Ziwa Health News

Ziwa Health News ကမ္ဘာတစ်ဝန်း နောက်ဆုံးရ ကျန်းမာရေး သတင်းများအား အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးနေသော ကျန်းမာရေးမီဒီယာ

09/10/2022

သီတင်းကျွတ်ဆုတောင်း 🙏

" ဘေးဘယာ ဝေးကွာ
သက်ရှည်ကျန်းမာ
စီးပွားဥစ္စာ တိုးတက်နိုင်ပါစေ"

လို့ ဇီဝဗီတမှ တောင်းဆုခြွေအပ်ပါသည်။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
Telegram Channel link- t.me/ziwavita

01/10/2022

အမျိုးသမီးတွေ အသက် (၅၀) ကျော်လာပြီဆိုလျှင် ........

ငယ်ရွယ်နုပျိုစဥ်အခါကတော့ သွက်လက်လှုပ်ရှားကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်ပဲပေါ့ ။ ဒါပေမယ့် အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကျန်းမာရေးကလည်း တဖြည်းဖြည်း ယိုယွင်းဆုတ်ယုတ် လာပါတယ် ။ ရောဂါက မိမိအသက်ကို နှုတ်ယူမသွားခင် မိမိက အရင်အနိုင်ယူနိုင်ဖို့ရာ ရောဂါကို စောစီးစွာရှာဖွေသိရှိထားရန် အရေးကြီးပါတယ် ။ ဒါကြောင့် အသက် (၅၀) နှင့် အထက် အမျိုးသမီးတိုင်း စစ်ဆေးကြည့်သင့်သော ကျန်းမာရေးဆေးစစ်ချက်များကို ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ပါတယ် ။

(၁)ခန္ဓာကိုယ်သွေးတွင်းအဆီဓာတ်များ

သွေးတွင်း cholesterol နှင့် triglycerides ဓာတ်များ ၊ ကောင်းသော HDL cholesterol ၊ မကောင်းသော LDL cholesterol စသည့် အဆီဓာတ်များကို တစ်နှစ်တစ်ခါ ပုံမှန်စစ်ကြည့်ခြင်းဖြင့် နှလုံးရောဂါ ၊ လေဖြတ်လေငန်းရောဂါ ဖြစ်နိုင်ခြေတို့ကို ခန့်မှန်းသိရှိနိုင်ပါတယ် ။

(၂)သွေးပေါင်ချိန်

သွေးတိုးရောဂါ ကို အသံတိတ်လူသတ်သမားလို့ ခေါ်ကြပါတယ် ။ သွေးပေါင်ချိန်တက်ခြင်းသည် နှလုံး ၊ ကျောက်ကပ် ၊ ဦးနှောက် မှစလို့ အမြင်အာရုံပါမကျန် ခန္ဓာကိုယ်အနှံ့ ဘေးဖြစ်စေပါတယ် ။ ဒါကြောင့် ယခုခေတ်တွင် သွေးပေါင်ချိန်ကို အလွယ်တကူတိုင်းလို့ရနေပြီဖြစ်သည့်အတွက် နေ့စဥ်ပုံမှန် သို့ နှစ်ရက်ခြားတစ်ခါ တိုင်းပေးသင့်ပါတယ် ။

(၃)သွေးတွင်းသကြားဓာတ်

မိမိက ဆီးချိုရောဂါ ရှိတယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်တိုင်းပေးရန် လိုအပ်ပါတယ် ။ အဝလွန်သူ ၊ အသက်ကြီးသူ ၊ ဆီးချိုမျိုးရိုးရှိသူ ၊ အချိုအဆိမ်ံ့ကြိုက်သူတွေကတော့ ရောဂါဖြစ်နိုင်ခြေ များသည့်အတွက် သကြားဓာတ်ပမာဏကို အစဥ်အမြဲ စောင့်ကြည့်နေသင့်ပါတယ် ။

(၄)သိုင်းရွိုက်ဟော်မုန်း

အမျိုးသမီးများနေနဲ့ စိတ်တိုစိတ်ဆတ်လာတယ် ၊ ကိုယ်အလေးချိန်ပြောင်းလဲလာတယ် ၊ အစားစားချင်စိတ်ရှိလျက်နဲ့ အစားအသောက်ပျက်လာတယ်ဆိုရင် သိုင်းရွိုက်ဟော်မုန်းကို စစ်ဆေးကြည့်သင့်ပါတယ် ။ သွေးဆုံးပြီး အမျိုးသမီးတွေအနေနဲ့ တစ်နှစ်တစ်ခါ စစ်ဆေးခြင်းသည် အကောင်းမွန်ဆုံးဖြစ်ပါတယ် ။

(၅)အရိုးသိပ်သည်းဆ

အသက်(၆၅) နှစ်အထက် အမျိုးသမီး တိုင်း အရိုးပွရောဂါကို စောစီးစွာ သိရှိနိုင်ရန် နှစ်စဥ် အရိုးသိပ်သည်းဆ ကို တိုင်းတာပေးသင့်ပါတယ် ။

(၆)ရင်သားကင်ဆာ

အသက် (၅၀) - (၇၅) နှစ်ကြား အမျိုးသမီးများကိုတော့ ရင်သားကင်ဆာအတွက် နှစ်စဥ် mammogram ရိုက်ပေးဖို့ တိုက်တွန်းချင်ပါတယ် ။

(၇)သားအိမ်ခေါင်းကင်ဆာ

အသက် (၂၁) - (၆၅) နှစ်ကြား အမျိုးသမီးများကတော့ သုံးနှစ်တစ်ခါ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ် ။

