UCSY Students' Guide

UCSY Students' Guide ကွန်ပျူတာသိပ္ပံနှင့်နည်းပညာဆိုင်ရ?

၂၀၂၃ ခုနှစ်အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသူကျောင်းသားများစာရင်း ထွက်ရှိပါပြီ။ဝင်ခွင့်ရဦးရေပေါင်း - ၃၅၁...
06/11/2023

၂၀၂၃ ခုနှစ်အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသူကျောင်းသားများစာရင်း ထွက်ရှိပါပြီ။

ဝင်ခွင့်ရဦးရေပေါင်း - ၃၅၁ ဦး
အမြင့်ဆုံးအမှတ် - ၅၃၆ မှတ်
အနိမ့်ဆုံးအမှတ် - ၄၀၇ မှတ်

Congratulations and welcome to UCSY, our new juniors!

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နဲ့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တို့ရဲ့ သမိုင်းကြောင်း အကျဉ်းချုပ်ကို စုစည်းတင်ဆက်ပေးလိုက်ပါတ...
16/09/2023

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နဲ့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တို့ရဲ့ သမိုင်းကြောင်း အကျဉ်းချုပ်ကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

အောက်ကတစ်ပုံချင်းစီမှာ ဖတ်ရှုနိုင်ပါတယ်။



10/09/2023

“It’s Just The Beginning” — UCSY Promo Video 2023

Disclaimer: This video is entirely original and does not incorporate any third-party content. All elements within this video are the sole creation of the author and are not derived from any other source.

2023 ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးလို့ တက္ကသိုလ်လျှောက်ကြတော့မယ့် ညီငယ်ညီမငယ်လေးတွေထဲက ကွန်ပျူတာသိပ္ပံ၊ ကွန်ပျူတာနည်းပညာ၊ သတင်းအချက်အလက်နည်းပညာရပ်တွေကို လေ့လာလိုသူတွေအတွက် အကိုတို့၊ အမတို့ရဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကနေ လှိုက်လှဲစွာ ကြိုဆိုလိုက်ပါတယ်။ ဒီ video လေးမှာတော့ UCSY ရဲ့ ထူးခြားချက်လေးတွေ၊ ထူးခြားတဲ့ event တွေ၊ activity လုပ်ခဲ့တာတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

Make your innovative spirit empowered. Come join us. Come join our UCSY family.



၂၀၂၃ ခုနှစ်အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်=================- Bio သို့မဟုတ် Eco တွဲ- ဘာသာစုံရမှတ်ပေါင်...
25/08/2023

၂၀၂၃ ခုနှစ်အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်
=================

- Bio သို့မဟုတ် Eco တွဲ

- ဘာသာစုံရမှတ်ပေါင်း ၄၅၀ နှင့်အထက် (သို့မဟုတ်) အင်္ဂလိပ်နှင့် သင်္ချာရမှတ်ပေါင်း ၁၄၀ နှင့်အထက်

- လက်ခံမည့် ဦးရေ - ၅၀၀ ဦး


ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်ရရှိသူများ (၂၀၂၂)============ဝင်ခွင့်ရဦးရေ - ၁၁၁ ဦးအနိမ့်ဆုံးအမှတ် - ၄၁၇ကျန်နည်းပညာ၊ ကွ...
02/11/2022

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်ရရှိသူများ (၂၀၂၂)
============
ဝင်ခွင့်ရဦးရေ - ၁၁၁ ဦး
အနိမ့်ဆုံးအမှတ် - ၄၁၇

ကျန်နည်းပညာ၊ ကွန်ပျူတာတက္ကသိုလ် ဝင်ခွင့်တွေကို အောက်ပါလင့်ခ်ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။
http://dast.edu.mm/?p=312

ယခု ၂၀၂၂ ခုနှစ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဝင်ခွင့်လျှောက်ထားလိုသူများအတွက်===================အမှတ်သတ်မှတ်ချက် - သိပ္ပံတွ...
30/08/2022

ယခု ၂၀၂၂ ခုနှစ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဝင်ခွင့်လျှောက်ထားလိုသူများအတွက်
===================

