျေးနှုန်း - ၄၂၅,၀၀၀ ကျပ်]

Samsung ရဲ့ အထူးပရိုမိုးရှင်းတွေနဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်သစ်များနဲ့ပတ်သတ်ပြီး အချိန်နဲ့ တပြေးညီသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာ ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။

HONOR OF KINGS (HOK) က မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ဖြင့် အထူးသီးသန့် ပေါင်းစပ် ဖန်တီးထားသည့် Voice Pack နှ...
01/11/2025

HONOR OF KINGS (HOK) က မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ဖြင့် အထူးသီးသန့် ပေါင်းစပ် ဖန်တီးထားသည့် Voice Pack နှင့် Sticker များ စတင်မိတ်ဆက်


ကမ္ဘာကျော် နာမည်ကြီး ဂိမ်းတစ်ခုဖြစ်သည့် HONOR OF KINGS (HOK) သည် မြန်မာနိုင်ငံမှ ချစ်ခင်အားပေးသူ ကစားသမားများအတွက် သီးသန့်ရည်ရွယ်၍ မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ကို ပေါင်းစပ်ထည့်သွင်းဖန်တီးထားသော Voice Pack နှင့် Sticker များကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ယခု မိတ်ဆက်လိုက်သည့် အဆိုပါ Voice Pack နှင့် Sticker များ အပြင် အခြား အပိုထပ်ဆောင်း လက်ဆောင်များကို နိုဝင်ဘာ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း HONOR OF KINGS (HOK) တွင် In-game Missions များ ဆော့ကစားခြင်းဖြင့် အခမဲ့ ရရှိနိုင်မည်ဖြစ်ပါသည်။ အဆိုပါ Voice Line များနှင့် Sticker များကို ကစားသမားတွေအချင်းချင်း ပျော်ရွှင်စွာ ဆက်သွယ် ပြောဆိုနိုင်ရန်နှင့် မြန်မာ့ဂိမ်းအသိုက်အဝန်းကို အလေးထားသည့်အနေဖြင့် သီးသန့် ဖန်တီးထားခြင်းဖြစ်ပါသည်။

HONOR OF KINGS (HOK) က ယခု မိတ်ဆက်လိုက်သည့် ဖန်တီးမှုအသစ်များတွင် မြန်မာဘာသာဖြင့် Voice Line နှစ်ခုနှင့် မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ ပါဝင်သည့် Sticker နှစ်ခု ပါဝင်လာမည်ဖြစ်ပါသည်။ Voice Line နှစ်ခုထဲတွင် မြန်မာကစားသမားတွေ အသုံးများသည့် “ဆေးမထိုးနဲ့” နှင့် “တန်တယ် တန်တယ်” ဆိုသည့် စကားလုံးများကို မြန်မာဘာသာဖြင့် ရရှိနိုင်မှာဖြစ်ပါသည်။ Sticker နှစ်ခုထဲတွင် သနပ်ခါး၊ ကြက်တောင်စည်း၊ ပွဲတော်မီးရှူးမီးပန်း စသည့် မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ ပါဝင်အောင် ဖန်တီးထားသည့် “မှတ်ပြီလားကွ” နှင့် “ဟီးဟီး” တို့ ပါဝင်လာမည်ဖြစ်ပါသည်။ အဆိုပါ Voice Line များနှင့် Sticker များကို မြန်မာကစားသမားတွေ အသုံးများသည့် မြန်မာစကားလုံးတွေအပေါ် အခြေခံပြီး ဖန်တီးထားခြင်းဖြစ်ကာ ကစားသမားတွေအချင်းချင်း ပျော်ရွှင်စွာ လွယ်လွယ်ကူကူ ဆက်သွယ် ပြောဆိုနိုင်မည်ဖြစ်ပါသည်။

HONOR OF KINGS (HOK) ၏ Country Manager ဖြစ်သူ Aman Kumar က “မြန်မာနိုင်ငံက HOK ကစားသမားတွေအတွက် မြန်မာ့အလှအပတွေနဲ့ ယဉ်ကျေးမှုတွေ ပါဝင်တဲ့ Voice Pack နှင့် Sticker ကို ယခုလို မိတ်ဆက်နိုင်ခဲ့အတွက် အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာ့ယဉ်ကျေးမှုကို ဂိမ်းထဲမှာ ထည့်သွင်းပေးခြင်းဟာ မြန်မာ့ဂိမ်းကစားသူတွေကို လေးစားကြောင်း ပြသလိုက်တာဖြစ်ပါတယ်။ ယခု မိတ်ဆက်လိုက်တဲ့ Sticker နှစ်ခုဟာ မြန်မာကစားသမားတွေအတွက် မြန်မာအငွေ့အသက်တွေနဲ့ သီးသန့်ဖန်တီးထားတဲ့ ပထမဆုံး Sticker ဖြစ်လာမှာပါ။ အခု မိတ်ဆက်လိုက်တဲ့ Voice Pack နှင့် Sticker တွေဟာ ကစားသမားတွေအချင်ချင်း မြန်မာလို ဆက်သွယ်ပြောဆိုမှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပြီးတော့ ပိုမို စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဂိမ်းအတွေ့အကြုံတွေကို ရရှိနိုင်စေမှာဖြစ်ပါတယ်။ အခုလို ဖန်တီးမှုတွေကနေ တစ်ဆင့် ကျွန်တော်တို့တွေဟာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတွေကို အလေးထားပြီးတော့ မြန်မာကစားသမား အသိုက်အဝန်းကို ဆက်လက် ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့ပါသည်။

HONOR OF KINGS (HOK) သည် ဒေသတွင်း ယဉ်ကျေးမှု အငွေ့အသက်များနှင့် အသိုက်အဝန်းအလိုက် ပိုမိုဆန်းသစ်သည့် ဂိမ်းအတွေ့အကြုံကောင်းများ ဖန်တီးပေးနိုင်အောင် ကြိုးပမ်းလျက်ရှိပြီး ကမ္ဘာတစ်ဝန်းရှိ ကစားသမားများကို ဆက်လက် ပံ့ပိုးပေးလျက်ရှိပါသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် အသိုက်အဝန်းတွေကနေ တစ်ဆင့် မြန်မာကစားသမားများ၏ ဂိမ်းကစားခြင်း အတွေ့အကြုံတွေကိုလည်း ထူးခြားဆန်းသစ်စေရန် ဆက်လက်ဖန်တီးပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ HONOR OF KINGS (HOK) သည် အပျော်တမ်းကစားသမားများမှ အစ ထိပ်တန်း ပရော်ဖက်ရှင်နယ်များအထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပွဲများကို ပံ့ပိုးပေးနေသည့် E-sports ဂေဟစနစ်နေရာတစ်ခုဖြစ်အောင် စွမ်းဆောင်လျက်ရှိပါသည်။