(၈)အရေပြားစစ်ဆေးမှု

မိမိ၏ အရေပြားကို နှစ်စဥ် စစ်ဆေးပေးခြင်းဖြင့် အရေပြားကင်ဆာ ကို စောစီးစွာ သတိထားမိစေပါတယ် ။ ဒါ့အပြင် မှဲ့ရှိသူတွေသည် မှဲ့၏ အရောင် ၊ အရွယ်အစား ၊ ပုံသဏ္ဍာန် ပြောင်းလဲလာမှုကိုလည်း သတိပြုပေးသင့်ပါတယ် ။

(၉)မျက်စိစစ်ဆေးမှု

အသက်(၆၀) မတိုင်မီ (၂)နှစ်ကို တစ်ကြိမ် မျက်စိစစ်ဆေးပါ ။ အသက် (၆၀)ကျော်လာတာနဲ့ တစ်နှစ်ကို တစ်ကြိမ် စစ်ဆေးပါ ။ ဒါမှသာ မျက်စိရောဂါတို့ကို အချိန်မှီ ကုသနိုင်မှာဖြစ်ပါတယ် ။

(၁၀)မှန်ပြောင်းကြည့်ခြင်း

မိမိအူလမ်းကြောင်းကို မှန်ပြောင်းကြည့်ခြင်းသည်လည်း အသက်(၅၀) နှင့် အထက် အမျိုးသမီးတိုင်းပြုလုပ်သင့်သည့် စစ်ဆေးချက်ဖြစ်ပါတယ် ။ မှန်ပြောင်းကြည့်ခြင်းကို ပုံမှန် ဆယ်နှစ် တစ်ကြိမ် ပြုလုပ်ပေးလျှင် လုံလောက်ပါတယ် ။

(၁၁) Vitamin B12

သက်သက်လွတ်စားသူ ၊ ဆီးချိုဆေးသောက်နေသူတွေသည် ဗီတာမင် B12 ဓာတ်ချို့တဲ့နေနိုင်ပါတယ် ။ ဒါကြောင့် B12 ပမာဏကိုလည်း တိုင်းတာစစ်ဆေးကြည့်သင့်ပါတယ် ။

အထက်မှာဖော်ပြပေးထားတဲ့ ဆေးစစ်ချက် (၁၁)မျိုးကတော့ အသက်(၅၀)နှင့်အထက် အမျိုးသမီးများအတွက် လိုအပ်တဲ့ အထွေထွေ ကျန်းမာရေးစစ်ဆေးချက်များဖြစ်ပါတယ် ။ မိမိ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဆရာဝန် ညွှန်ကြားသည့် အထူးစစ်ဆေးချက်များရှိပါကလည်း ထပ်လောင်းစစ်ဆေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
Telegram Channel link- t.me/ziwavita

20/09/2022

Social phobia ကို ကျော်လွှားကြမယ် ❤️

လူအများရှေ့မှာမဝံ့မရဲဖြစ်နေလား ? စကားစမြည်ပြောဖို့ ရှက်နေလား ?
မျက်လုံးချင်းအကြည့်ဆုံဖို့ကြောက်ရွံ့နေလား ?
လမ်းလျှောက်ရင်တောင် ကြမ်းကိုဘဲကြည့် လျှောက်နေသူလား ?

သူငယ်ချင်းတို့အပြုအမူက ဒီအချက်တွေနဲ့တိုက်ဆိုင်နေတယ်ဆိုလျှင် သူငယ်ချင်းတို့အတွက် ခွန်အားဖြစ်စေမယ့် ဒီ post လေးကို ဖတ်ကြည့်လိုက်ပါ။ ဒီ စာလေးရဲ့အဆုံးမှာ message လေးကို သိနားလည်ပြီး Social phobia ကို ကျော်လွှားနိုင်စေရန် ရည်ရွယ်ပါတယ် ။

Social phobia ကို ကျော်လွှားနိုင်စေဖို့ .....

💫မိမိကဲ့သို့ Social phobia ခံစားနေရသူတွေနဲ့ စကားပြောပါ ၊ အသင်းအဖွဲ့ပြုလုပ်ထားပါ ။

💫မိမိကိုယ်ကို စိန်ခေါ်ပါ ။

💫ပွဲလမ်းအခမ်းအနားတို့တွင် မိမိကိုယ်ကိုထက် မိမိဘေးနားကသူများ အပေါ် ပို၍အာရုံထားပေးပါ ။

💫စကားပြောလျှင် အကြည့်ချင်းဆုံကာပြောနိုင်ရန် လေ့ကျင့်ပေးပါ ။

💫မိမိအနေနဲ့ စကားလမ်းကြောင်း စတင်ခြင်း ၊ အဆုံးသတ်ခြင်းတို့ကို လေ့ကျင့်ပါ ။

💫သူငယ်ချင်း ၊ မိသားစုများထံမှ အကူအညီရယူပါ။

💫စိတ်တည်ငြိမ်စေမည့် အသက်ရှူလေ့ကျင့်ခန်း ၊ အာရုံစူးစိုက်နိုင်မည့် board games တို့ကို လုပ်ဆောင်ပါ ။

💫မိမိလုပ်ဆောင်ရန်မဝံ့ရဲသည့်အရာများကို တဖြည်းဖြည်းနှင့် စတင်လုပ်ဆောင်ကြည့်ပါ ။

💫မိမိကိုယ်ကို comfort zone ထဲမှ ထွက်နိုင်ရန် ကြိုးစားပါ ။

💫ပတ်ဝန်းကျင်ကိုလေ့လာစူးစမ်းပါ ။

💫မေးခွန်းများများမေးပါ ။

💫မိမိအပေါ်အခြားသူများ၏အထင် ၊ အခြားသူများ၏အတွေးကိုခန့်မှန်းရန် မကြိုးစားပါနှင့် ။

💫မိမိကိုယ်မိမိယုံကြည်မှုရှိစွာနေထိုင်ပါ ။

💫ဘယ်သောအခါမှ အားမလျှော့၊ အရှုံးမပေးပါနှင့်။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/