အမှတ်သတ်မှတ်ချက် - သိပ္ပံတွဲ နှင့်ဝိပ္ပံတွဲ ဘာသာစုံ စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက် (သို့မဟုတ်) အင်္ဂလိပ်နှင့်သင်္ချာနှစ်ဘာသာပေါင်းရမှတ် ၁၄၀ နှင့်အထက်

ဝင်ခွင့်ပြုမည့်အများဆုံးလူဦးရေ - ၅၀၀ ဦး

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာဒေါ်မီမီသက်သွင်သည် ယနေ့နံနက်တွင် ကူးစက်မြန် Covid 19 ရောဂါဖြင့် ဘဝ...
30/07/2021

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာဒေါ်မီမီသက်သွင်သည် ယနေ့နံနက်တွင် ကူးစက်မြန် Covid 19 ရောဂါဖြင့် ဘဝတစ်ပါးသို့ ကူးပြောင်းသွားသောကြောင့် ကျွန်ုပ်တို့အနေနှင့် အလွန်ဝမ်းနည်းကြေကွဲရပါသည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူများ၏အရေးကို အထူးလေးပေးကာ တက္ကသိုလ်ကြီးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်၍ ကျွန်ုပ်တို့၏ဆုံးရှုံးမှု အလွန်ကြီးမားလှပါသည်။

တီချယ်ကြီး ကောင်းရာဘုံဘဝသို့ရောက်ပါစေ။

စီမံခန့်ခွဲရေးအဖွဲ့၊
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများလမ်းညွှန်။

**Microsoft အကြောင်း လေ့လာစရာ**ယခုတစ်ခေါက် ရေးထားတဲ့အကြောင်းကတော့ Microsoft windows တွေထဲကမှ အသုံးများခဲ့တဲ့တချို့ windo...
15/07/2021

**Microsoft အကြောင်း လေ့လာစရာ**

ယခုတစ်ခေါက် ရေးထားတဲ့အကြောင်းကတော့ Microsoft windows တွေထဲကမှ အသုံးများခဲ့တဲ့တချို့ windows တွေရဲ့ အကြောင်းပါဗျ။
Early Version of windows တွေ ထဲက အသုံးများတဲ့ Windows တွေကို 2ပိုင်းခွဲပြီးဖော်ပြပေးသွားပါမယ်။
[ Part=1]
1980s မှာ Microsoft ကိုBill Gate က
🔹MS-DOS (Microsoft's existing disk operating system) နဲ့ ပထမဆုံး စတင်မိတ်ဆက်ခဲ့ပါတယ်။
MS-DOS မှာအသုံးပြုလို့လွယ်တဲ့ GUI(Graphical user Interface) ပါဝင်ခဲ့ပြီးတော့ Desktop အတွက် Common operating system တစ်ခုဖြစ်လာခဲ့ပါတယ်။
🗃️ပါဝင်တဲ့ features တွေကတော့
-electronic folders and files
- the click of a mouse button
-directory paths at a text prompt
တို့ ဘဲဖြစ်ပါတယ်။

🔹windows 95,98 & ME (Millennium Edition) တွေကို Home and Business မှာ အသုံးများခဲ့ပါတယ်။

🔹Windows XP
2001 မှာစတင်မိတ်ဆက်ခဲ့ပြီးတော့ ပိုမိုဆန်းသစ်လာတဲ့ features တွေကိုအသုံးပြုခဲ့ကြပါတယ်။
Window XP tablet (PC edition-special pen နဲ့အသုံးပြုနိုင်) မှ business အတွက် notebook computers ကိုလည်းထုတ်လုပ်ခဲ့တဲ့အပြင်
Developing Countries တွေအတွက် Windows Starter Edition နဲ့
Windows XP home edition ကို typical home users တွေအတွက် လည်းထုတ်လုပ်ခဲ့ပါသေးတယ်။
XP professional Edition ကိုတော့ business အတွက်ပါထုတ် ခဲ့ပါတယ်။
🗃️အရင်ထက်ပြောင်းလဲလာတာတွေကတော့
-Driver နဲ့ hard ware ပိုင်းမှာ ပိုပြီးတိုးတက်လာတဲ့အပြင်
-instant messaging
-Shopping managers
-Music video
-Photography manager တို့အထိပါအသုံးပြုနိုင်ခဲ့တာကိုတွေ့ရမှာပါ။

