Tech Hub

Tech Hub This is a one stop technology news page to provide the latest technology news from many sources. We

တစ်ကမ္ဘာလုံးဆိုင်ရာ စတင်မိတ်ဆက်မှုနဲ့အတူ မိမိရဲ့ ကင်မရာအသစ်တစ်လုံးကို ထိတွေ့လိုက်ရသလို ခံစားရစေမဲ့ OPPO Find X9 Ultraကမ္...
04/05/2026

တစ်ကမ္ဘာလုံးဆိုင်ရာ စတင်မိတ်ဆက်မှုနဲ့အတူ မိမိရဲ့ ကင်မရာအသစ်တစ်လုံးကို ထိတွေ့လိုက်ရသလို ခံစားရစေမဲ့ OPPO Find X9 Ultra

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်တဲ့ OPPO က ယနေ့မှာ နောက်ဆုံးပေါ် ကင်မရာ နည်းပညာပါရှိတဲ့ Flagship စမတ်ဖုန်း ဖြစ်တဲ့ OPPO FindX9 Ultra ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ စမတ်ဖုန်းသုံးစွဲသူတွေအတွက် လက်စွဲတော် ကင်မရာအသစ်လို့တောင် တင်စားရတဲ့ OPPO Find X9 Ultra ဟာဆိုရင် ‌နည်းပညာလောကကို ဦးဆောင်နေတဲ့ နောက်ဆုံးပေါ် Hardware နည်းပညာနဲ့အတူ ချောမွေ့သွက်လက်စွာ အသုံးပြုနိုင်မဲ့အပြင် ကမ္ဘာ့ပထမဆုံး 50MP 10x optical telephoto ၊ 200MP ပါရှိတဲ့ ကင်မရာ Sensor နှစ်ခု ၊ အဆင့်မြင့် ပရိုအဆင့်ရှိ Videography နည်းပညာနဲ့အတူ ကမ္ဘာကျော် Hasselblad က ဒီဇိုင်းကို ပြန်လည်အသက်သွင်း ပုံဖော်ထားတဲ့ အထူးခြားဆုံး ဒီဇိုင်းတို့ပါ ပါရှိလာတာဖြစ်ပါတယ်။

“OPPO Find X9 Ultra က OPPO ရဲ့ ဓာတ်ပုံရိုက်ကူးမှုနည်းပညာသမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှု တစ်ခုအဖြစ် မှတ်တမ်းတင်လိုက်နိုင်ပါပြီ” ဟု SVP နှင့် Chief Product Officer ဖြစ်သူ Pete Lau က ပြောကြားခဲ့ပါတယ်။ “ခေတ်ရှေ့ပြေးနေတဲ့ နောက်ဆုံးပေါ် အလင်းပိုင်းဆိုင်ရာ နည်းပညာတွေ၊ ပိုပြီး တိုးတက်မြင့်မားလာတဲ့ အဆင့်မြင့် Computational Photography နည်းပညာတွေ ၊ Hasselblad နဲ့အတူ ပူးပေါင်းဖန်တီးထားတဲ့ စွမ်းအားမြင့် ဖန်တီးမှုရေးရာ ကိရိယာ တွေအားလုံးကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့ ဓာတ်ပုံရိုက်ကူးမှု ကဏ္ဍ တစ်ခုလုံးအတွက် ပိုပြီးကောင်းမွန်လာစေနိုင်မဲ့ ပရော်ဖက်ရှင်နယ် စမတ်ဖုန်းတစ်လုံးကို ဖန်တီးနိုင်ခဲ့ပါပြီ” ဟု ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မိုဘိုင်းဖုန်းတွေရဲ့ ဓာတ်ပုံဆိုင်ရာ နည်းပညာကို အဆင့်မြင့်လာအောင် ပြန်လည် ပြုပြင်သွားမဲ့ ကင်မရာစနစ်
OPPO Find X9 Ultra မှာ နောက်ဆုံးပေါ် မျိုးဆက်သစ် Hasselblad Master Camera System ကို စတင်မိတ်ဆက်လာပြီဖြစ်ပါတယ်။ သီးသန့်ဖန်တီးထည့်သွင်းတပ်ဆင်ထားတဲ့ ကျောဘက် ကင်မရာ ၅ လုံး ရဲ့ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ရိုက်ကူးမှုအကွာအဝေးလို့ခေါ်ဆိုတဲ့ Focal Range ၊ ရုပ်ထွက်ကြည်လင်ပြတ်သားမှု နဲ့ အရောင်အသွေးစိုပြည်တိကျမှု အစရှိတဲ့ လုပ်ဆောင်ချက်တွေမှာဆိုရင် သာမန်ထက် ပိုမိုကောင်းမွန်တဲ့ ထူးခြားစွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

နေရာကန့်သတ်ချက်တွေကြောင့် စမတ်ဖုန်းတွေမှာ အဝေးကြည့် Long-range Zoom ကို ရရှိနိုင်ဖို့ဟာ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့တာ အချိန်အတိုင်းအတာတစ်ခုအထိ ရှိခဲ့ပြီးဖြစ်ပါတယ်။ OPPO Find X9 Ultra မှာ အကြီးမားဆုံးအောင်မြင်မှု တစ်ရပ်အဖြစ် အမှန်အကန် ရရှိနိုင်မဲ့ 10x Optical Zoom နဲ့ စမတ်ဖုန်းနယ်ပယ်မှာ ပထမဆုံးဖြစ်တဲ့ 20x Optical-Quality Zoom ကို ပေးစွမ်းနိုင်မဲ့ Hasselblad ရဲ့ 50MP 10x Ultra-Sensing Optical-Zoom Telephoto ကို စတင်မိတ်ဆက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယခုလိုဖန်တီးမှုရဲ့ အဓိကအချက်အနေနဲ့ အတွင်းပိုင်းမှာ ခေတ်ရှေ့ပြေးဆန်းသစ်လှတဲ့ Quintuple Prism Reflection Periscope Structure ကို အသုံးပြုထားပြီး ၎င်းဟာ ၁၀ ဆအထိ ရိုက်ကူးနိုင်မဲ့ မှန်ဘီလူး တစ်နည်းအားဖြင့် ပြောရရင် 10x lens ကို ဖုန်းအတွင်း ဝင်ဆံ့စေနိုင်ဖို့ အလင်းလမ်းကြောင်းကို ငါးကြိမ်ခေါက်ချိုး ပုံစံ ဖြင့် ပြောင်းလဲကာ ကင်မရာ Module ရဲ့ အရှည်ကိုလဲ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါအပြင် မလိုလားအပ်တဲ့ အလင်းပြန်မှုတွေကို ၉၉.၉၉၉ ရာခိုင်နှုန်းအထိ ဖယ်ရှားပေးမဲ့ Pristine Optical Path Architecture နဲ့ Sensor Shift optical Stabilization (ရုပ်တည်ငြိမ်စနစ်) တို့ ပေါင်းစပ်ထားတာကြောင့် အလွန်ဝေးကွာနေတဲ့ အကွာအဝေးမှ ရိုက်ကူးထားတဲ့ ပုံရိပ်တွေမှာတောင် အထူးကြည်လင် ပြတ်သားနေမှာဖြစ်ပါတယ်။

အထူးပြုပြင်ဖန်တီးထားတဲ့ 50MP JNL Sensor ကို အမြန်ဆုံးရိုက်ကူးနိုင်တဲ့ f/3.5 Aperture နဲ့အတူ ပေါင်းစပ်ထားတာကြောင့် OPPO Find X9 Ultra ဟာ OPPO Find X9 Pro ရဲ့ ဖုန်းကိုယ်ထည်အတွင်း အဝေးကြည့် မှန်ဘီလူးတစ်ခု တွဲဖက်ထားသလို စွမ်းဆောင်ရည်မျိုးကို အဓိကအားဖြင့် ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ကွင်းရဲ့ အနောက်ဘက်အကျဆုံးနေရာကနေ ဖျော်ဖြေသူရဲ့ စိတ်လှုပ်ရှားမှု ၊ အမူအရာတွေကို ဖမ်းယူခြင်းကစလို့ တောရိုင်း တိရစ္ဆာန်တွေကို အနှောင့်အယှက် မပေးဘဲ ဓာတ်ပုံရိုက်ကူးနိုင်ခြင်းအထိ ဘယ်လိုအခြေအနေမျိုးမှာမဆို ထူးကဲသာလွန်တဲ့ စွမ်းဆောင်ရည်ကို OPPO Find X9 Ultra ရဲ့ 50MP 10x Telephoto ကင်မရာက ပေးစွမ်းမှာ ဖြစ်ပါတယ်။