18/09/2022

🔺အခုလဆန်းပိုင်းလောက်ကစပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပြည်တွင်းကူးစက်မှုတွေ တစ်နေ့တစ်ခြား တိုးလာနေပါတယ်။

✳️ဒါကြောင့် အရင်လို ပေါ့ပေါ့ဆဆမနေမိဖို့၊ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask)ကို တပ်လိုက်ချွတ်လိုက်လုပ်တာ၊ မေးစေ့မှာချထားတာမျိုး မလုပ်မိဖို့ အသိပေးပါရစေ။

*အထူးသဖြင့်* မိသားစုဝင်တွေထဲမှာ အသက်အရွယ်ကြီးရင့်သူ၊ ရောဂါအခံရှိသူတွေ ရှိခဲ့မယ်ဆိုရင် ပိုပြီးသတိထား ဂရုစိုက်သင့်ပါတယ်။

🔺ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) မထိုးရသေးရင်လည်း သွားရောက်ထိုးနှံကြဖို့ ထပ်ဆောင်း တိုက်တွန်းလိုက်ပါတယ်။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/

15/09/2022

အိပ်ရေးဝဝအိပ်ကြစို့ 😴

တစ်ညတာကို နှစ်ခြိုက်စွာ အိပ်စက်ပြီး ကြည်ကြည်လင်လင် နိုးထလာရခြင်း သည် နေ့သစ်အတွက် အကောင်းဆုံးသော စိတ်ခံစားမှု ၊ အားအင်တို့ကို ပေးစွမ်းပါတယ် ။ ကောင်းမွန်သော အိပ်စက်ခြင်းသည် ကိုယ်ခံစွမ်းအား ၊ စိတ်စွမ်းအား ၊ ကျန်းမာကြံ့ခိုင်မှု စွမ်းအား တို့ကို ရရှိစေပါတယ် ။

မွေးကင်းစကလေးငယ်လေးတွေအတွက် (၁၄)-(၁၈)နာရီ အိပ်ချိန်လိုအပ်ပါတယ် ။ တီတီတာတာပြောပြီး တတောက်တောက်နဲ့ လမ်းလျှောက်နေပြီဖြစ်တဲ့ ကလေးငယ်လေးတွေအတွက် (၁၀)-(၁၄)နာရီ အိပ်ချိန်လိုအပ်ပါတယ် ။ ကျောင်းနေအရွယ်ကလေးငယ်များကတော့ (၉)-(၁၂) နာရီ အိပ်ချိန်လိုအပ်ပါတယ် ။ အရွယ်ရောက်ပြီးသူများကတော့ (၆)-(၈) နာရီ အိပ်ချိန်ရှိသင့်ပါတယ် ။

အိပ်ချိန်မလုံလောက်ပါက ....

🥱ကိုယ်အလေးချိန်တိုးလာခြင်း
🥱စိတ်အပြောင်းအလဲများခြင်း
🥱ကိုယ်ခံအားနည်းခြင်း
🥱သွေးတွင်းသကြားဓာတ်များခြင်း
🥱မောပန်းနွမ်းနယ်ခြင်း
🥱စိတ်အလိုမကျဖြစ်ခြင်း
🥱သွေးတိုးရောဂါ ၊ နှလုံးရောဂါ ဖြစ်စေခြင်း
🥱အာရုံစူးစိုက်ရခက်ခဲခြင်း
🥱တီထွင်ဖန်းတီး နိုင်စွမ်းလျော့ကျလာခြင်း
🥱ပြသာနာအခက်အခဲကိုဖြေရှင်းနိုင်စွမ်းမရှိခြင်း

တို့ဖြစ်နိုင်ပါတယ် ။

ဒါကြောင့် တစ်ညတာအတွက် လုံလောက်သော အိပ်ချိန် သတ်မှတ်ထားရန်လိုအပ်ပါတယ် ။ အဆိုပါအိပ်ချိန်အတွင်း နှစ်ခြိုက်စွာ အိပ်စက်နိုင်စေရန် နည်းလမ်း ခုနစ်သွယ်ကို ဆက်လက်လေ့လာကြည့်ကြရအောင် ။

(၁) ညအိပ်ရာမဝင်မီ သကြားဓာတ်များသော အချိုရည် များ ၊ ကဖိန်းဓာတ်များသော ကော်ဖီ ၊ လက်ဖက်ရည် သောက်ခြင်းမှ ရှောင်ကြဥ်ပါ ။

(၂)လမ်းလျှောက်ခြင်း ၊ ရေကူးခြင်း ၊ ယောဂကျင့်ခြင်း ၊ ကခုန်ခြင်း နှင့် ကိုယ်လက်လှုပ်ရှားအားကစားများ လုပ်ဆောင်ပါ ။

(၃)ညအိပ်ရာဝင်ချိန်ကို ပုံသေ သတ်မှတ်ထားပြီး စိတ်ကိုတည်ငြိမ်အေးခြမ်းကာ အတွေးများ ၊ပူပင်သောကများကို ရှင်းလင်းအောင် တရားထိုင်ခြင်း ၊ စာဖတ်ခြင်းတို့ လုပ်ဆောင်ပေးပါ ။