🔹နောက်ထပ်ပြောပြပေးမှာကတော့Windows XP ရဲ့ premium version တစ်ခုပါဗျ။
(Windows XP media Center edition 2005)
2004 နောက်ပိုင်းမှာမိတ်ဆက်ခဲ့ပြီးတော့ business users တွေအတွက် အတော်လေးအသုံးဝင်ခဲ့ပါတယ်။
🗃️တစ်ဆင့်ပြောင်းလဲလာတဲ့ features တွေက တော့
-DVD burning
- HDTV (High_Defination television 📺)
-TV tuners, cable TV, satellite TV (support ပေး)
-Wireless connect to five TVs
-Music, picture
-Video and live television
-Remote control နှင့် တခြားသော multimedia equipments များအထိပါရနိုင်လာခဲ့ပါတယ် ။

🔹Windows Vista
2007 မှာ စတင်မိတ် ဆက်ခဲ့ scratch ကနေပြန်တည်ဆောက်ထားပါတယ်။
🗃️ပြောင်းလဲလာတဲ့ features တွေကတော့
-Dazzling interface
-Glitzier graphics
-Improved security tools တို့ပါဝင်လာခဲ့ပါတယ်။
‌Windows အသစ်ပြောင်းလိုက်ပေမဲ့လည်း Issues တွေရှိလာခဲ့ပါတယ်။ Office suite, some printers, digital cameras နဲ့တခြားသော devices တွေအတွက် အရင်ထက်ပိုများတဲ့ computer power လိုအပ်တာကြောင့်ပဲဖြစ်ပါတယ် ။

🔹Windows 7(or windows 2009)
Vista ရဲ့အဆင်မပြေမှုကြောင့် windows 7 ကို 2009s မှာစတင်မိတ်ဆက်ခဲ့ပါတယ်။
Windows 7 ရဲ့ versions တွေကတော့
- Starter
- Home Basic
- Home premium
- Professional
- Enterprise (for multi-business)
- Ultimate (for business) တို့ ဖြစ်ပါတယ်။

အခုလိုတစ်ဆင့်ပြီးတစ်ဆင့်တိုးတက်လာခဲ့ပြီး ခုနှစ်အလိုက် Windows အသစ်တွေ ထွက်လာခဲ့သည်မှာ ယခု2021 မှာဆိုရင် [Windows 8, Windows 8.1 to Windows 11] အထိ ထွက်ခဲ့ပြီးပြီဖြစ်ပါတယ်။
တခြားသော အသုံးများ တဲ့ Windows တွေ ကို [Part=2] မှာ ဆက်လက်ဖော် ပြသွားပါမယ် ဗျ။

Microsoft Windows နဲ့ပတ်သတ်ပြီး အသေးစိတ်သိချင်တာတွေရှိရင်တော့ အောက်ပါ website မှာ ဖတ်ရှု့လို့ရပါတယ်ဗျ ။

https://en.m.wikipedia.org/wiki/List_of_Microsoft_Windows_versions

Operating systems တွေရဲ့ list တွေကို ဖတ်ရှုလို့ရပါတယ်။
https://en.m.wikipedia.org/wiki/List_of_Microsoft_operating_systems

Device Driver ဆိုတာဘာလဲ?Driver ဆိုတာ Hardware နဲ့ Operating System ကြားအပြန်အလှန် ချိတ်ဆက်လုပ်ဆောင်ပေးတဲ့ Software Progr...
13/07/2021

Device Driver ဆိုတာဘာလဲ?

