Thet Mon - Content Strategist

Directions Website Contact the business

Thet Mon - Content Strategist Premium Content Planning Services to Women Business Owners and Digital Creators

အသံမထွက်တဲ့ စကားလုံးတွေမှာ အသက်ရှိပါတယ်။သင့်ရဲ့ Well-being က သင့် Content ရဲ့ စွမ်းအားပါ။Hello Creators, How are you all...
19/03/2026

အသံမထွက်တဲ့ စကားလုံးတွေမှာ အသက်ရှိပါတယ်။
သင့်ရဲ့ Well-being က သင့် Content ရဲ့ စွမ်းအားပါ။

Hello Creators, How are you all?

ကျွန်မတို့ Content တွေ ရေးသားဖန်တီးတဲ့အခါ
အသံမထွက်တဲ့ စကားလုံးတွေမှာ အသက်ရှိပြီး၊
ကျွန်မတို့ရဲ့ အတွင်းစိတ်အခြေအနေကို
ထင်ဟပ်နေတယ်ဆိုတာ သတိထားမိကြရဲ့လား?

ကျွန်မ Content ရေးတဲ့အခါတိုင်း မရေးခင်
ဒီအချက်လေး အမြဲထည့်စဉ်းစားပါတယ်။

“ကိုယ်ရေးလိုက်တဲ့ စာသားတွေရဲ့ နောက်ကွယ်က
စိတ်က အခုဘယ်လိုစိတ်ဖြစ်နေတာလဲ?” ဆိုတာပါ။

စကားလုံးအသုံးအနှုန်းတွေက အသံမထွက်ပေမယ့်
ခံစားလို့ရတဲ့ လှိုင်းတွေကို စာသေချာဖတ်တဲ့သူက
ချက်ချင်း သိနိုင်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံလေး နည်းနည်းပြောပြချင်ပါတယ်။

ကျွန်မက အပြင်ထွက်ရတာ သိပ်မကြိုက်တဲ့သူမို့ online shopping လုပ်ခြင်းက ကျွန်မအတွက် အတော် အဆင်ပြေပြီး စိတ်ချမ်းသာရပါတယ်။ အချိန်ကုန် လူပင်ပန်းသက်သာတာမို့ ကျွန်မ Content Service ပေးတဲ့ အလုပ်မလုပ်ခင်ထဲက အခုထိတောင် လုပ်နေဆဲပါ။

ကိုယ်တိုင် customer ဖြစ်ခဲ့သူမို့ ကျွန်မကို မချေမငံနဲ့ဆက်ဆံတဲ့ online shop တွေ၊ ဝယ်သူကို စိတ်မရှည်သလို မလေးမစားဆက်ဆံတဲ့ သူတွေဆို စိတ်ထဲ
အနှောင့်အယှက်ဖြစ်ရလို့ သူတို့ဆီက
ဘယ်တော့မှ ပြန်မဝယ်တော့တာ အမှန်ပါပဲ။

လူအမျိုးမျိုး ရှိကြပေမယ့် ကောင်းတဲ့ attitude နဲ့ မှန်မှန်ကန်ကန်တိတိကျကျ ငွေပေးဝယ်တဲ့ ဝယ်သူအပေါ်မှာ တာဝန်ကျေဖို့က ရောင်းသူဘက်က မဖြစ်မနေပေးရမယ့် Service တခုလို့ ကျွန်မ ခံယူထားပါတယ်။

Online Shop လုပ်နေပြီး admin ခန့်ထားတဲ့ ဝန်ထမ်း
မကောင်းတာထက် ကိုယ်တိုင်ပိုင်ရှင်ဖြစ်ပြီး ဝယ်သူကို စကားပြောဆို ဆက်ဆံရေးကလဲ ပြေပြေပြစ်ပြစ်မရှိ၊ ကျေနပ်အောင်လဲ မပြောချင်တဲ့ (မပြောတတ်တာထက် ပြောချင်စိတ်မရှိတဲ့) သူတွေဆို ဝေးဝေးရှောင်ရပါတယ်။

အခုတော့ အသက်အရွယ်တခုရလာတော့ စဉ်းစားမိတာက သူတို့ရဲ့ mental health က အတော်လေး အားနည်းနေလို့ ဖြစ်မယ်လို့ ဖြည့်တွေးမိပါတယ်။ မလုပ်ချင်ဘဲ လုပ်နေရတဲ့အတွက်ကြောင့်လား? မိသားစုပြဿနာလား?