10x Telephoto နဲ့အတူ Hasselblad 200MP ကင်မရာနှစ်လုံးလဲ ထပ်မံပါရှိသလို Hasselblad 200MP Ultra-Sensing Main Camera မှာဆိုရင် 1/1.12-inch ရှိတဲ့ Sony LYTIA 901 sensor အသစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါအပြင် လျင်မြန်သွက်လက်တဲ့ f/1.5 Aperture ပါဝင်တာကြောင့် အလင်းဝင်ရောက်မှုပိုင်းမှာဆိုရင် ယခင်မျိုးဆက်ရဲ့ 1-inch Main Camera ကို သိသိသာသာ သာလွန်နေမှာဖြစ်ပါတယ်။ ထပ်မံပါရှိလာတဲ့ Hasselblad 200MP 3x Ultra-Sensing Telephoto မှာ အမျိုးအစားတူ စမတ်ဖုန်းတွေအကြား အကြီးဆုံးဖြစ်တဲ့ 1/1.28-inch Sensor ပါဝင်လာမှာ ဖြစ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ Hyper Light Prism နဲ့ f/2.2 Aperture တို့ကလဲ အလင်းအားနည်းတဲ့ ပတ်ဝန်းကျင်တွေမှာ ကောင်းမွန်စွာရိုက်ကူးနိုင်ဖို့အတွက် အလင်းဝင်ရောက်မှုကို အမြင့်ဆုံး မြှင့်တင်ပေးမှာဖြစ်သလို၊ အနီးကပ်ဆုံး Focus Distance ဖြစ်တဲ့ ၁၅ စင်တီမီတာ ပါရှိမှုကြောင့် အထူးကောင်းမွန်တဲ့ Macro Lens အဖြစ်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Optical System ကို သာမန်ထက် ပိုမိုပြည့်စုံအောင် ဖန်တီးပေးထားတဲ့ 50MP Ultra-wide ကင်မရာ က ကျယ်ပြန့်လှပတဲ့ ရှုခင်းတွေကို ရိုက်ကူးရာမှာ အလင်းပမာဏကို ၅၆ ရာခိုင်နှုန်းအထိ ပိုမိုဖမ်းယူနိုင်မဲ့အပြင် အရောင်တွေကို သဘာဝနဲ့ အနီးစပ်ဆုံးတူနိုင်မဲ့ မျိုးဆက်သစ် New-Generation True Color ကင်မရာလဲ ထပ်မံ ပါရှိဦးမှာဖြစ်ပါတယ်။ Multispectral sensor အနေနဲ့ ပိုမိုသဘာဝကျတဲ့ အရောင်အသွေးများ ထွက်ပေါ် လာစေဖို့အတွက် White Balance ကို တိကျစွာ တိုင်းတာပေးရုံသာမက ၎င်းဟာ ဓာတ်ပုံတွေ ၊ လှုပ်ရှားမှု ဓာတ်ပုံတွေ (Motion Photos) နဲ့ ဗီဒီယိုရိုက်ကူးမှုတွေအတွက်ပါ ချောမွေ့သွက်လက်နေအောင် အလုပ်လုပ်ပေးတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ မည်သို့ပင်ရိုက်ကူးပါစေ ၊ ဓာတ်ပုံတွေရဲ့ အရောင်တွေအထိပါ အသက်ဝင်နေစေမှာဖြစ်ပါတယ်။

ဒီလို အရည်အသွေးမြင့် High-resolution ရှိတဲ့ ကင်မရာတွေကို Optical-quality Cropping လို့ ခေါ်ဆိုတဲ့ ဓာတ်ပုံအရည်အသွေး မကျဘဲ ဓာတ်ပုံကို မိမိလိုချင်သလောက် ပြန်လည် ဖြတ်တောက်သုံးတဲ့ နည်းပညာနဲ့ ပေါင်းစပ်လိုက်ခြင်းအားဖြင့် OPPO Find X9 Ultra ဟာ 14mm မှ 460mm Range အထိ အရည်အသွေးမြင့် စိတ်ကြိုက် ပုံဖော်နိုင်စေပြီး သုံးစွဲသူတွေရဲ့ အိတ်ကပ်ထဲကို ပြီးပြည့်စုံတဲ့ ဓာတ်ပုံဖန်တီးမှုဆိုင်ရာ ကိရိယာ ပစ္စည်းအစုံအလင်ကို တန်းထည့်ပေးလိုက်သလို ခံစားမှုမျိုးကို ပေးစွမ်းမှာဖြစ်ပါတယ်။

Hasselblad ရဲ့ စစ်မှန်လှတဲ့ သုံးစွဲမှုအတွေ့အကြုံ
ငါးနှစ်တာကာလပတ်လုံး ပြုလုပ်ခဲ့တဲ့ သုတေသနနှင့် ဖွံ့ဖြိုးရေး (R&D) ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံကာ တည်ဆောက်ထားတဲ့ OPPOFind X9 Ultra ဟာ သိသာထင်ရှားလာတဲ့ တိုးတက်မှုတစ်ရပ်ကို ကိုယ်စားပြုထားပြီး စစ်မှန်တဲ့ Hasselblad ရိုက်ကူးမှုအတွေ့အကြုံကို ပရော်ဖက်ရှင်နယ်အဆင့် ကိရိယာတွေနဲ့အတူ အပြစ်အနာအဆာ မရှိအောင်ကို ပေါင်းစပ်ဖန်တီးပေးထားတာဖြစ်ပါတယ်။

မျိုးဆက်သစ် Hasselblad Master Mode ဟာ အဆင့်မြင့်မားတဲ့ ဖန်တီးမှုဆိုင်ရာ ထိန်းချုပ်နိုင်စွမ်းတွေကို သုံးစွဲသူတွေရဲ့ လက်ထဲ အပ်နှင်းလိုက်သလို စီမံပေးမဲ့အပြင် နောက်ဆုံးပေါ် အသစ်စက်စက်ဖြစ်တဲ့ Imaging Pipeline နည်းပညာဖြင့် စမတ်ဖုန်းအများစုမှာ တွေ့ရလေ့ရှိတဲ့ အလွန်အမင်း အရောင်အသွေး ပြုပြင်မှုတွေကိုလဲ ရှောင်ရှားပေးထားမှာဖြစ်ပါတယ်။ ဒါကြောင့်ဓာတ်ပုံရိုက်ကူးသူတွေအနေနဲ့ အလွန်အမင်းလို့ ခံစားရတဲ့ လူလုပ်ပြုပြင်မှုတွေ မပါဝင်ဘဲ အသေးစိတ်ပုံရိပ်တွေကအစ လုံလောက်စွာ ပြည့်စုံပြီး သဘာဝကျတဲ့ပုံရိပ်တွေကို ဖမ်းယူရရှိစေနိုင်ဖို့အတွက် OPPO Find X9 Ultra က ကူညီပေးမှာဖြစ်ပါတယ်။

ကျောဘက်ရှိ Resolution မြင့်မားတဲ့ Sensor လေးခုရဲ့ စွမ်းအားကို အသုံးပြုထားတဲ့ Hasselblad Master Mode ဟာ အသုံးပြုသူများတွေအတွက် 50MP JPEG MAX နှင့် 50MP RAW MAX တို့ဖြင့် ရိုက်ကူးနိုင်ရန် စွမ်းဆောင်ပေးထားပြီး၊ ထူးခြားတဲ့ Focal Length ၆မျိုး (14mm, 23mm, 47mm, 70mm, 139mm နှင့် 230mm) အားလုံးမှာ Optical အရည်အသွေးအတိုင်း Resolution ကို ရရှိနိုင်အောင်ဖန်တီးပေးထားမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ ဖန်တီးမှုအမြင်ကို ပိုမိုစိတ်ကြိုက်ပုံဖော်နိုင်ရန်အတွက် ဂန္ထဝင်ဆန်ဆန် ဖလင်ပုံစံ (Classic Film Simulations) ကိုးမျိုးကို အသုံးပြုနိုင်သလို၊ မိမိတို့ဘာသာ သီးသန့်ဓာတ်ပုံစတိုင်ကို ဖန်တီးကာ Custom Preset အဖြစ်လဲ သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။
ဒါအပြင် ပိုမိုကောင်းမွန်တဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့အတူ အဝေးထိလှမ်းရိုက်နိုင်တဲ့ ရိုက်ကူးမှုစွမ်းရည်ကို လိုလားနေတဲ့ Creator တွေအတွက် OPPOက Ecosystem တစ်ခုတည်းနဲ့ အတူတူ လည်ပတ်နိုင်မဲ့ ပရော်ဖက်ရှင်နယ် ပစ္စည်းတွေ သီးသန့်ပါဝင်တဲ့ OPPO Find X9 Ultra Hasselblad Earth Explorer Kit ကိုပါ တစ်တွဲတည်း မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

