Stardew Valley Mobile Myanmar

Stardew Valley Mobile Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Stardew Valley Mobile Myanmar, Digital creator, Yangon.
(3)

✨ Stardew Valley နှင့် စိတ်ဝင်စားဖွယ်ဂိမ်းများအကြောင်း ၊ နောက်ဆုံးရသတင်းများနှင့် ဗီဒီယိုများကို တင်ဆက်ပေးသွားပါမည်။
✨ iPhone & iPad များအတွက် Apple ID Rental Service ပေးပါသည်။
✨ သင်၏ Apple ID (US Region) တွင် ငွေဖြည့်သွင်းလိုပါကလည်း ဆောင်ရွက်ပေးပါသည်။

iOS 26 တင်ပြီးကြပြီလား။ error ဘာညာ တွေ့ရင် command မှာ ရေးခဲ့ကြပါဦး။ Admin ကတော့ အဆင်ပြေနေပါတယ်။ အော် ဒါနဲ့ page မှာ Pre...
16/09/2025

iOS 26 တင်ပြီးကြပြီလား။ error ဘာညာ တွေ့ရင် command မှာ ရေးခဲ့ကြပါဦး။ Admin ကတော့ အဆင်ပြေနေပါတယ်။

အော် ဒါနဲ့ page မှာ Premium Paid ဂိမ်းတွေ ၊ အက်ပ်တွေ ကို ဈေးသက်သက်သာသာ နဲ့ Applē 🆔 လာငှါးပြီး download နိုင်ကြောင်းကိုလည်း သတင်းပေးပါရစေနော်။

https://m.facebook.com/story.php?story_fbid=780700661365158&id=100082756931842

𝗧𝗵𝗲 𝗥𝗶𝘀𝗲 𝗼𝗳 𝗠𝗲𝘁𝗿𝗼𝗶𝗱𝘃𝗮𝗻𝗶𝗮 𝗚𝗮𝗺𝗲𝘀၂၀၂၅ ခုနှစ်ဟာ Metroidvania ဂိမ်းတွေရဲ့ နှစ်တစ်နှစ်လို့တောင် တင်စားခေါ်ဝေါ်လို့ရပါတယ်။Metro...
15/09/2025

𝗧𝗵𝗲 𝗥𝗶𝘀𝗲 𝗼𝗳 𝗠𝗲𝘁𝗿𝗼𝗶𝗱𝘃𝗮𝗻𝗶𝗮 𝗚𝗮𝗺𝗲𝘀

၂၀၂၅ ခုနှစ်ဟာ Metroidvania ဂိမ်းတွေရဲ့ နှစ်တစ်နှစ်လို့တောင် တင်စားခေါ်ဝေါ်လို့ရပါတယ်။

Metroidvania ဆိုတာ ဗီဒီယိုဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး ဂိမ်းထဲမှာရှိတဲ့ ကမ္ဘာကြီးတစ်ခုလုံးဟာ အပြန်အလှန်ချိတ်ဆက်နေတဲ့ ဧရိယာတွေ၊ လမ်းကြောင်းတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီဂိမ်းအမျိုးအစားဟာ "Metroid" နဲ့ "Castlevania: Symphony of the Night" ဆိုတဲ့ ဂိမ်းနှစ်ခုရဲ့ နာမည်တွေကို ပေါင်းစပ်ပြီး ပေါ်ပေါက်လာတာပါ။

Metroidvania ဂိမ်းတွေရဲ့ အဓိကအင်္ဂါရပ်တွေကတော့

📌 ကျယ်ပြန့်တဲ့ ကမ္ဘာ (Large, Interconnected World)
📍ဂိမ်းရဲ့ မြေပုံက အခန်းကျဉ်းလေးတွေလို မဟုတ်ဘဲ အစအဆုံး အပြန်အလှန်ချိတ်ဆက်နေတဲ့ ဧရိယာကြီးတစ်ခုလုံး ဖြစ်ပါတယ်။ ကစားသူဟာ ဂိမ်းထဲက ကမ္ဘာကို လွတ်လွတ်လပ်လပ် စူးစမ်းနိုင်ပါတယ်။

📌 စွမ်းရည်အသစ်တွေ ရရှိခြင်း (Ability Progression)
📍ဂိမ်းစစချင်းမှာတော့ ကစားသူဟာ အချို့နေရာတွေကို မသွားနိုင်အောင် ပိတ်ဆို့ခံထားရပါတယ်။ ဒါပေမဲ့ ဂိမ်းကို ဆက်ကစားရင်းနဲ့ အထူးစွမ်းရည်တွေ၊ ကိရိယာတွေ (ဥပမာ- နှစ်ထပ်ခုန်နိုင်ခြင်း၊ သော့ဖွင့်နိုင်ခြင်း၊ ပေါက်ကွဲစေတဲ့ ဗုံးတွေပစ်နိုင်ခြင်း) ကို ရရှိလာပြီး အရင်က သွားလို့မရတဲ့ နေရာတွေကို ပြန်သွားနိုင်လာပါတယ်။

📌 နောက်ပြန်စူးစမ်းခြင်း (Backtracking)
📍စွမ်းရည်အသစ်တွေ ရလာတဲ့အခါ အစောပိုင်းရောက်ခဲ့တဲ့ ဧရိယာတွေကို ပြန်သွားပြီး လျှို့ဝှက်နေရာတွေ ဒါမှမဟုတ် လမ်းကြောင်းအသစ်တွေကို ရှာဖွေရပါတယ်။ ဒီလို နောက်ပြန်လှည့်ပြီး စူးစမ်းရတာဟာ ဒီဂိမ်းအမျိုးအစားရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခုပါ။

📌 တိုက်ခိုက်မှုနဲ့ ရန်သူများ (Combat and Enemies)
📍Metroidvania ဂိမ်းတွေမှာ အဓိကအားဖြင့်ရန်သူတွေကို တိုက်ခိုက်ပြီး အတွေ့အကြုံတွေ၊ ပစ္စည်းတွေကို စုဆောင်းရပါတယ်။ ဘော့စ် (Boss) လို့ခေါ်တဲ့ အင်အားကြီးမားတဲ့ ရန်သူတွေကိုလည်း တိုက်ခိုက်ရတာမျိုးတွေ ပါဝင်ပါတယ်။

♦️ထင်ရှားကျော်ကြားတဲ့ Metroidvania ဂိမ်းများ♦️

📌 Metroid Series

ဒီဂိမ်းကတော့ ဒီအမျိုးအစားရဲ့ မူလအစပဲဖြစ်ပါတယ်။ အာကာသစွန့်စားခန်းအမျိုးအစားဖြစ်ပြီး စွန့်စားခန်းများ ပြည့်နေတဲ့ ၊ သက်တောင့်သက်သာမရှိတဲ့ ဂြိုလ်တွေပေါ်မှာ စူးစမ်းရပါတယ်။

📌 Castlevania: Symphony of the Night

ဒီဂိမ်းဟာ ဂိမ်းပရိသတ်တွေကြားမှာ Metroidvania ဂိမ်းအဖြစ် ပထမဆုံး အသိအမှတ်ပြုခံရတဲ့ ဂိမ်းတစ်ခုပါ။ Dracula ရဲ့ ရဲတိုက်ကြီးထဲမှာ စွန့်စားခန်းဖွင့်ရတာဖြစ်ပါတယ်။