သေသေချာချာမသိပေမယ့် mental wellness အားလျှော့နေရှာလို့ ခုလိုတုံ့ပြန်ဆက်ဆံတာ၊ အိမ်မှာ မကျေနပ်တာကို customer အပေါ် projection သွားလုပ်ပြီး အပြစ်တွေပုံချလိုက်ခြင်းက သူတို့စိတ်ထဲ တခဏတာ သက်သာသွားတယ်လို့ ယုံကြည်ပြီး အဲ့စိတ်ကြီးနဲ့ လုပ်နေတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒီအချက်က online မှာ Physical Product ရောင်းတဲ့ business owners တွေသာမကဘဲ၊ Digital Product ရောင်းတဲ့ Digital Creators တွေနဲ့ Content Creator တွေပါ သတိပြုသင့်တဲ့ အချက်လေးဖြစ်ပါတယ်။

ကျွန်မတို့ ရေးလိုက်တဲ့ Content တွေ၊ ပြောလိုက်တဲ့ စကားလုံးတွေရဲ့ နောက်ကွယ်က စိတ်အခြေအနေက
ကျွန်မတို့ရဲ့ Target audience ကို
တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။

ကျွန်မတို့ရဲ့ စိတ်အခြေအနေ မကောင်းတဲ့အခါ
Content တွေကလဲ အားမပါဘဲ အတင်းရေးလိုက်ရသလို ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် စိတ်မပါလက်မပါ ရေးထားတဲ့ စာသားတွေက ကျွန်မတို့ရဲ့ Brand ကိုပါ
ထိခိုက်စေနိုင်ပါတယ်။

ကျွန်မတို့ရဲ့ Content တွေက ကျွန်မတို့ရဲ့ အတွင်းစိတ်အခြေအနေကို ထင်ဟပ်နေတာပါ။ စိတ်တည်ငြိမ်ပြီး အေးချမ်းနေမှသာ ကျွန်မတို့ရဲ့ စကားလုံးတွေကလဲ
တခြားသူတွေကို အမှန်တကယ် ချိတ်ဆက်နိုင်ပြီး၊ ယုံကြည်မှုနဲ့ ခွန်အားတွေ ပေးနိုင်မှာပါ။

ဒါကြောင့် 'Your well-being is your greatest asset' ဆိုတာ ကျွန်မ ယုံကြည်တဲ့ စကားပါ။

Solo Digital Creators တွေနဲ့ Women Coaches တွေ၊ အထူးသဖြင့် work-from-home moms တွေအတွက် ကိုယ့်ရဲ့ Well-being ကို ဂရုစိုက်ဖို့က Non-negotiable ပါပဲ။

ဒီတော့ ကျွန်မတို့ရဲ့ Content creation ကို 'လုပ်ငန်းတစ်ခု' အဖြစ်သာမက 'ကိုယ့်ရဲ့ဘဝကို ထောက်ပံ့ပေးတဲ့ အရာတစ်ခု' အဖြစ်ပါ မြင်ဖို့လိုပါတယ်။

'Building a business that supports your life' ဆိုတာ
ဒါကို ဆိုလိုတာပါ။

ကျွန်မတို့ရဲ့ Content creation journey မှာ စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့က အရေးကြီးဆုံးပါပဲ။

ဒါမှလဲ ကျွန်မတို့ရဲ့ စကားလုံးတွေမှာ အမှန်တကယ် အသက်ဝင်ပြီး၊ ကျွန်မတို့ရဲ့ Community ကိုလဲ
အမှန်တကယ် အကျိုးပြုနိုင်မှာပါ။

'Strategic content, holistic living' ဆိုတဲ့အတိုင်း
ကိုယ့်ရဲ့ စိတ်အခြေအနေကို သတိထားပြီး အေးချမ်းတဲ့ စိတ်နဲ့ Content တွေ ဖန်တီးဖို့ လိုအပ်ပါတယ်။

ဒါမှ ကျွန်မတို့ရဲ့ လုပ်ငန်းတွေက ရေရှည်တည်တံ့ပြီး growth ဖြစ်လာမယ့်အပြင် ကိုယ့်ဘဝကိုယ်လဲ
ပိုမို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။

Solo Digital Creators တွေနဲ့ Women Coaches တွေအနေနဲ့ Content ဖန်တီးရင်း ကိုယ့်ရဲ့ mental wellness ကို ဘယ်လို ထိန်းသိမ်းကြလဲဆိုတာ ကျွန်မနဲ့ Comment မှာ လာရောက်မျှဝေဖို့ invite လုပ်ပါရစေရှင်။

ကိုယ့်ရဲ့ နည်းလမ်းလေးတွေက တခြားသူတွေအတွက်လဲ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

Your Content Strategist,
Thet Mon

07/01/2026

It’s me!