OPPO Hasselblad Explorer Case မှာဆိုရင် Focus ချိန်ရန်နဲ့ Shutter အတွက် ခလုတ် ၂ ဆင့်ပါဝင်ပြီး Zoom ထိန်းချုပ်မှုအတွက် ဒိုင်ခွက် (Dial)တစ်ခုနှင့် တွဲဖက်ပေးထားတာကြောင့် ကင်မရာအစစ်တစ်ခုကဲ့သို့ စစ်မှန်တဲ့ လက်တွေ့ခံစားမှုကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဓာတ်ပုံတွေရိုက်ကူးကြတဲ့အခါ အကွာအဝေးက စိန်ခေါ်မှုတစ်ခု ဖြစ်လာတဲ့အခါ OPPO Hasselblad 300mm Explorer Teleconverter က ကန့်သတ်ချက် လုံးဝမရှိတော့တဲ့ ဖန်တီးမှုနယ်ပယ်သစ်တစ်ခုကို စီစဉ်ပေးလိုက်ပြီဖြစ်ပါတယ်။ ခိုင်ခံ့တဲ့ သတ္တုကိုယ်ထည်အတွင်းမှာ ဖန်သား ၁၆ ခု (Glass Elements) နဲ့ တည်ဆောက်ထားတဲ့ မှန်ဘီလူးကို 3x Telephotoပေါ်မှာ တိုက်ရိုက်တပ်ဆင်ထားတာကြောင့် 300mm နှင့် ညီမျှတဲ့ Focal Length နဲ့ 13x Optical Zoom ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ ရလဒ်တွေရရှိနိုင်စေဖို့ 200MP Sensor နဲ့ ထပ်မံ ပေါင်းစပ်လိုက်တဲ့အခါ ဓာတ်ပုံဆရာတွေအနေနဲ့ 30x နဲ့အတူ ၎င်းထက်ပိုတဲ့ အကွာအဝေးတွေမှာတောင် ရင်သပ်ရှုမောဖွယ် ကြည်လင်ပြတ်သားတဲ့ ရလဒ်တွေကို ရိုက်ကူးရယူနိုင်မှာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ် ဝါသနာရှင်များအတွက် ရုပ်ရှင်အဆင့်မီ Video ရိုက်ကူးနိုင်မဲ့ အရည်အသွေး
OPPO Find X9 Ultra ဟာ ဗီဒီယိုရိုက်ကူးမှုအပိုင်းမှာလဲ အဆင့်မြှင့် Pro-Level အဆင့် အရည်အသွေးတွေ ပါရှိလာသလို OPPO ရဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့ အစွမ်းထက်ဆုံး ရုပ်ရှင်အဆင့်မီ ရိုက်ကူးနိုင်မဲ့ စွမ်းဆောင်ရည်တွေကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

OPPO Find X9 Ultra ဟာ အစွမ်းထက်တဲ့ ကင်မရာစနစ်ကို အသုံးပြုပြီး 0.6x မှ 30x အထိ Zoom ဆွဲရိုက်ကူးရာမှာလဲ မူလအရည်အသွေးအတိုင်း ကြည်လင်မှုကို ထိန်းသိမ်းပေးနိုင်မဲ့ 4K 60fps Dolby Vision HDR ဗီဒီယိုရိုက်ကူးမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးမှုရဲ့ လုပ်ဆောင်နိုင်စွမ်းအကန့်အသတ်တွေကို ကျော်လွန် ရိုက်ကူးနိုင်မဲ့ Dual Hasselblad 200MP ကင်မရာပါရှိလာကာ ရုပ်ရှင်အဆင့်မီ 4K အရည်အသွေးကို 120fps ဖြင့် ရိုက်ကူးနိုင်တဲ့အပြင် OPPO Flagship ဖုန်းတွေမှာ ပထမဆုံးအကြိမ်အဖြစ် 8K 30fps ကိုပါ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီအချက်ဟာ Creator တွေအတွက် ဗီဒီယိုတည်းဖြတ်တဲ့အဆင့် (Post-production) မှာလဲ မိမိရိုက်ကူးလာတဲ့ ‌ပုံရိပ်တွေကို မိမိ လိုသလိုဖြတ်တောက်တဲ့အခါနဲ့ Frame ပြန်ချိန်တဲ့အခါတွေမှာလဲ အကောင်းဆုံး လိုက်လျောညီထွေဖြစ်အောင် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ တည်းဖြတ်တဲ့ အချိန်မှာလဲ မိမိ စိတ်တိုင်းကျ စိတ်ကြိုက်ပြင်ဆင်နိုင်ဖို့အတွက် စိတ်အားထက်သန်တဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဖန်တီးသူတွေအတွက် OPPO Find X9 Ultra မှာ O-Log2 ကို ပထမဆုံးအကြိမ်အနေနဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ၎င်းဟာ အမှောင်ထဲမှ အရိပ်ကျနေတဲ့ ပုံရိပ်အသေးစိတ်တွေအထိကိုပါ ပိုမိုထိန်းသိမ်းပေးရုံသာမက ပုံရိပ်ဝေဝါးခြင်းတွေကိုလဲ သိသိသာသာ လျှော့ချပေးတာကြောင့် အရောင်အသွေး ပြန်လည်ပြုပြင်ခြင်းလို့ ခေါ်တွင်ကြတဲ့ Color Grading ပြုလုပ်ရာမှာတောင် ပိုမိုကောင်းမွန်စွာ အလွတ်လပ်ဆုံး ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Academy Color Encoding System (ACES) အသိအမှတ်ပြု လက်မှတ်ရရှိထားတဲ့အတွက်လဲ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ပရော်ဖက်ရှင်နယ် လုပ်ငန်းခွင်တွေ အထိပါ အဆင်ပြေလွယ်ကူစွာ ထည့်သွင်းအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

ဒါအပြင် အသစ်ပါဝင်လာတဲ့ 3D LUT ပံ့ပိုးမှုစနစ်ဖြင့် ဖန်တီးထိန်းချုပ်နိုင်စွမ်းကလဲ ပိုမို ကျယ်ပြန့်စွာ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ပြင်ပမှ LUT တွေကို device အတွင်းသို့ တိုက်ရိုက်ထည့်သွင်းနိုင်ပြီး မိမိစိတ်ကြိုက် အရောင်အသွေး ချိန်ညှိမှုတွေကိုလဲ အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုစစ်ဆေးနိုင်ဦးမှာဖြစ်ပါတယ်။ မိမိ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်စေဖို့ရန်အတွက် LUT Burn-in လုပ်ဆောင်ချက်မှာဆိုရင် မိမိကိုယ်တိုင်ရွေးချယ်ထားမိတဲ့ အရောင်ကို ဗီဒီယိုဖိုင်အတွင်းသို့ တိုက်ရိုက်ထည့်သွင်းပေးနိုင်တာကြောင့် နောက်ထပ် ထပ်မံ တည်းဖြတ်ရန် မလိုတော့ဘဲ ရုပ်ရှင်အဆင့်မီရလဒ်များတွေကိုလဲ ချက်ချင်း အလွယ်တကူ ရရှိစေနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် Instagram ပေါ်မှာလဲ ဗီဒီယိုမျှဝေမှု အတွေ့အကြုံတွေကို ပိုမိုကောင်းမွန်စေနိုင်ဖို့ OPPO နဲ့ Meta တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါပြီ။ ဒါကြောင့် ယခုဆို OPPO Find X9 Ultra အသုံးပြုသူတွေအနေနဲ့ ဗီဒီယို ရိုက်ကူးချိန်မှစကာ ပြန်လည်မျှဝေတဲ့ အချိန်အထိ မူလအရည်အသွေးအတိုင်းနီးပါး အရည်အသွေးကျဆင်းမှု လုံးဝ မရှိတဲ့ ဗီဒီယိုအရည်အသွေးကို ရရှိခံစားနိုင်ပြီ ဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုလုပ်ငန်းစဉ်များအတွက် အဆင့်မြင့် စွမ်းဆောင်ရည်
တီထွင်ဖန်တီးမှုအပိုင်းတွေမှာ ရှိတတ်တဲ့ ခက်ခဲမှုတွေနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ OPPO Find X9 Ultra ကို အဆင့်မြင့် အမြန်နှုန်း တင်သာမက ရေရှည်အတွက်ပါ ကြာရှည်ခံ စိတ်ချရတဲ့ စွမ်းဆောင်ရည်တို့ ရရှိနိုင်စေဖို့ တည်ဆောက်ထားတာဖြစ်ပါတယ်။