📌 Hollow Knight

လက်ရှိခေတ် Metroidvania ဂိမ်းတွေထဲမှာ အအောင်မြင်ဆုံး ဂိမ်းတစ်ခုပါ။ လက်ရေးပန်းချီပုံစံ အနုပညာလက်ရာတွေ (hand drawing art style) နဲ့ အလွန်ခက်ခဲတဲ့ တိုက်ခိုက်မှုတွေကြောင့် နာမည်ကြီးပါတယ်။

📌 Ori and the Blind Forest / Ori and the Will of the Wisps

ဒီဂိမ်းတွေကတော့ စိတ်ကူးယဉ်ကမ္ဘာထဲက အနုပညာလက်ရာတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းပုံစံကြောင့် လူကြိုက်များပါတယ်။

📌 Blasphemous

Gothic horror အမျိုးအစားနဲ့ ပုံဖော်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ခက်ခဲတဲ့ တိုက်ခိုက်မှုတွေနဲ့ ထူးခြားတဲ့ အနုပညာပုံစံတွေကြောင့် နာမည်ကြီးပါတယ်။

Metroidvania ဂိမ်းတွေဟာ ကစားသူကို ဂိမ်းကမ္ဘာကြီးထဲမှာ လုံးဝနစ်မြုပ်သွားစေပြီး ကိုယ်တိုင်လမ်းကြောင်းရှာဖွေကာ တိုးတက်မှုတွေ ရယူရတာကို နှစ်သက်တဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် အတွင်းမှာဆိုရင် Metroidvania ဂိမ်းအမျိုးအစားကို ကိုယ်စားပြုတဲ့ ဂိမ်းတွေထဲမှာ Hollow Knight: Silksong ဟာ ဂိမ်းကစားသူတွေ အများဆုံး မျှော်လင့်နေကြတဲ့ ဂိမ်းပါ။ ဒီဂိမ်းဟာ ပထမဆုံးထွက်ရှိခဲ့တဲ့ Hollow Knight ရဲ့ အောင်မြင်မှုတွေပေါ်မှာ အခြေခံထားပြီး၊ ဇာတ်လိုက်မင်းသမီး Hornet အနေနဲ့ ကမ္ဘာသစ်တစ်ခုကို စူးစမ်းရှာဖွေရမှာ ဖြစ်ပါတယ်။ လှပတဲ့ လက်နဲ့ဆွဲထားတဲ့ ပုံစံ (hand drawing art style) ၊ ခက်ခဲတဲ့ တိုက်ခိုက်မှုတွေနဲ့အတူ ဒီဂိမ်းဟာ ၂၀၂၅ ခုနှစ် ရဲ့ အထင်ကရ ဂိမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်။

ဒီနှစ်ထဲမှာပဲ ထွက်ရှိလာမယ့် နောက်ထပ် ဂိမ်းတစ်ခုကတော့ The Rogue Prince of Persia ဖြစ်ပါတယ်။ ဒီဂိမ်းဟာ Prince of Persia ဂိမ်းစီးရီးရဲ့ ကမ္ဘာထဲကို Metroidvania ပုံစံမျိုးနဲ့ ပေါင်းစပ်ထားပါတယ်။ ဒီဂိမ်းထဲမှာ အတိတ်က နာမည်ကြီးခဲ့တဲ့ Prince of Persia ဂိမ်းတွေရဲ့ ခံစားချက်ကို ပြန်လည် ခံစားရမှာဖြစ်ပြီး၊ ပိုပြီး ဆန်းသစ်တဲ့ ဂိမ်းကစားပုံနဲ့ ပိုမိုလှပတဲ့ ဂရပ်ဖစ်တွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ စွန့်စားခန်းဂိမ်းတွေကို နှစ်သက်သူတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာပါလိမ့်မယ်။

နောက်ထပ်စိတ်ဝင်စားစရာ အသစ်အဆန်းများ အနေနဲ့ဆိုရင် Guns of Fury ဟာ Metroidvania ပရိသတ်တွေကို အံ့အားသင့်စေမယ့် ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းဟာ အနောက်တိုင်းက cowboys တွေရဲ့ ခံစားချက်ကို Metroidvania ပုံစံနဲ့ ပေါင်းစပ်ထားပြီး၊ သေနတ်တွေကို အသုံးပြုကာ ရန်သူတွေကို တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ တွေ့မြင်နေကျ Metroidvania ဂိမ်းတွေနဲ့ ကွဲပြားပြီး သေနတ်ပစ်ဂိမ်းကြိုက်သူတွေအတွက်ပါ စိတ်ဝင်စားစရာ ဖြစ်စေပါတယ်။

နောက်ထပ် ထူးခြားတဲ့ဂိမ်းတစ်ခုကတော့ Shinobi: Art of Vengeance ဖြစ်ပါတယ်။ ဒီဂိမ်းဟာ ဂျပန်ရိုးရာ Ninja တွေကို အခြေခံထားပြီး၊ အနုပညာဆန်တဲ့ ဒီဇိုင်းတွေနဲ့ ခုန်ပေါက်မှု၊ လျှို့ဝှက်တိုက်ခိုက်မှုတွေအပေါ် အဓိကထားပါတယ်။ ဂိမ်းထဲမှာ လျှို့ဝှက်နေရာတွေကို ရှာဖွေရတာ၊ စွမ်းရည်အသစ်တွေ သင်ယူရတာ စတဲ့ Metroidvania ရဲ့ အဓိက အင်္ဂါရပ်တွေကို အပြည့်အဝ ခံစားရမှာ ဖြစ်ပါတယ်။

Metroidvania ဂိမ်းအမျိုးအစားဟာ ၂၀၂၅ ခုနှစ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ရွက်လွှင့်နေပါတယ်။

Hollow Knight: Silksong လို လူကြိုက်များပြီးသား ဂိမ်းတွေအပြင် The Rogue Prince of Persia လို ဂိမ်းစီးရီးဟောင်းတွေရဲ့ ဂိမ်းအသစ်များနဲ့အတူ Guns of Fury နဲ့ Shinobi: Art of Vengeance လို ဂိမ်းအမျိုးအစား အသစ်တွေ ပေါင်းစပ်ထားတဲ့ ဂိမ်းတွေပါ ထွက်ရှိလာမှာဖြစ်လို့ ဂိမ်းကစားသူတွေအတွက် ရွေးချယ်စရာတွေ အများကြီး ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၅ ဟာ Metroidvania ဂိမ်းပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ၊ ပျော်စရာ နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။

iPhone / iPad တွေမှာ ဈေးသက်သက်သာသာနဲ့ Premium Paid ဂိမ်းတွေ ဆော့ဖို့ဆိုရင် Stardew Valley Mobile Myanmar ကို သတိရပါ။◾◾◾◾...
15/09/2025

iPhone / iPad တွေမှာ ဈေးသက်သက်သာသာနဲ့
Premium Paid ဂိမ်းတွေ ဆော့ဖို့ဆိုရင် Stardew Valley Mobile Myanmar ကို သတိရပါ။
◾◾◾◾◾

💢 Online ကနေ Applē 🆔 Rental Service ယူမယ်ဆိုရင် Device တစ်ခု အတွက် 🆔 တစ်ခါ ငှားခ (45000 MMK) ပါ။
ဂိမ်းအရေအတွက် စိတ်ကြိုက် download ဆွဲထားနိုင်ပါတယ်။

◾◾◾◾◾

Download ယူထားပြီးတဲ့ ဂိမ်း ၊ အက်ပ် မှန်သမျှဟာ ပြန် မဖျက်မချင်း ဆော့ကစား ၊ အသုံးပြုနိုင်မှာပါ။