ဟုတ်ကဲ့၊ သက်မွန်လဲ ဇန်နဝါရီလ မကုန်ခင်ထဲက ချထားခဲ့တဲ့ goals တွေ၊ ဖြစ်ချင်တာတွေ ချရေးတဲ့အခါ ကိုယ်လုပ်မယ်ဆိုတာတွေ အကုန်လုံးနဲ့ အံဝင်ခွင်ကျ မဖြစ်တာ၊ စိတ်ထဲက တစ်ခုခုမှားနေတာမျိုး ခံစားရပြီး အလုပ်မဖြစ်တော့တာတွေ နှစ်နဲ့ချီပြီး ကြုံခဲ့ဖူးပါတယ်။ အထူးသဖြင့် solo digital Creator တွေနဲ့ women coaches တွေအတွက်ဆိုရင် ဒီလိုခံစားရတာက ပိုပြီးတော့ များနိုင်တယ်ဆိုတာ သက်မွန်နားလည်ပါတယ်။

ဒီနှစ်မှာတော့ self-reflection ကို ပိုပြီး deep လုပ်ဖြစ်တယ်။ ကိုယ့်ရဲ့ well-being နဲ့ ကိုယ့်ရဲ့ business growth က ဘယ်လိုမှ ခွဲခြားလို့မရဘူးဆိုတာ ပိုပြီးတော့ နားလည်လာခဲ့တယ်။

2026 က Fire Horse မြင်းနှစ်ဆိုတဲ့အတိုင်း အရာအားလုံးက လျင်လျင်မြန်မြန်နဲ့ ပြီးဆုံးသွားနိုင်မယ့်နှစ်ဖြစ်တယ်လို့ ကြားရတော့ ပထမဆုံးအနေနဲ့ reflect လုပ်မိတာက

‘ငါ့အတွက် negative pattern လိုဖြစ်နေတာတွေလဲ အမြန်ဆုံးပြီးဆုံးဖို့အတွက် ပြင်သင့်တာပြင်ဖို့ အချိန်ရောက်ပြီ’

လို့ပဲ ခံယူထားလိုက်တယ်။ ဒါက ကိုယ့်ရဲ့ content creation workflow တွေ၊ backend systems တွေမှာရော၊ ကိုယ့်ရဲ့ personal boundaries တွေမှာပါ သက်ဆိုင်ပါတယ်။

အရင်တုန်းကဆို ဒီအဆင့်မှာတင် ဟိုမရောက်ဒီမရောက်
comfort zone မှာနေခဲ့ပေမယ့် အခုတော့ shift ဖြစ်လာတာ ကိုယ့်ဘာသာ သတိပြုမိတယ်။ Overwhelm ကနေ flow ကို ရောက်ဖို့ဆိုရင် ဒီလို shift တွေက အရေးကြီးပါတယ်။

Ok, ဒီမြင်းနှစ်ရဲ့ theme နဲ့ ကိုယ့်ကိုယ်ကိုယ် ချိန်ထိုးစဉ်းစားကြည့်ပြီး ‘ငါက ဘယ်လိုမြင်းဖြစ်ချင်တာလဲ?’ ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာ ပြန်မေးခဲ့တယ်။

လွတ်လပ်ချင်တယ်ဆိုပြီး freedom ဆိုတဲ့ နာမည်လှလှလေးတပ်ပြီး ဦးတည်ချက်မရှိ၊ ရောက်ချင်တာရောက်ဆိုပြီး ပျော်ပျော်ကြီးလွှတ်ပြေး၊
brake မရှိ၊ ပန်းတိုင်မရှိ၊ သက်တောင့်သက်သာဖြစ်တဲ့ နေသားကျနေတဲ့ Comfort zone ဆိုတဲ့ ကွင်းထဲ ပတ်ပြေးပြီး မောရင်ရပ်လိုက်၊ သွားလိုက် လုပ်နေမယ့် မြင်းတစ်ကောင် မဖြစ်ချင်တော့ပါဘူး။

ဒါဟာ sustainable မဖြစ်ဘူးဆိုတာ သက်မွန်သိခဲ့ပြီ။

ဒါဆို ဘာဖြစ်ချင်လဲ?