၆.၈၂ လက်မရှိတဲ့ 144Hz QHD+ AMOLED panel ဟာ HDR Peak Brightness 3,600 nits အထိ ရောက်ရှိနိုင်ပြီး အလင်းနည်းတဲ့ပတ်ဝန်းကျင်တွေမှာ မျက်စိအေးစေရန်အတွက် 1 nit အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် OPPO ရဲ့ Display P3 Pro Chip နဲ့အတူ အဆင့်မြှင့်တင်ထားတဲ့ Luminescent Materials ပါဝင်လာမှုဟာ စမတ်ဖုန်းနယ်ပယ်မှာ ထိပ်တန်းဖြစ်တဲ့ အရောင်အသွေး တိကျမှုကို ပေးစွမ်းနိုင်ဖို့ ၊ ဖုန်း အားကုန်မှုကို လျှော့ချနိုင်ဖို့နဲ့ ရုပ်ထွက်ဝေဝါးခြင်းတို့ကို ဖယ်ရှားနိုင်ဖို့အတွက် အတူတကွ ပေါင်းစပ်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ဖုန်းရဲ့ အတွင်းပိုင်းမှာလဲ နောက်ဆုံးပေါ် Qualcomm Snapdragon 8 Elite Gen 5 Mobile Platform ကို အသုံးပြုထားပြီး၊ အဆင့်မြင့် အအေးပေးစနစ်လို့ခေါ်ဆိုတဲ့ V***r Chamber နှင့် Encapsulated Thermal Unit တို့က 8K ဗီဒီယိုရိုက်ကူးခြင်းလိုမျိုး ပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်နေရင်တောင်မှ ချောမွေ့ပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ရရှိစေနိုင်အောင် ဖန်တီး‌ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

OPPO Find X9 Ultra ကို စွမ်းအားပြည့်နေစေဖို့ ထောက်ပံ့ထားတာကတော့ ကင်မရာအသားပေး Flagship ဖုန်းတွေ အားလုံးထဲမှာ အကြီးမားဆုံးတစ်ခုဖြစ်တဲ့ 7,050mAh OPPO Silicon-Carbon ဘက်ထရီ ဖြစ်ပါတယ်။ လုံးဝ အသစ်စက်စက် PowerCore Battery Management Chip နှင့် ပေါင်းစပ်လိုက်တဲ့အခါ OPPO Find X9 Ultra ဟာ တစ်နေကုန် အဆင်ပြေချောမွေ့စွာ ဖန်တီးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဆောင်ရွက်ပေးဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ထရီအားနည်းသွားတဲ့အခါမှာလဲ 100W SUPERVOOC ကြိုး ဖြင့် အားသွင်းတဲ့ SUPERVOOC Flash Charge အားသွင်းစနစ်နှင့် 50W AIRVOOC ကြိုးမဲ့အားသွင်းစနစ်တို့က သုံးစွဲသူတွေကို အလုပ်မနှောင့်နှေးစေဖို့ ပြန်လည်ကူညီဦးမှာဖြစ်ပါတယ်။

ကင်မရာ ပုံစံ ထုတ်လုပ်လာတဲ့ OPPO Find X9 Ultra ရဲ့ Camera-Inspired Design
အထင်ကရ Hasselblad X2D ထံမှ စိတ်ကူးစိတ်သန်းကို ပြန်လည်ဖန်တီးတဲ့အနေနဲ့ OPPO Find X9 Ultra မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့ Eco-friendly Vegan Leather ဖြင့် ဖုန်းရဲ့ ကျောဘက်ပေါ်မှာ OPPO အမှတ်တံဆိပ်နဲ့ Hasselblad အမှတ်တံဆိပ်တွေကို ထည့်သွင်းလာတာဖြစ်ပါတယ်။

Camera Module မှာဆိုရင်လဲ Brand-new Master Lens Design နဲ့အတူ OPPO Find X9 Ultra ကို မိတ်ဆက်လာတာဖြစ်ပါတယ်။ အတွင်းပိုင်းက ဆဌဂံ ဒီဇိုင်းဖော်ထားခြင်းမှာ ပရော်ဖက်ရှင်နယ် ကင်မရာမှန်ဘီလူးတွေရဲ့ Aperture Blades တွေရဲ့ ပုံစံကို ပြန်လည်ဖန်တီးထားခြင်းဖြစ်ပြီး ဒီလို ဆန်းသစ်လှပတဲ့ ဒီဇိုင်းက စစ်မှန်တဲ့ ဓာတ်ပုံပညာအပေါ် အခြေခံထားတဲ့ ထူးခြားပြောင်မြောက်တဲ့ အဆင့်မြင့် အလှတရားကို သုံးစွဲသူတွေ လက်ထဲသို့ ပေးအပ်နိုင်တော့မှာဖြစ်ပါတယ်။

OPPO Find X9 Ultra ကို ရွေးချယ်လိုတဲ့ သုံးစွဲသူတွေအနေနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အရောင်ဒီဇိုင်း နှစ်မျိုးဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။ Tundra Umber အရောင်မှာဆိုရင် Scandinavian လို့ခေါ်ဆိုတဲ့ အနောက်နိုင်ငံက ပြည်နယ်တစ်ခုရဲ့ ရိုးရိုးရှင်းရှင်း ပုံစံနဲ့ ရေခဲတောင်တွေရဲ့ သဘာဝအတိုင်း တင့်တယ်နေမှုကို ပေါ်လွင်စေပြီး ဂန္ထဝင်မြောက် လက်ရာမြောက်မှုကိုလဲ ဂုဏ်ပြုဖော်ညွှန်းထားတာဖြစ်ပါတယ်။ တစ်ဖက်မှာလဲ ခေတ်ရှေ့ပြေးတဲ့ Canyon Orange အရောင်ကို Aircraft-grade Fiber ဖြင့် တည်ဆောက်ထားပြီး ပါးလွှာစတိုင်ကျမှုနဲ့အတူ ထူးကဲသော ခိုင်ခံ့မှု နှစ်ခု ပေါင်းစပ်တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

OPPO ရဲ့ ကိုယ်ပိုင် Armor Shield တည်ဆောက်ပုံစနစ်နဲ့ ဖန်တီးထားတဲ့ OPPO Find X9 Ultra မှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် အကြမ်းခံနိုင်ဖို့အတွက် ခံနိုင်ရည်ရှိအောင် သေချာ တီထွင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ IP66၊ IP68 နဲ့ IP69 အသိအမှတ်ပြုလတ်မှတ်တွေက ရေနှင့် ဖုန်ဒဏ်တွေကို အပြည့်အဝကာကွယ်ပေးနိုင်ကြောင်း အာမခံထားတာကြောင့် ဘယ်လိုပင် ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မျိုးတွေမှာမဆို စိတ်အေးချမ်းသာစွာဖြင့် ဖန်တီးမှုတွေကို ဆက်လက်ဖန်တီးပြုလုပ်နိုင်မှာဖြစ်ပါတယ်။

နာမည်ကျော်ကြား လူကြိုက်များတဲ့ နောက်ဆုံးပေါ် ColorOS 16
Industry-leading ထိပ်တန်း Hardware တွေကိုတပ်ဆင်ထားတဲ့ OPPO Find X9 Ultra ကို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်မဲ့ နောက်ဆုံးပေါ် ColorOS 16 ကို ထည့်သွင်းထားပြီး ပိုမိုရှင်းလင်းသပ်ရပ်ကာ စမတ်ကျကျနဲ့ သုံးနိုင်မဲ့ AI စနစ်သုံး အဆင့်မြင့်ကိုယ်ပိုင် ဝန်ဆောင်မှုပေးနိုင်မဲ့ Software အတွေ့အကြုံကို မိတ်ဆက်ပေးလာမှာဖြစ်ပါတယ်။