1. Stardew Valley
2. Minecraft
3. Monument Valley 2
4. Streets of Rage 4
5. Pascal's Wager
6. Dead cells
7. Bad North: Jotunn Edition
8. Balatro
9. Harvest Moon: Home Sweet Home
10. GTA: San Andreas – Definitive
11. Terraria
12. Bright Memory: Infinite
13. Almost Chess
14. Samurai 2: Vengeance
15. Monopoly
16. Wreckfest
17. Tiny Wings
18. NARUTO: Ultimate Ninja STORM
19. Aces of the luftwaffe Squadron
20. Don't Starve: Pocket Edition
21. Sparklite
22. Northgard
23. 7 Stories
24. DobbyxEscape: Adventure Story
25. Tales of the neon sea
26. RFS - Real Flight Simulator
27. Hugo Hup
28. Escapists 2: Pocket Breakout
29. Hunddown
30. Implosion-Never lose hope
31. Nimian Legends : BrightRidge HD
32. Hitman Go
33. Lara croft Go
34. Holy Potatoes! We’re in Space?
35. Earth Atlantis
36. Starman
37. Hitman Sniper
38. Eggggg
39. Chameleon run
40. Warp shift
41. Love you to bits
42. True Skate
43. Iron Marines : RTS
44. Tainted Keep
45. Angry birds Space
46. GTA : San Andreas
47. GTA : lll
48. GTA : Vice City
49. Bully: Anniversary Edition
50. Evoland
51. Evoland 2
52. Break Pile
53. Zip Zap
54. Cut the rope: Magic Gold
55. Crystal Journey
56. Mimpi Dreams
57. Project V90
58. Atom Run
59. Little Nightmares
60. Sleepin' Guy
61. Ascender
62. Kingdom Rush TD
63. Potion Permit
64. INKS.
65. Macs World
66. Papa's Sushiria
67. Drop Flop!
68. Slaps and beans
69. Access Code Zero
70. FlapThatBat
71. Art of Rally
72. Lock’s Quest
73. After Inc.
74. AirAttack 2
75. The Room
76. The Room 2
77. The Room 3
78. The Room: Old Sins
79. Company of Heroes Collection
80. Shakedown: Hawaii
81. Afterplace
82. El Hijo
83. Dadi
84. The Things We See in Space
85. Rogue Adventures
86. Station 117
87. Trials of Dragons
88. Another Tomorrow
89. Veritas
90. King of Defense Premium
91. The Castle Path
92. Vive le Roi 3
93. Motorsport Manager Mobile 3
94. Tap Knight - Idle Adventure
95. Slay
96. Warlords Classic Strategy
97. Sky Master - pixel shooter
98. Castle Ramble
99. Dig Deep!
100. Super Tank Battle - TabletArmy
101. Hoopa City 2
102. Désiré
103. Tiny Tanks!
104. Anodia: Unique Brick Breaker
105. Street Fighter IV CE
106. Luminosus
107. Fox Eats Chicks
108. Colorzzle
109. EvoCreo™: Pocket Monster Game
110. Alphaputt
111. Picallo - Casual Shoot'em Up
112. Heroine Anthem Zero
113. Don't Eat Us
114. Children of Morta
115. Dwarf Journey
116. SpongeBob - The Cosmic Shake
117. Summer Catchers
118. Juicy Realm
119. Blasphemous
120. Lovecraft's Untold Stories
121. Antarah: The Game
122. Subnautica
123. Otok
124. TerraCrest4
125. Solitaire Collection - 4 in 1
126. Card Hog
127. Fury Unleashed
128. Legend of the Moon
129. Legend of the Moon2:Shooting
130. Sleepin' Guy: Sleepin' Deeply
131. EVIG Space Shooter
132. Almost Chess
133. Black Border 2
134. Chloe Puzzle Game Pro
135. Inked
136. Entomophobia: Mobile
137. Chicken with Dynamite
138. Cat Sandbox
139. Old Man's Journey
140. Abi: A Robot's Tale
141. Whipseey
142. Wargroove 2: Pocket Edition
143. Dotted Lines - Snake
144. Say No! More
145. OutRacer
146. TABS Pocket Edition
147. Space Marshals
148. Space Marshals 2
149. Backyard Baseball ‘97
150. Backyard Baseball ‘01
151. Hocus.
152. Hitman: Absolution (Preordered-Available at Sep 25)

________________

1. LumaFusion
2. ProCam - Pro Camera
3. ProShot
4. File Explorer & Player [Pro]
5. BlackCam - Black&White Camera
6. UkeLib Chord Pro
7. GtrLib Chord Pro
8. Tonality Music theory
9. Tape
10. Knots 3D
11. Office Origami
12. Sprite Pencil
13. Sketch Club
14. Asketch
15. 3D Anatomy
16. Videocraft - Video Editor Pro
17. 8mm Vintage Camera
18. MovieSpirit - Movie Maker Pro
19. ACDSee Pro
20. Toolbox - All you need

Applē 🆔 Rental Service ယူမယ့် Customers များကို ပြောပြ‌ပေးချင်တာက Applē 🆔 ငှားချင်ရင် အချိန် မရွေး လာငှားနိုင်ပါတယ် ဆိုတာပါ။ (ဒီရက်ပိုင်း page ရဲ့ chat box မှာ Applē 🆔 ငှားလို့ ရသေးလားဆိုပြီး လာ ၊ လာ မေးကြသူတွေ ရှိလာလို့ ပြောပြပေးတာပါ။)

Applē 🆔 မငှါးခင်မှာ ကိုယ် လိုချင်တဲ့ ဂိမ်းများ ၊ အက်ပ်များကို ကြိုတင် ရွေးချယ်ထားပေးကြပါနော်။

ဒီလို ကြိုတင်ရွေးချယ်ထားလိုက်ရင် Applē 🆔 ငှါးပြီးတာနဲ့ ဂိမ်းတွေ ၊ အက်တွေ ကို တန်း download ယူရုံပါပဲခင်ဗျာ။

♦️Mario ဂိမ်းစီးရီး နှစ် ၄၀ ပြည့် အထိမ်းအမှတ်♦️📌ကမ္ဘာ့ဗီဒီယိုဂိမ်းသမိုင်းကို ပြောင်းလဲစေခဲ့သည့် ရေပိုက်ပြင်သမားလေး၏ ဖြတ်...
13/09/2025

♦️Mario ဂိမ်းစီးရီး နှစ် ၄၀ ပြည့် အထိမ်းအမှတ်♦️

📌ကမ္ဘာ့ဗီဒီယိုဂိမ်းသမိုင်းကို ပြောင်းလဲစေခဲ့သည့် ရေပိုက်ပြင်သမားလေး၏ ဖြတ်သန်းမှုခရီး

၁၉၈၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ "Super Mario Bros." အမည်ရ ဗီဒီယိုဂိမ်းတစ်ခု စတင်ထွက်ရှိခဲ့သည်။ ထိုအချိန်က မည်သူကမှ ဤဂိမ်းလေးသည် ကမ္ဘာ့ဗီဒီယိုဂိမ်းလောကကို ထာဝရပြောင်းလဲစေပြီး မျိုးဆက်ပေါင်းများစွာတိုင်အောင် လူတို့၏ နှလုံးသားထဲတွင် နေရာယူလိမ့်မည်ဟု မျှော်လင့်ခဲ့ကြမည် မဟုတ်ပေ။ ယနေ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင်မူ ထိုသမိုင်းဝင်ဂိမ်းစီးရီးသည် နှစ်ပေါင်း ၄၀ တိုင် ခရီးရှည်ကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီဖြစ်ပြီး ၎င်း၏ ဩဇာလွှမ်းမိုးမှုမှာ ယနေ့တိုင် အရှိန်အဟုန်ကောင်းဆဲပင် ဖြစ်သည်။

