05/12/2023
URL ဆိုတာက အရှည်ပြောရရင် Uniform Resource Locator လို့ခေါ်ပြီး ကိုယ့်ရဲ့ Profile/Channel ကို လူတွေ ကြည့်ဖို့အတွက်လိပ်စာဆိုရင်လည်း မမှားပါဘူး။ Website မှာဆိုရင်လည်း Domain Name ကို အရှေ့မှာ www.လေးခံပြီး ဖော်ပြပေးတာကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ ဆိုရရင် http://www.yourcompanyname.com ဆိုတာ Website ရဲ့ URL ပဲဖြစ်ပါတယ်။ Website ကြည့်တဲ့ Web Browser တွေလို Chrome တို့ Mozilla တို့၊ Safari တို့ဆိုတာ http/https (Hyper Tranfer Protocol) ကိုသိထားပြီးသားဖြစ်လို့ www ရဲ့ အရှေ့မှာ http:// ကို ခံစရာမလိုပဲ
www.yourcompanyname.com လို့ရိုက်ရင် ရပါပြီ။
URL တွေက ကမ္ဘာပေါ်မှာ တစ်ခုနဲ့ တစ်ခု တူလို့မရတဲ့အတွက် လုပ်ငန်းတစ်ခုက Domain နာမည်ကို ယူထားပြီးသွားပြီဆိုရင် နောက်လုပ်ငန်းတစ်ခုက ဒီ Domain နာမည်ကို ယူလို့မရတော့ပါဘူး။ ဒါကြောင့် ကိုယ်အသုံးပြု့မယ် နာမည်က Domain နာမည်တွေကွဲပြားမှု ရှိရဲ့လား။ Social Media Channel တွေမှာကွဲပြားြခါးနားမှုရှိရဲ့လားဆိုတာ အရင်ဆုံးလေ့လာထားဖို့ လိုအပ်ပါသေးတယ်။
Social Media တွေမှာတော့ ကိုယ့်ရဲ့ Channel Link URL တွေတည်ဆောက်တဲ့အခါမှာ User Name နဲ့တည်ဆောက်လေ့ရှိပါတယ်။ ဒါ့ကြောင့် User Name ကို Social Media တိုင်းမှာအတူတူရရှိနိုင်ဖို့အတွက် web URL/User Name ကိုကြိုတင်ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။ Domain နာမည်တွေနဲ့ Social Media User Name တို့လို URL တွေပေးတဲ့အခါ Space ခြားပီဲး ပေးလို့မရတဲ့အတွက် ကိုယ်အသုံးပြုလိုတဲ့ နာမည်တွေကိုဆက်ရိုက်ရမှာပဲဖြစ်ပါတယ်။ ပြီးတော့ Channel အားလုံးမှာ အသုံးပြုနိုင်ဖို့အတွက် တူညီတဲ့ User Name ဖြစ်နေဖို့လဲ လိုအပ်ပါသေးတယ်။
Facebook မှာက User Name တစ်မျိုး Instagram မှာက User Name တစ်မျိုးသာ ဖြစ်နေခဲ့ရင် မှတ်သားရတဲ့လူအတွက် ခက်ခဲစေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် URL တွေက Uniform ဖြစ်ဖို့လိုအပ်ပါတယ်။ လုပ်ငန်းနာမည်နဲ့ User Name ဆိုတာကလဲမတူပါဘူး Facebook မှာ လုပ်ငန်းနာမည်ကို Page Name မှာထည့်ရမှာဖြစ်ပြီး အခြားလုပ်ငန်းတွေနဲ့ တူလို့ရပြီး User Name ကတော့တူလို့မရပါဘူး။
User Name ပေးဖို့အခြားသူက ယူပြီးသားဖြစ်နေရင်လဲ Username နောက်ကနေ ကိုယ့်လုပ်ငန်းကိုယ့်လုပ်ငန်းအမျိုးအစား ထည့်ပေးတာမျိုး၊ Location Myanmar/Yangon ထည့်ပေးတာမျိုး။ အရှေ့မှာ The ထည့်တာမျိုး အနောက်မှာ Official ထည့်တာမျိုး အစရှိတဲ့ တွဲဖက်နာမည်မျိုးလေးတွေ ထည့်ပေးလို့ရပါတယ်။