ခေတ်ရှေ့ပြေးရုံတင်မက ပိုပြီး ထူးခြားဆန်းသစ်တဲ့ OPPO Find X9 Ultra လိုမျိုး အခြားသော စမတ်ဖုန်းထုတ်ကုန်တွေအကြောင်းနဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official page - http://bit.ly/45Q2UQz ၊ Website - http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram -https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

Awesome Intelligence နဲ့ Pro-Level စွမ်းဆောင်ရည်များပါဝင်တဲ့ Samsung Galaxy A57 5G နဲ့ Galaxy A37 5G ဖုန်းအသစ်များကို အထ...
09/04/2026

Awesome Intelligence နဲ့ Pro-Level စွမ်းဆောင်ရည်များပါဝင်တဲ့ Samsung Galaxy A57 5G နဲ့ Galaxy A37 5G ဖုန်းအသစ်များကို အထူးလက်ဆောင်များနဲ့ အတန်ဆုံးဝယ်ယူရရှိနိုင်ပြီဖြစ်

Samsung Electronics ကနေ နောက်ဆုံးပေါ် Galaxy A Series အသစ်များဖြစ်တဲ့ Galaxy A57 5G နဲ့ Galaxy A 37 5G တို့ကို မကြာသေးခင်ကပဲ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အတန်းဆုံး စျေးနှုန်း၊ အထူးခံစားခွင့်တွေနဲ့အတူ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ယခု Galaxy A Series အသစ်မှာ AI စွမ်းဆောင်ရည်များကို စမတ်ဖုန်းအမျိုးအစားအစုံအလင်မှာ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်စေဖို့နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကို ရိုးရှင်းလွယ်ကူစေမယ့် AI နည်းပညာရဲ့ အကျိုးကျေးဇူးများကို အသုံးပြုသူတွေ ပိုမိုလက်လှမ်းမီစေဖို့ Samsung ရဲ့ အလေးထားဆောင်ရွက်မှုကိုလည်း တွေ့မြင်ရမှာပါ။ Galaxy A57 5G နဲ့ Galaxy A37 5G တို့မှာ စွမ်းဆောင်ရည်၊ ကင်မရာနှင့် မျက်နှာပြင်ပြသမှုအပိုင်းတို့ကို အဆင့်မြှင့်တင်ထားတဲ့အပြင် ခိုင်ခံ့မှုနှင့် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကိုပါ ဖြည့်ဆည်းပေးထားတာကြောင့် အသုံးပြုသူများအတွက် နေ့စဉ်မှီခိုအားထားရတဲ့ သုံးစွဲမှုအတွေ့အကြုံများကို ပိုမိုကောင်းမွန် ခိုင်မာစေမှာဖြစ်ပါတယ်။ OS Upgrades ကိုလည်း (၆) ကြိမ်အထိ ရရှိနိုင်မှာဖြစ်ပြီး ရေရှည်လုံခြုံရေးဆိုင်ရာ ပံ့ပိုးမှုများလည်း ပေးအပ်သွားမှာဖြစ်တာကြောင့် ယခု Galaxy A series အသစ်ကို ရေရှည်ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာပါ။ Galaxy A57 5G ကတော့ ပိုမိုပါးလွှာသေသပ်တဲ့ ဒီဇိုင်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ AI စွမ်းဆောင်ရည်တွေ ပါဝင်လာတာကြောင့် ယနေ့အထိ ထွက်ရှိသမျှ Galaxy A series တွေထဲမှာ စွမ်းဆောင်ရည်အမြင့်မားဆုံး ဖြစ်လာပါတယ်။

“ယခုထွက်ရှိလာတဲ့ Galaxy A series အသစ်ဟာ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုတွေကို Galaxy အသုံးပြုသူတွေဆီ ပိုမိုကျယ်ပြန့်စွာ ပံ့ပိုးပေးခြင်းအားဖြင့် AI နည်းပညာကို လူတိုင်းလက်လှမ်းမီစေဖို့ ကျွန်တော်တို့ရဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းမှုကို ထင်ဟပ်စေပါတယ်။ Samsung ရဲ့ အခြေခံကျတဲ့ နည်းပညာစွမ်းဆောင်ရည်တွေနဲ့ ပိုမိုပြည့်စုံလာတဲ့ Awesome Intelligence တို့ ပေါင်းစပ်ထားတဲ့အတွက် Galaxy A57 5G နဲ့ Galaxy A37 5G တို့ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အသုံးပြုသူတွေအတွက် ယုံကြည်စိတ်ချရတဲ့ နေ့စဉ်စွမ်းဆောင်ရည်တွေကို ပေးစွမ်းသွားမှာဖြစ်သလို AI နည်းပညာ ပိုမိုလျင်မြန်စွာ ပြန့်နှံ့လာစေဖို့ကိုလည်း တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။" လို့ Samsung Electronics ရဲ့ အမှုဆောင်အရာရှိချုပ်၊ ဥက္ကဋ္ဌနှင့် Device eXperience (DX) ဌာန၏ အကြီးအကဲဖြစ်သူ TM Roh က ပြောကြားခဲ့ပါတယ်။

Awesome Intelligence နည်းပညာအပါအဝင် စွမ်းရည်မြင့် လုပ်ဆောင်ချက် တွေ ပါဝင်လာတဲ့ Galaxy A57 5G နှင့် Galaxy A37 5G တို့ကို ၂၀၂၆ ခုနှစ် ဧပြီလ (၄) ရက်နေ့မှ (၂၂) ရက်နေ့အတွင်း ဝယ်ယူမယ်ဆိုရင်တော့ အောက်ပါ အထူးခံစားခွင့်နဲ့ လက်ဆောင်တွေ ရရှိနိုင်မှာပါ။
(၂) သိန်းကျပ်တန်ဖိုးရှိ Double Storage Upgrade ကို လက်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်။
Samsung ကနေ ပေးအပ်သွားမယ့် Official Warranty ကိုလည်း (၂) နှစ်အထိ ရရှိသွားနိုင်ဦးမှာပါ။
(၃) သိန်းကျပ် ကျော် တန်ဖိုးရှိတဲ့ Samsung Care+ အကာအကွယ်ကိုလည်း ဝယ်ယူတဲ့နေ့မှစပြီး (၁၂) လအတွင်း ရရှိနိုင်မှာဖြစ်ပါတယ်။
အတိုးမဲ့ အရစ်ကျ ပေးချေနိုင်မယ့် အစီအစဉ်အနေနဲ့လည်း AYA PAY ရဲ့ Buy Now Pay Later အစီအစဉ် နဲ့ (၆) လ အတိုးမဲ့ အရစ်ကျ ဝယ်ယူနိုင်မှာပါ။

Galaxy A57 5G နှင့် Galaxy A37 5G ကို နီးစပ်ရာ Samsung Showroom နဲ့ Samsung ရဲ့ တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများမှာအပြင် Samsung ရဲ့ တရားဝင် eStore ကနေလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အောက်ပါ ဈေးနှုန်းနဲ့ အရောင်များအတိုင်း ရွေးချယ်ဝယ်ယူ ရရှိနိုင်မှာပါ။
Galaxy A57 5G (12/256GB) – ၂,၄၆၅,၀၀၀ ကျပ် (၂ သိန်းကျပ်တန်ဖိုးရှိ Double Storage Upgrade ပါဝင်ပြီး)
Samsung eStore မှ Galaxy A57 5G ဝယ်ယူရန်လင့်ခ် - https://bit.ly/4vaRJw2
ရရှိနိုင်မည့်အရောင်များ - Awesome Navy၊ Awesome Gray၊ Awesome Icyblue၊ Awesome Lilac
Galaxy A37 5G (8/256GB) – ၁,၉၂၈,၀၀၀ ကျပ် (၂ သိန်းကျပ်တန်ဖိုးရှိ Double Storage Upgrade ပါဝင်ပြီး)
Galaxy A37 5G (8/128GB) – ၁,၆၉၇,၀၀၀ ကျပ် (၂ သိန်းကျပ်တန်ဖိုးရှိ Double Storage Upgrade ပါဝင်ပြီး)
Samsung eStore မှGalaxy A37 5G ဝယ်ယူရန်လင့်ခ် - https://bit.ly/4vaiAs2
ရရှိနိုင်မည့်အရောင်များ -Awesome Lavender၊ Awesome Charcoal၊ Awesome Graygreen၊ Awesome White