Mario ရဲ့ ပထမဆုံး ပွဲဦးထွက် သည် ၁၉၈၁ ခုနှစ် မှာ ထွက်ရှိခဲ့သော "Donkey Kong" အမည်ရ အာကိတ် (arcade) ဂိမ်းတွင် ဖြစ်သည်။
ထိုဂိမ်းတွင် သူ၏အမည်မှာ "Mario" မဟုတ်ဘဲ "Jumpman" ဟုသာ လူသိများခဲ့ပြီး သူ၏ အလုပ်အကိုင်မှာလည်း ရေပိုက်ပြင်သမား (plumber) မဟုတ်ဘဲ လက်သမား (carpenter) တစ်ဦး ဖြစ်ခဲ့သည်။ ဒါပေမဲ့ အဲဒီဇာတ်ကောင်ရဲ့ နာမည်ကို "Mario" လို့ ပြောင်းလဲခဲ့တာကတော့ Nintendo of America ရဲ့ ဂိုဒေါင်ပိုင်ရှင်ဖြစ်တဲ့ အီတလီ-အမေရိကန်လူမျိုး Mario Segale ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖြစ်ပါတယ်။ Nintendo ဝန်ထမ်းတွေဟာ သူတို့ရဲ့ ဂိုဒေါင်ပိုင်ရှင် Mario Segale နဲ့ တွေ့ဆုံပြီးတဲ့နောက် အမေရိကန်ဈေးကွက်အတွက် ဇာတ်ကောင်ကို ပိုပြီးသင့်လျော်တဲ့ နာမည်တစ်ခုပေးဖို့ စိတ်ကူးရခဲ့ပြီး အဲဒီကနေစပြီး ထင်ရှားကျော်ကြားတဲ့ "Mario" ဆိုတဲ့ နာမည် ဖြစ်ပေါ်လာခဲ့တာပါ။

📌ရိုးရှင်းမှုမှသည် အောင်မြင်မှုဆီသို့

Mario ဇာတ်ကောင်ကို Shigeru Miyamoto မှ ဖန်တီးခဲ့ပြီး "Super Mario Bros." ဂိမ်းမှာ Mario ကို ကမ္ဘာကျော်ဖြစ်စေခဲ့သော ဂိမ်းဖြစ်သည်။ ရန်သူများကို ခုန်နင်းခြင်း၊ မှိုများစား၍ အရွယ်အစားကြီးလာခြင်း၊ မင်းသမီး Peach ကို နဂါးကြီး Bowser လက်မှ ကယ်တင်ခြင်းစသည့် ရိုးရှင်းသော ကစားနည်းပုံစံသည် ထိုခေတ်က ကစားသမားများအတွက် လုံးဝဆန်းသစ်သော အတွေ့အကြုံကို ပေးစွမ်းနိုင်ခဲ့သည်။

📌ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်မှု

"Super Mario Bros." ၏ အောင်မြင်မှုအပြီးတွင် Nintendo ကုမ္ပဏီသည် Mario ဂိမ်းများကို စဉ်ဆက်မပြတ် ထုတ်လုပ်ခဲ့သည်။ 2D platformer များဖြစ်သော "Super Mario Bros. 3" နှင့် "Super Mario World" တို့မှသည် 3D လောကသို့ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့သော "Super Mario 64" အထိ Mario ဂိမ်းများသည် နည်းပညာတိုးတက်မှုနှင့်အတူ အမြဲတစေ ဆန်းသစ်တီထွင်မှုများ ပြုလုပ်ခဲ့သည်။
"Super Mario Sunshine" တွင် ရေမှုတ်သေနတ်ဖြင့် ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ရသည့် ပုံစံ၊ "Super Mario Galaxy" တွင် ဂြိုဟ်များအကြား ဆွဲငင်အားမတူညီသည့် နေရာများတွင် ကစားရသည့် အတွေ့အကြုံ နှင့် "Super Mario Odyssey" တွင် ဦးထုပ်ကို အသုံးပြု၍ ရန်သူများနှင့် အရာဝတ္ထုများကို ထိန်းချုပ်နိုင်သည့် စွမ်းရည်များမှာ Mario ဂိမ်းစီးရီး၏ 3D တီထွင်ဆန်းသစ်မှုကို သက်သေပြနေသော နမူနာများပင် ဖြစ်သည်။
2D Mario ဂိမ်းများ၏ ခရီးလမ်းသည်လည်း "New Super Mario Bros." စီးရီးများဖြင့် ဆက်လက်ရှင်သန်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ထွက်ရှိခဲ့သော "Super Mario Bros. Wonder" ဖြင့် နောက်တစ်ကြိမ် တော်လှန်ပြောင်းလဲမှုကို ပြုလုပ်ခဲ့သည်။ ဤဂိမ်းသည် "Wonder Flower" ဟုခေါ်သော အရာသစ်ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းကို ထိလိုက်သည်နှင့် ဂိမ်းကစားကွင်းတစ်ခုလုံး၏ ပုံစံ၊ စည်းမျဉ်းစည်းကမ်းများမှာ မထင်မှတ်ထားသည့် ပုံစံများသို့ ပြောင်းလဲသွားကာ အံ့ဩဖွယ်ရာများနှင့် ပြည့်နှက်နေသော အတွေ့အကြုံကို ပေးစွမ်းခဲ့သည်။ ပိုက်လုံးများ သက်ဝင်လှုပ်ရှားလာခြင်း၊ ရန်သူများ သီချင်းဆိုကခုန်ခြင်း၊ ကစားသူကိုယ်တိုင် Goomba အကောင်လေးအဖြစ် ပြောင်းလဲသွားခြင်း စသည့် "Wonder Effect" များသည် ကစားသမားများကို အသစ်အဆန်းဖြစ်စေခဲ့သည်။ ထို့အပြင် ဆင်အဖြစ် ပြောင်းလဲနိုင်သော "Elephant Fruit" ကဲ့သို့သော power-up အသစ်များ၊ Badge System နှင့် online ကစားနည်းပုံစံသစ်များ ထည့်သွင်းလာခြင်းက Mario ၏ 2D ဂိမ်းများကို ပုံစံခွက်အဟောင်းမှ ရုန်းထွက်ကာ အသစ်တဖန် မွေးဖွားလာစေခဲ့သည်။

📌ယဉ်ကျေးမှုအပေါ် ဩဇာလွှမ်းမိုးမှု

Mario သည် ဗီဒီယိုဂိမ်းဇာတ်ကောင်တစ်ခုမျှသာ မဟုတ်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။ သူ၏ အနီရောင်ဦးထုပ်၊ အပြာရောင်ဝတ်စုံနှင့် ထင်ရှားသော နှုတ်ခမ်းမွှေးတို့မှာ လူတိုင်းမှတ်မိနေသော အမှတ်အသားများ ဖြစ်သည်။ Mario Kart, Mario Party, Mario Tennis, Paper Mario စသည့် ဂိမ်းခွဲများစွာလည်း ထွက်ရှိခဲ့ပြီး ၎င်းတို့အားလုံးသည်လည်း အောင်မြင်မှုများစွာ ရရှိခဲ့သည်။
ထို့အပြင် Mario ဇာတ်ကောင်များသည် ကာတွန်းရုပ်ရှင်များ၊ ကုန်ပစ္စည်းများနှင့် အမှတ်တရပစ္စည်းများစွာတွင်လည်း နေရာယူထားသည်။ ၂၀၂၃ ခုနှစ်တွင် ထွက်ရှိခဲ့သော "The Super Mario Bros. Movie" ရုပ်ရှင်သည် ကမ္ဘာတစ်ဝန်းလုံးတွင် အကြီးအကျယ် အောင်မြင်မှုရရှိခဲ့ပြီး Mario ၏ ကျော်ကြားမှုကို ပိုမိုခိုင်မာစေခဲ့သည်။