သက်မွန်အတွက်တော့ 2026 က Action တွေများများလုပ်ပြီး တည်ငြိမ်မှုရှိရှိနဲ့ လုပ်ရမယ့်၊ လုပ်သင့်တဲ့၊ တာဝန်ယူရမယ့် အလုပ်တွေကိုပဲ ဉာဏ်ရှိရှိ၊ ပြတ်ပြတ်သားသား ရွေးချယ်ပြီး ပြီးဆုံးတဲ့အထိ လုပ်ကိုင်ဖို့ကိုပဲ focus ထားတဲ့ နှစ်တစ်နှစ်ပါ။

ဒါဟာ ‘simplify to amplify’ ရဲ့ အနှစ်သာရပါပဲ။ ကိုယ့်ရဲ့ well-being ကို မထိခိုက်စေဘဲ impact ရှိတဲ့ content တွေ ဖန်တီးဖို့ပါ။

သက်မွန်သဘောကျတာက Buckingham နန်းတော်က King’s Guard တွေစီးတဲ့ မြင်းတွေလိုပါပဲ။

သူတို့ကို ကြည့်လိုက်ရင် လူတွေက Value တစ်ခုထားပြီး ဆက်ဆံကြတယ်။

ဒီမြင်းကြီးတွေလိုပဲ 2026 ကိုလဲ ဖြတ်သန်းဖို့ intention ချထားပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး
ကိုယ့် Value ကိုယ်သိတဲ့သူ၊ သွားချင်တဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းသိသူတွေကို လူတွေက Respect တစ်ခုထားပြီး စည်းမကျော်ဘဲ ဆက်ဆံတတ်ကြတာ အသေအချာပဲ မဟုတ်လား။ ဒါဟာ community building ရဲ့ အခြေခံအုတ်မြစ်တစ်ခုလဲ ဖြစ်ပါတယ်။

သင့်ရဲ့ content, သင့်ရဲ့ calm. သင့်ရဲ့ well-being က သင့်ရဲ့ greatest asset ပါ။

သင်ရော 2026 မှာ ဘယ်လိုဖြတ်သန်းဖို့ ဆုံးဖြတ်ထားပါသလဲ?

သင့်ရဲ့ intention တွေကို comment မှာ မျှဝေပေးခဲ့ပါဦးနော်။

Your Content Strategist,
Thet Mon

New Year Resolutions တွေ ချတိုင်းပျက်ဖူးတဲ့သူတွေရှိလား?It’s me! ဟုတ်ကဲ့၊ သက်မွန်လဲ ဇန်နဝါရီလ မကုန်ခင်ထဲက ❌ချထားခဲ့တဲ့ go...
07/01/2026

New Year Resolutions တွေ ချတိုင်း
ပျက်ဖူးတဲ့သူတွေရှိလား?

It’s me!

ဟုတ်ကဲ့၊ သက်မွန်လဲ ဇန်နဝါရီလ မကုန်ခင်ထဲက

❌ချထားခဲ့တဲ့ goals တွေ၊
❌ဖြစ်ချင်တာတွေ ချရေးတဲ့အခါ ကိုယ်လုပ်မယ်ဆိုတာတွေ အကုန်လုံးနဲ့ အံဝင်ခွင်ကျ မဖြစ်တာ၊
❌ စိတ်ထဲက တစ်ခုခုမှားနေတာမျိုး ခံစားရပြီး
အလုပ်မဖြစ်တော့တာတွေ နှစ်နဲ့ချီပြီး ကြုံခဲ့ဖူးပါတယ်။

အထူးသဖြင့် solo digital creators တွေနဲ့ women coaches တွေအတွက်ဆိုရင် ဒီလိုခံစားရတာက
ပိုပြီးတော့ များနိုင်တယ်ဆိုတာ သက်မွန်နားလည်ပါတယ်။

ဒီနှစ်မှာတော့ self-reflection ကို ပိုပြီး deep dive သေချာ
လုပ်ဖြစ်တယ်။ ကိုယ့်ရဲ့ well-being နဲ့ ကိုယ့်ရဲ့ business growth က ဘယ်လိုမှ ခွဲခြားလို့မရဘူးဆိုတာ
ပိုပြီးတော့ နားလည်လာခဲ့တယ်။

2026 က Fire Horse မြင်းနှစ်ဆိုတဲ့အတိုင်း အရာအားလုံးက လျင်လျင်မြန်မြန်နဲ့ ပြီးဆုံးသွားနိုင်မယ့်နှစ်ဖြစ်တယ်လို့ ကြားရတော့ …..