နောက်ဆုံးပေါ် One UI 8.5 စနစ် ပါဝင်လာတဲ့ Galaxy A57 5G နဲ့ A37 5G တို့ဟာ ပိုမိုကောင်းမွန်တဲ့ "Awesome Intelligence" ကို အသုံးပြုသူတွေဆီ ယူဆောင်လာပေးပြီး လုပ်ငန်းဆောင်တာတွေနဲ့ တီထွင်ဖန်တီးမှုတွေကို သိသိသာသာ မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ဒီ Galaxy A Series အသစ်တွေမှာ အစည်းအဝေး၊ စာသင်ယူမှု စတာ တွေရဲ့ မှတ်တမ်းတွေကို စာသားအဖြစ် အလိုအလျောက်ပြောင်းပေးမယ့် Voice Transcription၊ အကြောင်းအရာတွေကို လွယ်ကူစွာ ထုတ်ယူနိုင်တဲ့ AI Select နဲ့ ပစ္စည်းအမျိုးမျိုးကို တစ်ပြိုင်နက် ရှာဖွေနိုင်တဲ့ Circle to Search တို့လို ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် Object Eraser၊ Best Face နဲ့ Auto Trim တို့လို AI သုံး ဓာတ်ပုံနဲ့ ဗီဒီယို ပြင်ဆင်မှုစနစ်တွေအပြင် ပိုမိုကောင်းမွန်လာတဲ့ Bixby နဲ့ Gemini တို့ကလည်း နေ့စဉ်လူနေမှုဘဝကို ပိုမိုရိုးရှင်းလွယ်ကူအောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်။

Galaxy A Series အသစ်တွေမှာ အဆင့်မြှင့်တင်ထားတဲ့ Hardware နဲ့ AI နည်းပညာသုံး ပုံရိပ်ဖမ်းယူမှုစနစ်တွေကို ပေါင်းစပ်ပေးထားပြီး 50MP ပင်မကင်မရာ အပါအဝင် ကင်မရာသုံးလုံးစနစ်နဲ့ မိုဘိုင်းလ်ဓာတ်ပုံရိုက်ကူးမှုကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ အလင်းရောင်အားနည်းတဲ့ အခြေအနေမှာတောင် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိစေမယ့် Nightography စနစ်နဲ့ လျင်မြန်တဲ့ Shutter Speed တို့ကြောင့် မည်သည့်အချိန်မှာမဆို တောက်ပစိုပြည်တဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် AI သုံး လူနဲ့ နောက်ခံ ခွဲခြားမှုစနစ်၊ မြင်ကွင်းကျယ် Ultra-wide Lens နဲ့ အနီးကပ်ရိုက်ကူးနိုင်မယ့် 5MP Macro ကင်မရာတို့ ပါဝင်တာကြောင့် Portraits အလှဓာတ်ပုံတွေ နဲ့ ရှုခင်းပုံတွေကိုပါ ပရော်ဖက်ရှင်နယ်ဆန်ဆန် လွယ်ကူစွာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Galaxy A57 5G နဲ့ A37 5G တို့မှာ ပိုမိုကောင်းမွန်လာတဲ့ CPU၊ GPU နဲ့ NPU တို့ကို အသုံးပြုထားတာကြောင့် ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းနဲ့အတူ စွမ်းဆောင်ရည်အပြည့်နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး Streaming ကြည့်ရှုမှုများနဲ့ Content ဖန်တီးမှုတွေအတွက်ပါ အထူးသင့်လျော်ပါတယ်။ ပါးလွှာတဲ့ ကိုယ်ထည်ရှိပေမဲ့ 5,000mAh ဘက်ထရီ၊ Super Fast Charging 2.0 စနစ်တို့ ပါဝင်သလို IP68 အဆင့် ရေစိုဖုန်စုပ်ဒဏ်ခံနိုင်ရည်ရှိတာကြောင့် နေ့စဉ်လူနေမှုဘဝမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် OS နဲ့ လုံခြုံရေးဆိုင်ရာ Update တွေကို ၆ ကြိမ် (၆ နှစ်) အထိ ပံ့ပိုးပေးသွားမှာဖြစ်ပြီး Knox Vault၊ Auto Blocker နဲ့ Privacy Alerts တို့လို အဆင့်မြင့်စနစ်တွေပါဝင်တာကြောင့် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကိုလည်း အကောင်းဆုံး ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။

နောက်ဆုံးပေါ် Galaxy S26 Series ဖုန်းများအပါအဝင် Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်တွေနဲ့ပတ်သတ်ပြီး အချိန်နဲ့ တပြေးညီသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာလည်း ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။

အဖိုးတန်တဲ့ သင်္ကြန်ချိန်ခါ ရေစိုအမှတ်တရတွေကို Photography နဲ့ Videography ပိုင်းမှာ အားကောင်းရုံသာမက ‌ရေစိုအကြမ်းခံတဲ့ ...
08/04/2026

အဖိုးတန်တဲ့ သင်္ကြန်ချိန်ခါ ရေစိုအမှတ်တရတွေကို Photography နဲ့ Videography ပိုင်းမှာ အားကောင်းရုံသာမက ‌ရေစိုအကြမ်းခံတဲ့ OPPO စမတ်ဖုန်းတွေနဲ့အတူ မှတ်တမ်းတင်ပုံဖော်နိုင်ပြီ

မြန်မာနိုင်ငံရဲ့ သင်္ကြန်အချိန်အခါဟာ မိသားစုတွေ၊ ချစ်ရသူတွေ ပြန်လည်ဆုံစည်းကြတဲ့ ကြည်နူးစရာအခိုက်အတန့်တစ်ခုဖြစ်သလို မြန်မာတို့ရဲ့ နှစ်သစ်အချိန်အခါဆို ကြိုဆိုတဲ့ အဖိုးအတန်ဆုံး အချိန်အခါ ပွဲတော်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ သင်္ကြန်ရေသဘင်ပွဲတော်ကို OPPO Myanmar AED ကလဲ ကြိုဆိုလိုက်ရပါတယ်။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO က နောက်ဆုံးပေါ်အဆင့်မြင့် စမတ်ဖုန်း နည်းပညာတွေနဲ့အတူ သုံးစွဲသူတွေကို အဆင်ပြေချောမွေ့အောင် ကူညီထောက်ပံ့ပေးမှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ သင်္ကြန်အချိန်အခါကို ပိုမိုပျော်ရွှင်စွာ ခံစားနိုင်မှာဖြစ်သလို မိသားစု၊ ချစ်ရသူတွေနဲ့ ပြန်လည်ဆုံစည်းကြမဲ့ သင်္ကြန်ကာလအမှတ်တရ အချိန်တိုင်းကို အရည်အသွေးမြင့်ဓာတ်ပုံများဖြင့် မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ OPPO ရဲ့‌ နောက်ဆုံးပေါ် အဆင့်မီ အထူးပြုလုပ်ထားတဲ့ Photography စွမ်းဆောင်ရည်တွေကြောင့် အရောင်အသွေးစုံလင်ပြီး စိုပြည်တောက်ပတဲ့ ဓာတ်ပုံအရည်အသွေးနဲ့အတူ ပုံဖော်ရိုက်ကူးနိုင်မဲ့ OPPO စမတ်ဖုန်းတွေကလဲ သင်္ကြန်ပွဲတော်ရဲ့ ပျော်ရွှင်မှုနှင့် အရောင်အသွေးစုံလင်မှုကို ပြတ်သားစွာ ဖမ်းယူနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။