📌နှစ် ၄၀ ပြည့် အထိမ်းအမှတ်နှင့် အနာဂတ်

Mario ၏ နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် Nintendo သည် အထူးအစီအစဉ်များစွာကို ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ၎င်းတို့ထဲတွင် "The Super Mario Bros. Movie" ၏ နောက်ဆက်တွဲ ရုပ်ရှင်အသစ် ၊ ဂိမ်းအသစ်များနှင့် အမှတ်တရကုန်ပစ္စည်းများ ပါဝင်မည်ဟု မျှော်လင့်ရသည်။
(2026 မှာ The Super Mario Galaxy Movie ထွက်ရှိမယ်လို့ September 2025 12 ရက် နေ့မှာ ကျင်းပတဲ့ Nintendo Direct မှာ announcement ပြုလုပ်ခဲ့ပါတယ်။)

နှစ်ပေါင်း ၄၀ တိုင်အောင် ဗီဒီယိုဂိမ်းလောက၏ ထိပ်တန်းနေရာတွင် အခိုင်အမာရပ်တည်နိုင်ခဲ့ခြင်းသည် Mario ဂိမ်းစီးရီး၏ ထူးခြားသော အရည်အသွေးကို သက်သေပြနေသည်။ ရိုးရှင်းပျော်စရာကောင်းသော ကစားနည်း၊ "Super Mario Bros. Wonder" တွင် မြင်တွေ့ခဲ့ရသည့်အတိုင်း အစဉ်အမြဲ ဆန်းသစ်တီထွင်မှုနှင့် ချစ်စရာကောင်းသော ဇာတ်ကောင်များကြောင့် Mario သည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကစားသမားမျိုးဆက်သစ်များကို ဆက်လက်ဖျော်ဖြေပေးနေဦးမည်မှာ သေချာပါသည်။ It’s-a-me, Mario! ဟူသော အသံလေးသည် ကမ္ဘာကြီးနှင့်အတူ အမြဲရှိနေမည် ဖြစ်သည်။

ဒီ ဂိမ်းလေး သဘောကျ ကြသလားဗျ။ သဘောကျတယ်ဆိုရင်  🆔 အငှါး ဝန်ဆောင်မူ့ ထဲကို ဝယ်ထည့်ပေးမှာ ဖြစ်လို့ မေးကြည့်တာပါ။ Comment မှ...
12/09/2025

ဒီ ဂိမ်းလေး သဘောကျ ကြသလားဗျ။

သဘောကျတယ်ဆိုရင်  🆔 အငှါး ဝန်ဆောင်မူ့ ထဲကို ဝယ်ထည့်ပေးမှာ ဖြစ်လို့ မေးကြည့်တာပါ။

Comment မှာ ဖြေပေးကြပါဦးခင်ဗျ။ 🙏🏼

Ghostrunner 2 ဟာ One More Level က ဖန်တီးပြီး 505 Games က ထုတ်လုပ်ဖြန့်ချီတဲ့ first-person action ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒ...
12/09/2025

Ghostrunner 2 ဟာ One More Level က ဖန်တီးပြီး 505 Games က ထုတ်လုပ်ဖြန့်ချီတဲ့ first-person action ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းက နည်းပညာအဆင့်မြင့် Cyberpunk ကမ္ဘာမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အက်ရှင်ခန်းတွေကို ကစားရတာပါ။

♦️လက်ရှိမှာတော့ ဒီ "Ghostrunner 2" ဂိမ်းကို PC အတွက် ၊ Epic Games Store ကနေ 18 ရက် ၊ 9 လ ၊ 2025 နေ့အထိ အခမဲ့ (Free) ပေးနေပါတယ်။♦️

ဂိမ်းထဲမှာ ဂျက် (Jack) လို့ခေါ်တဲ့ ဓားသမားတစ်ယောက်ရဲ့ နေရာကနေ ကစားရမှာ ဖြစ်ပြီး အဓိက စိန်ခေါ်မှုကတော့ ကိုယ်ရော ရန်သူရော တစ်ချက်တည်းနဲ့ သေစေနိုင်တဲ့ (one-hit kill) စနစ်ကြောင့် ကစားနေတဲ့ အချိန်တိုင်းမှာ အမြဲတမ်း လျင်မြန်ပြီး တိကျနေဖို့ လိုအပ်ပါတယ်။

ဂိမ်းရဲ့ အဓိက ထူးခြားချက်များ

📌 ပြောင်းလဲတိုးတက်လာတဲ့ တိုက်ခိုက်ရေးစနစ်
📍 Ghostrunner 2 မှာ ပထမဂိမ်းထက် တိုက်ခိုက်ရေးစနစ် ပိုမို ကောင်းမွန်လာပါတယ်။ ဓားခုတ်တာ၊ ရန်သူရဲ့ လက်နက်တွေကို ပိတ်ဆို့ကာကွယ်တာ (blocking) နဲ့ တန်ပြန်တိုက်ခိုက်တာ (parrying) စတဲ့ စွမ်းရည်အသစ်တွေ ထပ်ထည့်ထားတာကြောင့် တိုက်ပွဲတွေက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပါတယ်။

📌 ဆိုင်ကယ်စီးပြီး ကစားရတဲ့ အပိုင်းများ
📍ဂိမ်းထဲမှာ ဇာတ်လမ်းအရ မစ်ရှင်အချို့ကို လုပ်ဆောင်ရာမှာ မော်တော်ဆိုင်ကယ် (Motorcycle) စီးပြီး မြို့ထဲက လမ်းတွေအတိုင်း အရှိန်အပြင်းဆုံး မောင်းနှင်ရတဲ့ အပိုင်းတွေ ပါဝင်ပါတယ်။ ဒါက ပထမဂိမ်းနဲ့မတူဘဲ အသစ်ပါဝင်လာတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။

📌 ပိုမိုကြီးမားတဲ့ ပတ်ဝန်းကျင်
📍ပထမဂိမ်းက သတ်မှတ်ထားတဲ့ တာဝါတစ်ခုတည်းမှာသာ ကစားရပေမယ့် Ghostrunner 2 မှာတော့ တာဝါရဲ့ အပြင်ဘက် ပတ်ဝန်းကျင်ကိုပါ စူးစမ်းနိုင်အောင် ပိုပြီး ဧရိယာကျယ်လာပါတယ်။ ဒါကြောင့် မြင်ကွင်းအသစ်တွေနဲ့ နေရာအသစ်တွေကို သွားလာနိုင်ပါတယ်။

📌 စိန်ခေါ်မှုများတဲ့ Boss Fight များ
📍 ဂိမ်းရဲ့ အခန်းကြီးတစ်ခုစီရဲ့အဆုံးမှာ ပါဝင်တဲ့ Boss တွေကို တိုက်ခိုက်ရတာဟာ ပိုပြီး ခက်ခဲလာပါတယ်။ သူတို့မှာ ကိုယ်ပိုင် ထူးခြားတဲ့ တိုက်ခိုက်နည်းတွေနဲ့ စွမ်းရည်တွေ ရှိတာကြောင့် သူတို့ကို အနိုင်ယူဖို့အတွက် နည်းဗျူဟာအသစ်တွေ စဉ်းစားရပါတယ်။