Driver ဆိုတာ Hardware နဲ့ Operating System ကြားအပြန်အလှန် ချိတ်ဆက်လုပ်ဆောင်ပေးတဲ့ Software Program လေးပဲဖြစ်ပါတယ်။

Driver ရဲ့အလုပ်လုပ်ပုံကတော့ Driver ဟာတံတားတစ်စင်းလိုပါပဲ။ User က Hardware Device ကို ခိုင်းချင်ရင်ပဲဖြစ်ဖြစ် Hardware Device က User ကို အဖြေပြန်ပေးချင်တာပဲဖြစ်ဖြစ် Driver က သူတို့နှစ်ဦးကို တံတားတစ်စင်းကဲ့သို့ အပြန်အလှန်ပို့ဆောင်ဆက်သွယ်ပေးပါတယ်။ တစ်နည်းအားဖြင့် User အနေနဲ့ မိမိအသုံးပြုချင်တဲ့ Software နှင့် Hardware Device နှစ်ခုကို အချင်းချင်းအပြန်အလှန်သိရှိစေရန်အတွက် Operating System မှတစ်ဆင့် Driver ကကူညီချိတ်ဆက်ပေးပါတယ်။

ဥပမာအနေနဲ့ မြင်သာအောင်ပြရရင် Printer ပဲဖြစ်ပါတယ်။ Printer ဆိုတဲ့ Hardware Device ချည်းပဲသုံးရုံနဲ့ မိမိ Print ထုတ်ချင်တဲ့စာရွက်စာတမ်းတွေထုတ်လို့မရပါဘူး။ ဒါကြောင့် Printer နဲ့ Computer ကိုချိတ်ဆက်နိုင်ဖို့အတွက် Driver ဆိုတဲ့အရာ လိုအပ်ပါတယ်။

ထို့နည်းတူစွာပဲ Driver ထည့်သွင်းဖို့လိုအပ်တဲ့အရာတွေလည်းအများကြီးရှိပါသေးတယ်။ အဲ့ဒါတွေကတော့
Graphic cards
Modems
Network cards
Sound cards စတာတွေပဲဖြစ်ပါတယ်။

အလားတူပဲ Driver ထည့်သွင်းဖို့မလိုအပ်ဘဲ အသုံးပြုလို့ရတဲ့ အရာတွေလည်းအများကြီးရှိပါတယ်။
Processors
RAMs
Compact disc (CD)
Digital versatile disc (DVD) drives (including player and burner)
Mouse
Keyboard
Integrated video cards
PC speaker (Computer တွင်ပါ၀င်ပြီးသား Speaker)
Floppy drives
Hard drives
USB flash drives
USB webcams
USB sound cards
USB hubs (USB port တစ်ခုထက်ပိုသုံးလို့ရ‌တဲ့ Device) စတာတွေဟာ Driver ထည့်သွင်းစရာမလိုပဲ ဒီအတိုင်း Ready သုံးလို့ရတဲ့အရာတွေပါ။

သတိထားရမယ့်တစ်ချက်ကတော့ မတူညီသော Operating System တွေမှာ မတူညီတဲ့ Drivers တွေလိုအပ်ပါတယ်။ ဥပမာပြောရရင် macOS အတွက်ရေးထားတဲ့ Driver ကို Microsoft Windows မှာ အသုံးပြုလို့မရပါဘူး။

အခုနောက်ပိုင်း window (10) တွေမှာ driver တွေထည့်သွင်းစရာမလိုတော့ပါဘူး။ လိုအပ်မှသာလျှင် Driver တွေကိုထည့်သွင်း အသုံးပြုရတာတွေပဲရှိပါတော့မယ်...

Oxygen tank ကို မဖြစ်မနေရှူဖို့ မလိုအပ်လာခင် အသက်ရှူလေ့ကျင့်ခန်းကို အားတိုင်းလုပ်ထားကြပါ။အရမ်းလွယ်ပါတယ်။၁) အသက်ကို ပြင်း...
12/07/2021

Oxygen tank ကို မဖြစ်မနေရှူဖို့ မလိုအပ်လာခင် အသက်ရှူလေ့ကျင့်ခန်းကို အားတိုင်းလုပ်ထားကြပါ။

အရမ်းလွယ်ပါတယ်။

၁) အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ၅ စက္ကန့်လောက် အောင့်ထားလိုက်ပါ