Hardware Level ရော Software Level ပါ နှစ်ခုလုံး ကောင်းမွန်တဲ့ OPPO စမတ်ဖုန်းတွေဖြစ်ကြတဲ့ OPPO Find X9 သို့မဟုတ် OPPO Reno15 Series 5G တို့နဲ့အတူ အကောင်းဆုံး အရည်အသွေးကို ခံစားရရှိနိုင်မဲ့ ဓာတ်ပုံ ပုံရိပ်တွေကိုလဲ သုံးစွဲသူတွေ ခံစားရရှိနိုင်ဦးမှာဖြစ်ပါတယ်။ Focal Length အမျိုးမျိုး ပါဝင်ပြီး ဘယ်လိုအကွာအဝေး၊ ဘယ်လို အနေအထားမျိုးမှာမဆို လူအနည်းစုနဲ့ပဲဖြစ်စေ၊ လူအုပ်လိုက်ပဲဖြစ်စေ၊ အခြေအနေအရပ်ရပ်အတွက် သင့်တော်ရုံသာမက သာမန်ထက်ပိုလွန်တဲ့ နောက်ဆုံးပေါ် အဆင့်မြင့် Imaging နည်းပညာတွေကြောင့် Ultra-Wide နဲ့ ရိုက်ကူးနိုင်မဲ့ မြင်ကွင်းကျယ်ပုံရိပ်တွေ၊ Telephoto Lens နဲ့ ဆွဲယူရိုက်ကူးနိုင်မဲ့ အနီးကပ် Portrait ပုံတွေ၊ ဥပမာ အနေနဲ့ ပြောရရင် OPPO Reno15 Series 5G မှာ ပါရှိလာတဲ့ နောက်ဆုံးပေါ်နည်းပညာနဲ့ 0.6x Ultra-Wide Selfie Camera၊ 120x Zoom အထိ ဆွဲယူရိုက်ကူးမှတ်တမ်းတင်နိုင်တဲ့ OPPO Find X9 တွေရဲ့ ကင်မရာ အရည်အသွေးတွေကလဲ ရိုက်ကူးသမျှ ပုံရိပ်တွေရဲ့ အရောင်အသွေးကို ပိုမိုထင်ရှားစေနိုင်ရုံသာမက အသက်ဝင်တဲ့ အမှတ်တရပုံရိပ်တွေကို ဖမ်းယူပေးနိုင်မှာဖြစ်ပါတယ်။ သင်္ကြန်ရဲ့ ပျော်ရွှင်မှု၊ စိုပြည်တောက်ပမှုအလှတွေကို အသက်သွင်းနိုင်ရုံသာမက အမှတ်တရ မှတ်တမ်းတွေကို OPPO စမတ်ဖုန်းတွေရဲ့ ဗီဒီယိုနဲ့တကွ မှတ်တမ်းတင်ပုံဖော်နိုင်မှာဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုး၊ နေရာမျိုးမှာမဆို Stabilization အားကောင်းကောင်းနဲ့ ပြတ်သားကြည်လင်တဲ့ ဗီဒီယိုတွေအတွက် OPPO Reno15 Series 5G နဲ့ OPPO Find X9 တို့က အမြဲ အဆင်သင့်ရှိနေမှာဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေရိုက်ကူးတဲ့အခါမှာလဲ ရိုက်ကူးပုံဖော်ရုံနဲ့တင် သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ မဟုတ်ဘဲ လိုအပ်သမျှကို မိမိစိတ်တိုင်းကျ ပြန်လည်တည်းဖြတ်ပြုပြင်နိုင်တဲ့ Editing Tools တွေကလဲ Professional ဆန်ဆန် ပြုပြင်နိုင်ရုံသာမက ခေတ်ရှေ့‌ပြေးအောင် ပြန်လည်ပြုပြင်နိုင်တဲ့ Trendy Style တွေအဖြစ်လဲ တည်းဖြတ် ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

မြန်မာတို့ရဲ့ ခါသင်္ကြန်ပွဲတော်ဟာဆိုရင် အားလုံးတရင်းတနှီး ရေကစားရင်း ပျော်ရွှင်ကြတဲ့ မြန်မာ့ရိုးရာ ပွဲတော်ဖြစ်တဲ့အတွက် စမတ်ဖုန်းတွေရဲ့ ရေစိုခံနိုင်မှုနဲ့ ခိုင်ခံ့မှုကလဲ အင်မတန် အရေးကြီးတဲ့ အရာတွေထဲမှာ တစ်ခုအဖြစ် ပါဝင်ပါတယ်။ OPPO စမတ်ဖုန်းတွေ အထူးသဖြင့် OPPO ရဲ့ A Series စမတ်ဖုန်းတွေဟာဆိုရင် သုံးစွဲသူတွေအကြား ရေစိမ် ရေစိုခံတဲ့ IP 68/69 Dust and Water Resistance ပါရှိတဲ့အပြင် ပြုတ်ကျမှု ဒဏ်တွေကို ခံနိုင်ရည်ရှိတဲ့ Military-Grade Shock Resistance ပါရှိတာကြောင့် ရေကစားနေစဉ်အချိန်မှာတောင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပြီး အမှတ်တရအချိန်များကို စိတ်ချလက်ချ မှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။ ရေစိုသွားရင်တောင်မှ တစ်စက်မှ နှောင့်နှေးသွားခြင်းမရှိအောင် IP 68/69 Dust & Water Resistance က‌ ထောက်ပံ့ပေးထားသလို Software Levelအဆင့်ရှိ ColorOS စနစ်ကလဲ OPPO စမတ်ဖုန်းတွေကို အသုံးပြုလိုက်တိုင်း ပေါ့ပါးတဲ့ အတွေ့အကြုံနဲ့ ချောမွေ့မြန်ဆန်မှုကို အမြဲပေးစွမ်းနေပြီး သုံးစွဲသူတွေအချင်းချင်း ဖိုင်တွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အလွယ်ဆုံး မျှ‌ဝေပေးနိုင်တဲ့ O+ Connect ကလဲ လွယ်ကူမြန်ဆန်တဲ့ အတွေ့အကြုံကို ပေးစွမ်းမှာဖြစ်ပါတယ်။

#အတာသင်္ကြန်နှစ်ကူးOPPOနဲ့အတူရွှင်မြူး

1TB အထိ Ultra Storage ပါဝင်လာတဲ့ နောက်ဆုံးပေါ် Samsung Galaxy S26 Ultra ကို (၁၀) သိန်းအထိ အထူးလျှော့ဈေးနဲ့ မြန်မာနိုင်ငံ...
02/04/2026

1TB အထိ Ultra Storage ပါဝင်လာတဲ့ နောက်ဆုံးပေါ် Samsung Galaxy S26 Ultra ကို (၁၀) သိန်းအထိ အထူးလျှော့ဈေးနဲ့ မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီ

Samsung Electronics Co., Ltd. ကနေ မကြာသေးခင်က မိတ်ဆက်ပေးထားတဲ့ Galaxy S26 Series ဟာ အဆန်းသစ်ဆုံး စွမ်းရည်မြင့်လုပ်ဆောင်ချက်များနဲ့အတူ ကမ္ဘာ့ပထမဆုံး Built-in Privacy Display ပါဝင်လာတာကြောင့် သုံးစွဲသူများအကြား ရေပန်းစားလျက်ရှိနေတာပါ။ ယခုအခါမှာတော့ မြန်မာနိုင်ငံစျေးကွက်မှာ ပထမဆုံးအနေနဲ့ 1TB အထိ တိုးမြင့်ပေးထားတဲ့ Ultra Storage ပါဝင်တဲ့ Galaxy S26 Ultra ကို စတင်မိတ်ဆက် ရောင်းချပေးလိုက်ပြီဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကနေ ဧပြီလ (၂၁) ရက်နေ့အတွင်း ဝယ်ယူမယ်ဆိုရင်တော့ အတန်ဆုံး (၁၀) သိန်းအထိလျှော့ဈေး၊ အထူးအခွင့်အရေးများနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Galaxy S26 Ultra (16/1TB) မော်ဒယ်ကို နီးစပ်ရာ Samsung Showroom နဲ့ Samsung ရဲ့ တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများမှာအပြင် Samsung ရဲ့ တရားဝင် eStore လင့်ခ် (https://bit.ly/4toDB0B) ကနေလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Cobalt Violet၊ Sky Blue၊ Black နဲ့ White စတဲ့ အရောင်များအတိုင်း ရွေးချယ်ဝယ်ယူ ရရှိနိုင်မှာပါ။ ပရိုမိုးရှင်းကာလ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကနေ ဧပြီလ (၂၁) ရက်နေ့အတွင်း ဝယ်ယူမယ်ဆိုရင်တော့ ပစ္စည်းလက်ကျန်ရှိသလောက် အထူးလျှော့စျေးနှုန်းနဲ့ ရရှိနိုင်မှာဖြစ်ပြီး အောက်ပါ အထူးခံစားခွင့်တွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်ပါတယ်။
ပုံမှန်စျေးနှုန်း ၈,၅၀၁,၀၀၀ ကျပ်ရှိ Galaxy S26 Ultra (16/1TB) ကို ပရိုမိုးရှင်းကာလအတွင်း (၁၀) သိန်းအထိ သက်သာမယ့် အထူးစျေးနှုန်း- ၇,၅၅၃,၀၀၀ ကျပ် နဲ့ ရရှိနိုင်မှာပါ။
(၁၀) သိန်း ကျပ်အထိ တန်ဖိုးရှိတဲ့ Samsung Care+ အကာအကွယ်ကိုလည်း ဝယ်ယူတဲ့နေ့မှစပြီး (၁၈) လအတွင်း ပေးအပ်သွားမှာဖြစ်လို့ မတော်တဆ အရှေ့မှန် မျက်နှာပြင် (Front Screen) ကွဲခြင်းအတွက် ၇၀% သက်သာခွင့် နဲ့ အနောက်ကိုယ်ထည် (Back Screen) ကွဲခြင်းအတွက် ၁၀၀% သက်သာခွင့်တွေကို အဆိုပါကာလအတွင်း ရရှိနိုင်မှာဖြစ်ပါတယ်။
Samsung ကနေ ပေးအပ်သွားမယ့် Official Warranty ကိုလည်း (၂) နှစ်အထိ ရရှိသွားနိုင်ဦးမှာပါ။
အတိုးမဲ့ အရစ်ကျ ပေးချေနိုင်မယ့် အစီအစဉ်အနေနဲ့လည်း AYA PAY ရဲ့ Buy Now Pay Later နဲ့ ၆ လ အတိုးမဲ့ အရစ်ကျ ဝယ်ယူနိုင်မှာပါ။