(၄)ညစာကို အဆာပြေရုံသာစားပြီး အိပ်ရာမဝင်ခင် (၂)-(၃) နာရီ ကြိုစားထားပါ ။

(၅)ညအိပ်ရာမဝင်ခင် အရက်သောက်ခြင်းကို ရှောင်ပါ ။

(၆)ညအိပ်ရာမဝင်ခင် ဖုန်းသုံးခြင်း ၊ ကွန်ပြူတာသုံးခြင်းတိို့ကို ရှောင်ရှားပါ ။

(၇)အိပ်ရာခင်း ၊ ခေါင်းအုံး ၊ မွေ့ရာ ၊ စောင် အစရှိသည်တို့သည် မိမိအတွက် သက်တောင့်သက်သာ ဖြစ်နေပါစေ ။

အထက်ပါနည်းလမ်းများကို ကြိုးစားကျင့်သုံးပါက တစ်ညတာကို နှစ်ခြိုက်စွာ အိပ်စက်ရင်း ဖြတ်သန်းနိုင်မှာပါ ။ သူငယ်ချင်းတို့လည်း အိပ်မပျော်သောညပေါင်းများစွာ ကို နှုတ်ဆက်ပြီး ယနေ့ကစလို့ နှစ်ခြိုက်စွာအိပ်စက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

12/09/2022

အိပ်ရာခင်းနှင့်အစွပ်များကို ဘယ်နှစ်ရက်တစ်ခါ လဲပေးသင့်သလဲ ? 🤔

ဒီနေ့မှာတော့ လူတိုင်းအတွက် အကျိုးလည်းရှိမယ် ၊ သိလည်းသိထားသင့်တဲ့ အကြောင်းအရာလေးကို ဇီဝဗီတကနေ ဖော်ပြပေးသွားပါ့မယ် ။

🛏ကျွန်တော်တို့ရဲ့ တစ်နေ့တာအချိန် ၂၄ နာရီမှာ လေးပုံတစ်ပုံက ကုတင်ပေါ်မှာ ကုန်ဆုံးတယ် ဆိုတာ သတိထားမိကြပါလား။ ကျွန်တော်တို့တွေဟာ နေ့စဥ် ပျမ်းမျှ (၈) နာရီ အိပ်ချိန် ရှိတယ်ဆိုလျှင် တစ်ပတ်ကို (၅၆) နာရီဟာ ကုတင်ပေါ်မှာ အိပ်ရင်းကုန်ဆုံးသွားတာပေါ့ ။

🛏ဒီတော့ အိပ်ရာခင်း ၊ ခေါင်းအုံး ၊ စောင် ၊ ဖက်လုံး စတာတွေနဲ့ ထိတွေ့ရတဲ့ အချိန်ဟာလည်း ကြာရှည်လွန်းပါတယ် ။ ဒါကြောင့် အိပ်ရာအသုံးအဆောင် ၊ အခင်းအကျင်း တွေကို သန့်ရှင်းအောင် ထားဖို့ဆိုတာ လိုအပ်လာပါတယ် ။

🤔ဘာကြောင့် အိပ်ရာခင်းတွေ ၊ခေါင်းအုံး တွေကို သန့်ရှင်းအောင်ထားသင့်တာလဲ (သို့) ပုံမှန် လဲပေးသင့်တာလဲ ?

အိပ်ရာခင်းတွေ ၊ ခေါင်းအုံးစွပ်တွေမှာ ဖုန်မှုန့်တွေ၊ အရေပြားဆဲလ်သေတွေ ၊ ကိုယ်ခန္ဓာမှထွက်သောအဆီတွေ ၊ ချွေး ၊ အညစ်အကြေး နှင့် ပိုးမွှားတွေ စွဲကပ်နေနိုင်ပါတယ် ။

ဖုန်မှုန့် တွေ ၊ ပိုးမွှားတွေဟာ အရေပြားယားယံခြင်း ၊ အလက်ဂျစ်ထခြင်း ၊ အင်ပြင်ထွက်ခြင်း များဖြစ်စေနိုင်ပါတယ် ။

မမြင်နိုင်သော သေးငယ်လွန်းတဲ့ ပိုးမွှားတွေက မိမိခန္ဓာကိုယ်ထဲသို့ဝင်ရောက်ဒုက္ခမပေးနိုင်သည့်တိုင် အိပ်ရာခင်း ၊ စောင် ၊ ခေါင်းအုံးစွပ် စသည်တို့တွင် တွယ်ကပ်ကာ ပွားများလာပြီး ထောင်ချီ ၊သောင်းချီအထိ ပွားကာ ကပ်တွယ်နေနိုင်ပါတယ် ။

မိမိရဲ့ ချွေး ၊ ခေါင်းမှထွက်သောအဆီ ၊ ခြေဆီလက်ဆီ ၊ သွားရည် စသည်တို့သည်လည်း ဘတ်တီးရီးယားပေါက်ပွားစေနိုင်သော ကြားခံများဖြစ်ပါတယ် ။ ဒါ့အပြင် အထက်ပါအရာတို့သည် အနံ့ဆိုးကိုလည်း ဖြစ်စေပါတယ် ။

မိမိသည် အလက်ဂျစ်ရှိသူ ၊ ပန်းနာရင်ကြပ်ရှိသူဆိုလျှင် ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားလာစေပါတယ် ။

ဒါကြောင့် မိမိရဲ့ အိပ်ရာနှင့် အိပ်ရာအခင်းအကျင်းကို သန့်ရှင်းအောင် ထားပြီး အချိန်မှန်လျှော်ဖွပ် လဲကျင်းပေးသင့်ပါတယ် ။

🤔လဲတာတော့ဟုတ်ပါပြီ....ဘယ်လောက်တစ်ခါလဲပေးရမှာလဲ ?