ပထမဆုံးအနေနဲ့ reflect လုပ်မိတာက
“ငါ့အတွက် negative pattern လိုဖြစ်နေတာတွေလဲ အမြန်ဆုံးပြီးဆုံးဖို့အတွက် ပြင်သင့်တာပြင်ဖို့ အချိန်ရောက်
ပြီ” လို့ပဲ ခံယူထားလိုက်တယ်။

ဒါက ကိုယ့်ရဲ့ content creation workflow တွေ၊
backend systems တွေမှာရော၊ ကိုယ့်ရဲ့ personal boundaries တွေမှာပါ သက်ဆိုင်ပါတယ်။

အရင်တုန်းကဆို ဒီအဆင့်မှာတင် ဟိုမရောက်ဒီမရောက် comfort zone မှာနေခဲ့ပေမယ့် အခုတော့ shift ဖြစ်လာတာ ကိုယ့်ဘာသာ သတိပြုမိတယ်။ Overwhelm ကနေ flow ကို ရောက်ဖို့ဆိုရင် ဒီလို shift တွေက အရေးကြီးပါတယ်။

Ok, ဒီမြင်းနှစ်ရဲ့ theme နဲ့ ကိုယ့်ကိုယ်ကိုယ်
ချိန်ထိုးစဉ်းစားကြည့်ပြီး……

“ငါက ဘယ်လိုမြင်းဖြစ်ချင်တာလဲ?”
ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာ ပြန်မေးခဲ့တယ်။

လွတ်လပ်ချင်တယ်ဆိုပြီး freedom ဆိုတဲ့ နာမည်လှလှလေးတပ်ပြီး ဦးတည်ချက်မရှိ၊ ရောက်ချင်တာရောက်ဆိုပြီး ပျော်ပျော်ကြီးလွှတ်ပြေး၊ break မရှိ၊ ပန်းတိုင်မရှိ၊ သက်တောင့်သက်သာဖြစ်တဲ့ နေသားကျနေတဲ့
Comfort zone ဆိုတဲ့ ကွင်းထဲ ပတ်ပြေးပြီး
မောရင်ရပ်လိုက်၊ သွားလိုက် လုပ်နေမယ့်
မြင်းတစ်ကောင် မဖြစ်ချင်တော့ပါဘူး။

ဒါဟာ sustainable မဖြစ်ဘူးဆိုတာ သက်မွန်သိခဲ့ပါတယ်။

ဒါဆို ဘာဖြစ်ချင်လဲ?

သက်မွန်အတွက်တော့ 2026 က

✅Action တွေများများလုပ်ပြီး

✅တည်ငြိမ်မှုရှိရှိနဲ့ လုပ်ရမယ့်၊ လုပ်သင့်တဲ့၊
တာဝန်ယူရမယ့် အလုပ်တွေကိုပဲ

✅ဉာဏ်ရှိရှိ၊ ပြတ်ပြတ်သားသား ရွေးချယ်ပြီး

✅ပြီးဆုံးတဲ့အထိ လုပ်ကိုင်ဖို့ကိုပဲ
focus ထားတဲ့ နှစ်တစ်နှစ်ပါ။

ဒါဟာ ‘simplify to amplify’ ရဲ့ အနှစ်သာရပါပဲ။
ကိုယ့်ရဲ့ well-being ကို မထိခိုက်စေဘဲ
impact ရှိတဲ့ content တွေ ဖန်တီးဖို့ပါ။

သက်မွန်သဘောကျတာက Buckingham နန်းတော်က King’s Guard တွေစီးတဲ့ မြင်းတွေလိုပါပဲ။

* ကိုယ်လုပ်ရမယ့် အလုပ်က ဘာလဲ
ကွဲကွဲပြားပြားသိတယ်။ (Clarity နဲ့ Strategy)

* ကိုယ့်ကိုယ်ကိုယ်လဲ ယုံကြည်မှု အပြည့်ရှိတယ်။
(Self-belief နဲ့ Empowerment)