အက်တမ်(ATOM) နှင့် KBZMS တို့မှ တီထွင်ဆန်းသစ်သော ဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအား မြန်မာနိုင်ငံတွင် မိတ်ဆက်မြန်မာနိုင်ငံ၏ ...
01/11/2025

အက်တမ်(ATOM) နှင့် KBZMS တို့မှ တီထွင်ဆန်းသစ်သော ဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအား မြန်မာနိုင်ငံတွင် မိတ်ဆက်

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM)နှင့် KBZMS General Insurance Company Limited တို့သည် မဟာဗျူဟာကျ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ATOM Store App မှတစ်ဆင့် လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်သော ဒစ်ဂျစ်တယ်အာမခံဝန်ဆောင်မှုများအား ဂုဏ်ယူစွာဖြင့် တရားဝင် မိတ်ဆက်လိုက်ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုသည် အက်တမ်(ATOM) ၏ ခေတ်မီဆန်းသစ်သော ကွန်ရက်စွမ်းရည်များ နှင့် KBZMS ၏ အာမခံလုပ်ငန်းကျွမ်းကျင်မှုတို့အား သေချာစွာ ပေါင်းစပ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် အာမခံအကာအကွယ် ဝန်ဆောင်မှုများ ပိုမိုလွယ်ကူစွာ ရယူနိုင်စေရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လမ်းစဉ်တွင် အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် အက်တမ်(ATOM) နှင့် KBZMS တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် လူနေမှုဘဝ အရည်အသွေးများ မြှင့်တင်ပေးရန် နှင့် အားလုံးပါဝင်လက်လှမ်းမီနိုင်သော ဒစ်ဂျစ်တယ်စနစ်တစ်ခု ပိုအားကောင်းလာစေရန် အထောက်အကူဖြစ်စေကြောင်း သက်သေ ပြုလိုက်ခြင်း ဖြစ်ပါသည်။

ယခုမိတ်ဆက်မှုတွင် ခရီးသွားအာမခံ (KBZMS Travel Protect) နှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ (KBZMS Personal Accident Insurance) ဝန်ဆောင်မှုနှစ်မျိုးပါဝင်ပြီး သုံးစွဲသူများအနေဖြင့် ATOM Store App မှတစ်ဆင့် ရယူသုံးစွဲနိုင်ပြီဖြစ်ပါသည်။ ပူးတွဲထုတ်လုပ်သွားမည့် ဒစ်ဂျစ်တယ်အာမခံဝန်ဆောင်မှုများမှာလည်း လက်ရှိတွင် အကောင်အထည်ဖော်ဆောင်လျက်ရှိနေပြီး အက်တမ်(ATOM) နှင့် KBZMS တို့ ပူးပေါင်း ဆောင်ရွက်မှု၏ နောက်တစ်ဆင့်အနေဖြင့် မကြာမီ မိတ်ဆက်သွားမည် ဖြစ်သည်။ ယခု ပူးပေါင်းဆောင်ရွက်မှုသည် အက်တမ်(ATOM) သုံးစွဲသူများအနေဖြင့် အာမခံဝန်ဆောင်မှုများအတွက် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းတစ်ခုထဲဖြင့် အဆင်ပြေထိရောက်ချောမွေ့စွာ ဝယ်ယူခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လျော်ကြေး တောင်းခံခြင်းများအား နေရာမရွေး၊ အချိန်မရွေး ရယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

"အက်တမ်(ATOM) အနေနဲ့ နိုင်ငံရဲ့ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ အသွင်ကူးပြောင်းရေးတို့အတွက် အမြဲမပြတ် ကြိုးပမ်းလျက်ရှိရာမှာ KBZMS နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာဆိုရင် ကျွန်တော်တို့ရဲ့ ပုံမှန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးခြင်းထက်ကျော်လွန်ပြီး အမှန်တကယ် အားပေးမြှင့်တင်မှုတွေ လုပ်ဆောင်ပေးနိုင်ဖို့ ဆိုတဲ့ မျှော်မှန်းချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အဓိကခြေလှမ်းတစ်ခုလို့ ဆိုရမှာပါ။ မရှိမဖြစ်လိုအပ်တဲ့ အာမခံထုတ်ကုန်တွေကို လူမှုအသိုင်းအဝိုင်းထံသို့ အလွယ်တကူ ရောက်ရှိနိုင်အောင် ၄င်းတို့ကြုံတွေ့နေရတဲ့ ငွေကြေးပိုင်းဆိုင်ရာအခက်အခဲ အတားအဆီးတွေကို ကျော်လွန်နိုင်ပြီး လုံခြုံမှုတွေရှိလာစေဖို့ တိုးမြှင့်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ ATOM Store App သုံးစွဲသူတွေအတွက်လည်း ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ဆန်းသစ်တီထွင်မှု၊ အားလုံးပါဝင်နိုင်မှု နဲ့ သုံးစွဲသူများရဲ့ အနာဂတ် ကောင်းကျိုးအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရိုးရှင်းလုံခြုံစွာနဲ့ ချက်ချင်းရယူနိုင်စေရေးတို့မှာ ကျွန်တော်တို့ထားရှိတဲ့ ကတိကဝတ်ကို တွေ့မြင်နိုင်ပါတယ်" ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။

ထို့အပြင် ATOM Store App မှ တစ်ဆင့် အဆိုပါ အာမခံအကာအကွယ်များ ဝယ်ယူသည့် အက်တမ်(ATOM) သုံးစွဲသူများအနေဖြင့် ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ် အထိ ကျင်းပသွားမည့် အထူးကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကံထူးရှင်များအနေဖြင့် KBZMS ၏ မေတ္တာလက်ဆောင်မွန်အဖြစ် (၆) လ အကာအကွယ်ရှိသော အာမခံထားငွေ ငွေကျပ် သိန်း(၅၀) တန်ဖိုးရှိ ကိုယ်အင်္ဂါထိခိုက်မှုအာမခံပေါ်လစီ (Personal Accident Insurance Policy) အား ရရှိကြမည်လည်းဖြစ်ပါသည်။