📌 စွမ်းရည်အသစ်များ (New Abilities)
📍ဂိမ်းကစားရင်းနဲ့ ဂျက်အတွက် စွမ်းရည်အသစ်တွေကို အဆင့်မြှင့်တင်တာ (Upgrade) နဲ့ ဖွင့်တာ (Unlock) မျိုးတွေ လုပ်နိုင်ပါတယ်။ ဥပမာ - ရန်သူကို အကွာအဝေးကနေ တိုက်ခိုက်နိုင်တဲ့ Shuriken လိုမျိုး စွမ်းရည်တွေ ပါဝင်ပါတယ်။

♦️Ghostrunner 2 ကို ဘယ်မှာ ကစားနိုင်လဲ♦️
Ghostrunner 2 ကို PC (Steam, Epic Games Store), PlayStation 5, Xbox Series X/S တို့မှာ ဝယ်ယူကစားနိုင်ပါတယ်။

ဒီဂိမ်းက စိန်ခေါ်မှုများပြီး အရှိန်အဟုန်မြန်တဲ့ ဂိမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

♦️"Monument Valley 2" ဂိမ်းကို September 18 , 2025 အထိ Epic Games Store မှာ Free ပေးနေပါတယ်။ 1 ကို ကစားပြီးရင် 2 ကို ဆက်...
12/09/2025

♦️"Monument Valley 2" ဂိမ်းကို September 18 , 2025 အထိ Epic Games Store မှာ Free ပေးနေပါတယ်။ 1 ကို ကစားပြီးရင် 2 ကို ဆက်ကစားလိုက်ပါဦး။♦️

'Monument Valley 2' ဟာ 2017 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အင်ဒီပဟေဠိဂိမ်းတစ်ခုဖြစ်ပြီး နာမည်ကျော် 'Monument Valley' ရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။ ဒီဂိမ်းကို ustwo games ကနေ ထုတ်လုပ်ခဲ့တာပါ။

♦️ဇာတ်လမ်း♦️
'Monument Valley' ရဲ့ ဇာတ်လမ်းက Ida ဆိုတဲ့ မင်းသမီးတစ်ယောက်အကြောင်းဖြစ်ပေမယ့်၊ 'Monument Valley 2' ကတော့ Ro ဆိုတဲ့ မိခင်တစ်ဦးနဲ့ သူ့ရဲ့ကလေးအကြောင်းကို အဓိကထားပြီး ဖန်တီးထားပါတယ်။ မိခင်နဲ့ကလေးကြားက ဆက်ဆံရေး၊ ကြီးပြင်းလာမှု၊ သင်ကြားပေးမှု၊ ယုံကြည်မှုနဲ့ နောက်ဆုံးမှာ လမ်းခွဲရတဲ့ ခံစားချက်တွေကို အမြင်အာရုံနဲ့ ဂိမ်းကစားပုံတွေကနေတဆင့် ပုံဖော်ထားပါတယ်။

♦️ဂိမ်းကစားပုံ♦️
'Monument Valley 2' ဟာလည်း မျက်စိလှည့်စားနိုင်တဲ့ (optical illusions) နဲ့ လှပတဲ့ ဗိသုကာလက်ရာတွေကို အခြေခံထားတဲ့ ပဟေဠိတွေကို အဓိကထားပါတယ်။ ပုံသဏ္ဍာန်တွေကို လှည့်ပြီး၊ လမ်းကြောင်းတွေကို ပြောင်းလဲပြီး Ro နဲ့ သူ့ရဲ့ကလေးကို လိုရာခရီးရောက်အောင် ကူညီပေးရတာ ဖြစ်ပါတယ်။ တချို့အခန်းတွေမှာတော့ ဇာတ်ကောင်နှစ်ယောက်ကို တစ်ပြိုင်တည်း ထိန်းချုပ်ရတဲ့ စနစ်အသစ်တွေကိုလည်း ထည့်သွင်းထားပါတယ်။

♦️အမြင်အာရုံနဲ့ အသံပိုင်းဆိုင်ရာ♦️
ဒီဂိမ်းရဲ့ အထူးခြားဆုံးအချက်ကတော့ အနုပညာလက်ရာပိုင်းပါ။ M.C. Escher ရဲ့ ပန်းချီကားတွေနဲ့ ခေတ်သစ် ဗိသုကာလက်ရာတွေကနေ စိတ်ကူးစိတ်သန်းယူထားတဲ့ လှပတဲ့ ဒီဇိုင်းတွေ၊ ရောင်စုံပတ်ဝန်းကျင်တွေက တကယ်ကို ကြည့်လို့ကောင်းပါတယ်။ ဂိမ်းတစ်ခုလုံးရဲ့ အသံထွက်ပိုင်းကလည်း တည်ငြိမ်ပြီး သာယာတဲ့ သံစဉ်တွေနဲ့ ဖန်တီးထားတာကြောင့် ကစားသူကို အပန်းဖြေတဲ့ ခံစားချက်ကို ပေးနိုင်ပါတယ်။

♦️အဆင့်များ♦️
ဒီဂိမ်းမှာ အခန်းပေါင်း ၁၄ ခန်း ပါဝင်ပြီး၊ ပထမပိုင်းထက် ပိုမိုရှုပ်ထွေးပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပဟေဠိအမျိုးအစားသစ်တွေကို မြင်တွေ့ရမှာပါ။ ဂိမ်းကစားချိန်ကတော့ ပုံမှန်အားဖြင့် ၂ နာရီလောက်ပဲ ကြာတတ်တာကြောင့် တိုတောင်းပေမယ့်၊ အမှတ်ရစရာကောင်းတဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။

♦️သီးခြားတည်ရှိမှု (Standalone)♦️
'Monument Valley 2' ကို Monument Velly ကို မကစားဖူးတဲ့သူတွေလည်း နားလည်အောင်၊ ကစားလို့ရအောင် သီးခြားဇာတ်လမ်းအသစ်နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ပထမပိုင်းကို ကစားပြီးမှ ကစားရင်တော့ ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းနောက်ခံကို ပိုပြီးခံစားနိုင်မှာပါ။

ခြုံငုံပြောရရင်တော့ 'Monument Valley 2' ဟာ မျက်စိပသာဒဖြစ်စေတဲ့ အနုပညာလက်ရာ၊ တည်ငြိမ်တဲ့ အသံပိုင်းဆိုင်ရာနဲ့ စိတ်ကူးယဉ်ဆန်တဲ့ ပဟေဠိတွေကို ပေါင်းစပ်ထားတဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ ဂိမ်းကစားမှုအတွေ့အကြုံကို ပေးစွမ်းနိုင်တာကြောင့် ဂိမ်းဝေဖန်ရေးဆရာတွေဆီကနေ အပြုသဘောဆောင်တဲ့ သုံးသပ်ချက်တွေ အများအပြား ရရှိထားခဲ့တဲ့ ဂိမ်း‌ကောင်းတစ်ခုဖြစ်ပါတယ်။

"Stardew Valley" မှာ ရှိတဲ့ farm type ( 8 ) မျိုးအကြောင်းပဲ ဖြစ်ပါတယ်။ အရင်ဆုံး နာမည်လေးတွေ ပြောပြပါမယ်။1. Standard Farm...
11/09/2025

"Stardew Valley" မှာ ရှိတဲ့ farm type ( 8 ) မျိုးအကြောင်းပဲ ဖြစ်ပါတယ်။

အရင်ဆုံး နာမည်လေးတွေ ပြောပြပါမယ်။

1. Standard Farm
2. Riverland Farm
3. Forest Farm
4. Hill-top Farm
5. Wilderness Farm
6. Four Corners Farm
7. Beach Farm
8. Meadowlands Farm