၂) ၅ စက္ကန့်အသက်အောင့်ပြီးတဲ့နောက် လေကို ၇ စက္ကန့်ကြာအောင် ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။

မယုံရင် oximeter ကိုလက်မှာညှပ်ပြီး စမ်းကြည့်ပါ။ သွေးတွင်း oxygen level သိသိသာသာတက်လာပါလိမ့်မယ်။

(ပြန်လည်မျှဝေခြင်းဖြင့် အသက်ကယ်ပါ 🙏)

လက်တွေ့သရုပ်ပြ - https://m.facebook.com/story.php?story_fbid=537849254025313&id=100034007298862

ဒီတစ်ပတ်မှာပြောပြပေးချင်တဲ့အကြောင်းအရာကတော့ Operating Systems (OS) အကြောင်းပဲဖြစ်ပါတယ်။🍓🍓Operation Systems ဆိုတာဘာလဲ?  က...
12/07/2021

ဒီတစ်ပတ်မှာပြောပြပေးချင်တဲ့အကြောင်းအရာကတော့ Operating Systems (OS) အကြောင်းပဲဖြစ်ပါတယ်။

🍓🍓Operation Systems ဆိုတာဘာလဲ?

ကွန်ပျူတာမှာHardware and Software အပိုင်း(၂)ပိုင်းပါရှိပါတယ်၊Operating Systems က ကွန်ပျူတာ ရဲ့ Software ပိုင်းမှာပါရှိပါတယ်၊
Software မှာ Application Software ရှိတယ်၊System Software ရှိတယ်၊ OS က System Software ဖြစ်ပါတယ်၊OS ရဲ့အလုပ်ကကွန်ပျူတာပါရှိတဲ့ Hard-wares နဲ့ ၊Soft-wares အားလုံးကို စီမံကွပ်ကဲထိန်းချုပ်လုပ်ဆောင်နိုင်ပါတယ်၊ ကွန်ပျူတာရဲ့ Operation တစ်ခုလုံးလည်ပတ်အောင်လုပ်ဆောင်ပေးတာလည်း OS ဖြစ်ပါတယ်၊ ကွန်ပျူတာမှာ OS ထည့်မထားရင်အလုပ်လုပ်လို့မရပါဘူး၊ ကွန်ပျူတာအသုံးချမယ်ဆိုရင် မရှိမဖြစ်ထည့်ပေးရမှာက OS ဘဲဖြစ်ပါတယ်၊

🌞🌞OS မရှိမဖြစ်ဘာကြောင့်လိုအပ်တာလဲ?

ကွန်ပျူတာကိုပါ၀ါဖွင့်ရင် ပထမဆုံးပေါ်လာမှာ Window ပါ Window ဆိုတာ(OS)အမျိုးအစားတစ်ခုဖြစ်ပါတယ် ၊ Window တက်ပြီဆိုရင် ကွန်ပျူတာ ကိုအလုပ်တွေခိုင်းမယ်၊ ဥပမာ စာရိုက်လေ့ကျင့်မယ်ဆိုကြပါစို့ စာရိုက်လို့ရနိုင်မယ့် application software ရှိရမယ်၊ Keyboard ပါရမယ်၊ Mouseပါမယ်၊ အသုံးပြုသူ User ပါမယ်၊ User ကပထမဆုံး စာမရိုက်ခင်မှာ Mouse ကိုအသုံးပြုပြီး စာရိုက်လေ့ကျင့်ရမယ့် apps ကိုဖွင့်ရမယ်အဲလိုဖွင့်တဲ့အခါမှာ Mouse ကနေကလစ်နှိပ်လိုက်မယ်၊ အဲလိုနှိပ်လိုက်တဲ့အခါမှာ Application Software က တစ်ခါထဲဖွင့်မရပါဘူး၊ကြားမှာလုပ်ဆောင်ပေးရတာက OS ပါ။

🍓🍓ကွန်ပျူတာနားလည်တဲ့ဘာသာစကားက (01 )ပါ။ User နားလည်တာက(GUI)ပါ ( Graphic User Interface) ရုပ်ပုံစာတွေကိုဆိုလိုတာဖြစ်ပါတယ်၊ Application Software ကိုဖွင့်လိုက်ရင် ရုပ်ပုံစာတွေမြင်ရပါတယ်။အဲဒါက User နားလည်အောင် OS ကလုပ်ဆောင်ပေးတာပါ၊