နောက်ဆုံးပေါ် Galaxy S26 Ultra မှာ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ပေးမယ့် Built-in Privacy Display အပြင် နေ့စဉ်ဘဝကို ပိုမိုလွယ်ကူချောမွေ့အောင် ကူညီပေးမယ့် Galaxy AI လုပ်ဆောင်ချက်များ၊ ပုံရိပ်တွေကို ကြည်လင် လှပစွာနဲ့ အသေးစိတ်ကျကျရိုက်ကူးနိုင်မယ့် 200MP ကင်မရာ၊ လုပ်ဆောင်ချက်တွေကို လျင်မြန်ချောမွေ့စေမယ့် စွမ်းရည်မြင့် Snapdragon® 8 Elite Gen 5 for Galaxy အပါအဝင် အဆန်းသစ်ဆုံး လုပ်ဆောင်ချက်များစွာ ပါဝင်လာတာ ဖြစ်ပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Galaxy S26 Ultra ရဲ့ 1TB မော်ဒယ်မှာတော့ ယခုလို စွမ်းဆောင်ရည်မြင့် နောက်ဆုံးပေါ်လုပ်ဆောင်ချက်များကို အသုံးပြုနိုင်ရုံသာမကဘဲ Ultra Storage ကြောင့် အမှတ်တရများစွာကို ပိုမိုသိမ်းဆည်းနိုင်သလို အမြင့်မားဆုံး သုံးစွဲမှုအတွေ့အကြုံကို ခံစားရရှိနိုင်စေမှာပါ။

နောက်ဆုံးပေါ် Galaxy S26 Series ဖုန်းများအပါအဝင် Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်တွေနဲ့ပတ်သတ်ပြီး အချိန်နဲ့ တပြေးညီသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာလည်း ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။

Premium Open-Ear TWS ဈေးကွက်၏ No(1) HUAWEI FreeClip 2 ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်Huawei Myanmar သည် ယနေ့တွင် Premiu...
27/03/2026

Premium Open-Ear TWS ဈေးကွက်၏ No(1) HUAWEI FreeClip 2 ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

Huawei Myanmar သည် ယနေ့တွင် Premium Open-Ear TWS ဈေးကွက်၏ ကမ္ဘာ့ထိပ်တန်းနှင့် နံပါတ် (၁) ဖြစ်သော HUAWEI FreeClip 2 ကို မြန်မာနိုင်ငံရှိ အသုံးပြုသူများအတွက် တရားဝင် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ Forbes မဂ္ဂဇင်း မှ "ဈေးကွက်အတွင်း အကောင်းဆုံး Open-ear နားကြပ်" အဖြစ် အသိအမှတ်ပြုထားသည့် ဤနားကြပ်သည် "Never Feel, Never Fall" ခံစားမှုကို အပြည့်အဝ ပေးစွမ်းနိုင်မည်ဖြစ်သည်။ "Never Feel" တစ်နေကုန် တပ်ဆင်ထားသော်လည်း နားနာကျင်မှု လုံးဝမရှိဘဲ လုံးဝသက်တောင့်သက်သာရှိစေပြီး၊ "Never Fall" C-bridge ဒီဇိုင်းကြောင့် နားနှင့် အံဝင်ခွင်ကျဖြစ်ကာ မြဲမြံစွာ ကပ်ပါနေမည်ဖြစ်သည်။

၁။ Huawei ၏ ဆန်းသစ်တီထွင်မှု Airy C-bridge ဒီဇိုင်း အဆင့်မြင့် shape-memory alloy နှင့် အရေပြားနှင့် ဓာတ်မတည့်မှုမဖြစ်စေသော silicone တို့ဖြင့် ပေါင်းစပ်ဖန်တီးထားသည့် ဆန်းသစ်သော Airy C-bridge ဒီဇိုင်းသည် အလွန်ပေါ့ပါးပါသည်။ နားကြပ်တစ်ဖက်လျှင် ၅.၁ ဂရမ် သာ အလေးချိန်ရှိပြီး တိမ်တိုက်ပေါ်တွင် ရှိနေသကဲ့သို့ နူးညံ့ကာ တစ်နေကုန် သက်တောင့်သက်သာဖြင့် တပ်ဆင်ထားနိုင်မည်ဖြစ်သည်။

၂။ ကြည်လင်ပြတ်သားသော ဖုန်းပြောဆိုမှုစနစ် (Crystal-Clear Calls) ယခင်ထက် ၁၀ ဆ ပိုမိုစွမ်းဆောင်ရည်မြင့်မားသော NPU (Neural Processing Unit)

AI processor သစ်ကို အသုံးပြုထားသည်။ မိုက်ခရိုဖုန်း (၃) လုံးစနစ်နှင့် DNN ( Deep Neural Network) algorithm တို့ ပေါင်းစပ်ထားသောကြောင့် ဆူညံသော နေရာတွင်ဖြစ်စေ၊ လေတိုက်နှုန်းပြင်းသော လမ်းမပေါ်တွင်ဖြစ်စေ သင့်အသံကို ကြည်လင်ပြတ်သားစွာ ကြားရစေမည်ဖြစ်သည်။

၃။ အဆင့်မြင့်အသံအရည်အသွေး (Supreme Audio Quality) Open-ear အသံစနစ်၏ အောင်မြင်သော ခြေလှမ်းသစ်တစ်ခုဖြစ်သည်။ ခေတ်မီ dual-diaphragm driver ကြောင့် ယခင်မျိုးဆက်ထက် အသံကျယ်နှုန်းနှင့် Bass အသံကို ၁၀၀ ရာခိုင်နှုန်း ပိုမိုအားကောင်းစေပြီး၊ နားပေါက်ကို ပိတ်ဆို့ထားခြင်းမရှိဘဲ ပတ်ဝန်းကျင်အသံကိုလည်း သတိပြုနိုင်ကာ အဆင့်မြင့်အသံအရည်အသွေးကို ခံစားရရှိစေမည်ဖြစ်သည်။

ဘက်ထရီသက်တမ်း ၂ ရက် အထိ အသုံးခံခြင်း၊ IP57 ဖုန်နှင့် ရေစိုခံစနစ်တို့ ပါဝင်သည့် HUAWEI FreeClip 2 ကို Blue နှင့် Black အရောင်များဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

“HUAWEI FreeClip2 - 𝐍𝐞𝐯𝐞𝐫 𝐅𝐞𝐞𝐥, 𝐍𝐞𝐯𝐞𝐫 𝐅𝐚𝐥𝐥”

မြန်မာနိုင်ငံတစ်ဝှမ်းရှိ Huawei အရောင်းပြခန်းများနှင့် နီးစပ်ရာ မိုဘိုင်းဖုန်းဆိုင်များတွင် မှာယူနိုင်ပါပြီ။

ရောင်းချသည့် ဆိုင်လိပ်စာနှင့် ဖုန်းနံပါတ်များ : [https://tinyurl.com/5n6mbm52]

ဆက်သွယ်ရန်: Hotline: +95 9 689 000900

Address

Yangon

Alerts

Be the first to know and let us send you an email when Tech Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tech Hub:

Share