KBZMS General Insurance ၏ အမှုဆောင်အရာရှိချုပ် ဦးလူမွန်အောင် ကလည်း "အခုမိတ်ဆက်ပွဲက မြန်မာနိုင်ငံရဲ့အကောင်းဆုံး ဆက်သွယ်ရေးကုမ္ပဏီနဲ့ အာမခံဝန်ဆောင်မှုကုမ္ပဏီတို့ကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး နိုင်ငံရဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကြံ့ခိုင်မှုစွမ်းရည်နဲ့ အားလုံးပါဝင် အသုံးပြုနိုင်သော ငွေကြေးဝန်ဆောင်မှုတွေကို အရှိန်မြှင့်တင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ KBZMS ရဲ့ ယုံကြည်စိတ်ချရတဲ့ အာမခံလုပ်ငန်းကျွမ်းကျင်မှုတွေကို အက်တမ်(ATOM)ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံထားတဲ့ ခိုင်မာတဲ့ ဆက်သွယ်ရေးကွန်ရက်ပေါ်မှာ လာရောက်ပေါင်းစပ်လိုက်ပြီးတော့ ကျွန်တော်တို့ သုံးစွဲသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အကာအကွယ်ရရှိနိုင်မှုတွေကို ဖော်ဆောင်နိုင်ခဲ့ပါပြီ။ အက်တမ်(ATOM) နဲ့ အခုလို ပူးပေါင်းအကောင်အထည်ဖော်နိုင်ခဲ့ခြင်းနဲ့ ကျွန်တော်တို့တွေ ဝန်ဆောင်မှု ပေးနေတဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေအတွက် ကောင်းကျိုးဖြစ်ထွန်းစေမယ့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု တွေ ပူးတွဲဖန်တီးဖို့ ရေရှည်လမ်းစဉ် ချမှတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ်" ဟု ထပ်လောင်း ပြောကြားခဲ့သည်။

အက်တမ်(ATOM) နှင့် KBZMS တို့မှ အာမခံဝန်ဆောင်မှုများအား ပိုမိုလွယ်ကူအဆင်ပြေမှုရှိစေရန် ကြိုးပမ်းလျက်ရှိသောကြောင့် ဒစ်ဂျစ်တယ် ပလက်ဖောင်း ATOM Store App တစ်ခုတည်းမှတစ်ဆင့် မရှိမဖြစ်လိုအပ်သော အာမခံအကာအကွယ်များအား သုံးစွဲသူများ၏ လက်တစ်ကမ်းတွင် ရယူ အသုံးပြုနိုင်သွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းအားထုတ်မှုသည် ဝန်ဆောင်မှုများအား အဆင်ပြေချောမွေ့မှု ရှိလာစေရုံသာမက နေ့စဉ်လူမှုဘဝတွင် ငွေကြေးဆိုင်ရာ အသိပညာများနှင့် ငွေကြေးပိုင်းအရ ခိုင်မာမှုရှိစေရန်အတွက် မြှင့်တင်လုပ်ဆောင်ပေးနေခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံအနှံ့ မြို့နယ် (၃၀၀) ကျော်အထိ ကွန်ရက်လွှမ်းခြုံထားသော အက်တမ်(ATOM) သည် ATOM Store App တွင် အဆိုပါဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအသစ်များ မိတ်ဆက်ခြင်းအားဖြင့် အာမခံကာကွယ်မှုများ အား သုံးစွဲသူတိုင်းအတွက် ပိုမိုရင်းနှီးကျွမ်းဝင်စေခဲ့ပါသည်။ ဤလုပ်ဆောင်ချက်သည် အားလုံးနှင့် သက်ဆိုင်သော ဒစ်ဂျစ်တယ်စနစ်တစ်ခု ဖော်ဆောင်မှုအား ချဲ့ထွင်ပေးရုံသာမက မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ငွေကြေးဆိုင်ရာ အကာအကွယ်ရရှိရေး ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေစွာ ရယူနိုင်စေမည်လည်း ဖြစ်ပါသည်။ အက်တမ်(ATOM) နှင့် KBZMS တို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူများအားချိတ်ဆက်ပေးရင်း၊ လူနေမှုဘဝများ တိုးတက်ပြီး လူမှုအဖွဲ့အစည်းများ ခိုင်မာလာစေနိုင်ရန် ပိုမိုကောင်းမွန်သော မြန်မာ့ဒစ်ဂျစ်တယ် အနာဂတ် ဖြစ်ထွန်းလာစေရေးဆိုသည့် အက်တမ်(ATOM) ၏ ရည်မှန်းချက်ကို ပိုမိုအားကောင်းလာစေပါသည်။

ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား အလွယ်တကူ ရှာဖွေသွားနိုင်တော့မည့် Viber Marketplace လုပ်ဆောင်ချက်အား မြန်...
24/10/2025

ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား အလွယ်တကူ ရှာဖွေသွားနိုင်တော့မည့် Viber Marketplace လုပ်ဆောင်ချက်အား မြန်မာနိုင်ငံတဝန်းတွင် စတင်မိတ်ဆက်

Rakuten Viber သည် ၎င်း၏ Marketplace လုပ်ဆောင်ချက်အား မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ Viber အသုံးပြုသူများအနေနှင့် အဆိုပါ အသစ်မိတ်ဆက်လိုက်သည့် Viber Marketplace မှ တဆင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ ရှော့ပင်းနှင့် အခြားများစွာသော ဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို ရောင်းချပေးနေသည့် ထောင်ပေါင်းများစွာသော စီးပွားရေးလုပ်ငန်းများစွာအား အလွယ်တကူ ရှာဖွေချိတ်ဆက်သွား နိုင်တော့မည် ဖြစ်သည်။

