21/08/2026
🚐 Caravan SandWitch - တိုက်ခိုက်ရတာတွေ မပါဘဲ စိတ်အေးလက်အေး ကစားရမယ့် Cozy Sci-Fi Exploration Game 🚐
Caravan SandWitch ဆိုတာ စိတ်အေးချမ်းစွာ (Stress Free) ကစားရတဲ့ Single-player Sci-Fi Narrative Exploration ဂိမ်းတစ်ခု ဖြစ်ပါတယ်။ တိုက်ခိုက်ရတာတွေ သို့မဟုတ် စိတ်ဖိစီးစရာ အချိန်ကန့်သတ်ချက်တွေ မပါဘဲ ဂိမ်းကမ္ဘာထဲမှာ လေ့လာစူးစမ်းမှုနဲ့ ပဟေဠိဖြေရှင်းခြင်းကို အဓိက ဦးစားပေးထားတာပါ။
🚐 No Combat & Death 🚐
ဂိမ်းထဲမှာ ရန်သူနဲ့ တိုက်ခိုက်ရတာ (Combat)၊ Game Over/Death (သေဆုံးတာ) နဲ့ Time Limit (အချိန်ကန့်သတ်ချက်) တွေ လုံးဝ မပါဝင်ပါဘူး။
🚐 Van Exploration & Upgrade 🚐
ဗန်ကား (Van) လေးကို မောင်းနှင်ပြီး ဂြိုဟ်အနှံ့ သွားရောက်လေ့လာရမှာပါ။ ကားမှာ Scanners၊ Grappling Hooks စတဲ့ Tool အသစ်တွေ တပ်ဆင် Upgrade လုပ်ရင်း ပိတ်နေတဲ့ လမ်းကြောင်းအသစ်တွေကို ပွင့်အောင် ပြုလုပ်ရပါမယ်။
🚐 Story & Community 🚐
သဘာဝပတ်ဝန်းကျင်နဲ့ အရင်းအမြစ် ခေါင်းပုံဖြတ်ခံရမှုကြောင့် ပျက်စီးနေတဲ့ ဂြိုဟ်ပေါ်က မြို့ခံမျိုးနွယ်စုတွေနဲ့ စကားပြောခြင်း၊ Quest တွေ ကူညီပေးခြင်းဖြင့် ဂိမ်းကမ္ဘာကြီးရဲ့ ဇာတ်ကြောင်းကို ဖော်ထုတ်ရမှာပါ။
🚐 Cozy Visual & Audio 🚐
ကာတွန်းစတိုင် Cell-shaded Visual နဲ့ အေးဆေးငြိမ့်ညောင်းတဲ့ Music ပါဝင်တာကြောင့် အနားယူရင်း Cozy ဖြစ်ဖြစ် ဆော့ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
⚠️⚠️⚠️
ဒီဂိမ်းလေးကို Epic Games Store မှာ ဩဂုတ်လ ၂၇ ရက်နေ့အထိ အခမဲ့ Claim ယူထားနိုင်တာမို့ ဘော်ဒါတွေပါ သိသွားအောင် Share ပေးလိုက်ကြပါဦး။ နောက်ထပ် Free Game သတင်းကောင်းတွေနဲ့ ဂိမ်းအကြောင်း ဆောင်းပါး တွေကို အမြဲ ဖတ်နိုင်ဖို့ Page ကို Like & Follow လေးလည်း နှိပ်ထားခဲ့ကြပါဦးဗျ။