
11/09/2024
Content writing methods ဆိုတာ သင့်ရဲ့ဖောက်သည်တွေအတွက် ထိရောက်မှုရှိပြီး၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာများကို ဖန်တီးရာမှာ အသုံးပြုသော နည်းလမ်းတွေလို့ပဲ အလွယ်သတ်မှတ်လိုက်လို့ရပါတယ်။ အောက်မှာတော့ Content writing methods တွေထဲက လူသိများပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းအချိုု့ကို မျှဝေလိုက်ပါတယ်။
1. Storytelling
Storytelling ဆိုတာအကြောင်းအရာတွေကို ပိုမိုစိတ်ဝင်စားဖွယ်ကောင်းပြီး မှတ်မိလွယ်ကူအောင် ဇာတ်လမ်း/ပုံပြင်တစ်ခုအဖြစ်ဖန်တီးခြင်းပဲဖြစ်ပါတယ်။
ကိုယ်ရေးချင်တဲ့ အကြောင်းအရာကိုပိုပြီးမှတ်မိလွယ်အောင် အမှန်တကယ်ဖြစ်ပျက်ခဲ့သော ဥပမာများ၊ မှတ်တမ်းများ နှင့်ပေါင်းစပ်ရေးသားခြင်းက လူတွေကို ပိုမိုစိတ်ဝင်စားစေမှာပါ။
ဥပမာ - သင့်ကုန်ပစ္စည်းက ဖောက်သည်တစ်ဦးရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းပေးခဲ့သည်ကို ရေးသားခြင်း
(Apple Watch ကြောင့် ၉၁၁ ကို အချိန်မှီခေါ်ဆိုနိုင်ခဲ့တဲ့ ဖြစ်ရပ်မျိုး)
2. The Inverted Pyramid
The Inverted Pyramid ဆိုတာ အရေးကြီးဆုံး အချက်အလက်များကို ပထမဆုံးတင်ပြပြီး၊ သူ့ရဲ့အသေးစိတ်အချက်အလက်တွေကို ထပ်ပြီးရှင်းလင်းရေးသားခြင်း ဖြစ်ပါတယ်။
ကိုယ်ရေးမယ့် အကြောင်းအရာ ကို အကျဉ်းချုပ်ဖော်ပြထားတဲ့ ခေါင်းစဉ် သို့မဟုတ် စာပိုဒ်ဖြင့် စတင်လိုက်ပြီး ဖတ်ရှုသူများက ဆက်လက်ဖတ်ကြည့်တဲ့အခါမှ စာကိုယ်ထဲမှာ အသေးစိတ်အချက်အလက်များကိုထည့်သွင်းရေးသားနိုင်ပါတယ်။
ဥပမာ - ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့ လုပ်ငန်းတိုင်း ဤနည်းလမ်းကို အသုံးပြုကြသည်။
3. Problem-Agitate-Solution (PAS)
PAS ဆိုတာကတော့ သင်က ပြဿနာတစ်ခုကို အရင်ပြောပြလိုက်မယ်၊ အဲ့ဒီပြဿနာကြောင့် ဖြစ်လာနိုင်တဲ့/ဖြစ်နေတဲ့ အချက်တွေကိုထပ်ပြောပြီးတော့ ဖြေရှင်းချက်တစ်ခုကိုပါ ပေးတဲ့ ရေးသားခြင်းနည်းစနစ်တစ်ခုပဲဖြစ်ပါတယ်။
ဥပမာ - "သင့်လုပ်ငန်းအတွက် Social Media Content တွေဖန်တီးဖို့ စဉ်းစားရတာ အချိန်ကုန် လူပန်းဖြစ်နေပြီလား? ဒါဆိုရင်တော့ သင့်စိတ်တိုင်းကျ Content တွေကို ဖန်တီးပေးမယ့် Anargat Digital Marketing Group နဲ့ဆက်သွယ်လိုက်တော့နော်။”
4. The Skyscraper Technique
ဒီနည်းလမ်းကတော့ ရှိပြီးသား/သိပြီးသား အကြောင်းအရာတစ်ခုအပေါ်မှာ ပိုမိုအသေးစိတ်တဲ့ အချက်အလက်များနဲ့ Content တစ်ခု ဖန်တီးခြင်းပဲဖြစ်ပါတယ်။
ဥပမာ - "သင့်လုပ်ငန်းအောင်မြင်ဖို့ အချက် ၁၀ ချက်" ဆိုတဲ့ Content တစ်ခုရှိပြီးသားဖြစ်ပါက "၂၀၂၄ မှာ သင့်လုပ်ငန်းအောင်မြင်ဖို့ အချက် ၂၀" လို့ ရေးသားနိုင်ပြီး ပိုမို အသေးစိတ်ကျတဲ့ အကြံပြုချက်များနှင့် အချက်အလက်တွေကို ထည့်သွင်းဖော်ပြနိုင်ပါတယ်။
5. AIDA (Attention, Interest, Desire, Action)
ဒီနည်းလမ်းကတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ကိုယ့်ရဲ့ ဖောက်သည်ကို ကိုယ့်ရဲ့ ကုန်ပစ္စည်းအပေါ် စိတ်ဝင်စားတာကစပြီး လုပ်ဆောင်ချက်တစ်ခုခု ပြုလုပ်ဖို့အထိ တစ်ဆင့်ခြင်း ရေးတဲ့ ရေးနည်းမျိုးပါ။
6. Hook and Reward
Hook and Reward ဆိုတာက စိတ်ဝင်စားဖို့ကောင်းတဲ့ ခေါင်းစဉ်တစ်ခုနဲ့ ဆွဲဆောင်ပြီး၊ ဖတ်ရှုသူအတွက် အကျိုးကျေးဇူးတစ်ခုခုရှိစေမယ့် အကြောင်းအရာရေးသားနည်းပါ။
ဥပမာ - " မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းတွေရဲ့ ၆၀% က သုံးစွဲသူ အသစ်ရရှိဖို့ခက်ခဲနေတယ်ဆိုတာသင်သိပါသလား? သင့်လုပ်ငန်းအတွက် သုံးစွဲသူအသစ်တွေသေချာပေါက်ရရှိနိုင်မယ့် အချက် ၃ ချက် ဒီမှာဖတ်ပါ။"
ဒီနည်းလမ်းတွေကို လူကြီးမင်းတို့ရဲ့ Content Marketing Strategy မှာ အသုံးချပြီး ဖောက်သည်တွေကို စိတ်ဝင်စားစေဖို့နဲ့ ဆွဲဆောင်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်မယ်လို့ထင်ပါတယ်။
တကယ်လို့ ဒီနည်းလမ်းတွေကို အကောင်အထည်ဖော်ဖို့အတွက် အကူအညီလိုတယ်ဆိုရင်တော့ Anargat Digital Marketing Group က Content Marketing နဲ့ပတ်သက်ပြီး အကောင်းဆုံးအကြံဉာဏ်တွေနဲ့ အကူအညီတွေပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းလေးပါးပါရစေ။
ဆက်သွယ်ရန်:
Page Messenger
(or)
09971102524
09423008365