Viber ၏ ယခင် “Explore” လုပ်ဆောင်ချက်နေရာတွင် အစားထိုးလိုက်သည့် Viber Marketplace သို့ဝင်ရောက်၍ အသုံးပြုသူများ အနေနှင့် ၎င်းတို့အတွက် ကြိုတင်ပြသထားသော လုပ်ငန်းများအနက်မှ ဖြစ်စေ၊ မိမိရှာဖွေလိုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများအား ရွေးချယ်၍ဖြစ်စေ၊ မိမိရှာဖွေလိုသည့် စီးပွားရေးလုပ်ငန်းနာမည်အား သီးသန့်ရိုက်ထည့် ရွေးချယ်၍ဖြစ်စေ - လွယ်ကူလျင်မြန်သောနည်းလမ်း ၃ ခုဖြင့် ကြိုက်နှစ်သက်ရာ စီးပွားရေးလုပ်ငန်းများ အား ရှာဖွေသွားနိုင်မည် ဖြစ်သည်။ ထိုသို့ ရှာဖွေရာတွင် အသုံးပြုသူများ အနေနှင့် ၎င်းတို့၏ ဖုန်းနံပါတ်များအား မျှဝေစရာ မလိုပဲ စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းပရိုဖိုင်များအား ကြည့်ရှုခြင်း၊ ရရှိနိုင်မည့် ထုတ်ကုန်များ (သို့မဟုတ်) ဝန်ဆောင်မှု များအား ကြည့်ရှုခြင်းအပြင် လုပ်ငန်းများနှင့် တိုက်ရိုက်စာတိုပေးပို့ပြောဆိုခြင်းများကိုလည်း Viber Marketplace မှတဆင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ အသုံးပြုသူများအနေနှင့် သိလိုသည့် အကြောင်းအရာ အချက်အလက်များအား ရွေးချယ်၍ ၎င်းတို့နှင့် ကိုက်ညီမှု အရှိဆုံး ထုတ်ကုန်များ (သို့) ဝန်ဆောင်မှုများအား Viber အက်ပလီကေးရှင်း အတွင်း မှတဆင့် အဆင့်အနည်းငယ်မျှဖြင့် လွယ်ကူ လျင်မြန်စွာ ရွေးချယ်ဝယ်ယူသွားနိုင်မည် ဖြစ်သည်။

Viber အသုံးပြုသူများအနေနှင့် Marketplace Tab အား ဝင်ရောက်လိုက်ပြီး ၎င်းတို့ရောက်ရှိနေသည့် တည်နေရာ အတိအကျကို Viber App နှင့် မျှဝေပေးခြင်းဖြင့် တည်နေရာဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းများအား အလွယ်တကူ တွေ့ရှိသွားနိုင်မည် ဖြစ်သည်။ အကယ်၍ တည်နေရာအား မျှဝေလိုခြင်းမရှိပါက အသုံးပြုသူများ၏ အကြမ်းဖျင်း တည်နေရာပေါ် မူတည်၍ စီးပွားရေး လုပ်ငန်းများ ပြသပေးသွားမည် ဖြစ်သည်။ အလားတူပင် Viber Marketplace အား မြန်မာနိုင်ငံအတွင်း တစ်နေရာမှတစ်နေရာ သို့ သွားလာနေသည့်အချိန်တွင် အသုံးပြုပါက ရှာဖွေသည့် ရလဒ်များသည်လည်း တည်နေရာအပေါ် မူတည်၍ အလိုအလျောက် ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုသို့ပြသပေးရာတွင် Viber Marketplace သည် အသုံးပြုသူများ ရှာဖွေ လိုသည့် ဝန်ဆောင်မှု (သို့) ကုန်ပစ္စည်းအပေါ်မူတည်၍ သင့်တော်မှုအရှိဆုံးနှင့် Viber တွင် Active အဖြစ်ဆုံး စီးပွားရေး လုပ်ငန်းများအား ပြသပေးသွားမည် ဖြစ်သည်။

“မြန်မာနိုင်ငံ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေဟာ များသောအားဖြင့် အွန်လိုင်းအခြေပြု လုပ်ငန်းတွေဖြစ်ကြပြီး ဝယ်ယူအားပေးသူတွေနဲ့ ချိတ်ဆက်ဖို့အတွက် အမျိုးမျိုးသော ဒစ်ဂျစ်တယ်နည်းလမ်းတွေကို အသုံးပြုလေ့ရှိကြပါတယ်။ Viber ဟာ မြန်မာနိုင်ငံမှာ အသုံးပြုမှုအများဆုံး ထိပ်တန်း ဆက်သွယ်ချိတ်ဆက်မှု ပလက်ဖောင်းတစ်ခု ဖြစ်တာနဲ့အညီ ပြည်တွင်းကစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဝယ်ယူအားပေးသူတွေ အလွယ်တကူ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်ပေး သွားနိုင်ဖို့ ဆိုတာ ကျွန်တော်တို့ရဲ့ အဓိကကျတဲ့ ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်” ဟု Rakuten Viber ရဲ့ GM of FinTech and VP of Business Solutions ဖြစ်သူ Ritesh Shah က ပြောကြားခဲ့သည်။

Viber Marketplace အား လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ Viber အသုံးပြုသူများ အားလုံး အသုံးပြုသွားနိုင်မည် ဖြစ်ကာ ပြည်တွင်း ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်ပစ္စည်းအရောင်းဆိုင်များအား အလွယ်တကူ ရှာဖွေသွားနိုင်တော့မည် ဖြစ်သည်။ ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းသစ်များစွာ သည်လည်း အခမဲ့ Viber Business Accounts များအား နေ့စဉ် အသစ်ဖွင့်လှစ်နေကြသည့်အတွက် အသုံးပြုသူများအနေနှင့် နေ့စဉ်နှင့်အမျှ အသစ် အသစ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများစွာအား ရှာဖွေတွေ့ရှိသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Rakuten Viber သည် စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုသူများနှင့် ဆက်သွယ်နိုင်မည့် အထူးလုပ်ဆောင်ချက် များစွာ ကိုလည်း ဆက်လက်မိတ်ဆက်သွားရန်ရှိကြောင်း ပြောကြားခဲ့သည်။

M5 iPad Pro ကလွဲပြီး ကျန်တာဘာမှ upgrade အသစ် မပါလာတဲ့ M5 Apple Product အသစ်များပြီးခဲ့အပတ်မှာပဲ rumors တွေအရ Apple က M5 ...
21/10/2025

M5 iPad Pro ကလွဲပြီး ကျန်တာဘာမှ upgrade အသစ် မပါလာတဲ့ M5 Apple Product အသစ်များ

ပြီးခဲ့အပတ်မှာပဲ rumors တွေအရ Apple က M5 Macbook Pro, M5 iPad Pro နဲ့ M5 Vision Pro တို့ကို ကြေညာခဲ့လိုက်ပါတယ်။ ဒီတခေါက်ရဲ့ Apple Product အကုန်လုံးကတော့ M5 Chip upgrade ပဲဆိုပေမဲ့ iPad Pro မှာပဲသာ သိသိသာသာ upgrade တွေပါဝင်လာတာပါ။