အိပ်ရာခင်းများကို တစ်ပတ်တစ်ခါလဲပေးသင့်ပါတယ် ။ အထူးသဖြင့် နွေရာသီ တွင် ချွေးထွက်ပိုများသည့်အတွက် မကြာခဏ လဲသည့် အလေ့အကျင့်ကို လုပ်ဆောင်သင့်ပါတယ် ။ အိမ်မွေးတိရစ္ဆာန်လေးများနှင့် မိမိအိပ်ရာပေါ်တွင် အတူ အိပ်တယ်ဆိုပါကလည်း မကြာခဏ အိပ်ရာခင်းလဲပေးဖို့သင့်ပါတယ်။

အကြမ်းဖြင်းအားဖြင့်.....

အိပ်ရာခင်း - (၁)ပတ် သို့ (၂)ပတ် တစ်ခါလဲခြင်း
ခေါင်းအုံးစွပ် - (၁)ပတ် တစ်ခါ လဲခြင်း
စောင်အစွပ် - (၂)ပတ် သို့ (၁)လ တစ်ခါ လဲခြင်း
စောင် - (၂)လ သို့ (၃)လ တစ်ခါ လဲခြင်း
ခေါင်းအုံး - (၄)လ သို့ (၆)လ တစ်ခါလဲခြင်း

အကယ်၍ အချိန်မပေးနိုင်ပါက အိပ်ရာခင်းနှင့် အစွပ်များကို တစ်လတစ်ခါတော့ ပုံမှန်လဲပေးရန် ကြိုးစားသင့်ပါတယ် ။

မွေ့ရာကို (၆)လတစ်ခါ သန့်ရှင်းပေးခြင်း ၊ ဖုန်ခါပေးခြင်း ၊ နေပူပြပေးခြင်းမျိုး ပြုလုပ်ပေးနိုင်ပါတယ် ။ (၆)နှစ် သို့ (၈)နှစ် ကြာပြီဆိုလျှင်တော့ မွေ့ရာအသစ်ကို အစားထိုးအသုံးပြုပေးပါ ။

အိပ်ရာခင်းနှင့်အစွပ်များကို လျှော်ဖွပ်သည့်အခါတွင်လည်း ကော်တွန်ဆိုလျှင်ရိုးရိုးရေ ၊ polyester ဆိုလျှင် ရေနွေး စသည်ဖြင့် အညွှန်းတွင် ပါသည့်အတိုင်း လျှော်ဖွပ်ပေးသည့်ပါတယ် ။ Softener, ဆပ်ပြာရည် အပျော့ စသည်ဖြင့် လျှော်ပြီးလျှင်လည်း ဆပ်ပြာစင်စေရန် ရေဖြင့်တစ်ခါ စိမ်ထားပေးပါ ။ လျှော်ဖွပ် ပြီးစီးပါက သေချာခြောက်သွေ့ရန် နေလှန်းပြီးမှ သိမ်းဆည်းပါ ။ ဆပ်ပြာရည်ကျန်ခြင်း ၊ အစိုဓာတ်ကျန်နေခြင်းတို့သည် မှိုစွဲခြင်း ၊ဖားဥစွဲခြင်း တို့ဖြစ်စေနိုင်ပါတယ် ။

မိမိရဲ့အိပ်စက်ရာနေရာနှင့်အခင်းအကျင်းကို သန့်သန့်ရှင်းရှင်းထားခြင်းသည် ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေပြီး ၊ သာယာညိမ့်ညောင်းစွာ အိပ်စက်ခြင်းကိုလည်း ပေးစွမ်းပါတယ် ။ ဒါကြောင့် စာဖတ်ပရိသတ်တို့ လိုက်နာကျင့်သုံးစေနိုင်ရန် ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ပါတယ် ။💛

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/

11/09/2022

ဇီဝဗီတ ရဲ့ စာဖတ်မိတ်ဆွေများအတွက်..✅✅

🤩တစ်မူထူးခြားတဲ့ အစီအစဉ်တွေပါဝင်တဲ့ ကျန်းမာရေးပညာပေး ဗီဒီယိုလေးတွေနဲ့အတူ ဆန်းသစ်တဲ့ရှုထောင့်ကနေ တင်ဆက်ပေးဖို့ရှိတာကြောင့် Ziwa Vita (ဇီဝဗီတ) ရဲ့ Instagram ကို အခုပဲ Follow ထားကြဖို့ တောင်းဆိုချင်ပါတယ်။

ဇီဝဗီတရဲ့ ကျန်းမာရေး အစီအစဉ်နှင့် ဆောင်းပါးများအပေါ် အကြံဉာဏ်ပေးချင်တာများရှိရင်လည်း ယခုပို့စ်အောက်မှာ ကွန့်မန့်ပေးသွားနိုင်ပါတယ်ခင်ဗျာ။

Instagram link- https://www.instagram.com/ziwavita/

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/

08/09/2022

ကိုယ်ဝန်ဆောင်မေမေတို့ရှောင်ရန် 💫

ကိုယ်ဝန်ဆောင်မေမေဆိုတာ မိမိတို့ရဲ့ အဖိုးတန်လှတဲ့ ရင်သွေးလေးကိုလွယ်ထားရသူများဖြစ်ပါတယ် ။ အသက်နှစ်ချောင်း ဖြစ်သည့်အတွက် စားသောက်သွားလာနေထိုင်မှုကအစ ဂရုတစိုက် ပြုမူသင့်ပါတယ် ။ ဒါကြောင့် မေမေတို့ အတွက် မိမိကျန်းမာရေးကိုရော ၊ ကိုယ်ဝန်ခိုင်မြဲရေးကိုရော ၊ ရင်သွေးငယ်လေးရဲ့ဖွံ့ဖြိုးရေးကိုပါ အနှောင့်အယှက် ဘေးဥပဒ်ပြုနိုင်တဲ့ အရာများကို ရှောင်ကြဥ်နိုင်စေရန် ဝေမျှပေးသွားမှာဖြစ်ပါတယ် ။