* အနှောင့်အယှက် distraction တွေထဲ မျောမပါသွားဘူး။ (Boundaries နဲ့ Robust Systems

သူတို့ကို ကြည့်လိုက်ရင် လူတွေက
Value တစ်ခုထားပြီး ဆက်ဆံကြတယ်။

ဒီမြင်းကြီးတွေလိုပဲ 2026 ကိုလဲ ဖြတ်သန်းဖို့
intention ချထားပါတယ်။

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကိုယ့် Value ကိုယ်သိတဲ့သူ၊ သွားချင်တဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းသိသူတွေကို လူတွေက Respect တစ်ခုထားပြီး စည်းမကျော်ဘဲ ဆက်ဆံတတ်ကြတာ အသေအချာပဲ မဟုတ်လား။

ဒါဟာ community building ရဲ့
အခြေခံအုတ်မြစ်တစ်ခုလဲ ဖြစ်ပါတယ်။

သင့်ရဲ့ content ၊သင့်ရဲ့ calmness သင့်ရဲ့ well-being က သင့်ရဲ့ greatest asset ပါ။

သင်ရော 2026 မှာ ဘယ်လိုဖြတ်သန်းဖို့ ဆုံးဖြတ်ထားပါသလဲ?

သင့်ရဲ့ intention တွေကို comment မှာ
မျှဝေပေးခဲ့ပါဦးနော်။

Your Content Strategist,
Thet Mon 🤎





03/01/2026

Creator ဘဝမှာ Content တွေ၊ Clients တွေကြား ပျောက်ဆုံးနေသလို ခံစားရဖူးလား?

ဒီမေးခွန်းကို တကယ်လို့ သင်က Digital Creator တစ်ယောက်၊ ဒါမှမဟုတ် Online Business လုပ်နေတဲ့ အမျိုးသမီး Coach တစ်ယောက်ဆိုရင် တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ကြုံဖူးမယ်လို့ ယုံကြည်ပါတယ်။

Creator အများစုဟာ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ရတဲ့အခါ ကိုယ့်ရဲ့ Target audience တွေကို ကူညီပေးနိုင်တဲ့အတွက် အရမ်းကို စိတ်အားထက်သန်စွာနဲ့ စတင်ကြပါတယ်။

အစပိုင်းမှာတော့ ပျော်စရာကောင်းပြီး ဖန်တီးမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ကိုယ်ပေးတဲ့ Free value တွေကနေ လူတွေကို အကျိုးပြုရတာကိုလဲ ပီတိဖြစ်ကြရတယ်။

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ …

တစ်ဖက်က Content အသစ်တွေ အမြဲဖန်တီးရမယ့်ဖိအား၊ Platform တွေရဲ့ Algorithm ကို လိုက်မီဖို့ ရုန်းကန်ရမှုတွေ၊ နောက်တစ်ဖက်ကလည်း Clients တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှုတွေကြားမှာ ကိုယ်ပိုင်အချိန်တွေ၊ ကိုယ်ပိုင်ပျော်ရွှင်မှုတွေ တဖြည်းဖြည်း ပျောက်ကွယ်လာတတ်ပါတယ်။

Creator လောကထဲမှာ မပြောဖြစ်ကြတဲ့ အမှန်တရားတစ်ခုကတော့ ဒီလို ပင်ပန်းမှုတွေကြောင့်
Creator တွေရဲ့ ကျန်းမာရေး (ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ) တဖြည်းဖြည်း ထိခိုက်လာတာပါပဲ။

အိပ်ရေးပျက်တာတွေ၊ အစားအသောက် ပုံမှန်မစားဖြစ်တာတွေ၊ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုတွေ လျော့ကျလာတာတွေ၊ စိတ်ဖိစီးမှုတွေကြောင့် Burnout ဖြစ်လာတာတွေဟာ အပြင်ပန်းက ကြည့်ရင် အောင်မြင်နေတဲ့ Creator တွေတောင် လျှို့ဝှက်ခံစားနေရတဲ့ ပြဿနာတွေပါ။