ဆိုတဲ့ ( 8 ) မျိုးပဲ ဖြစ်ပါတယ်။

(ကျနော်တောင် 1,5,7 ပဲ ဆော့ဖူးသေးတယ်။)

Farm တစ်ခုချင်းစီမှာ သက်ဆိုင်ရာ map layout ရှိသလို အိမ်အတွင်းပိုင်းကလဲ တစ်မျိုးစီကွာခြားမူ့ရှိပါတယ်။

Farm တစ်ခုချင်းစီက သူ့ အားသာချက် ၊အားနည်းချက် ကိုယ်စီလဲ ရှိပါတယ်။

အောက်က တစ်ပုံချင်းစီမှာ ဆက်လက်
ဖတ်ရှူ့နိုင်ပါတယ်။

(ဒီရက်ပိုင်း အလုပ်ထဲမှာ တော်တော်ကို မအားတာမို့ ပိုစ့်အတင် ကျဲနေပါတယ်ခင်ဗျာ။ 🙏🏻)



September 12 မှာ Nintendo Switch & Switch 2 အတွက် ဂိမ်းအသစ်တွေ မိတ်ဆက်မယ့် Nintendo Direct ပွဲရှိပါမယ်။
10/09/2025

September 12 မှာ Nintendo Switch & Switch 2 အတွက် ဂိမ်းအသစ်တွေ မိတ်ဆက်မယ့် Nintendo Direct ပွဲရှိပါမယ်။

Join us on Sept 12 at 6am PT for a Nintendo Direct! Tune in for roughly 60 minutes of information on upcoming Nintendo Switch 2 and Nintendo Switch games.

Watch here: https://ninten.do/6188siIIk

GTA 5 မပြောနဲ့ GTA 4 တောင် official အနေနဲ့ mobile မှာ လုံးဝမထွက်သေးပါ။ (မနေ့ကအထိ page  ရဲ့ cb ကို ♦️ဖုန်းမှာ GTA 5 ဆော့ခ...
10/09/2025

GTA 5 မပြောနဲ့ GTA 4 တောင် official အနေနဲ့ mobile မှာ လုံးဝမထွက်သေးပါ။ (မနေ့ကအထိ page ရဲ့ cb ကို ♦️ဖုန်းမှာ GTA 5 ဆော့ချင်လို့ပါ♦️ ဆိုပြီး လာပြောနေကြသူတွေ ရှိနေလို့ ဒီ post ကို ပြန် share ပေးတာပါ။)

မိုဘိုင်းလ်ဖုန်းတွေမှာ ဂိမ်းကစားတဲ့အခါ "Native" ကစားခြင်းနဲ့ "Stream" ပြုလုပ်ကစားခြင်းဆိုပြီး အဓိက နည်းလမ်း (၂) မျိုး ရှိပါတယ်။

♦️တရားဝင် store တွေကနေ တိုက်ရိုက်ဒေါင်းလုဒ်ဆွဲပြီး install ပြုလုပ်ကာ ကစားတာကို "Native" ကစားခြင်း လို့ ခေါ်ပြီး ၊ ဂိမ်းရဲ့ ဖိုင်တွေ၊ ပုံတွေ၊ အသံတွေ စတာတွေအားလုံးက သင့်ဖုန်းထဲမှာပဲ ရှိနေတာပါ။ ဂိမ်းကစားခြင်းရဲ့ လုပ်ဆောင်ချက် အားလုံး သင့်ရဲ့ဖုန်းရဲ့ CPU, GPU, RAM တွေက လုပ်ဆောင်ပေးမှာပါ။

♦️Stream ပြုလုပ် ကစားခြင်းဆိုတာက ဂိမ်းကို သင့်ဖုန်းထဲမှာ install လုပ်စရာမလိုဘဲ အင်တာနက်ကနေတစ်ဆင့် stream လုပ်ပြီး ကစားတာပါ။ ဂိမ်းကစားခြင်းရဲ့ လုပ်ဆောင်ချက် အားလုံးကို PC or Console တစ်ခု က လုပ်ဆောင်ပေးပြီး ၊ server တွေကတဆင့် ဂိမ်းရဲ့ ရုပ်ပုံနဲ့ အသံတွေကို သင့်ဖုန်းဆီကို stream လုပ်ပေးတာပါ။ သင့်ရဲ့ ခလုတ်နှိပ်ချက်တွေကို server ဆီကို ပြန်ပို့ပေးပြီး server ကနေ ပြန်လည် တုံ့ပြန်ပေးတာပါ။ အလွယ်ပြောရရင်တော့ သင့်ဖုန်း ဟာ မော်နီတာ နဲ့ ကွန်ထရိုလာ အဖြစ် ပဲ အသုံးပြုရတော့တာဖြစ်ပါတယ်။

ဒါကိုနားလည်ပြီး ဆိုရင် Page ရဲ့ cb မှာ လာရောက် မေးမြန်းမူ့ အများဆုံး ဖြစ်တဲ့ ♦️"GTA 5" ကို mobile မှာ ဆော့လို့ ရပြီလား။♦️ ဆိုတဲ့ မေးခွန်းကို ဖြေပေးပါမယ်။

🔴 "GTA 5" ကို mobile platform မှာ တရားဝင် Native ကစားလို့ လုံးဝမရသေးပါဘူးခင်ဗျာ။ 🔴

( လာရောက် မေးမြန်းသူအချို့က YouTube/TikTok ကနေ GTA 5 ကို ကစားကြထားတဲ့ သူများရဲ့ video ကို screenshot / screen-record ယူကာ လာမေးတာပါ။ ဒီ video တွေ က Stream ပြုလုပ် ကစား‌နေခြင်း ဖြစ်ပါတယ်။ PC or Console တစ်ခုခုကနေ stream လုပ်ပြီး ကစားပြ‌နေတာပါ။ သူတို့ရဲ့ video view အရေအတွက်များအောင် click bite အနေနဲ့ mobile မှာ GTA 5 ကစားလို့ ရပြီဆိုပြီ အချဉ် ဖမ်းထားတာပါခင်ဗျာ။ )

ဒါဆိုရင် ဝေခွဲမရ ဖြစ်မူ့တွေ ရှင်းသွားမယ် ထင်ပါတယ်။

နောက်ရက်မှာ Native Gaming နဲ့ Streaming Gaming အကြောင်း တင်ပေးပါဦးမယ်။

See you in the next post ✌🏻

 🆔 Rental Service ယူမယ့် Customers များကို ပြောပြ‌ပေးချင်တာက  🆔 ငှားချင်ရင် အချိန် မရွေး လာငှားနိုင်ပါတယ် ဆိုတာပါ။ (ဒီ...
10/09/2025

 🆔 Rental Service ယူမယ့် Customers များကို ပြောပြ‌ပေးချင်တာက  🆔 ငှားချင်ရင် အချိန် မရွေး လာငှားနိုင်ပါတယ် ဆိုတာပါ။ (ဒီရက်ပိုင်း page ရဲ့ chat box မှာ  🆔 ငှားလို့ ရသေးလားဆိုပြီး လာ ၊ လာ မေးကြသူတွေ ရှိလာလို့ ပြောပြပေးတာပါ။)

 🆔 မငှါးခင်မှာ ကိုယ် လိုချင်တဲ့ ဂိမ်းများ ၊ အက်ပ်များကို ကြိုတင် ရွေးချယ်ထားပေးကြပါနော်။

