MM Voice Media

MM Voice Media ပြည်သူ့တော်လှန်ရေးသတင်းများအားလုံးကိုတင်ဆက်ပေးနေပါသည်။

အာဇာနည်နေ့မှာ ဒေါ်​အောင်ဆန်းစုကြည်ကို တက်ခွင့်ပြုမယ်ဆိုပြီး သတင်းလွှင့်နေတယ်။ အဲ့ဒါ မဖြစ်နိုင်ဘူး။ အာဇာနည်နေ့၊ ဒေါ်အောင်...
10/07/2026

အာဇာနည်နေ့မှာ ဒေါ်​အောင်ဆန်းစုကြည်ကို တက်ခွင့်ပြုမယ်ဆိုပြီး သတင်းလွှင့်နေတယ်။ အဲ့ဒါ မဖြစ်နိုင်ဘူး။ အာဇာနည်နေ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ ဆက်စပ်ခဲ့တဲ့သမိုင်းကို ပြန်ကြည့်ရင်သိနိုင်တယ်။

၁၉၈၈ခုနှစ်တုန်းကလည်း မဆလအစိုးရက ရန်ကုန်မြို့​တော်ခန်းမမှာလုပ်တဲ့ အာဇာနည်နေ့ဆွမ်းကျွေးပွဲမှာ ဒေါ်​အောင်ဆန်းစုကြည် ရေစက်ချတာကို MRTV ကအချိန်တော်တော်ကြာကြာ လွှင့်ပေးခဲ့တယ်​။ ဒေါ်​အောင်ဆန်းစုကြည်ကို အစိုးရပိုင်မီဒီယာက​နေ ပထမဆုံးမြင်ခွင့်ရခဲ့တာပဲ။ အဲ့နောက်ရက်၂၀ကြာတော့ ၈​လေးလုံးအ​ရေး​တော်ပုံစ​တော့တာပဲ။

၁၉၈၉အာဇာနည်​နေ့မှာ ​ဒေါ်​အောင်ဆန်းစုကြည်နဲ့ ဝန်းရံသူ​တွေဟာ အာဇာနည်ဗိမာန်ကို ချီတက်ဖို့ကြံစည်ပါတယ်ဆိုပြီး ​ဒေါ်​အောင်ဆန်းစုကြည်နဲ့ ဝန်းရံသူ​တွေ( တတ်သိအဖွဲ့လို့လူသိများတယ်) တဖွဲ့လုံးကို ဖမ်းတယ်။ နောက်၆နှစ်အကြာ ၁၉၉၅ ခုနှစ်မှဒေါ်​အောင်ဆန်းစုကြည်ပြန်လွတ်တယ်။ ၁၉၉၅​ခုနှစ် အာဇာနည်နေ့မှာ ​ဒေါ်​အောင်ဆန်းစုကြည်ပန်းခွေချတာကို တီဗီမှာပြန်မြင်ရတာ ၁၉၉၉ ခုနှစ်အထိ​ပေါ့။ အဲ့ကာလမှာ NLD ပါတီဟာလည်း လှုပ်ရှားအသက်ဝင်လာတယ်။

အဲဒီနောက်၂၀၀၀ခုနှစ်မှာ​ ဒေါ်​​အောင်ဆန်းစုကြည်အိမ်အကျယ်ချုပ်ကျခံရပြီး ၂၀၁၀အထိ အာဇာနည်​နေ့​တွေမှာ ပန်း​ခွေချခွင့်မရခဲ့ပါဘူး။
၂၀၁၀ ​ခုနှစ်နှောင်းပိုင်း​မှာ​ ဒေါ်​အောင်ဆန်းစုကြည်ပြန်လွတ်လာပါတယ်။ ၂၀၁၁ အာဇာနည်နေ့မှာ​ ဒေါ်​အောင်ဆန်းစုကြည် ပန်းခွေချဝပ်ပြုတာကို တီဗွီမှာပြန်​တွေ့ရပါတယ်။ NLD ပါတီကလည်း ပါတီမှတ်ပုံပြန်တင်ပြီး ၂၀၁၀ ​ရွေး​ကောက်ပွဲမှာဝင်ပြိုင်ပါတယ်။
​
ပြောရရင်​ ဒေါ်​အောင်ဆန်းစုကြည် အဖမ်းခံ​နေရတဲ့ကာလတိုင်းမှာ စစ်တပ်က ၄င်းကို ဖခင်ဗိုလ်ချုပ်​အောင်ဆန်းထံ သွား​ရောက်ဂါဝရပြုခွင့် မ​ပေးခဲ့ပါဘူး။

စန္ဒာမင်းနဲ့ မင်း​​အောင်လှိုင်တို့ရဲ့ဘုံသ​ဘောထားတစ်ခုဖြစ်တဲ့ ​ဒေါ်​အောင်ဆန်းစုကြည်နဲ့ NLD ကိုအပြတ်ရှင်း​ရေး ဦးတည်​ဆောင်ရွက်​နေတဲ့ ခုလိုအချိန်ကာလမှာ ​ဒေါ်​အောင်ဆန်းစုကြည်ကိုအာဇာနည်​နေ့ အခမ်းအနားတက်ခွင့်​ပေးမယ်ဆိုတာ ​ရည်ရွယ်ချက်တခုခုရှိလို့ တမင်လွှင့်တဲ့သတင်းသာ ဖြစ်ပါတယ်။
#ဒေါ်အောင်ဆန်းစုကြည် #အာဇာနည်နေ့ #လွမ်းသူပန်းခွေ #အာဇာနည်သူရဲကောင်းများ

08/07/2026

ယနေ့(ဇူလိုင်လ ၈ ရက်)နောက်ဆုံးရသတင်းများ

11/06/2026

စေတနာဆိုလည်း အတိုင်းအတာဆိုတာရှိတယ်

09/06/2026

ဥပဒေအထက်မှာ စည်ပင်ရုံးရှိတယ်

08/06/2026

လူတစ်ယောက်ရဲ့နောက်ဆုံးအသက်ရှူချိန်

07/06/2026

ပြောသမျှကိုလက်ခံပေးပြီး ခစားနေရတဲ့အဖြစ်

25/05/2026

ခြေတလှမ်း လင်တသန်း

15/05/2026

ခေါ်ပြေးပြီး ပိုက်ဆံနှစ်သောင်းနဲ့ပြန်ရွေးခိုင်းတာ

14/05/2026

နိမ့်ကျချိန်ဆိုနင်းချင်ကြတာ လူ့သဘာဝ

12/05/2026

လူတစ်ယောက်ရဲ့ နောက်ဆုံးတစ်မိနစ်အချိန်

Address

Yangon, Amarapura
Yangon
05061

Website

Alerts

Be the first to know and let us send you an email when MM Voice Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share