အထူးသဖြင့် ကလေးအမေ၊ အိမ်ထောင်ရှင်မ Creator တွေအတွက်ဆို ပိုဆိုးပါတယ်။ Business ဘက်က အလုပ်တွေအပြင် အိမ်မှုကိစ္စတွေ၊ ကလေးထိန်းတာတွေပါ ပေါင်းစပ်လိုက်တဲ့အခါ စိတ်ရောကိုယ်ပါ ပင်ပန်းပြီး
ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အားတွေ တဖြည်းဖြည်း ကုန်ခမ်းလာတတ်ပါတယ်။ ကိုယ့်ရဲ့ Brand ကို တည်ဆောက်ရင်း ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးသွားဖို့က တကယ့်ကို စိန်ခေါ်မှုကြီးတစ်ခုပါပဲ။

သက်မွန်ကတော့ ဒီလိုအခြေအနေမျိုးတွေကို ကိုယ်တိုင်ဖြတ်သန်းခဲ့ဖူးတဲ့အတွက် ကောင်းကောင်းနားလည်ပါတယ်။

Content Creation ဟာ ကိုယ်ချစ်တဲ့အလုပ်ဖြစ်ပေမယ့်၊ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ဘဝရဲ့ တခြားကဏ္ဍတွေကိုပါ ထိခိုက်လာပြီဆိုရင် ရေရှည်မှာ ဘယ်လိုမှ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။

ဒီပြဿနာကို သေချာမဖြေရှင်းရင် …..

ကိုယ့်ရဲ့ Creativity တွေ ကျဆင်းလာမယ်၊
Content အရည်အသွေးတွေ ထိခိုက်လာမယ်၊
နောက်ဆုံးမှာ ကိုယ့်ရဲ့ Brand Image ပါ ထိခိုက်လာနိုင်ပါတယ်။

ဒါ့အပြင် ကိုယ့်ရဲ့ Clients တွေကိုလည်း အကောင်းဆုံး Service မပေးနိုင်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် Creator တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ Content strategy နဲ့ Business system တွေကို တည်ဆောက်တဲ့နေရာမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် well-being နဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားကိုပါ ထည့်သွင်းစဉ်းစားဖို့က အရေးကြီးပါတယ်။

Sustainable ဖြစ်တဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် ကိုယ့်ရဲ့ Boundaries တွေ သတ်မှတ်တာ၊ အလုပ်ချိန်ကို စနစ်တကျ စီမံခန့်ခွဲတာ၊ ကိုယ်ပိုင်အချိန်လေးတွေ ဖန်တီးတာ၊ စိတ်ရောကိုယ်ပါ ပြန်လည်အားဖြည့်တဲ့ အလေ့အကျင့်တွေကို မဖြစ်မနေ လုပ်ဆောင်ဖို့ လိုပါတယ်။

Creator ဘဝဟာ ရေတိုအပြေးပြိုင်ပွဲ မဟုတ်ပါဘူး။
ဒါဟာ ခရီးရှည်တစ်ခုပါ။
ဒီခရီးရှည်မှာ ကိုယ့်ရဲ့ Brand ကို တည်ဆောက်ရင်း ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးသွားဖို့၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ဆက်လျှောက်လှမ်းနိုင်ဖို့က အဓိက အကျဆုံးပါပဲ။

သင်ရော ဒီလိုမျိုး ခံစားချက်မျိုး ကြုံဖူးလား?
ဘယ်လိုမျိုး ပြန်လည် ရုန်းထွက်ခဲ့လဲ ဒါမှမဟုတ် ရုန်းထွက်ဖို့ ကြိုးစားနေလဲဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦးနော်။

သင့်ရဲ့ အတွေ့အကြုံတွေက တခြား Creator တွေအတွက်လည်း အားအင်ဖြစ်စေနိုင်ပါတယ်။

Your Content Strategist,
Thet Mon


Thet Mon

03/01/2026

Creator တစ်ယောက်အနေနဲ့ ဒီလိုမျိုး burn out ဖြစ်ဖူးလား၊ ဒါမှမဟုတ် ဖြစ်နေပြီလား?

သင့်ရဲ့ အတွေ့အကြုံကို Comment မှာ မျှဝေခဲ့ပါဦး။

ဒီ Post ကိုလည်း ကိုယ်နဲ့ တူတူ ခံစားနေရမယ့် Creator သူငယ်ချင်းတွေကို Tag ပြီး ဒါမှမဟုတ် Share ပြီး အသိပေးလိုက်ကြရအောင်!

Your Content Strategist,
Thet Mon

Address

Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Alerts

Be the first to know and let us send you an email when Thet Mon - Content Strategist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thet Mon - Content Strategist:

Shortcuts

Share