💆‍♀️အပ်စိုက်ကုထုံး နှင့် အကြောပြင်နှိပ်နယ်ခြင်း

ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန်ပထမ (၃)လ အတွင်း ဝမ်းဗိုက်ကို နှိပ်နယ်ခြင်းမျိုး မပြုလုပ်သင့်ပါ ။ အပ်စိုက်ကုသခြင်းသည် ကိုယ်ဝန်ကို ထိခိုက်မှု မရှိသော်လည်း ကျွမ်းကျင်သော ကုထုံးပညာရှင် ထံတွင်သာ ကုသမှုခံယူပါ။ အချို့သော နေရာများသည် ကိုယ်ဝန်ဆောင်စဥ် အပ်စိုက်မှုခံယူရန် မသင့်လျော်သည့်အတွင် ကုသမှုမခံယူခင် မိမိကိုယ်ဝန်ရှိနေကြောင်း အသိပေးပါ ။

🐈 ကြောင် နှင့် Toxoplasmosis ရောဂါ

ကြောင်လေးတွေရဲ့ အညစ်အကြေးတွင် Toxoplasma gondii ဟုခေါ်သော ကပ်ပါးပိုးရှိနေတတ်ပါတယ် ။ လနုသော ကိုယ်ဝန်ဆောင်မေမေ များ ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ခြင်း ၊ သန္ဓေသား တွင် မျက်စိကွယ်ခြင်း ၊ ဦးနှောက်ထိခိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ် ။

🧼ဓာတုပစ္စည်းပါဝင်သော အိမ်သုံးပစ္စည်းများ

အိမ်သုတ်ဆေး ၊ ကော် ၊ ရေချိုးခန်းသုံး အမွှေးခဲ ၊ အနံ့စုပ် အမွှေးခဲ ၊ ပရုတ်လုံး စသည်တို့နှင့် အထိအတွေ့ သို့ အနံ့ ရှုရိုက်မိခြင်းတို့ကို သတိပြုရှောင်ကြဥ် သင့်ပါတယ် ။ ပရုတ်လုံးသည် သွေးအားနည်းခြင်းကိုဖြစ်စေပြီး အမောမခံနိုင်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ မူးဝေအော့အန်ခြင်း တို့ဖြစ်စေနိုင်သည့်အတွက် မွေးကာစကလေးငယ်များအတွက်လည်း အန္တရယ် ဖြစ်စေနိုင်ပါတယ် ။

🙅🏽‍♀️အသားညိုဖြန်းဆေးများ

Tanned skin သို့ ရွှေညိုရောင် အသားအရည် လိုချင်လို့ အသားညိုအောင် ဆေးဖြန်းမယ် ၊ ဆေးသွင်းမယ် ၊ ဆေးထိုးမယ် ဆိုတာမျိုးကို ကိုယ်ဝန်ဆောင်စဥ် ရှောင်ရှားသင့်ပါတယ် ။ ဆေးဖြန်းသည့်အခါ ဓာတုအမှုန်အမွှားများကို ရှုရိုက်မိပြီး မိမိလွယ်ထားရသည့် ကလေးကို အန္တကာယ်ဖြစ်စေနိုင်ပါတယ် ။

🥃 အစားအသောက်နှင့်အရက်သေစာ

အပူအစပ် နှင့် အချို့သောအစားအစာများသည် ကိုယ်ဝန်အတွက် ဆိုးကျိုးဖြစ်စေသည့်အတွက် စသည်တို့ကို လေ့လာရှောင်ရှားပေးရန်လိုအပ်ပါတယ် ။ အရက်သေစာ ကိုတော့ ကိုယ်ဝန်ယူရန်ပြင်ဆင်နေချိန် ၊ ကိုယ်ဝန်လွယ်ထားရချိန် ၊ မိခင်နို့တိုက်ကျွေးနေချိန် တို့တွင် လုံးဝဖြတ်ထားသည်သာ အကောင်းဆုံးဖြစ်ပါတယ် ။

👩‍🦰ဆံပင်ဆေးဆိုးခြင်း

ကိုယ်ဝန်ဆောင်စဥ် နှင့် မိခင်နို့ တိုက်ကျွေးစဥ် တို့တွင် ဆံပင်ဆေးဆိုးခြင်း ၊ ဆံသားပေါင်းခြင်း လုပ်ပါက ဂရုပြု လုပ်ဆောင်သင့်ပါတယ် ။ ဆိုးဆေးများတွင် ဓာတုဓာတ်များစွာပါဝင်ပြီး ဦးရည်ပြားမှ၎င်းဓာတ်များကို စုပ်ယူပြီးသွေးထဲသို့ ပမာဏအနည်းငယ်ရောက်ရှိသွားနိုင်ပါတယ် ။ ထိုအခါ မမွေးသေးသော ရင်သွေးငယ် သို့ မိမိနို့ရည်တိုက်ကျွေးနေသောကလေးငယ်ကို အန္တရာယ် ဖြစ်စေပါတယ် ။