ဘာလို့လဲဆိုတော့ Apple ဟာ သူတို့ ကိုယ်ပိုင် chip တွေဖြစ်တဲ့ C1X 5G Modem chip နဲ့ N1 Wireless chip တွေကို စက်တင်ဘာလက iPhone 17 Family နဲ့အတူ မိတ်ဆက်ပေးခဲ့ပြီး M5 iPad Pro မှာပဲထည့်ပေးထားလို့ပါပဲ။ နောက်ပြီးတော့ iPhone 17 Pro လိုပဲ ဒီ M5 iPad Pro ကလဲ 12GB RAM နဲ့ပါလာတာပါပဲ။

ပိုဆိုးတာက တကယ် productivity product တခုဖြစ်တဲ့ ဒီ M5 Macbook Pro ဟာ အခုထိ WiFi 6E နဲ့ Bluetooth 5.3 ပဲသုံးနေသေးတာရယ်၊ Apple ကိုယ်တိုင် M4 Pro နဲ့ M4 Max တုန်းက မိတ်ဆက်ပေးခဲ့တဲ့ Thunderbolt 5 ကလဲ ဒီ M5 Macbook Pro မှာ မပါလာတာရယ်တို့က တကယ်ကို စိတ်ပျက်စရာပါပဲ။

Apple Vision Pro လဲ M5 Chip ပြောင်းတာနဲ့ ဘက်ထရီပိုခံသွားတာကလွဲလို့ ဘာမှမပြောင်းလဲသွားပါဘူး။ သူရောပဲ WiFi 6E နဲ့ Bluetooth 5.3 ပဲသုံးနေတုန်းပါပဲ။

ဒီတော့ ဒီ M5 Product တွေကတော့ ဘာမှပြောင်းလဲမှုမရှိတဲ့ Product line up လို့ပြောလို့ရပါတယ်။ ဖြစ်နိုင်ရင်တော့ ဈေးကျသွားတဲ့ M4 iPad Pro နဲ့ Macbook Pro ကမှ လက်ရှိမှာပိုတန်တယ်လို့ပြောရပါမယ်။ လိုအပ်သူတွေတော့ M4 လက်ကျန် stock တွေကို အမြန်ဝယ်ဖို့ အကြံပေးလိုက်ပါတယ်။ အသစ်လိုချင်တယ် M5 ရဲ့ performance ပဲလိုချင်သူတွေတော့ ဝယ်ယူချင်တဲ့သူရဲ့ သဘောပါပဲ။



photo credits: AppleClubs

Chip အဟောင်းသုံးပြီး AirPods 4 ANC ထက် ဈေးကြီးတဲ့ Powerbeats Fitဒီ အောက်တိုဘာလ အစမှာတင်ပဲ Apple က 2021 တုန်းက လူကြိုက်မျ...
21/10/2025

Chip အဟောင်းသုံးပြီး AirPods 4 ANC ထက် ဈေးကြီးတဲ့ Powerbeats Fit

ဒီ အောက်တိုဘာလ အစမှာတင်ပဲ Apple က 2021 တုန်းက လူကြိုက်များတဲ့ Beats Fit Pro ကို Powerbeats series အောက်ထဲထည့်ပြီး Powerbeats Fit လို့ product အသစ်ပြန်လည်ကြေညာလိုက်ပါတယ်။

ဒါပေမဲ့ ဒီ Powerbeats Fit က product အသစ်မဟုတ်ပဲ အရင် Beats Fit Pro ကို အနည်းငယ်ပြန် upgrade လိုက်ပြီး နာမည်ပြောင်းလိုက်တာပါပဲ။ ဒီ Powerbeats Fit သူရဲ့ wingtips ကို ပိုကောင်းအောင်လုပ်လိုက်ပြီး အရင် Beats Fit Pro ထက် earbuds ရော case ရော နည်းနည်းပိုသေးသွားပါတယ်။ အဲ့တော့ တပ်ရပိုလွယ် သယ်ရပိုလွယ် သွားတာပေါ့။

ဒါပေမဲ့ ဒီ Powerbeats Fit က အရင် Beats Fit Pro လိုပဲ ဘက်ထရီကပြောင်းလဲမှုမရှိပဲ အားအပြည့်ဆို 7 နာရီခံပြီး case နဲ့ဆို နာရီ 30 အထိခံပါတယ်။ ဒါတင်မကပါဘူး၊ ဒီ Powerbeats Fit ဟာ အရင် Beats Fit Pro လိုပဲ $199.99 နဲ့ရောင်းချပြီး အထဲမှာက 2021 က အသုံးပြုတဲ့ H1 Chip ကိုပဲသုံးထားသေးတုန်းပါပဲ။ အဲတော့ AirPods 4 ANC ထက်လဲဈေးများတယ်၊ အခြား feature အသစ်တွေလဲမပါတော့ နည်းနည်းတော့ မေးခွန်းထုတ်စရာဖြစ်လာတယ်။

Beats ရဲ့အသံကို ကြိုက်တယ်၊ Powerbeats Pro လို နားရွက်ချိတ်တာ မလိုချင်တဲ့သူတော့ ဒီ Powerbeats Fit ကိုရွေးမယ်လို့တော့ ထင်မယ်၊ ဘာလို့လဲဆိုတော့ ဒီ earbuds ရွေးတဲ့သူတော်တော်များများက sport type အတွက် နားကနေတော်ရုံထွက်မကျတဲ့ earbuds ပဲလိုချင်ပြီး Live Translation တွေမလိုတဲ့သူတွေအတွက်လို့တော့ ထင်ရပါတယ်။

သင်ရောဘယ်လိုထင်လဲ၊ comment မှာ ဆွေးနွေးသွားလို့ရပါတယ်။

အဆင့်မြင့် AI လုပ်ဆောင်ချက်၊ ကြည်လင်ပြတ်သားပြီး ဝေဝါးမှုကင်းတဲ့ OIS ကင်မရာတို့ ပါဝင်လာပြီး ၆ နှစ်အထိ စိတ်ကြိုက်သုံးနိုင်...
21/10/2025

