
22/08/2025
ခြင်ဆေးခွေမီးထွန်းညှိထားရာမှနေအိမ်
မီးလောင်မှုဖြစ်ပွားပြီးအမျိုးသားတစ်
ဦးမီးလောင်ဒဏ်ရာရရှိ
ရန်ကုန် ၂၀၂၅ သြဂုတ်(၂၂)
#ရွှေမောင်မောင်(မိတ္တီလာ)
ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်
မေတ္တာညွန့်ရပ်ကွက်မြလေးရုံလမ်း
တွင်မီးလောင်မှုဖြစ်ပွားခဲ့ရာအမျိုး
သားတစ်ဦးမီးလောင်ဒဏ်ရာရရှိခဲ့
ကြောင်းမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
ယနေ့သြဂုတ်(၂၂)ရက်နံက်(၁၀)နာရီ
ကျော်ခန့်ကတာမွေမြို့နယ်မေတ္တာ
ညွန့်ရပ်ကွက်မြလေးရုံလမ်းတွင်မီး
လောင်မှုဖြစ်ပွားနေကြောင်းသတင်း
အရတာမွေမြို့နယ် မဂ်လာတောင်
ညွန့်မြို့နယ်မီးသတ်တပ်ဖွဲ့မှမီးငြိမ်း
သတ်ယာဥ်ရေသယ်ယာဥ်များဖြင့်
သွားရောက်ငြိမ်းသတ်ခဲ့ရာအခြားသို့
ထပ်မံကူးစက်မှုမရှ်ိပဲမီးငြိမ်းခဲ့ကြောင်း
သိရသည်။
ဖြစ်စဥ်အားစစ်ဆေးချက်အရနေအိမ်
အတွင်းခြင်ဆေးခွေထွန်းညှိထားရာ
မှစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း
သိရှိရပြီးအခင်းဖြစ်စဥ်ကနေအိမ်တွင်
နေထိုင်သူအမျိုးသားတစ်ဦးအရေပြား
မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း
သိရှိရသဖြင့်မီးပေါ့ဆစွာအသုံးပြုသူ
အိမ်ရှင်အားဥပဒေအရအရေးယူ
ဆောင်ရွက်နိုင်ရန်ဆက်လက်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်းသိရ
သည်။
#မြန်မာလူထုမီဒီယာ 2
-မီးသတ်တပ်ဖွဲ့