🧖🏻‍♀️ချွေးထုတ်ခန်း သို့ ရေပူစမ်း စိမ်ခြင်း

ကိုယ်ဝန်ဆောင်မေမေတို့သည် ခန္ဓာကိုယ် အပူချိန်လွန်ကဲစေသောအရာများကိုရှောင်ရှားသင့်ပါတယ် ။ အပူများခြင်းသည် ရေဓာတ်ကုန်ဆုံးခြင်း ၊မူးမေ့လဲခြင်း ၊ အားအင်ကုန်ခမ်းခြင်းကို ဖြစ်စေပါတယ် ။

🩻ဓာတ်ရောင်ခြည် သို့ ဓာတ်မှန်ရိုက်ခြင်း

ကိုယ်ဝန်ဆောင်စဥ် ဓာတ်မှန်ရိုက်ခြင်း ကို အထူးရှောင်ရှားသင့်ပါတယ် ။ ဓာတ်ရောင်ခြည်များသည် သန္ဓေသား၏ ကိုယ်ခန္ဓာဖွံဖြိုးမှု ၊ ဥာဏ်ရည်ဥာဏ်သွေးတို့အပေါ်တွင် ကြီးမားသော သက်ရောက်မှုရှိစေပါတယ် ။

ကိုယ်ဝန်ဆောင်မေမေတို့လည်း ကိုယ်ဝန်လွယ်ထားစဥ် ကာလအတွင်း ရှောင်သင့်ရှားသင့်သည််များကို သိနားလည်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ကျန်းမာလှပသောရင်သွေးငယ်လေးများကို အခက်အခဲမရှိ အောင်မြင်စွာ မွေးဖွားနိုင်ပါစေလို့ မေမေတို့အတွက် ဆုတောင်းပေးလိုက်ပါတယ် ။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/

07/09/2022

ခြေဖနောင့်ကွဲတဲ့အခါ.....

ခြေဖနောင့်တွေကြမ်းတမ်းခြောက်သွေ့ပြီး အက်ကွဲနေတာဟာ ဘာကြောင့်လဲ ?

🦶မိမိခြေထောက်နဲ့မတော်တဲ့ဖိနပ် စီးမိတဲ့အခါ
🦶အလွန်တင်းကြပ်တဲ့ နောက်ပိတ်ဖိနပ်စီးမိတဲ့အခါ
🦶အချိန်ကြာကြာမတ်တပ်ရပ်ရတဲ့အခါ
🦶ဖိနပ်မပါ ခြေဗလာဖြင့် လမ်းလျှောက်တဲ့အခါ
🦶ကြမ်းတမ်းပြီးဓာတုပစ္စည်းပါတဲ့ ဆပ်ပြာသုံးမိတဲ့အခါ မျိုးတွေမှာ ခြေဖနောင့် တွေ အက်ကွဲလေ့ရှိပါတယ် ။

ခြေထောက်မှာရှိတဲ့သဘာဝအဆီဓာတ်တွေ လျော့နည်းသွားပြီး အသားအရေခြောက်သွေ့လာကာ အရေပြားအပေါ်ယံလွှာပျက်စီးပြီး အက်ကွဲလာရခြင်းဖြစ်ပါတယ် ။ ထိုအက်ကွဲရာလေးများကို အချိန်မှီ ဂရုတစိုက်ထိန်းသိမ်းကုသခြင်းမရှိပါက အက်ကွဲရာများပိုနက်လာနိုင်ပြီး ပိုးဝင်သည့်အဆင့်ထိရောက်ရှိစေနိုင်ပါတယ် ။ ဒါကြောင့် ခြေဖနောင့်တွေ အက်ကွဲလာတဲ့အခါ ဘယ်လို ပြန်လည်ထိန်းသိမ်းရမလဲဆိုတာ ဆက်လက်ပြောပြပေးသွားမှာမို့ လေ့လာကြည့်ကြရအောင်နော် ။��✔️မိမိခြေထောက်အတိုင်းနှင့်ကိုက်ညီသော ဖိနပ်ဆိုဒ်ကိုစီးပါ ။
✔️ကွင်းထိုးဖိနပ် ၊ ခြေညှပ်ဖိနပ် ၊ နောက်ပိတ်မပါသော ဖိနပ် ကိုသာ ရွေးချယ်ပါ ။
✔️ညအိပ်ယာမဝင်ခင် ခြေထောက်ကို ရေနွေးနွေး သို့ ဆပ်ပြာရည်တွင် (၁၀) မိနစ်ခန့် စိမ်ပေးပါ ။
✔️အရေပြားဆဲလ်သေများကို ဖယ်ရှားရန် ကိုယ်တိုက်ဖော့ ဖြင့် ညင်သာစွာ ပွတ်တိုက်ပေးပါ ။
✔️အဆီဓာတ်များသော ခရမ် သို့ Vaseline သို့ ရေဓာတ်ပါသော လိမ်းဆေး လမ်းပေးပါ ။
✔️အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ရန် ညအိပ်သည့်အခါ ခြေအိပ်ပါးပါး ဝတ်အိပ်ပါ ။
✔️တစ်နေ့ကို နှစ်ကြိမ်ခန့် Cetaphil , Eucerin ကဲ့သို့
moisturizer ခပ်ထူထူလိမ်းပေးပါ ။
✔️အထပ်ပါနည်းလမ်းများဖြင့်မသက်သာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ ။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/