အဆင့်မြင့် AI လုပ်ဆောင်ချက်၊ ကြည်လင်ပြတ်သားပြီး ဝေဝါးမှုကင်းတဲ့ OIS ကင်မရာတို့ ပါဝင်လာပြီး ၆ နှစ်အထိ စိတ်ကြိုက်သုံးနိုင်မယ့် Samsung Galaxy A17 5G နှင့် Galaxy A17 စမတ်ဖုန်း အသစ်များ

Samsung Myanmar ရဲ့ နေ့စဉ်ဘဝကို ပိုမိုအဆင်ပြေချောမွေ့အောင် ကူညီပေးမယ့် Awesome အဖြစ်ဆုံး Galaxy AI လုပ်‌ဆောင်ချက်များ ပါဝင်လာတဲ့ Galaxy A17 5G နဲ့ Galaxy A17 စမတ်ဖုန်းအသစ်တွေကို မြန်မာနိုင်ငံမှာ အထူးခံစားခွင့်၊ လက်ဆောင်များနဲ့အတူ ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Galaxy A Series စမတ်ဖုန်းတွေမှာ ဝေဝါးမှုကင်းတဲ့ ပုံရိပ်တွေပေးစွမ်းမယ့် OIS ကင်မရာလည်း ပါဝင်လာတာဖြစ်ပြီး ပရီမီယံဆန်တဲ့ ဒီဇိုင်း နဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေကြောင့် သုံးစွဲသူများ နှစ်သက်သဘောကျစေမှာပါ။ “၆နှစ်အထိ” စိတ်ကြိုက်သုံးနိုင်စေအောင်ရည်ရွယ်ပြီး OS Update နဲ့ Security Upgrade တို့ကို ၆ နှစ်အထိ ပေးထားတဲ့အပြင် မတော်တဆ ထိခိုက်မှန်ကွဲခြင်းအတွက် “၂ နှစ်အထိ” တိုးမြင့်ကာကွယ်ပေးထားတဲ့ Samsung Care+ နဲ့ iP54 အဆင့်ရေစိုဒဏ်ခံနိုင်စွမ်းတို့ပါ ထည့်သွင်းပေးထားတဲ့အတွက် ရည်ရှည်စိတ်ချစွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

လိုင်းဆွဲအားပိုမို ကောင်းမွန်တဲ့ Galaxy A17 5G နဲ့ စျေးနှုန်းပိုမိုသက်သာတဲ့ Galaxy A17 မော်ဒယ်တို့ကို နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး အဆိုပါ စမတ်ဖုန်းအသစ်နှစ်မျိုးလုံးကို ပါးလွှာပြီး ပရီမီယမ်ဆန်တဲ့ ကင်မရာဒီဇိုင်း နဲ့ နောက်ကျောဖက်ဒီဇိုင်းကို သပ်ရပ်လှပအောင် ဖန်တီးထားပါတယ်။ 7.5mm အထူရှိပြီး 192g သာ လေးတာကြောင့် ပေါ့ပါးကျစ်လျစ်လှပသလို အရှေ့ဘက်ခြမ်းမှာ Gorilla Glass Victus ကို အသုံးပြုပေးထားတာကြောင့် အကြမ်းခံမှုကို ခံစားနိုင်မှာဖြစ်ပါတယ်။ 6.7” Super AMOLED Infinity-U မျက်နှာပြင်မှာ 90Hz refresh rate ကို အသုံးပြုပေးထားပြီး Performance ပိုင်းမှာလည်း Exynos1330 5nm ကို အသုံးပြုပေးထားတာကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ Gaming ပိုင်းနှင့် multi-tasking ပိုင်းများကို စိုပြေတောက်ပတဲ့မျက်နှာပြင်နှင့် သွက်လက်အမြန်ဆန်ဆုံးဖြင့် အသုံးပြုနိုင်မှာပါ။ HDM 800nits ပါဝင်တာကြောင့် ပြင်ပအလင်းရောင်များသောနေရာများတွင်ပါ စိုပြေတောက်ပစွာ ကြည့်ရှုနိုင်စေဦးမှာပါ။ 5,000 mAh ဘက်ထရီကိုထည့်သွင်းပေး ထားလို့ ကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်ပြီး 25W Super-Fast Charging ပါဝင်တာကြောင့် ပြန်လည်အားသွင်းရာမှာလည်း အထူးမြန်ဆန်စေဦးမှာဖြစ်ပါတယ်။

Galaxy A17 စမတ်ဖုန်းတွေမှာ အရည်အသွေးမြင့် ဓာတ်ပုံနှင့်ဗီဒီယိုများကို အကောင်းဆုံး ရိုက်ကူးနိုင်စေရန်အတွက် 50MP Main OIS ကင်မရာ၊ 5MP Ultra-Wide ကင်မရာနဲ့ 2MP Macro ကင်မရာတို့ကို ထည့်သွင်းပေးထားတာကြောင့် ဝေဝါးမှုအနည်းဆုံးနဲ့ OIS ကြောင့် တည်ငြိမ်ပြတ်သား ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို ဖန်တီးရိုက်ကူးနိုင်စေမှာပါ။ 13MP Selfie ကင်မရာကို အသုံးပြုထားတဲ့အတွက် လှပတဲ့အလှပုံတွေကို အသေးဆုံးအရာများအထိဝေဝါးမှုအနည်းဆုံးနဲ့ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံများကိုလည်း Edit Suggestion ကနေ တဆင့် အကောင်းဆုံး ဓာတ်ပုံများဖြစ်အောင် လွယ်ကူလျင်မြန်စွာ ဖန်တီးနိုင်စေဦးမှာပါ။

Galaxy AI လုပ်ဆောင်ချက်များကိုလည်း ယခင်ထက် ပိုမိုအဆင့်မြှင့်တင်ပေးလာပြီး Circle to Search တွင် သိလိုသမျှအကြောင်းအရာကို ရှာဖွေနိုင်ရုံတင်သာမကပဲ သီချင်းများကိုပါရှာဖွေလာနိုင်သလို တစ်ချက်ထဲနှိပ်လိုက်ရုံနဲ့ ဖုန်းခေါ်ခြင်း၊ အီးမေးလ်ပို့ခြင်း နှင့် ဝဘ်ဆိုဒ်ကိုသွားရောက်ကြည့်ရှုခြင်းများကို လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် Gemini Live နှင့် အပြန်အလှန် ဆက်သွယ်ပြီး မည်သည့်အကြောင်းအရာမဆို သိလိုသည်များကို တိုက်ရိုက် မေးမြန်းနိုင်မှာဖြစ်ပြီး Seamless Actions Across Apps ဖြင့်လည်း လုပ်ဆောင်မှုများစွာကို တစ်ခါတည်းလုပ်နိုင်စေမှာပါ။