🎈🎈OS က User နားလည်တဲ့ဘာသာစကားကိုလည်းပြောင်းပေးနိုင်သလို ကွန်ပျူတာ နားလည်တဲ့ (01) ကိုပြောင်းပေးနိုင်ပါတယ်၊ အဲဒါကြောင့်ကွန်ပျူတာမှာအဓိကမရှိမဖြစ်ထည့်ရမှာက OS ဖြစ်ပါတယ်၊ (OS) ပါမှအလုပ်လုပ်လို့ရမှာဖြစ်ပါတယ်၊

ဒါတင်ဘယ်ကမလည်း ကွန်ပျူတာမှာတခြား devices တစ်ခုခုချိတ်ဆက်တဲ့အခါ ကြားမှာ drivers ထည့်ပေးရပါတယ်။အဲဒီအခါမှ ကွန်ပျူတာက devices ကိုသိမှာပါ၊ သိမှအသုံးပြုလို့ရမှာဖြစ်ပါတယ်၊ Drivers ထည့်ရခြင်းအကြောင်းမှာ Operating System နဲ့ Devices ချိတ်ဆက်ပေးတာဖြစ်ပါတယ်။ OS သိရင် ကွန်ပျူတာ နဲ့အလုပ်လုပ်လို့ရပါတယ်၊

🌞🌞ဥပမာပြောရမယ်ဆိုရင် ကွန်ပျူတာမှစာရွက်ကိုအပြင်ကိုထုတ်မယ်ဆိုရင် Printer နှင့် ကွန်ပျူတာ ချိတ်ဆက်ရပါတယ်၊ Printer ကြိုးက ကွန်ပျူတာ မှာတပ်ဆင်ထားပေမယ့် ကွန်ပျူတာပေါ်မှာ Printer ကိုမတွေ့ရသေးပါဘူး။ ဘာလို့လည်းဆိုတော့ OS ကမသိသေးလို့ပါ OS သိအောင် Driver ထည့်ပေးရပါတယ်၊ OS က Printer ကိုသိရင် ကွန်ပျူတာကနေ စာရွက်ထုတ်လို့ရနိုင်ပါသည်၊

🌞🌞ကွန်ပျူတာ၀ယ်ရင်(OS) ကို တစ်ခါထဲ build-in ထည့်ထားပါတယ်၊ပြောင်းသုံးချင်လည်းသုံးနိုင်ပါတယ်၊OS အမျိုးအစားတွေအများကြီးရှိပါတယ်။ မိမိကွန်ပျူတာနှင့်ကိုက်ညီမည့်ဟာကို ပြောင်းသုံးလို့ရနိုင်ပါတယ်။

🎈🎈အခုနောက်ပိုင်းကွန်ပျူတာနည်းပညာကိုအသုံးပြုပြီးထုတ်လုပ်ထားသော devices တွေရှိပါတယ်။ Phone, Tablet, Apples Watch, Game Consoles စတဲ့ devices တွေမှာ OS ကမရှိမဖြစ်ပါရမှာဖြစ်ပါတယ်၊ ကွန်ပျူတာ မှာအသုံးအများဆုံး OS အမျိုးအစားတွေကတော့ Windows, OS X, Linux တို့ဖြစ်ပါတယ်၊ Mobile devices တွေမှာအသုံးအများဆုံး OS တွေကတော့ Android, iOS, တို့ဖြစ်ပါတယ်၊

🙋 OS ထုတ်လုပ်သောကုမ္ပဏီတွေကတော့
Microsoft, Apple, Google စသည်တို့ဖြစ်ပါတယ်။

စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါတယ်၊
ဆက်လက်ကြိုးစားသွားပါအုံးမယ်ရှင့်😊😊😊

Address

Yangon
11181

Website

Alerts

Be the first to know and let us send you an email when UCSY Students' Guide posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to UCSY Students' Guide:

Share

Category