30/08/2022

အချိုမှုန့်ရှောင် ၊ ကျန်းမာခြင်းဆောင် 💛

"အာရောဂျံ ပရမန် လာဘံ " ၊ ကျန်းမာခြင်းကိုဖော်ဆောင်ရာတွင် အစားအသောက်သည် အရေးကြီးသော ထောက်တိုင်တစ်ခုဖြစ်ပါတယ် ။ အစားအသာက်တစ်ခု မှားသွားရုံနဲ့ ကျန်းမာရေးယိုယွင်းလာနိုင်သည့်အတွက် ကျန်းမာခြင်းကို လိုလားလျှင် အစားအသောက်ကို အထူးဆင်ခြင်ရန်လိုအပ်ပါတယ် ။ များစွာသောအစားအသောက်တွေထဲကမှ ကျွန်တော်တို့ကို အသက်အန္တရာယ်ထိ ဒုက္ခပေးနိုင်သော အချိုမှုန့် ၏ ဆိုးကျိုးများကို ဖော်ပြပေးသွားပါ့မယ် ။

အရသာရှိမှ ၊ အရသာလေးမှ ကြိုက်ကြတဲ့ မြန်မာလူမျိုးကျွန်တော်တို့တွေက ဟင်းချက်ရာမှာ အဆိုပါ အချိုမှုန့်ကို ဟင်းအရသာတိုးစေရန် ထည့်ကြပါတယ် ။ ဒါ့အပြင် စည်သွပ်ဘူး ၊ အသင့်ခေါက်ဆွဲထုတ် ၊ အသင့်ချက်ပြီးအစားအစာများတွင် လည်း အချိုမှုန့်ပါဝင်မှုများပါတယ် ။ ဒါကို ကျွန်တော်တို့ဟာ သိ၍ဖြစ်စေ၊မသိ၍ဖြစ်စေ စားသုံးနေမိကြပါတယ်။ အချိုမှုန့်စားသုံးမှု အချိန်ကြာမြင့်လာပါက ကျန်းမာရေးကို ဆုတ်ယုတ်ပျက်စီးစေနိုင်ပါတယ်။

ဘယ်လိုဆိုးကျိုးတွေဖြစ်စေလဲဆိုတော့—

💥နှလုံးခုန်နှုန်းမမှန်ခြင်း
💥ခြေ၊လက် ထုံကျဥ်ခြင်း
💥ခေါင်းတစ်ခြမ်းကိုက်ခြင်း
💥ရင်ဘတ်အောင့်ခြင်း
💥ရုတ်တရက်နှလုံးရပ်ခြင်း
💥အဝလွန်ခြင်း
💥လေဖြတ်ခြင်း
💥ကင်ဆာကြီးထွားနှုန်းမြန်ခြင်း
💥သွေးပေါင်ချိန်မမှန်ခြင်း
💥အသိ၊သတိ အားနည်းခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/

28/08/2022

နှုတ်ခမ်းတွင်း အနာပေါက် တဲ့အခါ ...

🫦မိတ်ဆွေတို့ရေ ... ထမင်းစားရင်း ၊ သွားတိုက်ရင်း နှုတ်ခမ်း (သို့) ပါးစောင်ကို ကိုက်မိဖူးကြတယ် ဟုတ် ?

🫦အဲ့လို ကိုက်မိတဲ့အခါ နှုတ်ခမ်းတွင်း နုနယ်လှတဲ့တစ်ရှူးအလွှာလေးမှာ ဒါဏ်ဖြစ်သွားတဲ့အတွက် အနာဖြစ်ခြင်း ဖြစ်ပါတယ် ။

✨သွားအချွန်လေးနဲ့ထိုးမိတာ ၊ အရမ်းပူတဲ့အစားအစာတွေစားမိတာ ၊ အရမ်းပြင်းတဲ့ခံတွင်းသန့်စင်ဆေးရည်တွေငုံမိတာ ၊ ရေယုန်ပေါက်တာ ၊ သံဓာတ်ချို့တဲ့တာ ၊ ဗီတာမင် ဘီ ချို့တဲ့တာ ၊ စိတ်ဖိစီးမှုတွေများတာတွေ ကြောင့်လည်း ခံတွင်း အတွင်း အနာဖြစ်နိုင်ပါတယ် ။ ✨

🫦ဒီလိုအနာလေးတွေက ပုံမှန်အားဖြင့် ၁-၅မီလီမီတာ လောက်သာ အရွယ်ရှိပြီး ၁၀-၁၄ ရက်အတွင်း သူ့အလိုလို ပျောက်ကင်းသွားတတ်ကြပါတယ် ။ ဒါပေမယ့် နှစ်ပတ်ထပ်ကျော်ပြီး မပျောက်ဘဲတည်ရှိနေမယ် ၊ မိမိကလည်း အရက် ၊ ဆေးလိပ်သောက်သုံးသူဖြစ်တယ်ဆိုလျှင်တော့ ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ် ။

🫦ဒီလို ခံတွင်း အနာ ( Aphthous ulcer ) လေးတွေကို ဘယ်လိုကုသသင့်သလဲဆိုတာ ဆက်လက်ဖော်ပြပေးမယ်နော် ။

🌀ရေများများသောက်ပါ ။
🌀အပူ ၊ အစပ် ရှောင်ပါ ။
🌀ဆားရည်နွေးဖြင့် ပလုတ်ကျင်းပါ ။
🌀ခံတွင်းကို သန့်ရှင်းအောင်ထားပါ ။
🌀အနာကို Antiseptic gel လိမ်းပါ ။
🌀Alcohol မပါဝင်သာ ခံတွင်းသန့်စင်ဆေးရည်ဖြင့်် တစ်နေ့ နှစ်ကြိမ် ပလုတ်ကျင်းပါ ။
🌀ဆရာဝန်ညွှန်းသော Alcohol မပါဝင်သော steroid အယောင်ကျလိမ်းဆေးလိမ်းပါ ။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ziwa Health News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share