19/12/2024
" #မနေရလို့ #သေရပြီဆိုရင် "
မသိခြင်း (၅)မျိုးရှိတဲ့အထဲမှာ
အသက်ဘယ်လောက်မှာသေမယ်ဆိုတာကို
သိဖို့အရေးကြီးသလား..?
အချိန်ကာလကိုသိဖို့ အရေးကြီးသလား..?
ရောဂါကိုသိဖို့ အရေးကြီးသလား..?
မြှုပ်နှံရမဲ့နေရာကိုသိဖို့ အရေးကြီးသလား..?
ရောက်ရမဲ့ဘဝကိုသိဖို့ အရေးကြီးတာလား..?
လားရာဂတိကအရေးကြီးတယ်ဆိုရင်
ကျန်တာတွေက အရေးမကြီးဘူးလား..?
ဘာရောဂါနဲ့သေသေ ဒီလိုလား..?
ရောဂါတစ်ခုခုကတော့ ဖြစ်မှာပါပဲ၊
ရှောင်လို့မှမရကြတာပဲ။
တကယ်တမ်းကတော့
ရောဂါရှိလို့သေရတာမှမဟုတ်ပဲ၊
ခန္ဓာရှိလို့သေရတာပဲ မဟုတ်လား၊
ခန္ဓာရှိလို့ ရောဂါဆိုတာဖြစ်လာတာ၊
ရောဂါဖြစ်လို့ သေရတာ၊
ဒါဆိုရင် ရောဂါရဲ့အပြစ်လား..?
ခန္ဓာရရှိမှုရဲ့ အပြစ်လား..?
ခန္ဓာရရှိမှုရဲ့အပြစ်နော်။
ဟုတ်ပြီ...ဒီလိုဆိုရင်
အဲဒီခန္ဓာကို မရအောင်ကြိုးစားရမှာပေါ့၊
ခန္ဓာမရအောင်ကြိုးစားဖို့ မစွမ်းနိုင်သေးဘူး၊
မနေရတော့လို့သေရပြီဆိုရင်
လားရာဂတိက အရေးကြီးတာပေါ့၊
လားရာဂတိကောင်းဖို့ကြိုးစားရမှာပေါ့။
ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသထေရဝါဒမိုးကုတ်ဓမ္မရိပ်သာ၊လှည်းကူးမြို့(သဗ်ဗဒါနံ ဓမ်မဒါနံ ဇိနာတိ)