ဒီလို ကြိုတင်ရွေးချယ်ထားလိုက်ရင်  🆔 ငှါးပြီးတာနဲ့ ဂိမ်းတွေ ၊ အက်တွေ ကို တန်း download ယူရုံပါပဲခင်ဗျာ။

◾◾◾◾◾

💢 Online ကနေ Apple 🆔 Rental Service ယူမယ်ဆိုရင် Device တစ်ခု အတွက် 🆔 တစ်ခါ ငှားခ (45000 MMK) ပါ။
ဂိမ်းအရေအတွက် စိတ်ကြိုက် download ဆွဲထားနိုင်ပါတယ်။

◾◾◾◾◾

Download ယူထားပြီးတဲ့ ဂိမ်း ၊ အက်ပ် မှန်သမျှဟာ ပြန် မဖျက်မချင်း ဆော့ကစား ၊ အသုံးပြုနိုင်မှာပါ။

1. Stardew Valley
2. Minecraft
3. Monument Valley 2
4. Streets of Rage 4
5. Pascal's Wager
6. Dead cells
7. Bad North: Jotunn Edition
8. Balatro
9. Harvest Moon: Home Sweet Home
10. GTA: San Andreas – Definitive
11. Terraria
12. Bright Memory: Infinite
13. Almost Chess
14. Samurai 2: Vengeance
15. Monopoly
16. Wreckfest
17. Tiny Wings
18. NARUTO: Ultimate Ninja STORM
19. Aces of the luftwaffe Squadron
20. Don't Starve: Pocket Edition
21. Sparklite
22. Northgard
23. 7 Stories
24. DobbyxEscape: Adventure Story
25. Tales of the neon sea
26. RFS - Real Flight Simulator
27. Hugo Hup
28. Escapists 2: Pocket Breakout
29. Hunddown
30. Implosion-Never lose hope
31. Nimian Legends : BrightRidge HD
32. Hitman Go
33. Lara croft Go
34. Holy Potatoes! We’re in Space?
35. Earth Atlantis
36. Starman
37. Hitman Sniper
38. Eggggg
39. Chameleon run
40. Warp shift
41. Love you to bits
42. True Skate
43. Iron Marines : RTS
44. Tainted Keep
45. Angry birds Space
46. GTA : San Andreas
47. GTA : lll
48. GTA : Vice City
49. Bully: Anniversary Edition
50. Evoland
51. Evoland 2
52. Break Pile
53. Zip Zap
54. Cut the rope: Magic Gold
55. Crystal Journey
56. Mimpi Dreams
57. Project V90
58. Atom Run
59. Little Nightmares
60. Sleepin' Guy
61. Ascender
62. Kingdom Rush TD
63. Potion Permit
64. INKS.
65. Macs World
66. Papa's Sushiria
67. Drop Flop!
68. Slaps and beans
69. Access Code Zero
70. FlapThatBat
71. Art of Rally
72. Lock’s Quest
73. After Inc.
74. AirAttack 2
75. The Room
76. The Room 2
77. The Room 3
78. The Room: Old Sins
79. Company of Heroes Collection
80. Shakedown: Hawaii
81. Afterplace
82. El Hijo
83. Dadi
84. The Things We See in Space
85. Rogue Adventures
86. Station 117
87. Trials of Dragons
88. Another Tomorrow
89. Veritas
90. King of Defense Premium
91. The Castle Path
92. Vive le Roi 3
93. Motorsport Manager Mobile 3
94. Tap Knight - Idle Adventure
95. Slay
96. Warlords Classic Strategy
97. Sky Master - pixel shooter
98. Castle Ramble
99. Dig Deep!
100. Super Tank Battle - TabletArmy
101. Hoopa City 2
102. Désiré
103. Tiny Tanks!
104. Anodia: Unique Brick Breaker
105. Street Fighter IV CE
106. Luminosus
107. Fox Eats Chicks
108. Colorzzle
109. EvoCreo™: Pocket Monster Game
110. Alphaputt
111. Picallo - Casual Shoot'em Up
112. Heroine Anthem Zero
113. Don't Eat Us
114. Children of Morta
115. Dwarf Journey
116. SpongeBob - The Cosmic Shake
117. Summer Catchers
118. Juicy Realm
119. Blasphemous
120. Lovecraft's Untold Stories
121. Antarah: The Game
122. Subnautica
123. Otok
124. TerraCrest4
125. Solitaire Collection - 4 in 1
126. Card Hog
127. Fury Unleashed
128. Legend of the Moon
129. Legend of the Moon2:Shooting
130. Sleepin' Guy: Sleepin' Deeply
131. EVIG Space Shooter
132. Almost Chess
133. Black Border 2
134. Chloe Puzzle Game Pro
135. Inked
136. Entomophobia: Mobile
137. Chicken with Dynamite
138. Cat Sandbox
139. Old Man's Journey
140. Abi: A Robot's Tale
141. Whipseey
142. Wargroove 2: Pocket Edition
143. Dotted Lines - Snake
144. Say No! More
145. OutRacer
146. TABS Pocket Edition
147. Space Marshals
148. Space Marshals 2
149. Backyard Baseball ‘97
150. Backyard Baseball ‘01
151. Hocus.
152. Hitman: Absolution (Preordered-Available at Sep 25)

________________

1. LumaFusion
2. ProCam - Pro Camera
3. ProShot
4. File Explorer & Player [Pro]
5. BlackCam - Black&White Camera
6. UkeLib Chord Pro
7. GtrLib Chord Pro
8. Tonality Music theory
9. Tape
10. Knots 3D
11. Office Origami
12. Sprite Pencil
13. Sketch Club
14. Asketch
15. 3D Anatomy
16. Videocraft - Video Editor Pro
17. 8mm Vintage Camera
18. MovieSpirit - Movie Maker Pro
19. ACDSee Pro
20. Toolbox - All you need

08/09/2025

"Wargroove 2" ဟာ နာမည်ကျော် turn-based strategy ဂိမ်း Wargroove ရဲ့ နောက်ဆက်တွဲ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ပထမ Wargroove ကို Chucklefish က ဖန်တီးခဲ့ပေမယ့် Wargroove 2 ကိုတော့ Chucklefish နဲ့ Robotality တို့ ပူးပေါင်းပြီး ဖန်တီးထားတာပါ။
"Wargroove 2" ဟာ turn-based strategy ဂိမ်းဖြစ်ပြီး ကစားသမားတစ်ဦးချင်းစီဟာ ကိုယ့်တပ်ဖွဲ့နဲ့ Commander ကို ထိန်းချုပ်ပြီး ရန်သူကို အလှည့်ကျ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ မြေပြင်၊ ပင်လယ်၊ လေကြောင်းက ယူနစ်တွေနဲ့ မဟာဗျူဟာမြောက် ကစားရမှာပါ။ ဂိမ်းထဲမှာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ Campaign သုံးခု ပါဝင်ပြီး Aurania ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ ရှုထောင့်ကနေ ပြောပြထားပါတယ်။ ဇာတ်လမ်းက နာရီ ၂၀ ဝန်းကျင်ကြာမြင့်နိုင်ပါတယ်။

ဂိမ်းအကြောင်း အပြည့်အစုံကို အောက်က link မှာ ဝင်ဖတ်ကြည့်နိုင်ပါတယ်။ 👇🏻👇🏻👇🏻

https://www.facebook.com/share/p/1AJvwomtMY/

Address

Yangon
11041

Alerts

Be the first to know and let us send you an email when Stardew Valley Mobile Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Stardew Valley Mobile Myanmar:

Share