06/12/2019
လူမနေတော့သည့် အိမ် တစ်လုံးမှ WY/R စာတမ်းပါ စိတ်ကြွဆေးပြား
၇ သိန်းကျော် သိမ်းဆည်းရမိ
ရန်ကုန်၊ဒီဇင်ဘာ-၆ ရက်
ရေိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာ၏ တောင်ကြောပေါ်ရှိ လူမနေထိုင်သော အိမ် တစ်လုံးအတွင်းမှ အဆိုပါ စိတ်ကြွ ဆေးပြားများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ--------
ယမန်နေ့ (၅-၁၂-၂၀၁၉) မနက်ပိုင်း ၇ နာရီ ခွဲ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာ အတွင်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊
ထိုသို့ရှာဖွေစဉ် ၄င်း ကျေးရွာ၏ တောင်ကြောပေါ်ရှိ လူမနေသည့် နေအိမ် တစ်လုံး အတွင်းမှ ဆာလာအိတ် ၄ အိတ်ဖြင့် ထည့်လျက်ရှိသည့် WY/R စာတမ်းပါ စိတ်ကြွဆေးပြား ( ၇၂၁၅၀၀ ) ပြားအား ပိုင်ရှင်(စိစစ်ဆဲ) သိမ်းဆည်းရမိခဲ့ကြောင်း၊
အဆိုပါ တွေ့ရှိ သိမ်းဆည်းရမိမှုနှင့် ပတ်သတ်ရျွ် ထိုနေ့ မနက် ၁၁ နာရီ ၅ မိနစ် အချိန်တွင် ယင်း မူးယစ်ဆေးဝါးများပိုင်ရှင်(စိစစ်ဆဲ)အား မူးယစ်
ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး စုံစမ်း ဖေါ်ထုတ်နေကြောင်း သတင်းရရှိသည်။ NHP
ဓါတ်ပုံ- ပြည်ထဲရေး ၀န်ကြီးဌာန