စိတ်အချရဆုံး လုံခြုံရေးစနစ်ကို ပေးစွမ်းနိုင်စေဖို့ EAL5+ ရဲ့ ကမ္ဘာ့အဆင့်မီ လုံခြုံရေးစနစ်အသိအမှတ်ပြုလက်မှတ် ရရှိထားတဲ့ Samsung Knox Vault ကိုလည်း ထည့်သွင်းပေးထားသောကြောင့် Samsung Knox Vault က မိုဘိုင်းဖုန်းရဲ့ Software ပိုင်း နဲ့ Hardware ပိုင်း ၂ မျိုးလုံးကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး End-to-end data encryption ပြုလုပ်ပေးထားတာဖြစ်လို့ မည်သည့်အခြေအနေမှာမဆို မိမိရဲ့ ဒေတာတွေကို အခြားတစ်စုံတစ်ယောက်က ခိုးယူဝင်ရောက်ခြင်းမပြုနိုင်အောင် တားဆီးပေးထားနိုင်မှာ ဖြစ်ပါတယ်။

Galaxy A17 စမတ်ဖုန်းအသစ်များကို အောက်ပါ အရောင်နဲ့ ဈေးနှုန်းတွေ အတိုင်း နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်သလို Samsung ရဲ့ တရားဝင် eStore လင့်ခ် (https://bit.ly/buy-galaxya17) မှတစ်ဆင့်လည်း နှစ်သက်ရာ အရောင်၊ Memory စသည်တို့ကို ရွေးချယ်ပြီး လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင်မှာပါ။

- Galaxy A17 5G (8/256GB) – ၁,၀၅၃,၀၀၀ ကျပ်
- Galaxy A17 5G (8/128GB) – ၉၂၇,၀၀၀ ကျပ်
- ရရှိနိုင်မည့်အရောင်များ - Black၊ ​Blue
- Galaxy A17 (8/256GB) – ၉၁၆,၀၀၀ ကျပ်
- Galaxy A17 (8/128GB) – ၇၉၅,၀၀၀ ကျပ်
- Galaxy A17 (8/128GB) – ၆၇၄,၀၀၀ ကျပ်
- ရရှိနိုင်မည့်အရောင်များ - Black၊ Grey၊ Light Blue

Galaxy A17 စမတ်ဖုန်းအသစ်တွေကို ဝယ်ယူမယ်ဆိုရင် အောက်ပါအထူးခံစားခွင့်နှင့် လက်ဆောင်တွေကိုလည်း ရရှိသွားနိုင်ဦးမှာဖြစ်ပါတယ်။

- လက်ဆောင်အနေနဲ့ 25W Charger နဲ့ Silicone Cover တို့ပါဝင်တဲ့ Free Gift Bundle Box ကို ပစ္စည်းလက်ကျန်ရှိသလောက် ပေးအပ်သွားပါ။
- အတိုးမဲ့ အရစ်ကျ အစီအစဉ် အနေနဲ့လည်း AYA Pay (သို့) Blue Season အစီအစဥ်များနဲ့ ချိတ်ဆက်ပြီး (၆) လအရစ်ကျ စနစ်နဲ့ ဝယ်ယူသွားနိုင်ဦးမှာဖြစ်ပါတယ်။ Rent 2 Own အစီအစဉ်နဲ့ ဝယ်ယူမယ်ဆိုရင်တော့ ပျမ်းမျှ ၂.၄ % ဝန်းကျင် အတိုးနှုန်းနဲ့ (၁၂) လအရစ်ကျ ဝယ်ယူနိုင်မှာပါ။
- ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း လစဉ် ကျပ် ၁၀,၀၀၀ (သို့) ၅,၀၀၀ (သို့) ၃,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ ဖြည့်သွင်းတဲ့ ငွေပမာဏအလိုက် ဒေတာ 3GB မှ 8GB အထိကို (၆) ကြိမ် အခမဲ့ ရရှိသွားနိုင်မှာဖြစ်ပါတယ်။
- Samsung Care+ ရဲ့ No Worry Crack ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၆၀ % သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၂ နှစ်အတွင်း ခံစားခွင့် ၁ ကြိမ်ကိုလည်း ရရှိသွားနိုင်ဦးမှာပါ။

Galaxy A17 စမတ်ဖုန်းအသစ်ကို နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ငွေကျပ် ၃ သိန်းကျော်မှစတင်တဲ့ အသက်သာဆုံးစျေးစျေးနှုန်း၊ ၂ နှစ်ကြာကာကွယ်ပေးထားမယ့် Samsung Care+ နှင့် ၆ နှစ်ထိ စိတ်ကြိုက...
17/10/2025

ငွေကျပ် ၃ သိန်းကျော်မှစတင်တဲ့ အသက်သာဆုံးစျေးစျေးနှုန်း၊ ၂ နှစ်ကြာကာကွယ်ပေးထားမယ့် Samsung Care+ နှင့် ၆ နှစ်ထိ စိတ်ကြိုက်သုံးနိုင်မယ့် Samsung Galaxy A07 စမတ်ဖုန်းအသစ်

Samsung Myanmar ကနေ ရိုးရှင်းလှပပြီး အဆင့်မြှင့်တင်ထားသောလုပ်‌ဆောင်ချက်များ ပါဝင်လာတဲ့ Galaxy A07 စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Galaxy A Series စမတ်ဖုန်းတွေကို ငွေကျပ် “၃ သိန်း” ကျော်မှစတင်တဲ့ အသက်သာဆုံးစျေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Galaxy A07 Series စမတ်ဖုန်း မော်ဒယ်တွေမှာ ပထမဆုံးအနေနဲ့ ပါဝင်လာတဲ့ iP54 အဆင့်ရေစိုဒဏ်ခံနိုင်စွမ်းအပြင် မတော်တဆ ထိခိုက်မှန်ကွဲခြင်းအတွက် Samsung Care+ ဖြင့် “၂ နှစ်အထိ” တိုးမြင့်ကာကွယ်ပေးထားတဲ့အတွက် ရည်ရှည်စိတ်ချစွာအသုံးခံနိုင်မှာပါ။ OS Update နှင့် Security Upgrade ကိုလည်း ၆ နှစ်ထိ ပေးသွားမှာဖြစ်လို့ “၆နှစ်အထိ” စိတ်ကြိုက်သုံးနိုင်စေမှာဖြစ်ပါတယ်။

