
15/07/2023
ရန်ကုန်မြို့ရဲ့ မေ့အလျော့ခံနေရာတစ်ခု
(သို့မဟုတ်) ကရဝိတ်
ကျတော်တို့ငယ်ငယ်တုန်းက သွားစရာအများကြီးမရှိခဲ့ဘူး ကန်တော်ကြီး အင်းယား ရွှေတိဂုံ Happy World
ဒီလောက်ပဲရှိတာ အိမ်က ပျော်ပွဲစားလိုက်ပို့လဲဒီနေရာတွေပဲသွားခဲ့ရတာ အခုခေတ်တော့သွားစရာတွေများလာတော့ ရွေးချယ်စရာပိုများသွားပီ
ငယ်ငယ်ကဆို Mobile Phone ဆိုတာမရှိ
Camera ဆို လွယ်လွယ်မဝယ်နိုင်ခဲ့တော့
ဓာတ်ပုံရိုက်ဖို့ဆိုတာ တော်တော်ဝေးတဲ့အလုပ်တစ်ခု
အဲ့တုန်းက Videoခေတ်ဆိုတော့မြန်မာကားတွေမှာ
ကြည့်လိုက်ရင် ကန်တော်ကြီး သစ်သားတံတားလေးပေါ်မှာ မင်းသားနဲ့မင်းသမီးလမ်းလျှောက်ကြတာတို့ ဆုံကြတာတို့ပေါ့ ပီးတော့ ကရဝိတ်မှာမဂ်လာဆောင်တာတွေတွေ့မြင်နေကြပေါ့ အခုခေတ်တော့ ဒါတွေလဲမမြင်ရတာကြာခဲ့ပါပီ ကျတော်တို့လဲ မသွားဖြစ်မရောက်ဖြစ်တော့ဘူး Phone camera တွေ ပေါများလာခဲ့ပေမဲ့လဲ ဓာတ်ပုံသွားမရိုက်ဖြစ်ကြတော့ဘူး သစ်သားတံတားပေါ်လမ်းမလျှောက်ရတာလဲ ကြာပေါ့ဗျာ
ရန်ကုန်မြို့ရဲ့မေ့လျှော့ခံနေရာတစ်ခု ဖြစ်လို့ပေါ့............