Galaxy A07 စမတ်ဖုန်းအသစ်ကိုတော့ ခေတ်မှီလှပသော ကင်မရာဒီဇိုင်း၊ သပ်ရပ်လှပသော ဘေးဘောင်ဒီဇိုင်းများကြောင့် ပရီမီယမ်ဆန်တဲ့ ခံစားမှုများကို ရရှိနိုင်မှာပါ။ 184g သာ ရှိပြီး GFRP Materials ကို အသုံးပြုထားတာကြောင့် ပေါ့ပါးကျစ်လျစ်လှပပြီး အကြမ်းခံမှုကို ခံစားနိုင်မှာဖြစ်ပါတယ်။ 6.7” PLS LCD Display နှင့် 90Hz refresh rate ကို အသုံးပြုပေးထားပြီး Performance ပိုင်းတွင်လည်း MediaTek Helio G99 (6nm) AP ကို အသုံးပြုပေးထားတာကြောင့် ပိုမိုကောင်းမွန်လာပြီး ရုပ်ရှင်ကြည့်ခြင်း၊ Gaming ပိုင်းနှင့် multi-tasking ပိုင်းများကို စိုပြေတောက်ပတဲ့မျက်နှာပြင်နှင့် သွက်လက်အမြန်ဆန်ဆုံးဖြင့် အသုံးပြုနိုင်ပါတယ်။ 5,000 mAh ဘက်ထရီကိုထည့်သွင်းပေး ထားလို့ ကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်ပြီး 25W Super-Fast Charging ပါဝင်တာကြောင့် ပြန်လည်အားသွင်းရာမှာလည်း အထူးမြန်ဆန်စေဦးမှာဖြစ်ပါတယ်။ ကင်မရာအပိုင်းမှာလည်း 50MP Main ကင်မရာ နဲ့ 2MP Depth ကင်မရာ တို့ ပါဝင်လာတဲ့အတွက် ပိုမိုကျယ်ပြန့်ပြီး ဝေဝါးမှုနည်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်စေမှာပါ။ 8MP Selfie ကင်မရာ ကို အသုံးပြုထားပြီး Studio Quality ဆန်တဲ့ Self Portraits များကိုလည်း ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ စိတ်အချရဆုံး လုံခြုံရေးစနစ်ကို ပေးစွမ်းနိုင်စေဖို့ EAL5+ ရဲ့ ကမ္ဘာ့အဆင့်မီ လုံခြုံရေးစနစ်အသိအမှတ်ပြုလက်မှတ် ရရှိထားတဲ့ Samsung Knox Vault ကိုလည်း Galaxy A07 မှာ ထည့်သွင်းပေးထားတာကြောင့် Samsung Knox Vault က မိုဘိုင်းဖုန်းရဲ့ Software ပိုင်း နဲ့ Hardware ပိုင်း ၂ မျိုးလုံးကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး End-to-end data encryption ပြုလုပ်ပေးထားတာဖြစ်လို့ မည်သည့်အခြေအနေမှာမဆို မိမိရဲ့ ဒေတာတွေကို အခြားတစ်စုံတစ်ယောက်က ခိုးယူဝင်ရောက်ခြင်းမပြုနိုင်အောင် တားဆီးပေးထားနိုင်မှာ ဖြစ်ပါတယ်။

Galaxy A07 စမတ်ဖုန်းအသစ်များကို လူငယ်ဆန်ပြီး လှပတဲ့ အရောင်တွေနဲ့ ရရှိနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ အောက်ပါ အရောင်နဲ့ ဈေးနှုန်းတွေ အတိုင်း ဝယ်ယူရရှိနိုင်မှာပါ။
• Galaxy A07 (6/128 GB) – ၅၃၇,၀၀၀ ကျပ်
• Galaxy A07 (4/128 GB) – ၄၇၄,၀၀၀ ကျပ်
• Galaxy A07 (4/164 GB) – ၃၉၉,၀၀၀ ကျပ်
• ရရှိနိုင်မည့်အရောင်များ - Black၊ Light Violet၊ Green
Galaxy A07 စမတ်ဖုန်းအသစ်ကို နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်သလို Samsung ရဲ့ တရားဝင် eStore လင့်ခ် (https://bit.ly/buy-galaxya07) မှတစ်ဆင့်လည်း နှစ်သက်ရာ အရောင်၊ Memory စသည်တို့ကို ရွေးချယ်ပြီး လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Galaxy A07 စမတ်ဖုန်းအသစ်တွေကို ဝယ်ယူမယ်ဆိုရင် အောက်ပါအထူးခံစားခွင့်နှင့် လက်ဆောင်တွေကိုလည်း ရရှိသွားနိုင်ဦးမှာပါ။
· လက်ဆောင်အနေနဲ့ 25W Charger နဲ့ Silicone Cover တို့ပါဝင်တဲ့ Free Gift Bundle Box ကို ပစ္စည်းလက်ကျန်ရှိသလောက် ရယူနိုင်မှာဖြစ်ပါတယ်။်။
· အတိုးမဲ့ အရစ်ကျ အစီအစဉ် အနေနဲ့လည်း AYA Pay (သို့) Blue Season အစီအစဥ်များနဲ့ ချိတ်ဆက်ပြီး (၆) လအရစ်ကျ စနစ်နဲ့ ဝယ်ယူသွားနိုင်ဦးမှာဖြစ်ပါတယ်။
· ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း လစဉ် ကျပ် ၁၀,၀၀၀ (သို့) ၅,၀၀၀ (သို့) ၃,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ ဖြည့်သွင်းတဲ့ ငွေပမာဏအလိုက် ဒေတာ 3GB မှ 8GB အထိကို ၆ ကြိမ် အခမဲ့ ရရှိသွားမှာပါ။
· Samsung Care+ ရဲ့ No Worry Crack ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၆၀ % သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၂ နှစ်အတွင်း ခံစားခွင့် ၁ ကြိမ်ကိုလည်း ရရှိသွားနိုင်ဦးမှာပါ။

Galaxy A07 စမတ်ဖုန်းအသစ် အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Tech Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tech Hub:

Share